Thursday, February 2, 2012

လာမည့် ပညာသင်နှစ်မှစ၍ အခြေခံပညာကျောင်းများတွင်စိုက်ပျိုးရေးဆိုင်ရာ ပညာရပ်များပါ ထည့်သွင်းသင်ကြားပို့ချသွားမည်

 
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး မျက်နှာစာများကို မျိုးဆက်သစ်များ သိရှိနိုင်ရန် လာမည့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစ၍ အခြေခံပညာကျောင်းများတွင် စိုက်ပျိုးရေးဆိုင်ရာ ပညာရပ်များပါ ထည့်သွင်းသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းသို့ သင်ကြားပေးနိုင်ရန်အတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကာ Private Sector အနေဖြင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းမှ ပါဝင်ပံ့ပိုးမည်ဖြစ်ကြောင်း သိရသည်။ “အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း အကုန်လုံးမှာ စိုက်ပျိုးရေးပညာရပ်တွေကို ထည့်သွင်းသင်ကြားပေးသွားမှာပါ။ ဘာသာရပ်တစ်ခုအနေနဲ့တော့ မဟုတ်ပါဘူး။ တခြားသော ပညာရပ်တွေဖြစ်တဲ့ အားကစားဝိုင်း၊ အိုင်တီပညာရပ်ပိုင်းတွေကို သင်ကြားပေးတဲ့ ဖွံ့ဖြိုးရေး အချိန်တွေမှာ ထည့်သွင်းသင်ကြားပေးမှာ ဖြစ်ပါတယ်” ဟု ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်းသို့ စိုက်ပျိုးရေးပညာရပ်ကို ထည့်သွင်းပြောကြားပေးရခြင်းမှာ နိုင်ငံတော်၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် မရှိမဖြစ် အခြေခံလိုအပ်ချက်ဖြစ်သော စိုက်ပျိုးရေးပညာရပ်များကို သားသမီးများမှတစ်ဆင့် လက်ဆင့်ကမ်းပြီး တောင်သူ၊ လယ်သမားများ လက်တွေ့ အသုံးချနိုင်ရန်၊ မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အတွက် ကျောင်းသားကျောင်းသူလေးများ မိမိနိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းများ အကြောင်းကို သိရှိနားလည် အသုံးချတတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ထည့်သွင်းသင်ကြားပးရန် စီစဉ်ရခြင်းဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Unknown at 10:22 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကြားဖြတ် ရွေးကောက်ပွဲတွင် ကော့မှုးမြို့နယ်၌ တရားမျှတစွာ ဖြစ်ရေး အတွက် ကြိုတင် ပြင်ဆင်

၂၀၁၀ ရွေးကောက်ပွဲ ရုံးအတွင်းပိုင်းမြင်ကွင်း (ဓါတ်ပုံ-Google Images)

လာမည့် ဧပြီ ၁ ရက်တွင် ကျင်းပမည့် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ကြားဖြတ် ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်း ဥပဒေများနှင့် အညီဖြစ်ရေးအတွက် ရန်ကုန်တိုင်း ဒေသကြီး တိုင်းကော် မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးကိုကိုနှင့် ရန်ကုန်တောင်ပိုင်း ခရိုင်ကော်မရှင်အဖွဲ့ခွဲ အ ဖွဲ့ဝင်များသည် ဇန်န၀ါရီ ၂၄ ရက်တွင် ကော့မှူးမြို့နယ် သို့ ကွင်းဆင်း စစ်ဆေးကာ ဆွေးနွေး မှာကြားခဲ့ကြောင်းသိရသည်။

အဆိုပါကွင်းဆင်း စစ်ဆေး ဆွေးနွေးပွဲတွင် တိုင်းကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကိုကိုက အဆိုပါကြားဖြတ် ရွေးကောက်ပွဲတွင် လွတ်လွတ်လပ် လပ်တရားမျှတ သော ရွေးကောက်ပွဲဖြစ်ရေး အတွက် မဲစာရင်းပြုစုခြင်း၊ ကြိုတင် မဲပေးခြင်း၊ မဲရေ တွက်ခြင်းလုပ်ငန်းများအား မြို့နယ်ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဝင်များ၊ မဲရုံမှူးနှင့် မဲရုံ အဖွဲ့ဝင်များအား အသေး စိတ် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။ ယင်းဆွေးနွေးပွဲတွင် အဖွဲ့ဝင် ပေါင်း ၂၅၉ ဦး တက် ရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။
Unknown at 9:55 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မင်္ဂလာဒုံမြို့နယ်၌ မြေကြီးထဲမှ ဂတ်စ်အနံ့များ ထွက်ပေါ်နေ၍ သတိပေးစာ ကပ်ထားရ

အနံ့ထွက်နေသည့် နေရာအား ရေဖြန်းပြီး သတိပေးစာ ကပ်ထားသည်ကို တွေ့ရစဉ်
မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့ သစ်ရပ်ကွက် သစ္စာလမ်းသွယ် အတွင်း၌မြေထဲမှ ဂတ်စ်အနံ့များ ထွက်ပေါ်နေကြောင်း သိရသည်။ အဆိုပါ ဂတ်စ်အနံ့များမှာ ဇန်န၀ါရီလ ၂၇ ရက်နေ့မှစ၍ ထွက်ပေါ်နေခြင်းဖြစ်ပြီး လက်ရှိ အချိန်အထိ၌လည်း ထွက်ပေါ်နေသေးကြောင်းလည်း သိရသည်။
“အိမ်ထဲမှာ ဂတ်စ်အနံ့တွေ ရနေလို့ အိမ်မှာမီးခြစ်တွေလိုက်စစ် တယ်။ ဒါပေမယ့် မီးခြစ်တွေက ဘာမှမဖြစ်ဘူး။ ဘေးအိမ်တွေကို လည်းလိုက်မေးကြည့်တော့ ဘယ်သူ မှဂတ်စ်မီးဖိုသုံးတာမျိုး၊ ဂတ်စ်နဲ့ပတ် သက်တဲ့ဟာမျိုးသုံးတာ မရှိဘူး။ လိုက်စစ်ရင်းနဲ့ မြေထဲက အနံ့တွေ ထွက်နေတာကိုတွေ့ရတယ်။ အဲဒါ နဲ့ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အ ကြောင်းကြားလိုက်တယ်။ နောက် တော့ အုပ်ချုပ်ရေးမှူးရော၊ ရဲတပ် ဖွဲ့က တာဝန်ရှိသူတွေနဲ့ မီးသတ်က တာဝန်ရှိသူတွေရောက်လာပြီး အနံ့ ထွက်နေတဲ့နေရာကိုရေဖြန်းပြီး သတိ ပေးစာတွေကပ်ထားလိုက်တယ်။ ဒါ ပေမယ့် ဓာတ်ငွေ့နဲ့ပတ်သက်ပြီး နား လည်တာဝန်ရှိသူတွေကတော့ရောက် မလာဘူး။ အခုကျွန်တော်တို့မှာ ဂတ်စ်အနံ့ကိုလည်း အချိန်တိုင်းရှူ နေရပြီး ဘယ်အချိန်ဘာဖြစ်မလဲ ဆိုပြီး ရင်တထိတ်ထိတ်နဲ့ နေနေရ တယ်”ဟု အဆိုပါလမ်းအတွင်း တွင်နေထိုင်သူက ဆိုသည်။
လက်ရှိတွင် အဆိုပါဂတ်စ် အနံ့များ ထွက်ပေါ်နေသည့် လမ်းသွယ်ကို ခေတ္တပိတ်ထားပြီး မီးခြစ် မခြစ်ရ၊ ဆေးလိပ်မသောက်ရ အန္တရာယ်ရှိသည်ဟူ၍ သတိပေးထားကြောင်းလည်း သိရသည်။
Unknown at 9:43 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာနှင့် စင်ကာပူ နည်းပညာအကူအညီများအတွက် နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုး



မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်၏ စင်ကာပူနိုင်ငံ ခရီးစဉ်အတွင်းစင်ကာပူနှင့် မြန်မာနှစ်နိုင်ငံ နည်းပညာပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း စင်ကာပူအခြေစိုက် သတင်းဌာနများက ဖော်ပြကြသည်။ ထိုနားလည်မှုစာချွန်လွှာအရ စင်ကာပူနိုင်ငံမှ နည်းပညာဆိုင်ရာ အကူအညီများကို မြန်မာနိုင်ငံအား ကဏ္ဍသုံးခုအတွက် ပေးသွားမည်ဖြစ်ပြီး ယင်းတို့မှာ ပြည်သူ့အုပ်ချုပ်ရေး၊ စီးပွားရေးဖွံ့ဖြိုးရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးကဏ္ဍများတွင် နည်းပညာပိုင်းဆိုင်ရာ အကူအညီများပေးသွားမည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ မြန်မာသမ္မတ ဦးသိန်းစိန်သည် စင်ကာပူနိုင်ငံသို့ သုံးရက်ကြာ ခရီးသွားရောက်လျက်ရှိပြီး ထိုနားလည်မှု စာချွန်လွှာများကို မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် စင်ကာပူနိုင်ငံခြားရေးနှင့် ဥပဒေရေးရာဝန်ကြီး တို့နှစ်ဦးက လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးကဏ္ဍတွင် စင်ကာပူနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ကျွမ်းကျင်အလုပ်သမားများအတွက် အခြေခံလိုအပ်ချက်များ တည်ဆောက်ရာတွင် လိုအပ်သော အကူအညီများကိုလည်း ကူညီပေးမည်ဟု သိရသည်။ သမ္မတဦးသိန်းစိန်သည် စင်ကာပူနိုင်ငံသို့ ဇန်နဝါရီ ၃၀ ရက်တွင်ရောက်ရှိခဲ့ပြီး သုံးရက်တာ ခရီးစဉ်မှာ ဖေဖော်ဝါရီ ၁ ရက်တွင် ပြီုးဆုံးမည်ဖြစ်သည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အတွက် စင်ကာပူခရီးစဉ်မှာ ၂၀၁၂ ခုနှစ်အတွင်း ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်သည်။ ၂၀၁၁ ခုနှစ်အတွင်းက တရုတ်၊ အိန္ဒိယနှင့် အာဆီယံထိပ်သီး အစည်းအဝေးတက်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်ခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Unknown at 9:38 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တရုတ်နိုင်ငံသို့ တင်ပို့မည့် မြွေသေတ္တာ အလုံး ၄၀၀ ကျော် ဖမ်းမိ

မန္တလေးမြို့တိုင်း ဒေသကြီး ပြင် ဦးလွင်မြို့နယ် အနီးစခန်းတွင် သက် ဆိုင်ရာ တပ်ဖွဲ့ဝင်များသည် တရုတ် နိုင်ငံသို့ တရားမ၀င် တင်ပို့မည် မြွေ သေတ္တာအလုံး ၄၀၀ ကျော်ပါတီအီး ကားနှစ်စီး အား ဇန်န၀ါရီ ၁၂ ရက် က ဖမ်းဆီးခဲ့ပြီး ဇန်န၀ါရီ ၁၃ ရက် မွန်းလွဲပိုင်း တွင် မန္တလေးမြို့ ရတနာပုံ တိရစ္ဆာန်ဥယျာဉ်သို့ လာရောက်အပ် နှံထား ရှိကြောင်း ရတနာပုံ တိရစ္ဆာန် ဥယျာဉ်မှ တာဝန်ရှိသူတစ်ဦးကပြော ကြားသည်။
“လာရောက်အပ်နှံသည့် မြွေ သေတ္တာအလုံး ၄၀၀ ကျော်ကိုဖွင့် ဖောက်၍ ကျွမ်းကျင်သောဝန်ထမ်း များက မြွေအသေ အပျောက်နည်း စေရန်နဲ့ အကောင်အရေ အတွက် စနစ်တကျ ရှိစေရန် ရေတွက်လက် ခံခဲ့ပါတယ်။ သေတ္တာ တစ်လုံးမှာ မြွေကောင်ရေ ၁၀ ကောင်မှ ၂၀ ထိ ပါရှိပြီး လင်းမြွေ၊ မြေပွေး၊ မြွေ ဟောက်အမျိုးအစား အများဆုံးပါဝင် ပါတယ်။ တရုတ်နှစ်ကူး ပွဲတော်အ တွက်အသုံးပြုရန် တင်ပို့ ရောင်းချ ခြင်းဖြစ်နိုင်တယ်” ဟု ၎င်းကပြော ကြားသည်။
Unknown at 9:36 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ထားဝယ်အထူးစီးပွားရေးဇုန်အနီးရှိ ထားဝယ်လေယာဉ်ကွင်းကို အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် အဆင့်မြှင့်တည်ဆောက်မည်



ထားဝယ်အထူးစီးပွားရေးဇုန်အနီးရှိ ထားဝယ်လေယာဉ်ကွင်းကို နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ်တည်ဆောက်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော် ဒုတိယသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦး ကထားဝယ်မြို့တွင် ၂၂-၁-၂၀၁၂ ရက်ကပြောကြားခဲ့သည်။ နိုင်ငံတော် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များအား လေဆိပ်ခန်းမ၌ သက်ဆိုင်ရာတာဝန်ရှိသူများက ထားဝယ်လေယာဉ် ကွင်းအားနိုင်ငံတကာအဆင့်မီ လေဆိပ်အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် လေယာဉ်ပြေးလမ်း၊ လေယာဉ်ရပ်နားနေရာနှင့် လေဆိပ်အဆောက်အအုံများတိုးချဲ့ တည်ဆောက်သွားရန် လျာထားဆောင်ရွက်မှု၊ မြေနေရာလျာထားမှု အခြေအနေတို့နှင့်စပ်လျဉ်း၍ တင်ပြပြီးနောက် နိုင်ငံတော် ဒုတိယသမ္မတက ထားဝယ်အထူးစီးပွားရေးဇုန်၏ တည်ဆောက်ရေးစီမံကိန်းများ ဆောင်ရွက်မှုနှင့် အချိန်ကိုက်ဆောင်ရွက်ရန် လိုအပ်သဖြင့် ထားဝယ်လေဆိပ်ကို အဆင့်မြှင့်တိုးချဲ့ရာတွင် အနာဂတ်ကာလ၌ ဒေသ၏ဖွံ့ဖြိုးလာမည့် အခြေအနေကို တွက်ဆပြီး လိုအပ်ချက်များ ပြည့်ပြည်စုံစုံ ထည့်သွင်းတည်ဆောက်နိုင်ရေး စနစ်တကျ ဆောက်ရွက်သွားသင့်ကြောင်း ပြောကြားခဲ့သည်။ ထားဝယ်အထူးစီးပွားရေးဇုန်တွင် စတုရန်းကီလိုမီတာ ၂၀၄ ဒသမ ၅၁ အကျယ်အဝန်းရှိသော အထူးစီးပွားရေးဇုန်စီမံကိန်း၊ ထားဝယ်မှ မြန်မာ-ထိုင်း နယ်စပ်၊ ဖူနမ်ရွမ် ကျေးရွာ အထိ ၁၆၀ ကီလိုမီတာ (မိုင်၁၀၀ခန့်) အရှည်ရှိမည့် အဝေးပြေးကားလမ်းစီမံကိန်း၊ အထူးစီးပွားရေးဇုန်သို့ လျှပ်စစ်ဓာတ်အားပေးနိုင်ရန်အတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်း၊ ထားဝယ်ဆိပ်ကမ်းမှ ထိုင်းနိုင်ငံသို့သွယ်တန်းမည့် ရေနံနှင့်ဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းနှင့် ထားဝယ်ဆိပ်ကမ်းမှ ထိုင်းနယ်စပ်အထိ အရှည် ၁၇၀ ကီလိုမီတာ (၁၆၀ မိုင်ကျော်) ဖောက်လုပ်မည့် ရထားလမ်းစီမံကိန်းများ ပါဝင်ကြောင်းနှင့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ပထမအဆင့်အနေဖြင့် တန်ချိန်သုံးသိန်းထိ သယ်ဆောင်နိုင်သော သဘောင်္များ ဆိုက်ကပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။
Unknown at 9:31 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မင်္ဂလာတောင်ညွန့် မြို့နယ်တွင် နှစ်ထပ်တိုက် ပြိုကျ၊ ထိခိုက် သေဆုံးမှု မရှိ

မင်္ဂလာတောင်ညွန့် မြို့နယ် အတွင်း ဇန်နဝါရီ ၃၁ ရက် ညနေ ၄ နာရီ ၅ မိနစ်တွင် နှစ်ထပ်အိမ် တစ်လုံး ပြိုကျခဲ့ကြောင်း မီးသတ် ဦးစီးမှ သိရသည်။
မင်္ဂလာတောင်ညွန့်၊ သပြေ ကုန်းရပ်ကွက် ၁၁၉ လမ်း၊ အိမ် အမှတ်(၁၃)၊ ဦးကာစင်ဘိုင်(ခ) ဦးသန်းဝင်း၏ နေအိမ်ဖြစ်ပြီး မိသားစု ငါးဦးနေထိုင်ကြောင်း၊ အဆိုပါ အိမ် သည် ရှေးဟောင်း အိမ်တစ်လုံးဖြစ် သော်လည်း အန္တရာယ်ရှိ အဆောက် အအုံ အဖြစ် သတ်မှတ်ထားခြင်း မရှိသေး ဟု ၁၁၉ လမ်းရှိ မျက်မြင် သက်သေတို့က ပြောသည်။
”လူသေဆုံး မှုတော့ မရှိဘူး။ မိသားစုဝင်တွေ အားလုံး အပြင်သွား နေချိန်မှာ ပြိုကျတာ။ အိမ်ရှင် လင်မယားက ဈေးထဲမှာ ကြက်သား ရောင်းတယ်” ဟု မျက်မြင် သက်သေ တစ်ဦးက ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီး မီးသတ်ဦးစီးဌာနမှ အရာရှိတစ်ဦးက ”ဒီတိုက်တွေက အန္တရာယ်ရှိ အဆောက်အအုံ အဖြစ် သတ်မှတ်ခြင်း မခံရအောင် တိုက်အဟောင်းတွေ ကို ပြန်လည် ပြုပြင်မှု မရှိဘဲ အပြင်ပိုင်း ဆေးသုတ်ပြီး ကြံ့ခိုင်မှု ရှိတဲ့ပုံစံမျိုး လုပ်ထားတယ်။ ဒီတိုက်လို ရှေး ဟောင်းတိုက်တွေကို အရည်အ သွေး စစ်ဆေးဖို့ လိုအပ်နေပြီ” ဟု ပြောသည်။
လတ်တလောတွင် အဆိုပါ အဆောက်အအုံအား အန္တရာယ်ရှိ အဆောက်အအုံ အဖြစ် သတ်မှတ် ပြီး လူနေထိုင် ခွင့်မပြုတော့ကြောင်း သက်ဆိုင်ရာမှ သိရသည်။
မင်္ဂလာတောင်ညွန့် ကူးတို့ဆိပ် ရပ်ကွက် မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ယခုတိုက် ပြိုကျ မှုသည် ဒုတိယ အကြိမ်မြောက် ဖြစ်ပြီး ဇန်နဝါရီလ ၄ ရက်နေ့က အဆိုပါ ရပ်ကွက်ရှိ ၁၂၄ လမ်း အတွင်းမှ တိုက်တစ်လုံးမှာ အလား တူ ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း မီးသတ် ဦးစီးဌာနမှ သိရသည်။

ပေါ်ပျူလာဂျာနယ်
Unknown at 9:29 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.