
မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်၏ စင်ကာပူနိုင်ငံ ခရီးစဉ်အတွင်းစင်ကာပူနှင့် မြန်မာနှစ်နိုင်ငံ နည်းပညာပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း စင်ကာပူအခြေစိုက် သတင်းဌာနများက ဖော်ပြကြသည်။ ထိုနားလည်မှုစာချွန်လွှာအရ စင်ကာပူနိုင်ငံမှ နည်းပညာဆိုင်ရာ အကူအညီများကို မြန်မာနိုင်ငံအား ကဏ္ဍသုံးခုအတွက် ပေးသွားမည်ဖြစ်ပြီး ယင်းတို့မှာ ပြည်သူ့အုပ်ချုပ်ရေး၊ စီးပွားရေးဖွံ့ဖြိုးရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးကဏ္ဍများတွင် နည်းပညာပိုင်းဆိုင်ရာ အကူအညီများပေးသွားမည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ မြန်မာသမ္မတ ဦးသိန်းစိန်သည် စင်ကာပူနိုင်ငံသို့ သုံးရက်ကြာ ခရီးသွားရောက်လျက်ရှိပြီး ထိုနားလည်မှု စာချွန်လွှာများကို မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် စင်ကာပူနိုင်ငံခြားရေးနှင့် ဥပဒေရေးရာဝန်ကြီး တို့နှစ်ဦးက လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးကဏ္ဍတွင် စင်ကာပူနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ကျွမ်းကျင်အလုပ်သမားများအတွက် အခြေခံလိုအပ်ချက်များ တည်ဆောက်ရာတွင် လိုအပ်သော အကူအညီများကိုလည်း ကူညီပေးမည်ဟု သိရသည်။ သမ္မတဦးသိန်းစိန်သည် စင်ကာပူနိုင်ငံသို့ ဇန်နဝါရီ ၃၀ ရက်တွင်ရောက်ရှိခဲ့ပြီး သုံးရက်တာ ခရီးစဉ်မှာ ဖေဖော်ဝါရီ ၁ ရက်တွင် ပြီုးဆုံးမည်ဖြစ်သည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အတွက် စင်ကာပူခရီးစဉ်မှာ ၂၀၁၂ ခုနှစ်အတွင်း ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်သည်။ ၂၀၁၁ ခုနှစ်အတွင်းက တရုတ်၊ အိန္ဒိယနှင့် အာဆီယံထိပ်သီး အစည်းအဝေးတက်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်ခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge