Wednesday, February 15, 2012

နိုင်ငံရေး အသိအမြင် ဗဟုသုတအတွက် ဝက်ဘ်ဆိုက်လွှင့်တင်


From : ခေတ်လူငယ်
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အခြေခံသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိုယ်စားလှယ်အဖွဲ့မှ www.myanmaraffairs.com ကို လွှင့်တင်ခဲ့သည်။ အဆိုပါ ဝက်ဘ်ဆိုက်သည် ပြည်သူများအတွက် နိုင်ငံရေးအသိအမြင်များနှင့် ဗဟုသုတများ ကြွယ်ဝလာစေရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ နိုင်ငံတော်အစိုးရ စီမံကိန်းများအတွက် စစ်တမ်းများ၊ ကုလသမဂ္ဂအတွက် စစ်တမ်းများနှင့် အန်ဂျီအိုများအတွက် စစ်တမ်းများကို ကောက်ယူပေးနေသည့် ကိုယ်စားလှယ်အဖွဲ့ဖြစ်ပြီး ပြည်သူလူထုအမြင်များကိုလည်း စစ်တမ်းကောက်ယူခဲ့သည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် လုပ်ကိုင်ဆောင်ရွက်နေရင်းမှ နိုင်ငံရေးအသိအမြင် ဝက်ဘ်ဆိုက်ကို ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ ပြည်သူ့စစ်တမ်းအား ၂၀၁၀ ခုနှစ် နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း ဝက်ဘ်ဆိုက်သည် ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးကိုပါ အထောက်အကူပြုရန် ရည်ရွယ်ထားကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
Unknown at 9:37 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.