Thursday, February 2, 2012

လာမည့် ပညာသင်နှစ်မှစ၍ အခြေခံပညာကျောင်းများတွင်စိုက်ပျိုးရေးဆိုင်ရာ ပညာရပ်များပါ ထည့်သွင်းသင်ကြားပို့ချသွားမည်

 
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး မျက်နှာစာများကို မျိုးဆက်သစ်များ သိရှိနိုင်ရန် လာမည့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစ၍ အခြေခံပညာကျောင်းများတွင် စိုက်ပျိုးရေးဆိုင်ရာ ပညာရပ်များပါ ထည့်သွင်းသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းသို့ သင်ကြားပေးနိုင်ရန်အတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကာ Private Sector အနေဖြင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းမှ ပါဝင်ပံ့ပိုးမည်ဖြစ်ကြောင်း သိရသည်။ “အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း အကုန်လုံးမှာ စိုက်ပျိုးရေးပညာရပ်တွေကို ထည့်သွင်းသင်ကြားပေးသွားမှာပါ။ ဘာသာရပ်တစ်ခုအနေနဲ့တော့ မဟုတ်ပါဘူး။ တခြားသော ပညာရပ်တွေဖြစ်တဲ့ အားကစားဝိုင်း၊ အိုင်တီပညာရပ်ပိုင်းတွေကို သင်ကြားပေးတဲ့ ဖွံ့ဖြိုးရေး အချိန်တွေမှာ ထည့်သွင်းသင်ကြားပေးမှာ ဖြစ်ပါတယ်” ဟု ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်းသို့ စိုက်ပျိုးရေးပညာရပ်ကို ထည့်သွင်းပြောကြားပေးရခြင်းမှာ နိုင်ငံတော်၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် မရှိမဖြစ် အခြေခံလိုအပ်ချက်ဖြစ်သော စိုက်ပျိုးရေးပညာရပ်များကို သားသမီးများမှတစ်ဆင့် လက်ဆင့်ကမ်းပြီး တောင်သူ၊ လယ်သမားများ လက်တွေ့ အသုံးချနိုင်ရန်၊ မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အတွက် ကျောင်းသားကျောင်းသူလေးများ မိမိနိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းများ အကြောင်းကို သိရှိနားလည် အသုံးချတတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ထည့်သွင်းသင်ကြားပးရန် စီစဉ်ရခြင်းဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Unknown at 10:22 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.