Thursday, February 2, 2012

ထားဝယ်အထူးစီးပွားရေးဇုန်အနီးရှိ ထားဝယ်လေယာဉ်ကွင်းကို အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် အဆင့်မြှင့်တည်ဆောက်မည်



ထားဝယ်အထူးစီးပွားရေးဇုန်အနီးရှိ ထားဝယ်လေယာဉ်ကွင်းကို နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ်တည်ဆောက်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော် ဒုတိယသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦး ကထားဝယ်မြို့တွင် ၂၂-၁-၂၀၁၂ ရက်ကပြောကြားခဲ့သည်။ နိုင်ငံတော် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များအား လေဆိပ်ခန်းမ၌ သက်ဆိုင်ရာတာဝန်ရှိသူများက ထားဝယ်လေယာဉ် ကွင်းအားနိုင်ငံတကာအဆင့်မီ လေဆိပ်အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် လေယာဉ်ပြေးလမ်း၊ လေယာဉ်ရပ်နားနေရာနှင့် လေဆိပ်အဆောက်အအုံများတိုးချဲ့ တည်ဆောက်သွားရန် လျာထားဆောင်ရွက်မှု၊ မြေနေရာလျာထားမှု အခြေအနေတို့နှင့်စပ်လျဉ်း၍ တင်ပြပြီးနောက် နိုင်ငံတော် ဒုတိယသမ္မတက ထားဝယ်အထူးစီးပွားရေးဇုန်၏ တည်ဆောက်ရေးစီမံကိန်းများ ဆောင်ရွက်မှုနှင့် အချိန်ကိုက်ဆောင်ရွက်ရန် လိုအပ်သဖြင့် ထားဝယ်လေဆိပ်ကို အဆင့်မြှင့်တိုးချဲ့ရာတွင် အနာဂတ်ကာလ၌ ဒေသ၏ဖွံ့ဖြိုးလာမည့် အခြေအနေကို တွက်ဆပြီး လိုအပ်ချက်များ ပြည့်ပြည်စုံစုံ ထည့်သွင်းတည်ဆောက်နိုင်ရေး စနစ်တကျ ဆောက်ရွက်သွားသင့်ကြောင်း ပြောကြားခဲ့သည်။ ထားဝယ်အထူးစီးပွားရေးဇုန်တွင် စတုရန်းကီလိုမီတာ ၂၀၄ ဒသမ ၅၁ အကျယ်အဝန်းရှိသော အထူးစီးပွားရေးဇုန်စီမံကိန်း၊ ထားဝယ်မှ မြန်မာ-ထိုင်း နယ်စပ်၊ ဖူနမ်ရွမ် ကျေးရွာ အထိ ၁၆၀ ကီလိုမီတာ (မိုင်၁၀၀ခန့်) အရှည်ရှိမည့် အဝေးပြေးကားလမ်းစီမံကိန်း၊ အထူးစီးပွားရေးဇုန်သို့ လျှပ်စစ်ဓာတ်အားပေးနိုင်ရန်အတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်း၊ ထားဝယ်ဆိပ်ကမ်းမှ ထိုင်းနိုင်ငံသို့သွယ်တန်းမည့် ရေနံနှင့်ဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းနှင့် ထားဝယ်ဆိပ်ကမ်းမှ ထိုင်းနယ်စပ်အထိ အရှည် ၁၇၀ ကီလိုမီတာ (၁၆၀ မိုင်ကျော်) ဖောက်လုပ်မည့် ရထားလမ်းစီမံကိန်းများ ပါဝင်ကြောင်းနှင့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ပထမအဆင့်အနေဖြင့် တန်ချိန်သုံးသိန်းထိ သယ်ဆောင်နိုင်သော သဘောင်္များ ဆိုက်ကပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။
Unknown at 9:31 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.