Thursday, February 2, 2012
ကြားဖြတ် ရွေးကောက်ပွဲတွင် ကော့မှုးမြို့နယ်၌ တရားမျှတစွာ ဖြစ်ရေး အတွက် ကြိုတင် ပြင်ဆင်
၂၀၁၀ ရွေးကောက်ပွဲ ရုံးအတွင်းပိုင်းမြင်ကွင်း (ဓါတ်ပုံ-Google Images)
လာမည့် ဧပြီ ၁ ရက်တွင် ကျင်းပမည့် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ကြားဖြတ် ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်း ဥပဒေများနှင့် အညီဖြစ်ရေးအတွက် ရန်ကုန်တိုင်း ဒေသကြီး တိုင်းကော် မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးကိုကိုနှင့် ရန်ကုန်တောင်ပိုင်း ခရိုင်ကော်မရှင်အဖွဲ့ခွဲ အ ဖွဲ့ဝင်များသည် ဇန်န၀ါရီ ၂၄ ရက်တွင် ကော့မှူးမြို့နယ် သို့ ကွင်းဆင်း စစ်ဆေးကာ ဆွေးနွေး မှာကြားခဲ့ကြောင်းသိရသည်။
အဆိုပါကွင်းဆင်း စစ်ဆေး ဆွေးနွေးပွဲတွင် တိုင်းကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကိုကိုက အဆိုပါကြားဖြတ် ရွေးကောက်ပွဲတွင် လွတ်လွတ်လပ် လပ်တရားမျှတ သော ရွေးကောက်ပွဲဖြစ်ရေး အတွက် မဲစာရင်းပြုစုခြင်း၊ ကြိုတင် မဲပေးခြင်း၊ မဲရေ တွက်ခြင်းလုပ်ငန်းများအား မြို့နယ်ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဝင်များ၊ မဲရုံမှူးနှင့် မဲရုံ အဖွဲ့ဝင်များအား အသေး စိတ် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။ ယင်းဆွေးနွေးပွဲတွင် အဖွဲ့ဝင် ပေါင်း ၂၅၉ ဦး တက် ရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge
‹
›
Home
View web version
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge