Thursday, February 2, 2012

မင်္ဂလာတောင်ညွန့် မြို့နယ်တွင် နှစ်ထပ်တိုက် ပြိုကျ၊ ထိခိုက် သေဆုံးမှု မရှိ

မင်္ဂလာတောင်ညွန့် မြို့နယ် အတွင်း ဇန်နဝါရီ ၃၁ ရက် ညနေ ၄ နာရီ ၅ မိနစ်တွင် နှစ်ထပ်အိမ် တစ်လုံး ပြိုကျခဲ့ကြောင်း မီးသတ် ဦးစီးမှ သိရသည်။
မင်္ဂလာတောင်ညွန့်၊ သပြေ ကုန်းရပ်ကွက် ၁၁၉ လမ်း၊ အိမ် အမှတ်(၁၃)၊ ဦးကာစင်ဘိုင်(ခ) ဦးသန်းဝင်း၏ နေအိမ်ဖြစ်ပြီး မိသားစု ငါးဦးနေထိုင်ကြောင်း၊ အဆိုပါ အိမ် သည် ရှေးဟောင်း အိမ်တစ်လုံးဖြစ် သော်လည်း အန္တရာယ်ရှိ အဆောက် အအုံ အဖြစ် သတ်မှတ်ထားခြင်း မရှိသေး ဟု ၁၁၉ လမ်းရှိ မျက်မြင် သက်သေတို့က ပြောသည်။
”လူသေဆုံး မှုတော့ မရှိဘူး။ မိသားစုဝင်တွေ အားလုံး အပြင်သွား နေချိန်မှာ ပြိုကျတာ။ အိမ်ရှင် လင်မယားက ဈေးထဲမှာ ကြက်သား ရောင်းတယ်” ဟု မျက်မြင် သက်သေ တစ်ဦးက ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီး မီးသတ်ဦးစီးဌာနမှ အရာရှိတစ်ဦးက ”ဒီတိုက်တွေက အန္တရာယ်ရှိ အဆောက်အအုံ အဖြစ် သတ်မှတ်ခြင်း မခံရအောင် တိုက်အဟောင်းတွေ ကို ပြန်လည် ပြုပြင်မှု မရှိဘဲ အပြင်ပိုင်း ဆေးသုတ်ပြီး ကြံ့ခိုင်မှု ရှိတဲ့ပုံစံမျိုး လုပ်ထားတယ်။ ဒီတိုက်လို ရှေး ဟောင်းတိုက်တွေကို အရည်အ သွေး စစ်ဆေးဖို့ လိုအပ်နေပြီ” ဟု ပြောသည်။
လတ်တလောတွင် အဆိုပါ အဆောက်အအုံအား အန္တရာယ်ရှိ အဆောက်အအုံ အဖြစ် သတ်မှတ် ပြီး လူနေထိုင် ခွင့်မပြုတော့ကြောင်း သက်ဆိုင်ရာမှ သိရသည်။
မင်္ဂလာတောင်ညွန့် ကူးတို့ဆိပ် ရပ်ကွက် မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ယခုတိုက် ပြိုကျ မှုသည် ဒုတိယ အကြိမ်မြောက် ဖြစ်ပြီး ဇန်နဝါရီလ ၄ ရက်နေ့က အဆိုပါ ရပ်ကွက်ရှိ ၁၂၄ လမ်း အတွင်းမှ တိုက်တစ်လုံးမှာ အလား တူ ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း မီးသတ် ဦးစီးဌာနမှ သိရသည်။

ပေါ်ပျူလာဂျာနယ်
Unknown at 9:29 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.