Wednesday, February 15, 2012

CMP စနစ်ဖြင့်ဆောင်ရွက်သော လုပ်ငန်းများမှ နိုင်ငံခြားငွေအမျိုးအစားဖြင့် ပေးဆောင်စေသည့် ၀င်ငွေခွန် ၁၀ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းသို့ လျော့ပေါ့ သက်သာခ



ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသည် အမိန့်ကြော်ငြာစာအမှတ် ၄၈/၂၀၁၂ ဖြင့် CMP စနစ်ဖြင့်ဆောင်ရွက်သော လုပ်ငန်းများမှ နိုင်ငံခြားငွေအမျိုးအစားဖြင့် ပေးဆောင်စေသည့် ၀င်ငွေခွန် ၁၀ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်း သို့ လျော့ပေါ့သက်သာခွင့်ပြုခြင်းကို ၁၈-၈-၂၀၁၂ နေ့အထိ ၆ လ ဆက်လက် အကျိုးသက်ရောက် စေလိုက်သည်။ ထို့ပြင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသည် အမိန့်ကြော်ငြာစာအမှတ် ၄၃/၂၀၁၂ နှင့် ၄၄/၂၀၁၂ ဖြင့် ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ရာဘာ၊ ရေချိုရေငန်ထွက် ရေထွက်ပစ္စည်းများ၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်းများ (ကန့်သတ်ကုန်ပစ္စည်းမှအပ)၊ သစ်၊ ၀ါး၊ ကြိမ်တို့ ဖြင့်ပြုလုပ်သည့် တန်ဖိုးမြှင့် ပစ္စည်းများ၏ ပို့ကုန်ရောင်းရငွေအပေါ် ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံခြင်းကို ၁၄-၈-၂၀၁၂ နေ့အထိ ကင်းလွတ်ခွင့် ပြုလိုက်ကြောင်း သတင်းရရှိသည်။
Unknown at 2:27 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.