Thursday, February 2, 2012

တရုတ်နိုင်ငံသို့ တင်ပို့မည့် မြွေသေတ္တာ အလုံး ၄၀၀ ကျော် ဖမ်းမိ

မန္တလေးမြို့တိုင်း ဒေသကြီး ပြင် ဦးလွင်မြို့နယ် အနီးစခန်းတွင် သက် ဆိုင်ရာ တပ်ဖွဲ့ဝင်များသည် တရုတ် နိုင်ငံသို့ တရားမ၀င် တင်ပို့မည် မြွေ သေတ္တာအလုံး ၄၀၀ ကျော်ပါတီအီး ကားနှစ်စီး အား ဇန်န၀ါရီ ၁၂ ရက် က ဖမ်းဆီးခဲ့ပြီး ဇန်န၀ါရီ ၁၃ ရက် မွန်းလွဲပိုင်း တွင် မန္တလေးမြို့ ရတနာပုံ တိရစ္ဆာန်ဥယျာဉ်သို့ လာရောက်အပ် နှံထား ရှိကြောင်း ရတနာပုံ တိရစ္ဆာန် ဥယျာဉ်မှ တာဝန်ရှိသူတစ်ဦးကပြော ကြားသည်။
“လာရောက်အပ်နှံသည့် မြွေ သေတ္တာအလုံး ၄၀၀ ကျော်ကိုဖွင့် ဖောက်၍ ကျွမ်းကျင်သောဝန်ထမ်း များက မြွေအသေ အပျောက်နည်း စေရန်နဲ့ အကောင်အရေ အတွက် စနစ်တကျ ရှိစေရန် ရေတွက်လက် ခံခဲ့ပါတယ်။ သေတ္တာ တစ်လုံးမှာ မြွေကောင်ရေ ၁၀ ကောင်မှ ၂၀ ထိ ပါရှိပြီး လင်းမြွေ၊ မြေပွေး၊ မြွေ ဟောက်အမျိုးအစား အများဆုံးပါဝင် ပါတယ်။ တရုတ်နှစ်ကူး ပွဲတော်အ တွက်အသုံးပြုရန် တင်ပို့ ရောင်းချ ခြင်းဖြစ်နိုင်တယ်” ဟု ၎င်းကပြော ကြားသည်။
Unknown at 9:36 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.