Wednesday, January 25, 2012

မြန်မာအမျိုးသားကွန်ဂရက်ပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မြန်မာအမျိုးသားကွန်ဂရက် (Myanmar National Congress) ပါတီအား နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း ၊ ကြေညာချက်အမှတ်(၇/၂၀၁၂ )ကို ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်လေး မြောက်ရပ်ကွက်၊ ဒေါ်သိန်းတင်လမ်း၊ အမှတ်(၈၄-က) တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားရှိသော မြန်မာအမျိုးသား ကွန်ဂရက် (Myanmar National Congress) ပါတီအား ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း ကြေညာအပ်ပါသည်။ မြန်မာအမျိုးသား ကွန်ဂရက် (Myanmar National Congress) ပါတီ၏ မှတ်ပုံတင်အမှတ်မှာ (၅၀) ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။
Unknown at 4:48 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပါကစ္စတန်သမ္မတအာဆစ်အလီဇာဒါရီ မြန်မာနိုင်ငံခရီးစဉ် အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ NLDဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြားစီတွေ့ဆုံဆွေးနွေး


ပါကစ္စတန် သမ္မတ အာဆစ်အလီဇာဒါရီသည် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာခရီးအဖြစ် ဇန်န၀ါရီလ ၂၄ ရက်နှင့် ၂၅ ရက်နေ့က လာရောက်ခဲ့သည်။ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်သွယ်ရေးတိုးမြှင့်ရန် ရည်ရွယ်သည့် ခရီးစဉ်အတွင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။
နေပြည်တော်တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ပါကစ္စတန်သမ္မတ အာဆစ်အလီဇာဒါရီတို့သည် ဇန်န၀ါရီလ ၂၄ ရက်နေ့က တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနှင့် ပါကစ္စတန်နှစ်နိုင်ငံကြား စီးပွားရေးနှင့်ကုန်သွယ်ရေး ပူးပေါင်းဆောင် ရွက်မှု တိုးမြှင့်ရေး၊ လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် ရရှိရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ အပါအ၀င် နှစ်နိုင်ငံကြား စီးပွားရေးနှင့် ကုန်သွယ်ရေးတိုးမြှင့်ရန်အတွက် ပူးတွဲကော်မရှင် တည်ထောင်ရေးနှင့် နှစ်နိုင်ငံဗဟိုဘဏ်များ ကြား တွေ့ဆုံဆွေးနွေးရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။
ပါကစ္စတန် သမ္မတအာဆစ်အလီဇာဒါရီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ဇန်န၀ါရီလ ၂၅ ရက် နေ့တွင် ရန်ကုန်မြို့ရှိ သူမ၏နေအိမ်သို့ လာရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင်  ပါကစ္စတန်သမ္မတ အာဆစ်အလီဇာဒါရီက ဒေါ်အောင်ဆန်းစုကြည်အား Mohtar- ma Benazir Bhutto Shaheed ဆု ပေးအပ်ချီးမြှင့်ခဲ့သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပါကစ္စတန်သမ္မတ အာဆစ်အလီဇာဒါရီတို့၏ တွေ့ဆုံဆွေးနွေးမှုမှာ နာရီဝက်ခန့်ကြာမြင့်ခဲ့သည်။ ထိုကဲ့သို့ တွေ့ဆုံဆွေနွေးပြီးနောက် မီဒီယာများနှင့် တွေ့ဆုံရာတွင် ပါကစ္စတန်သမ္မတ အာဆစ်အလီဇာဒါရီက မြန်မာနိုင်ငံတွင် ဒီမိုကရေစီရရှိရေး မကြောက်မရွံ့ ဆောင်ရွက်နေသော ဒေါ်အောင်ဆန်းစုကြည်အား ချီးကျူးဂုဏ်ပြုစကားများ ပြောကြားခဲ့သည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည် က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ပါကစ္စတန် သမ္မတ အာဆစ်အလီဇာဒါရီသည် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရန် အားထုတ်နေသူဖြစ်သည်။ ထို့ပြင် ပါကစ္စတန်နိုင်ငံသည် မြန်မာပါဝင်သောအာဆီယံနှင့် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရန်ကြိုးစားနေသည်။ မြန်မာနိုင်ငံသည် လာမည့် ၂၀၁၄ ခုနှစ်၌ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ရန်ရှိသည်။
မြန်မာနှင့် ပါကစ္စတန်နှစ်နိုင်ငံကြား ကုန်သွယ်မှုမှာ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၂၄ သန်းရှိကြောင်း သိရသည်။

Unknown at 4:43 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဖက်ပေးပါ ဝေဖန်ပေးပါ......ခံစားမှုတွေ ရေးပေးပါ.....

အိပ်မက် မက်ရဲကြသူများ
(၁)
သူ့အသက် (၂၄)နှစ်
အသက် ၁ဝနှစ်မှာ မတော်တဆမှုနဲ့ သူ့လက်၂ဖက် ဆုံးရှုံးသွားခဲ့တယ်။
အသက် ၁၂ နှစ်မှာ သူရေကူးစသင်တယ်။
အသက် ၁၆နှစ်မှာ စာရေးစသင်တယ်။
အသက် ၁၉နှစ်မှာ စန္ဒားယားစတီးသင်တယ်။ လက်မရှိတော့ စန္ဒားယားကို ခြေထောက်နဲ့ သူတီးသင်ခဲ့တယ်။

ဆက်လျှောက်ပါ.. အနည်းဆုံးတော့ ငါ့မှာ လှပတဲ့ခြေတစ်စုံရှိသေးတယ်တဲ့...

လက်နှစ်ဖက် ဆုံးရှုံးသွားရတော့ ကျွန်တော့်ဘဝမှာ လမ်းနှစ်လမ်းပဲရှိခဲ့တယ်။ တစ်လမ်းက သေရင်သေ မသေရင် ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်နေဖို့ပါပဲ။ လုပ်ချင်တာကို ကျွန်တော်ဖြစ်အောင်လုပ်တယ်။ စန္ဒားယားကို လက်နဲ့ပဲတီးရမယ်လို့ ဘယ်သူမှ မသတ်မှတ်ခဲ့ပါဘူး.....လို့ သူက ပြောခဲ့ပါတယ်။ ဘဝကို အကောင်းစိတ်နဲ့ ရင်ဆိုင်နိုင်သူ၊ လက်မရှိပေမယ့် ခြေထောက်နဲ့ ဘဝကိုရဲရဲရေးခဲ့သူဟာ ပထမအကြိမ် Talentပြိုင်ပွဲမှာ ပထမဆုကို ရခဲ့ရုံသာမက ခြေလက်အစုံရှိသူတွေကိုပါ ခွန်အားတွေပေးနိုင်ခဲ့ပါတယ်။

(၂)
သူ့အသက်က (၁၈)နှစ်၊ သူ့မှာ တစ်ယောက်တည်းထီးထီးနေတဲ့ရောဂါရှိပြီး ဦးနှောက်လည်း သိပ်မဖွံ့ဖြိုးခဲ့ပါဘူး။ သူ့ဖေဖေကို "ဆရာ" လို့ သူခေါ်ခဲ့တယ်။ ဒိုင်လူကြီးတွေက ဘာဖြစ်လို့ အဖေကို ဆရာလို့ခေါ်သလဲမေးတော့ ကျွန်တော့်ကို ပညာတွေအများကြီး သူသင်ပေးလို့ပါတဲ့။ ပရိသတ်ကြိုက်တဲ့ ခုနှစ်၊ လ၊ ရက်ပြောလိုက်ရင် အဲဒီနေ့ဟာ တနလာင်္နေ့လား! အင်္ဂါနေ့လား! ဆိုတာကို တိတိကျကျ မှန်မှန်ကန်ကုန် ပြောတတ်သူဟာ အနုပညာကျောင်းကိုတက်ဖို့ ရည်မှန်းချက်ရှိတယ်လို့ ဆိုပါတယ်။ တယောကိုတစ်ဖက်ကဆွဲရင်း ခြေထောက်က ဒရမ်တီးရင်း သူကောင်းကောင်းဖြေဖျော်နိုင်ခဲ့တယ်။ Talentပြိုင်ပွဲမှာ ဆုမရခဲ့ပေမယ့် ပရိသတ်နဲ့ဒိုင်လူကြီးရဲ့ အကြိုက်ဆုံးကတော့ သူရဲ့အပြုံးဖြစ်တယ်လို့ ဆိုပါတယ်။

(၃)
သူက အသက်(၅၅)နှစ်ရှိတဲ့ ဈေးသည်တစ်ဦးပါ။ ဈေးထဲမှာဈေးရောင်းရင်း ဘဝကိုရုန်းကန်နေသူဆိုပေမယ့် သူဟာအမြဲပြုံးရွှင်နေသူဖြစ်တယ်။ နေ့စဉ်ထိတွေ့နေတဲ့ ဟင်းသီး၊ ဟင်းရွက်၊ အသားငါးနာမည်တွေကို Luciano Pavarotti ရဲ့နာမည်ကြီးသီချင်းတစ်ပုဒ်ထဲ စာသားတွေထည့်ပြီး သံမြင့်သူဆိုခဲ့တယ်။ ကိုယ်တိုင်အဆိုကျင့်၊ ကိုယ်တိုင်သီချင်းစပ်ပြီး ဈေးရောင်းရင်းနဲ့ ငယ်ငယ်လေးကတည်းက သီချင်းဆိုတာကိုနှစ်သက်တဲ့ သူ့အိပ်မက်ကို အကောင်အထည်ဖော်ခဲ့ပါတယ်။ သူ အောင်မြင်ခဲ့ပါတယ်.. ဒုတိယအကြိမ်မြောက် Talentပြိုင်ပွဲမှာ ဒုတိယဆုကို သူအောင်မြင်စွာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

(၄)
သူက အသက်(၃ဝ)နှစ်ရှိတဲ့ ကျောင်းဆရာတစ်ဦးပါ။ ကျောင်းသား(၇၆)ယောက်ရှိတဲ့ တောရွာတစ်ရွာက ကျောင်းဆရာဖြစ်တယ်။ Talent ပြိုင်ပွဲကို သူဝင်ပြိုင်တာဟာ သူ့ကျောင်းသားတွေအတွက်ပါတဲ့။
"ငါ့ကို မီးတဆောင်ပေးပါ.... ဒီအေးစက်မှုကို နွေးထွေးဖို့
ငါ့ကို သတ္တိတချို့ပေးပါ......ဒီအမှောင်ကို ကျော်ဖြတ်ဖို့
ငါ့ကို ကြံ့ခိုင်မှုတချို့ပေးပါ...... ဒီလမ်းကို အဆုံးထိလျှောက်ဖို့
ငါ့ကို အိပ်မက်တချို့ပေးပါ..... ဒီလက်ရှိဘဝက ရုန်းထွက်ဖို့"

သူကိုယ်တိုင်ရေးဆိုတဲ့ သီချင်းထဲကစာသားလိုပဲ သူ့သီချင်းတွေကိုရောင်းပြီး ရောင်းရငွေနဲ့ သူ့ကျောင်းကကျောင်းသားတွေကို အာဟာရဖြစ်စေတဲ့အသားငါးတွေ ပိုဝယ်ကျွေးချင်လို့ပါတဲ့။ သူဟာ အဲဒီကျောင်းမှာ ဘာလခမှမယူဘဲ ကျောင်းသားတွေကို အခမဲ့ပညာသင်ပေးနေသူဖြစ်တယ်။ Talentပြိုင်ပွဲကို ဝင်ပြိုင်ရတဲ့ ရည်ရွယ်ချက်ဟာလည်း ဒီကျောင်းသားတွေအတွက်ပါလို့ သူပြောခဲ့ပါတယ်။

(၅)
သူ့အသက်က(၃၇)နှစ်ပါ။ သူဟာ ပန်းကန်ဆေး အလုပ်သမားတစ်ဦးဖြစ်တယ်။ တစ်နေ့ကို အလုပ်ချိန်(၁၂)ကြာမြင့်ပြီး ပန်းကန်အလုံးရေ ၆ထောင်က ၇ထောင်ကြားဆေးရသတဲ့။ သူ့စိတ်ကူးအိပ်မက်က အိမ်ကြီးကြီးတစ်လုံးဝယ်ဖို့ပါတဲ့။ သူဟာ စင်ပေါ်မှာ သူ့အလုပ်ကို သိမ်ငယ်စိတ်မရှိ ပရိသတ်တွေကို ပြောပြခဲ့တယ်။ Talentပြိုင်ပွဲမှာ သူဆုမရခဲ့ပေမယ့် သူ့ရဲ့ပျော်ပျော်နေတတ်တဲ့စိတ်က လူတိုင်းကိုကူးစက်ခဲ့ပါတယ်။

(၆)
သူက အသက်(၁၈)နှစ် တက္ကသိုလ်ကျောင်းသားတစ်ဦးပါ။ ငယ်ငယ်တုန်းက ကျောင်းသားတွေအနိုင်ကျင့်လို့ အခန်းထောင့်မှာ ပုန်းနေတတ်သူဖြစ်တယ်။ ထီးထီးနေတတ်တဲ့ ရောဂါရှိပြီး သူ့မှာသူငယ်ချင်းတွေ မရှိပါဘူး။ ၁ဝနှစ်အရွယ်မှာ ကစားစရာတစ်ခုကို နှစ်သက်ရာကနေ သူ့ဘဝတစ်မျိုးတစ်ဖုံပြောင်းသွားခဲ့တယ်။ အဲဒီကစားစရာကိုပဲ သူဇွဲရှိရှိ အခုအသက်အရွယ်ထိ ကျင့်ခဲ့တယ်။ သူ့ရဲ့ဇွဲလုံ့လကြောင့်၊ ပရိသတ်ရဲ့အားပေးမှုကြောင့် သူဟာလူရာဝင်ခဲ့ပါတယ်။ တတိယအကြိမ်Talentပြိုင်ပွဲမှာ ဒုတိယဆုအပြင် ပရိသတ်အနှစ်သက်ဆုံးဆုကိုလည်း သူရခဲ့ပါတယ်။

(၇)
သူတို့အသက်က (၆၅)နှစ်နဲ့(၅၅)နှစ်ပါ။ အက,ကတာကို သူတို့ဝါသနာပါတယ်။ ခန္ဓာကိုယ်ကျန်းမာရေးအတွက်၊ စိတ်ဓာတ်ကျန်းမာရေးအတွက် အားလပ်ရက်တိုင်းမှာ အကကို သူတို့လေ့ကျင့်ရင်း Talentပြိုင်ပွဲကို ဝင်ရောက်လာခဲ့သူပါ။ သားသမီးတွေ ကန့်ကွက်တဲ့ကြားက၊ တားမြစ်တဲ့ကြားက သူတို့အိပ်မက်ကို သူတို့ရွက်လွှင့်ခဲ့ပါတယ်။ ဒီအသက်အရွယ်ထိ စင်ပေါ်ရောက်တဲ့အထိ သူတို့သွက်သွက်လက်လက် ကခုန်နိုင်တာဟာလဲ သူတို့ရဲ့ကြံ့ခိုင်တဲ့အိပ်မက်နဲ့၊ သူတို့ရဲ့ ကြံ့ခိုင်တဲ့ခန္ဓာကိုယ်ကြောင့်ပဲ ဖြစ်မယ်ထင်ပါတယ်။

(၈)
သူက အသက်(၁၉)နှစ်အရွယ် လယ်သမားမိသားစုက ပေါက်ဖွားလာသူတစ်ဦးပါ။ မွေးကတည်းက ညာလက်ဖဝါးပါမလာခဲ့ပါဘူး။ ဒီလိုမပြည့်စုံခြင်းက သူ့ကိုသိမ်ငယ်စေခဲ့တယ်။ ဒါပေမယ့် သူ့မှာ အိပ်မက်တစ်ခုရှိခဲ့တယ်။ အဲဒီအိပ်မက်က စန္ဒားရားပညာသည်တစ်ဦးဖြစ်ဖို့ပါပဲ။ စန္ဒားရားက သူ့ဘဝကို ပြောင်းလဲခဲ့ပါတယ်၊ သူ့ကို ရှေ့ဆက်လျှောက်ဖို့ အားတွေပေးခဲ့ပါတယ်လို့ သူကပြောခဲ့တယ်။ Talent ပြိုင်ပွဲကို သူဝင်ပြိုင်ပြီး မပြည့်စုံတဲ့ သူ့လက်နှစ်ချောင်းနဲ့ ချိုသာတဲ့စန္ဒားရားသံကို သူတီးခတ်ခဲ့ပါတယ်။ ပြိုင်ပွဲမှာ ဒိုင်လူကြီးက "သမီးရဲ့ကံမကောင်းခြင်း (လက်မရှိတဲ့ ကံမကောင်းခြင်း)ကို ပရိသတ်သိအောင် ပြောပြနိုင်မလား" လို့ဆိုတော့ သူကံမကောင်းဘူးလို့ ဘယ်တော့မှ မထင်ခဲ့ပါဘူးလို့ သူပြန်ဖြေပါတယ်။ ဘုရားသခင်က သူ့ကိုအကောင်းဆုံးလက်တစ်စုံ ပေးခဲ့ပါတယ်တဲ့...

ဒါတွေက ကျွန်မအားလပ်ချိန် youtubeမှာ ကြည့်ဖြစ်ခဲ့တဲ့ ဗီဒီယိုကလစ်တချို့ပါ။ China's Got Talent က တင်ဆက်ခဲ့တဲ့ ဗီဒီယိုတချို့ဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲက ကျွန်မကြိုက်နှစ်သက်တာတွေကို Facebookမှာ မျှဝေခဲ့ပါတယ်။ အဲဒီမှာ ကျွန်မ friend listထဲပါသူငယ်ချင်းတစ်ယောက်က ကျွန်မကို အသိပေးပါတယ်။ လူတွေ(မြန်မာတွေ)က ဒီတရုတ်ဆိုတဲ့စကားလုံးကို ဒီလောက်မျက်စိစပါးမွှေးစူးနေချိန်မှာ ဘာဖြစ်လို့ FBမှာ တရုတ်အစီအစဉ်ကို တင်နေရသေးသလဲတဲ့... စာရေးသူနဲ့စာဖတ်သူကြားမှာ ငြိုငြင်စရာတွေ ဖြစ်မှာစိုးလို့ပါတဲ့။

သူ့စေတနာကို ကျွန်မနားလည်ပါတယ်။ တရုတ်စာတွေကို ကျွန်မဘာသာပြန်ခဲ့တယ်ဆိုပေမယ့် ဘာသာပြန်တဲ့စာတွေထဲမှာ လူမျိုးရေး၊ နိုင်ငံရေး၊ ဘာသာရေးတွေ မပါခဲ့ပါဘူး။ လူတွေကို ကျွန်မမျှဝေချင်တာက စိတ်ဓာတ်တစ်ခု၊ အင်အားတစ်ခု၊ ဖေးမကူညီမှုတစ်ခု၊ ကြံ့ခိုင်မှုတစ်ခု၊ ချစ်ခြင်းမေတ္တာ..တွေပါ။

Talentပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တွေဟာ ကိုယ့်စိတ်ကူးအိပ်မက်ကို မလွတ်စတမ်းဆုပ်ကိုင်ပြီး ပြိုင်ပွဲတွေကို တစ်ခုပြီးတစ်ခုဖြတ်သန်း၊ ဒိုင်လူကြီးနဲ့ ပရိတ်သတ်ကပေးတဲ့ အမှတ်တွေကို တစ်ခုပြီးတစ်ခုရယူလို့ စတိတ်စင်သေးသေးလေးကနေ စတိတ်စင်စင်ကြီးကြီးအထိ တက်လှမ်းပြီး အောင်မြင်မှုတွေကို စွတ်ခူးခဲ့ကြတယ်။

ကျွန်မတို့လူတိုင်းမှာလည်း အိပ်မက်တွေရှိတယ်။ အိပ်မက်ကိုမလွတ်စတမ်း ဖမ်းဆုပ်နိုင်သူတွေရှိသလို၊ ရှေ့ဆက်လျှောက်တဲ့လမ်း ပျောက်နေသူတွေလည်း ရှိကြတယ်။ လမ်းတဝက်မှာ အားပြတ်နေသူတွေလည်းရှိသလို သူတစ်ပါး ပါးစပ်ဖျားမှာ အိပ်မက်ပျောက်သွားသူတွေလည်းရှိတယ်။ အဲဒီလမ်းပျောက်သူ၊ အားပြတ်သူတွေလိုအပ်နေတာက အားပေးမှု၊ ဖေးမမှု၊ ကြံ့ခိုင်တဲ့စိတ်ဓာတ်ပါ။ အဲဒီခွန်အား၊ အဲဒီကြံ့ခိုင်မှုတွေက အောင်မြင်တဲ့ ဘဝစတိတ်စင်ပေါ်ကိုရောက်ဖို့ အခက်အခဲတွေကို တစ်ခုပြီးတစ်ခု ကျော်ဖြတ်ပေးနိုင်မယ်ဆိုခဲ့ရင် ...... ကျွန်မကို ဆက်မျှဝေခွင့်ပေးပါ....
Unknown at 4:35 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အမေရိကန်-မြန်မာ လွှတ်တော်နှစ်ခု ပူးပေါင်းဆောင်ရွက်မည်


မြန်မာနိုင်ငံမှ လွှတ်တော်ကိုယ်စားလှယ်များကို အမေရိကန်နိုင်ငံရှိ လွှတ်တော်သို့ ဖိတ်ကြားကာ လွှတ်တော်နှစ်ရပ် ပူးပေါင်းပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၂ ရက်နံနက်ပိုင်းတွင် နေပြည်တော်သို့ရောက်ရှိလာသော အမေရိကန်အထက်လွှတ်တော် အမတ်မစ္စတာ ဂျွန်မက်ကိန်း ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ ခရီးစဉ်တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် တွေ့ဆုံရာ၌ ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။ အမေရိကန်အထက်လွှတ်တော် အမတ် မစ္စတာဂျွန်မက်ကိန်းက မြန်မာနိုင်ငံသို့ လာရောက်သည့်အခါ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် များစွာခရီးရောက်နေပြီကို တွေ့ရှိရကြောင်း၊ ၎င်းတို့နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကိုလာသည့်အခါ လွှတ်တော်များနှင့် တွေ့ကြောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်တွေ့ပြီး အင်မတန်မှ အားရကျေနပ်ကြောင်း၊ ၎င်းတို့အနေဖြင့် ကွန်ဖရင့်သို့ ရောက်ရှိသည့်အခါ မြန်မာနိုင်ငံကိုသွားပြီး လွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့စေလိုကြောင်း၊ တွေ့ဆုံပြီးတဲ့အခါတွင် လွှတ်တော်နှင့်ပတ်သက်ပြီး လိုအပ်တာတွေဆွေးနွေးပြီး လိုအပ်သော အကူအညီပေးစေလိုကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးမစ္စစ် ကလင်တန်က ပြန်လည်ပြောကြားခဲ့သည်ဟု မစ္စတာဂျွန်မက်ကိန်းက ပြောကြားခဲ့ကြောင်း သိရသည်။ “မြန်မာနိုင်ငံရဲ့ လွှတ်တော်ကိုလဲ သူတို့ဆီကလွှတ်တော်ဆီဖိတ်ကြားပြီး လွှတ်တော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်သွားမယ်။ ဒီလိုပူးပေါင်းဆောင်ရွက်ရင်း မြန်မာနိုင်ငံရဲ့ လွှတ်တော်အရည်အသွေး ပိုမိုကောင်းမွန်လာမယ်။ ကောင်းမွန်လာပြီးတဲ့အခါမှာ လွှတ်တော်ရဲ့ လုပ်ငန်းတာဝန်တွေကိုလဲ ထမ်းဆောင်ပြီးတော့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ ပိုပြီးထက်ထက်မြက်မြက် ဆောင်ရွက်မယ်ဆိုတာတွေ ဆွေးနွေးခဲ့ကြပါတယ်” ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။
Unknown at 2:06 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အခြေအနေမဲ့များအား စတင်ရှင်းလင်းပြီ

ဓါတ်ပုံ(google images)
မန္တလေးတိုင်းဒေသကြီး၏ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ဘူတာရုံ၊ ဆေးရုံ၊ ပလက်ဖောင်းနှင့် အများပြည်သူ သွားလာနေသည့် စင်္ကြန်များ ပေါ်တွင် အခြေအနေမဲ့ တောင်းရမ်း စားသောက်နေသူများ၊ စည်းကမ်းမဲ့ အခြေချ ညအိပ်နေထိုင်နေသူများကို ယခုနှစ် ဇန်နဝါရီလမှ စတင်၍ ဖမ်းဆီး ဖယ်ရှား ရှင်းလင်းသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ကြေညာခဲ့သည်။
မန္တလေးမြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း အခြေအနေမဲ့ တောင်းရမ်းစားသောက်နေသူများအား စတင် ရှင်းလင်းရာတွင် ပညာပေး ကာလအဖြစ် ရက်သတ္တပတ် တစ်ပတ်စတင်၍ လုပ်ဆောင်သွားမည်ဖြစ်ပြီး နောက်ပိုင်းကာလများတွင် စည်ပင် သာယာနည်းဥပဒေ ပုဒ်မ ၂၄၊ ၂၅၊ ၂၆၊ ၂၇ အရျ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သန်းရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မန္တလေးမြို့တော်အတွင်း တောင်းရမ်းစားသောက်နေသူများအား အရေးယူရန် ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်တွင် မန္တလေး မြို့တော်၏ မြို့တော်အင်္ဂါရပ်နှင့်အညီ မြို့တော် သာယာလှပရေး၊ မြို့နေလူထု စိတ်ချမ်းသာရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဖော်ပြပါရှိသည်။
တိုင်းပြည်မှာ လူမှုဖူလုံရေးစရိတ်တွေ တိုးမြှင့်သုံးစွဲခြင်း မပြုနိုင်သေးသမျှ ကာလပတ်လုံး ဒီပြဿနာတွေ ရှိနေဦးမှာပါ၊ တစ်ချို့ကျတော့လည်း အလုပ်မရှိလို့၊ တစ်ချို့ကျတော့လည်း ချောင်လို့ကို တောင်းစားတာမျိုး ရှိတယ်၊ သူတောင်းစား ပပျောက်ရေးဆိုပြီး တောင်းစားတဲ့သူ ထောင်ထဲထည့် နေရင်လည်း အလုပ်မဖြစ်ပြန်ဘူး၊ ရန်ကုန်မှာလို အခြေအနေမဲ့တွေကို စည်ပင်က အလုပ်အကိုင်ဖန်တီးပေးနိုင်တဲ့ပုံမျိုးဆိုရင် ကောင်းတယ်" ဟု မန္တလေး ဒေသခံတစ်ဦးက ပြောကြားသည်။
Unknown at 2:00 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မှောင်ခိုတင်သွင်းမှုများကို သုံးလအတွင်း လျော့ကျသွားစေရန်အခွန် စည်းကြပ် အရေးယူခြင်းများ ပြုလုပ်မည်ဟု သိရ


 မှောင်ခိုတင်သွင်းမှုများ အား သုံးလအတွင်း လျော့ကျသွားစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့ပါသည်။
“မှောင်ခိုတွေ လှိမ့်သွင်းတဲ့အတွက် ပြည်တွင်းက ကုန်ပစ္စည်းထုတ်လုပ်သူတွေ စက်ရုံတွေတောင် ပိတ်ရတော့မယ့် အခြေအနေတောင် ရှိနေတယ်လို့ လုပ်ငန်းရှင်တွေဆီက သိရတယ်။ ကျွန်တော်တို့ မှောင်ခိုပစ္စည်း အဓိက၀င်တဲ့ မင်္ဂလာဈေး၊ သိမ်ကြီးဈေးနဲ့ စက်မှုဇုန်တွေအထိဆင်းပြီး အစည်းအဝေးတွေလုပ်မယ်။ ဘယ်ဟာကမှောင်ခိုပစ္စည်း၊ ဘယ်ဟာက တရားဝင်ပစ္စည်းဆိုတာ ရှင်းပြမယ်။ ဒီလိုရှင်းပြပြီး အသိပေးပြီးမှ မှောင်ခိုပစ္စည်းဆို အခွန်ဘယ်လို ဆောင်ရမယ်ဆိုတာ လုပ်မယ်။ လုပ်တဲ့အခါမှာ ကျွန်တော်တို့ သုံးလအတွင်း၊ ရက် ၉၀ အတွင်း လျော့ကျအောင် လုပ်သွားမယ်”ဟု နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပသည့် ထုတ်လုပ်မှု နှင့် ကုန်သွယ်မှု မြှင့်တင်ရေး ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
မှောင်ခိုတင်သွင်းမှုကြောင့် လက်ရှိတွင် ပြည်တွင်းရှိ စားသောက်ကုန် ထုတ်လုပ်သူများ၊ လူသုံးကုန်ပစ္စည်း ထုတ်လုပ်သူများ ထိခိုက်လျက်ရှိကြောင်း အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များမှ တင်ပြခဲ့ကြသည်။
Unknown at 12:28 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

GPS စနစ်သုံးပြီး ထောက်လှမ်းမှုကို အမေရိကန် အထက် တရားရုံး ပိတ်ပင်


 လွန်ခဲ့သည့် တနင်္လာနေ့က အမေရိကန်ရှိ အထက် တရားရုံး တစ်ခုမှာ ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ပြစ်မှု နှင့်ပတ်သက်ပြီး သံသယ ရှိသူများကို ထောက်လှမ်း ရာတွင် တရားသူကြီး ထံမှ ဖြစ်နိုင်ချေ ရှိသည့် အချက်အတွက် ကြိုတင် ဝရမ်းကို တောင်းခံခြင်း မရှိဘဲ GPS စောင့်ကြည့်ရေး ပစ္စည်း ကိရိယာကို တပ်ဆင်ခွင့် မရှိစေရန် ဆုံးဖြတ် လိုက်ကြောင်း သိရသည်။

ယခုလို ဖြစ်ရပ်မှာ လွန်ခဲ့သည့် ကာလက အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဒီစီတွင် မူးယစ် မှောင်ခို လုပ်ကိုင်နေသူ Antoine Jones ၏အမှုတွင် ၎င်း၏ မော်တော် ယာဉ်ကို GPS ထောက်လှမ်းရေး ကိရိယာဖြင့် တစ်လကြာ ထည့်သွင်းပြီး စစ်ဆေးခဲ့ သဖြင့် အမှုပေါ်ခဲ့ သော်လည်း ယင်းသို့ လုပ်ကိုင်မှုမှာ ၎င်းကို ရှာဖွေသည်ဟု အဓိပ္ပါယ် သက်ရောက် စေသဖြင့် ယခုလို သတ်မှတ် လိုက်ရခြင်းလည်း ဖြစ်သည်။ ယင်းအမှုနှင့် ပတ်သက်ပြီး တရားရုံးမှ ၎င်း၏ တစ်သက် တစ်ကျွန်း ဒဏ်ကို ပလပ် လိုက်ကြောင်းလည်း သိရသည်။
Unknown at 12:28 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

“မေတ္တာမွန်ဂိုဒေါင် ပြင်းထန်စွာ မီးလောင်ပေါက်ကွဲရခြင်း အကြောင်းမှန် ဖော်ထုတ်နိုင်ပြီ”

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်ရှိ မေတ္တာမွန်သိုလှောင်ရုံဝင်းအတွင်း ဒီဇင်ဘာ ၂၉ ရက်နေ့ကဖြစ်ပွားခဲ့ သည့် ပရ ဆေးဂိုဒေါင်မီးလောင်ရာ၌ ပေါက်ကွဲမှုအား များစွာပြင်းထန်ရခြင်းမှာ သိုလှောင်ထားသော ဓာတုပစ္စည်းများကြောင့်ဖြစ်သည်ဟု စုံစမ်း စစ်ဆေးရေးအဖွဲ့မှ သုံးသပ်ကြောင်း သိရသည်။
”ပေါက်ကွဲမှုဖြစ်တဲ့ ဂိုဒေါင် အမှတ်(၇၉)ထဲမှာ ပရဆေးနဲ့ ဓာတု ပစ္စည်းစုစုပေါင်း ၆၈ မျိုး၊ တန်ချိန် အားဖြင့် ၂ဝ၅ ဒသမ ၁၂၂ တန် သိုလှောင်ထားတယ်။ အဲဒီထဲမှာ ပေါက်ကွဲမှုဖြစ်စေတဲ့ ဓာတုပစ္စည်း က ၅၈ ဒသမ ၂၅ဝ တန်နဲ့ အပူရှိန် မြင့်မားမှုကို ပိုမိုအားပေးတဲ့လောင် စာက ၄၁ ဒသမ ၄၃၆ တန် ပါဝင် တာတွေ့ရတယ်။ မီးလောင်တဲ့ အချိန်မှာ ဒီဓာတုပစ္စည်း ၉၉ ဒသမ ၆၈၆ တန်က မြင့်မားတဲ့ အပူရှိန်နဲ့ ထိတွေ့ပြီး ဓာတုအချင်းချင်း ပေါင်း စပ်ဓာတ်ပြုကာ အသေးစားကြီးမား ပြင်းထန်တဲ့ပေါက်ကွဲမှုဖြစ်တာ တွေ့ ရတယ်” ဟု စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဂိုဒေါင်ပိုင်ရှင်အား စစ်ဆေးရာ တွင် ¤င်းသည် ပရဆေးများကို အရောင်းအဝယ်ပြုစဉ် ထိုင်း၊ တရုတ်၊ အိန္ဒိယတို့နှင့် အဆက် အသွယ်ရှိခဲ့ပြီး ထိုလမ်းကြောင်းများ မှတစ်ဆင့် တရားမဝင် ဓာတုပစ္စည်း များကိုပါ သယ်ယူသိုလှောင် ရောင်း ချခဲ့ကြောင်း၊ ဓာတုပစ္စည်းများကို သိုလှောင်ရာတွင် ရောနှောစုပုံခဲ့ ကြောင်း၊ ၂ဝ၁၁ အောက်တိုဘာ ပထမပတ်ထဲတွင် မီးလောင်ပေါက် ကွဲလွယ်သည့် Potassium Chlorate ၅ဝဝဝ ကီလိုဂရမ် (၂၅ ကီလို ဂရမ်ဝင် ၂ဝဝ အိတ်) Red Phosphorous ၁၆ဝဝ ကီလိုဂရမ်တို့ကို ဝယ်ယူ၍ ဂိုဒေါင်အတွင်းရှိ ယမ်း စိမ်းအိတ်များအနီး စုပုံထားခဲ့ ကြောင်း Potassium Chlorate အိတ် ၂ဝဝ မှ ၆ဝ ခန့်သာ ရောင်း ချခဲ့ရပြီး ကျန်အိတ်များနှင့် Red Phosphorous ၁၆ဝဝ ကီလို ဂရမ် တို့မှာ မီးလောင်သွားခဲ့ကြောင်း ထို့ ပြင် မီးမလောင်မီ ၁ဝ ရက်ခန့်က ဝယ်ယူသိုလှောင် ထားသော Ammonium Nitrate ငါးတန်နှင့် လက်ကျန် တစ်အိတ်လျှင် ၅ဝ ကီလိုပါသော ၁ဝ အိတ်မှာလည်း မီးလောင်မှုတွင် ပါဝင်သွားကြောင်း၊ ထို့ကြောင့် ပေါက်ကွဲမှု ပြင်းထန် သွားသည်ဟု စစ်ဆေးတွေ့ရှိရ ကြောင်း သိရသည်။
ထိုပေါက်ကွဲမှုအား အမြန်ဆုံး ဖော်ထုတ်ရန် ဒုတိယသမ္မတဒေါက် တာ စိုင်းမောက်ခမ်းက ဇန်နဝါရီလ ၁ ရက်နေ့တွင် အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက် စစ်ဆေးစဉ် က သက်ဆိုင်ရာဌာနအဖွဲ့အစည်း များသို့ မှာကြားခဲ့သည့်အတွက် ဗဟို စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် တိုင်းဒေသ ကြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ဟူ၍ အဖွဲ့နှစ်ဖွဲ့ခွဲကာ မီးလောင်ပေါက် ကွဲမှု အကြောင်းရင်းကို အပူတပြင်း ဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ မီးလောင်ပေါက်ကွဲမှု အကြောင်းရင်းအား စစ်ဆေးရာ၌ ကနဦးအနေဖြင့် မီးလောင်မှု အ ကြောင်းရင်းအား စတင်စစ်ဆေး ခဲ့ရာ ထွက်ဆိုချက်များအရ ဂိုဒေါင် အမှတ်(၈ဝ)မှ မီးစတင်လောင် ကျွမ်းခဲ့ပြီး ကပ်လျက်ရှိသော ဂိုဒေါင် အမှတ်(၇၉)သို့ ကူးစက်လောင် ကျွမ်းကာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ ကြောင်း၊ မီးစတင်လောင်ကျွမ်း စဉ်က ဝါယာကြိုးညှော်နံ့များရကာ အဆိုပါနေ့၏ ည ၁ နာရီခန့်မှ မီး စတင်လောင် ကျွမ်းနေ ခဲ့ခြင်း ဖြစ် ကြောင်း၊ ထိုဂိုဒေါင် အမှတ်(၈ဝ) တွင် မီးလောင်မှုမဖြစ်မီက ခဲဂဟေ ဆော် သည့် ဂေါက်အသုံးပြုခြင်းနှင့် အင်ဗာတာ အားသွင်းခြင်းများကို ဆောင်ရွက်ခဲ့သော်လည်း လုပ်ငန်း ပြီးဆုံးချိန်၌ ထိုမီးခလုတ်များကို မပိတ်ခဲ့ကြောင်း၊ အဆိုပါ မေတ္တာ မွန်ဂိုဒေါင်ဝင်းအတွင်းရှိ ဂိုဒေါင်များ အား လုံခြုံရေးမီးသာ သွယ်တန်း ခွင့်ပြုထားပြီး ကျန်လျှပ်စစ်မီးသွယ် တန်းခြင်းကို မြန်မာ့ဆိပ်ကမ်း အာ ဏာပိုင် လျှပ်စစ် အင်ဂျင်နီယာဌာန ၏ ခွင့်ပြုချက်ရယူပြီးမှသာ ဆောင် ရွက်ရမည်ဖြစ်သော်လည်း ဂိုဒေါင် အမှတ်(၈ဝ)၏ လျှပ်စစ်မီးသွယ်တန်း ခြင်းကိုမူ ဌာန၏ခွင့်ပြုချက် မရမီ သွယ်တန်းခဲ့ကြောင်း စစ်ဆေးတွေ့ ရှိရသည်ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့ မှ အဖွဲ့ဝင်မီးသတ်အရာရှိတစ်ဦးက ပြောသည်။
”အခုတွေ့ရှိရတဲ့ စစ်ဆေးချက် တွေအရ ဒီမီးလောင်မှုဟာ လျှပ်စစ်ပစ္စည်းတွေ အပူလွန်ကဲပြီး မီး လောင်မှု စတင်ဖြစ်ပွားတယ်လို့ သုံး သပ်ရတယ်။ ဘာကြောင့်လဲဆို တော့ မီးလောင်မှုဖြစ်တဲ့ညမှာ မီး မလောင်ခင် အချိန်အထိ လျှပ်စစ် မီးလာနေပြီး ပေါက်ကွဲမှု ကြီးဖြစ် တော့မှ လျှပ်စစ်မီးပြတ်သွားတယ် ဆိုတဲ့ အချက်ရယ်၊ မီးလောင်မှု မဖြစ်ခင် သုံးရက်လောက်က ဒီဂို ဒေါင်မှာရှိတဲ့ ဝါယာကြိုးတွေ ပူနေ တယ်လို့ ဂိုဒေါင်စောင့် ဝန်ထမ်းတွေ ရဲ့ ထွက်ဆိုချက်တွေအရ လျှပ်စစ် ပစ္စည်းတွေ အပူလွန်ကဲရာကနေ စလောင် တယ်လို့ ပြောနိုင်တာပါ။ ဒါ့အပြင် ဂိုဒေါင်အမှတ်(၈ဝ) အတွင်း မှာလည်း မီးလောင်ပျက်စီးနေတဲ့ အင်ဗာတာတစ်လုံးကိုလည်း ရှာဖွေ တွေ့ရှိခဲ့တယ်”ဟု ၄င်းက ဆက် လက်ပြောကြားသည်။
ထို့ကြောင့် ဓာတုပစ္စည်းများ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်းများကို ထိန်းချုပ်သည့် လုပ်ထုံးလုပ်နည်း ညွှန်ကြားချက် များ၊ ဘေးဥပဒ်ဖြစ်စေသော ဓာတု ပစ္စည်းများကို လူနေရပ်ကွက်အနီး သိုလှောင်ခြင်းမရှိစေရန် ညွှန်ကြား ချက်များ ထုတ်ပြန်သင့်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့က အကြံပြု တင်ပြထားကြောင်း သိရသည်။
Unknown at 12:27 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မေ့သွားသည့် Password များကို ပြန်လည်ရယူပေးမည့် Power Charger အတွက် Apple မှမူပိုင်ခွင့်ပြုလုပ်

 Power charger တစ်ခုအနေဖြင့်သာမက password များကို ပြန်လည်ရယူပေးနိုင်မည့် password backup တစ်ခုအဖြစ်ပါအသုံးပြုနိုင်မည့် power charger တစ်မျိုးကို Apple မှ မူပိုင်ခွင့်ပြုလုပ်ခဲ့ပြီး ယင်းမူပိုင်ခွင့်အရ password မေ့တတ်သည့် user များအနေဖြင့် Power cord ကိုတပ်ဆင်လိုက်ရုံဖြင့်

memory chip ထဲတွင် သိုလှောင်သိမ်းဆည်းထားသည့် ID နံပါတ်ကို ပြန်လည် ဖော်ပြပေးနိုင်မည်ဖြစ်သည်။ အစီအစဉ်တကျမရှိသည့် password များကိုသာ စက်တွင်သိမ်းဆည်းထားမည်ဖြစ်ပြီး adapter က decryption key အဖြစ် ဆောင်ရွက်ပေးမည်ဟု သိရသည်။ Apple ၏ အထက်ပါ တီထွင်ဖန်တီးမှုသစ်မှ အဓိကအားနည်းချက်မှာ အကယ်၍ တစ်စုံတစ်ယောက်က ကွန်ပျူတာအပါအ၀င် ၎င်း၏ power cord ကိုပါခိုးယူခဲ့ပါက ၎င်းအတွက် အဆိုပါကွန်ပျူတာကို ဖောက်ထွင်းအသုံးပြုရန်မှာ ဖြစ်နိုင်ချေရှိသည့် password များကို စဉ်းစားရခြင်းထက် ပို၍လွယ်ကူလာမည်ဖြစ်သည်။ သို့သော် Apple မှ ၎င်း၏မူပိုင်ခွင့်ကို laptop တစ်မျိုးတည်းအတွက်မဟုတ်ဘဲ iPhone, iPod နှင့် iPad များအတွက်ပါ အသုံးပြုမည်ဟုခန့်မှန်းထားသည်။
Unknown at 12:26 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရတနာပုံအွန်လိုင်းရှော့ပင်း မောလ်ကိုပြည်တွင်းဘဏ်သုံးခု နှင့်ချိတ်ဆက်၍စတင်ဖွင့်လှစ် မည်


ရတနာပုံသတင်း — အင်တာနက်ပေါ်တွင် ဈေးရောင်း၊ ဈေးဝယ် ပြုလုပ်နိုင်မည့် ရှော့ပင်းမောလ် တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုလအတွင်း ပြည်တွင်းဘဏ် သုံးခုနှင့် ချိတ်ဆက်၍ စတင် ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း  ရတနာပုံဝဘ်ပေါ်တယ်မှ သိရသည်။ “ပထမက ပြည်တွင်းဘဏ် ၁၁ ခုနဲ့ ချိတ်ဆက်ပြီး အကောင်အထည် ဖော်ဆောင်ခဲ့ရာက တချို့ဘဏ်တွေက နည်းပညာပိုင်း လိုအပ်ချက်တွေ ရှိနေသေးတဲ့အတွက် ညှိနှိုင်းနေဆဲပါ။ ဒီလအတွင်း စတင် ဖွင့်လှစ်မယ် ဆိုရင်တော့ အာရှ စိမ်းလန်းစိုပြည်ရေးဘဏ်၊ ယူနိုက်တက် အမရာဘဏ်၊ မြန်မာ့ စီးပွားရေးဘဏ်တွေနဲ့  ညှိနှိုင်း ဆွေးနွေးပြီးပြီ ဖြစ်တဲ့အတွက် ဇန်နဝါရီလ နောက်ဆုံးအပတ်မှာ စတင်ဖွင့်လှစ်ဖို့ စီစဉ် ဆောင်ရွက်ထားပါတယ်” ဟု မန်နေဂျာ ကိုအောင်စံမြတ်က ပြောသည်။ အဆိုပါ အွန်လိုင်းရှော့ပင်းမောလ်၏ ဝဘ်ဆိုက်အမည်ကို ယခုအချိန်တွင် ထုတ်ဖော် ပြောကြားလိုခြင်း မရှိသေးကြောင်း၊ ပါဝင်ပြသမည့် ဆိုင်ခန်း အရေအတွက်ကိုလည်း တိကျစွာ မပြောနိုင်သေးကြောင်း ၎င်းက ဆိုသည်။ “ဖွင့်မယ့်အချိန် ကျရင်တော့ အားလုံးကို ထုတ်ဖော် ပြောကြားသွားမှာပါ။ ဆိုင်ခန်းအရေအတွက် ဘယ်လောက်ရှိတယ် ဆိုတာရယ်၊ ရှော့ပင်းမောလ်အတွင်း ဆိုင်ခန်းတစ်ခန်းရဲ့ ပေးသွင်းရမယ့် သတ်မှတ်နှုန်းထားတွေကို အတိအကျ မပြောနိုင်သေးပါဘူး” ဟု ယင်းက ထပ်မံဆိုသည်။ ရတနာပုံ အွန်လိုင်းရှော့ပင်းမောလ်ကြီးကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်ရန် လျာထားခဲ့သော်လည်း ဘဏ်များနှင့် ချိတ်ဆက်မှု နည်းပညာပိုင်းကြောင့် လည်းကောင်း၊ ပြည်တွင်း အင်တာနက်လိုင်း ချို့ယွင်းမှုကြောင့် လည်းကောင်း၊ နှောင့်နှေးနေခဲ့ခြင်း ဖြစ်သည်။ ယခုအခါတွင် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးအပတ်တွင် အမြန်ဆုံး ဖွင့်လှစ်နိုင်ရန် စီစဉ် ဆောင်ရွက်နေပြီ ဖြစ်သည်။
Unknown at 12:25 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တစ်ဒေါ်လာ ၆ ကျပ်စနစ် ဧပြီ ၁ တွင်ပျက်ပြီ


 မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေ လဲလှယ်နှုန်းမူဝါဒကို  ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်မှစ၍ ပြောင်းလဲကျင့်သံုးတော့ မည်ဟု မြန်မာ   နိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်စဖြစ်တဲ့ ဧပြီ ၁ ရက်ကစပြီးတော့ လက်ရှိကျင့်သုံးနေတဲ့ မြန်မာကျပ်ငွေကို SDR (MIF ၏ အထူးထုတ်ယူခွင့်လက်မှတ်)နဲ့ ချိတ်ဆက်ထားမှုကို ဖျက်သိမ်းပါ့မယ်။ ဒီအစား အကန့်အသတ်နဲ့ နှုန်းရှင်ငွေလဲလှယ်နှုန်းစနစ်ကို ပြောင်းလဲကျင့်သုံးသွားမယ်” ဟု အထက်ပါ ပုဂ္ဂိုလ်ကဆိုသည်။
ယင်းသို့ ပြောင်းလဲကျင့်သုံးရခြင်းမျာ နိုင်ငံ၌တရားဝင်နိုင်ငံခြားငွေလဲလှယ်နှုန်းနှင့် ဈေးကွက်ငွေလဲလှယ်နှုန်းဟူ၍ တစ်မျိုးထက်ပိုသည့် ငွေလဲလှယ်နှုန်း စနစ်များဖြစ်ပေါ်နေခြင်းကြောင့်ဖြစ်ပြီးနိုင်ငံခြားငွေပေါင်းစည်းရေးပြုလုပ်ရန် လိုအပ်လျက်ရှိနေခြင်းတို့ကြောင့်ဖြစ်သည်ဟု ဗဟိုဘဏ်၏တာဝန်ရှိသူထံမှ သိရသည်။
ဗဟိုဘဏ်၏ တာဝန်ရှိသူကပင် ထပ်မံ၍ “အာဆီယံ ကတိက၀တ်တွေအရလည်း ငွေလဲလှယ်နှုန်း အမျိုးမျိုး ကျင့်သုံးတဲ့စနစ်ကို ဖယ်ရှားပြီး နိုင်ငံခြားငွေလဲလှယ်နှုန်းပေါင်းစည်းမှုပြုလုပ်ဖို့လိုပါတယ်။ နောက်ပြီး နိုင်ငံခြားသုံးငွေပေးချေမှုဆိုင်ရာ ကန့်သတ်ချက်များကို ဖယ်ရှားပေးဖို့လည်း လိုအပ်တဲ့အတွက်ကြောင့်ပါ”ဟု ပြောသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထိုလုပ်ငန်းများကို စတင်ဆောင်ရွက်ရာတွင် IMF အဖွဲ့အနေဖြင့် ၂၀၁၁ အောက်တိုဘာတွင် တစ်ကြိမ်၊ ၂၀၁၂ ဇန်န၀ါရီ တွင် တစ်ကြိမ် လာရောက်၍ စီးပွားရေးနှင့်ငွေရေးကြေးရေးတည်ငြိမ်စွာဖြင့် အောင်အောင်မြင်မြင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် နည်းလမ်း များနှင့် ဆက်စပ်နေသည့် ဥပဒေများပြုပြင်ပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များ လာရောက်ဆွေးနွေးမှုရှိခဲ့သည်ဟု ဗဟိုဘဏ်မှသိရပြီး အကြံပြုဆွေးနွေးမှု များပြုခဲ့ကြသည်ဟု သိရသည်။
ဘဏ်လုပ်ငန်းဆိုင်ရာ ပညာရှင်တစ်ဦးက “နှစ်ပေါင်း ၄၀၊၅၀ အထိ မပြောင်းလဲခဲ့တဲ့ ကန်တစ်ဒေါ်လာ မြန်မာငွေ ခြောက်ကျပ်နဲ့ အရိုးစွဲကျင့်သုံးလာ ခဲ့တဲ့စနစ်ကို အခုပြောင်းလဲတော့မယ်ဆိုတော့ ပြောင်းအပ်တဲ့အရာကို ပြောင်းတယ်လို့ပဲ မြင်ပါတယ်”ဟု ပြောသည်။
ဗဟိုဘဏ်မှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးစနစ်တွင် စတင်ကျင့်သုံးသွားမည့်စနစ်သစ်အရ မြန်မာကျပ်ငွေနှင့် နိုင်ငံခြားသုံးငွေလဲလှယ်နှုန်းထား အား ဈေးကွက်၏၀ယ်လိုအား ရောင်းလိုအားအတိုင်းဖြစ်ပေါ်လာမည့် ဈေးကွက်နိုင်ငံခြားငွေလဲလှယ်နှုန်းအတိုင်းအစိုးရကဏ္ဍနှင့် ပုဂ္ဂလိက ကဏ္ဍနှစ်ရပ်စလုံးမှ အသုံးပြုသွားမည်ဟု ဗဟိုဘဏ်မှ သိရသည်။
နိုင်ငံခြားငွေကြေးဈေးကွက် ဖွံ့ဖြိုးရန်အတွက် နိုင်ငံခြားငွေကြေးလဲလှယ်ခွင့်
ကို ပုဂ္ဂလိကဘဏ် ၁၇ ဘဏ်အား ချထားပေးခဲ့သည့်အပြင် နိုင်ငံခြားငွေ တရားဝင်ကိုင်ဆောင်ခွင့်ကို ပုဂ္ဂလိကဘဏ် ၁၁ ဘဏ်တို့အား ခွင့်ပြုထားပြီး ပုဂ္ဂလိကဘဏ်တချို့အနေဖြင့် နိုင်ငံခြားငွေ အရောင်းအ၀ယ်ပြုလုပ်ခြင်းကို နိုင်ငံပိုင်ဘဏ် သုံးဘဏ်မှ တစ်ဆင့် ဘဏ်စာရင်းဖွင့်ကာ စင်ကာပူ၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ မြန်မာနိုင်ငံသို့ နိုင်ငံခြားငွေ ပြန်လည်လွဲပို့ခြင်း
လုပ်ဆောင်ခွင့်ကိုပါ ထပ်မံခွင့်ပြုပေးထားသည်ဟု ဗဟိုဘဏ်၏စာရင်းများအရ သိရသည်။
Unknown at 12:24 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အင်တာနက် ကွန်နက်ရှင်နှင့် ဖုန်းလိုင်းများ မကြာမီ ကောင်းမွန်လာတော့မည်ဟု ဆို


 မြန်မာနိုင်ငံအတွင်း၌ အသုံးပြုလျက်ရှိသော မိုဘိုင်းဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို မတ်လဝန်းကျင်မှ စ၍ ဆက်သွယ်မှု ကောင်းမွန်စွာ အသုံးပြုလာနိုင်တော့မည် ဖြစ်ကြောင်း  မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ “ရှေ့ နှစ်လလောက်က စပြီး ဖုန်းဆက်သွယ်မှုနဲ့ အင်တာနက်လိုင်းတွေ တဖြည်းဖြည်း သိသာစွာ ကောင်းမွန်လာတော့မှာပါ။ လက်ရှိ အင်တာနက်လိုင်း နှေးနေတာကလည်း ရေအောက် ဖိုင်ဘာကေဘယ်ကြိုးတွေ ပြတ်တောက်ခဲ့တာကြောင့်ပါ။ အခု SEA-ME-WE3 နေရာမှာ SEA-ME-WE5 ကို အစားထိုးတပ်ဆင်ဖို့ တင်တားတာလည်း ကျလာပါပြီ။ အဲ့ဒါကိုတော့ တရုတ်ဝန်ကြီးရဲ့ အကူအညီနဲ့ ဆောင်ရွက်သွားမှာပါ” ဟု အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ပြောသည်။ ထိုကဲ့သို့ပင် မိုဘိုင်းဖုန်းလိုင်းများ အတွက်လည်း Network  တိုးချဲ့ခြင်း လုပ်ငန်းများ၊ ဆက်သွယ်ရေး တာဝါတိုင်များကို ပုဂ္ဂလိက ကုမ္ပဏီများဖြင့် တည်ဆောက်လျက် ရှိသည်ဟု ဆိုသည်။ ယင်းသို့ ဆောင်ရွက်ခြင်းမှာလည်း ၂၀၁၃ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ဆီးဂိမ်းအမီ ဖုန်းလိုင်းနှင့် အင်တာနက် Service ကို ကောင်းမွန်စွာ အသုံးပြုနိုင်ရန်အတွက် အဓိက ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။ “အခုလို တစ်လထက်တစ်လ ကွန်နက်ရှင်တွေ ကောင်းမွန်လာမယ် ဆိုရင်တော့ စီးပွားရေး လုပ်ငန်းရှင်တွေ အတွက် ရေရှည်ရပ်တည်ဖို့ အတွက် အဆင်ပြေလာကြမှာပါ။ တကယ်တမ်းတော့ ဖုန်းနဲ့ အင်တာနက်ဆိုတာ တိုင်းပြည်တစ်ခုရဲ့ အရေးပါတဲ့ ကဏ္ဍတစ်ခုမှာ တာဝန်ရှိပါတယ်” ဟု ဗဟန်းမြို့နယ်ရှိ အင်တာနက်ဆိုင် တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ အဆိုပါ အင်တာနက်လိုင်းများမှာ ၂၀၁၁ ခုနှစ်အတွင်း ကွန်နက်ရှင် နှေးကွေးပြတ်တောက်မှု ဆက်တိုက် ဖြစ်ပေါ်ခဲ့ခြင်းကြောင့် လုပ်ငန်းရှင်များ အနေဖြင့် ထိခိုက်နစ်နာမှု များစွာ ရှိခဲ့ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။
Unknown at 12:24 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပြည်သူများအားအနိုင်အထက် ပြုကျင့်ခြင်း၊မောက်မာစော်ကား ခြင်းပြုလုပ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် များအားဒဏ်ခတ်အရေးယူမှုများရှိလာနိုင်ဟု ပါတီဒုတိယဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား

ဇန်န၀ါရီလ ၂၁ ရက်နေ့ကပြုလုပ်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အထူးအစည်းအဝေးကို တွေ့ရစဉ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များအနေဖြင့် ပြည်သူများအား အနိုင်အထက်ပြုကျင့်ခြင်း၊ မောက်မာစော် ကားခြင်း၊ စည်းကမ်းပျက်ခြင်း၊ ပါတီတွင်း ဒီမိုကရေစီ ဖော်ဆောင်မှုကို အနှောင့်အယှက်ပြုသူများအား ပါတီတွင် နေရာရှိမှာ မဟုတ်သကဲ့သို့ ဒဏ်ခတ်အရေးယူမှုများ ရှိလာနိုင်သည်ကို သတိပြုရန် လိုအပ်ကြောင်း ဇန်န၀ါရီလ ၂၁ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထူးအစည်းအဝေးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။
”ပါတီဝင်များအနေနဲ့ ပြည်သူသာအမိ၊ ပြည်သူသာအဖလို့ ခံယူပြီး ပြည်သူကိုဘက်ပေါင်းစုံကနေ နည်းလမ်းပေါင်းစုံနဲ့ ကူညီဖြည့်ဆည်းပေး ရမှာဖြစ် ပါတယ်။ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲနေမှုများကိုလည်း ပြောင်းလဲလို့ ကောင်းတာ ပဲဖြစ်ရမယ်၊ကောင်း တာဖြစ်ဖို့ပြောင်းလဲတာပဲ ဖြစ်ရမယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ပြည်တွင်းမီဒီယာများ၏ မေးမြန်းချက်များအပေါ်တွင်လည်း ”ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် သီးခြားသုံးစရာမလိုပါဘူး။ ပြည်သူတွေကို ကူညီနေတာမှာလည်း ဖွံ့ဖြိုး ရေးအတွက်ပဲ ရန်ပုံငွေတွေကို အသုံးပြုပါတယ်။ ပြည်သူအတွက် ကောင်းအောင်လုပ်ပေးရင် ပြည်သူတွေဆီက မဲရမှာပဲ။ ကိုယ်စားလှယ်တွေရဲ့ ပြည်သူ့အတွက် စွမ်းဆောင်နိုင်မှုပေါ် မူတည်ပါတယ်။ ကိုယ်စားလှယ်တွေကို ရွေးချယ်ရာမှာလည်း ပြည်သူ့ အကျိုးဆောင်ရွက်မယ့်သူတွေကိုပဲ ရွေးချယ်သွားမှာပါ။ ရွေးကောက်ပွဲ အနိုင်ရဖို့အတွက် တရားသောနည်းများဖြင့် အနိုင်ရရေးအတွက် ကြိုးစားသွားမှာပါ။ လက်ရှိမှာတော့ ပါတီ အင်အားတောင့်တင်းဖို့၊ လွှတ်တော်အင်အား တောင့်တင်းဖို့၊အစိုးရ တောင့်တင်းဖို့ အဓိကထား ဆောင်ရွက်နေပါတယ်။ လွှတ်တော်အင်အားတောင့်တင်းဖို့ ကိုယ့်ပါတီက ကိုယ်စားလှယ်တွေ များဖို့လိုပါတယ်။ အစည်းအဝေးမှာတော့ ရှေ့လုပ်ငန်းစဉ် တွေချမှတ်မယ်၊ အားနည်းချက်တွေ ပြုပြင်မယ်၊ ရှေ့ကိုဆောင်ရွက် မယ့်ကိစ္စတွေကိုလည်း ဆွေးနွေးမယ်။ နောက်ပြီးတော့ စည်းကမ်းပျက်တဲ့ သူတွေရှိခဲ့ရင် ထုတ်ပယ်အရေးယူသွားမယ်”ဟု ပြန်လည်ဖြေကြားခဲ့သည်။
ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲများတွင် ပြုလုပ်မည်ဖြစ်သော လစ်လပ် မဲဆန္ဒနယ် ၄၈ နေရာအားလုံး တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
Unknown at 12:23 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပြောင်းလဲမှုတွေ လုပ်ပြီး မြောက်ကိုရီးယားနဲ့ အဆက်ဖြတ်ဖို့ အမေရိကန် ပြော


 မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဆိုင်ရာ ပြုပြင် ပြောင်းလဲမှုတွေ ရှေ့ဆက် အကောင်အထည် ဖော်ပြီး မြောက်ကိုရီးယား နဲ့ စစ်ရေး ဆက်ဆံ မှုတွေ ဖြတ်တောက်မယ် ဆိုရင် မြန်မာ အပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူထားမှုကို ရုတ်သိမ်းပေးဖို့ သူထောက်ခံ ပေးမယ်လို့ အမေရိကန် ထိပ်တန်း ရီပါ့ဘလစ်ကန် ဆီးနိတ်တာ Mitch McConnell က ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက မြန်မာပြည်ကို သွားရောက်ခဲ့တဲ့ ဆီးနိတ်တာ မက်ကောနယ်က လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ နိုင်ငံတကာက လေ့လာ စောင့်ကြည့်သူတွေကို ဝင်ရောက်ခွင့် ပေးဖို့ မြန်မာ အစိုးရကို ပန်ကြား ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် အဲဒီ ရွေးကောက်ပွဲကို ကောင်းကောင်းမွန်မွန် ကျင်းပနိုင်ခဲ့ရင် မြန်မာ အပေါ် ပိတ်ဆို့ အရေးယူမှု တချို့ ဒါမှမဟုတ် အကုန် ရုတ်သိမ်းပေးဖို့ အာမခံချက် ပေးနိုင်တဲ့ နောက်ထပ် ခြေလှမ်းတွေ စဉ်းစားပေးမယ်လို့လည်း မစ္စတာ မက်ကော်နယ်က ပြောပါတယ်။
BBC
Unknown at 12:22 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တိဘက်ဆန္ဒပြသူတရုတ်နှိမ်နင်း မှု အမေရိကန် ဝေဖန်


VOA — တိဘက် ဆန္ဒပြသူတွေကို တရုတ်လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တဲ့အတွက် တချို့သေဆုံးပြီး ဒဏ်ရာရသူ အတော်များများ ရှိခဲ့တဲ့အပေါ် စိုးရိမ် ပူပန်ကြောင်း အမေရိကန်ပြည်ထောင်စုက ပြောကြားလိုက်ပါတယ်။
အခုလ အစောပိုင်းက လူ ၄ ယောက် ကိုယ့်ကိုကိုယ် မီးရှို့ သတ်သေသွားကြပြီးနောက်ပိုင်း အခုလို အကြမ်းဖက် နှိပ်ကွပ်မှုတွေ ဖြစ်ပေါ်ခဲ့တာလို့ လူ့အခွင့်အရေးဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Maria Otero က မနေ့က အင်္ဂါနေ့ ရက်စွဲနဲ့ထုတ်ပြန်တဲ့ ကြေငြာချက်ထဲမှာ ဖော်ပြထားတာပါ။
တိဘက်ဒေသမှာ ၂၀၁၁ ခုနှစ် မတ်လကစပြီး ကိုယ့်ကိုကိုယ် မီးရှို့သတ်သေသူ ၁၆ ယောက် ရှိသွားပြီဖြစ်ပါတယ်။
တရုတ်အစိုးရအနေနဲ့ ဒီကိစ္စကို ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ် ဖြေရှင်းဖို့နဲ့ နောက် အဝေးရောက် တိဘက် ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားနဲ့ဖြစ်ဖြစ်၊ သူ့ရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ပဲဖြစ်ဖြစ် တွေ့ဆုံပြီး တိဘက်လူမျိုးတွေ ခံစားနေရတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ အမေရိကန်ရဲ့ တောင်းဆိုချက်ကို လက်ထောက်နိုင်ငံခြားရေးကြီးက ထပ်လောင်း တောင်းဆိုလိုက်တာပါ။
တရုတ်နိုင်ငံ နောက်တောင်ပိုင်း ဆီချွမ်ပြည်နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့တွေနဲ့ တိဘက်လူမျိုးတွေ ၂ ရက်ဆက်တိုက် ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပွားနေရာက လူပေါင်း ၅ ယောက် အနဲဆုံး သေဆုံးခဲ့ပြီးဖြစ်တယ်လို့ အဝေးရောက် တိဘက် လှုပ်ရှားမှုအဖွဲ့က အင်္ဂါနေ့မှာ ပြောပါတယ်။
အင်္ဂါနေ့က သေဆုံးသူတွေဟာ တနင်္လာနေ့တုန်းက အလားတူ ထိပ်တိုက် ရင်ဆိုင်ပြီး သေဆုံးမှုတွေ ဖြစ်ပွားခဲ့တဲ့ Luhuo ဒေသနဲ့ ၂၄ မိုင်လောက် ဝေးတဲ့ Serta ခရိုင်အတွင်းမှာ ဖြစ်ပွားခဲ့တာလို့ တိဘက်အသံ ရေဒီယိုအသံလွှင့်ဌာနက ပြောပါတယ်။
အင်္ဂါနေ့က သေဆုံးသွားသူထဲက ၂ ယောက်ကို မျက်မြင် သက်သေတွေက အတည်ပြုပေးခဲ့တယ်လို့ အဝေးရောက် တိဘက်လှုပ်ရှားမှုအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဗွီအိုအေ တိဘက်ဌာနကို အတည်ပြု ပြောကြားခဲ့ပါတယ်။
VOA (မြန်မာဌာန)
Unknown at 12:21 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပြည်တွင်းရွှေဈေးကွက်အေးစက် နေသော်လည်းဘဏ်အတိုးနှုန်း များလျှော့ချလိုက်ခြင်းကြောင့် ရွှေအ၀ယ်လိုက်နေ


ပြည်မြန်မာဂျာနယ် — ပြည်တွင်း ရွှေဈေးကွက်မြင့်တက်လာခြင်းမရှိ သေးဘဲ၊ ကမ္ဘာ့ရွှေဈေးကွက်သာ မြင့်တက်နေကြာင်း ၁၈-၁-၂၀၁၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းပိုင်ရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။
“နိုင်ငံတကာဖြစ်စဉ်တွေနဲ့လည်းဆိုင်ပါတယ်။ ပြည်တွင်းရွှေဈေးနှုန်းကတော့ မြင့်တက်ဖို့မရှိပါဘူး။ အခုတော့ ကမ္ဘာရွှေဈေးက ပြန်တက်နေ တယ်။ ဒေါ်လာဈေးလည်းပြန်တက်နေတယ်။ ကမ္ဘာ့ဈေးကွက်က ပြည်တွင်းရွှေဈေးကွက်နှုန်းထက် အမြဲမြင့်တက်နေတာပါ”ဟု ယင်းပုဂ္ဂိုလ် ကပြောသည်။
“အခုလို ပြည်တွင်း အခြေအနေဆိုရင်တော့ မြန်မာ့ငွေကြေးမာဖို့ရှိနေပါတယ်။ ၂၀၁၁ ခုနှစ်က အိမ်ခြံမြေကိုဝယ်ဖို့ ရွှေကိုရောင်းတဲ့ လူတွေရှိခဲ့ တယ်။ ပြည်ပ လုပ်ငန်းရှင်တွေက ပြည်တွင်းမှာ ရင်းနှီးမြှပ်နှံနေကြတော့ ပြည်တွင်းက စီးပွာရေးလုပ်ငန်းရှင်တွေဟာ ရှိတဲ့ရွှေတွေကိုရောင်းပြီး အိမ်ခြံမြေဘက်မှာ ရင်းနှီးမြှပ်နှံနေကြတာပါ”ဟု ရွှေလုပ်ငန်းရှင်အသင်းအထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်က ထပ်မံသုံးသပ်ပြောကြားသည်။
ထို့ပြင် ယခုနှစ်နှစ်ဆန်းပိုင်းအတွင်း အိမ်ခြံမြေရင်းနှီးမြှပ်နှံမှုအခြေအနေ ပြန်လည်အေးစက်ခဲ့ပြီး ဘဏ်အတိုးနှုန်းများကို လျှော့ချပေးလိုက်ခြင်းကြောင့် ရင်းနှီးမြှပ်နှံသူများမှာ ရွှေဘက်သို့ပြန်လည်ဦးတည်လာကြကြောင်း သတင်းရရှိသည်။ ၂၀၁၁ ခုနှစ် နှစ်ဆန်း၊ နှစ်လယ်များတွင် နိုင်ငံရေးငြိမ် သက် လာပြီး ပြည်တွင်းငြိမ်းချမ်းရေးကလည်း တဖြေးဖြေးရယူနေပြီ ဖြစ်သည့်အတွက် မြန်မာငွေကြေးခိုင်မာပြီး ရွှေဈေးအများကြီးတက်ရန်မရှိကြောင်း သိ   ရသည် ။
မင်းဆက် (ပြည်မြန်မာသတင်းဂျာနယ်)
Unknown at 10:33 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လယ်ယာမြေ ဥပဒေမူကြမ်း များကို လွှတ်တော်အထိ ကန့်ကွက်ရန် စီစဉ်နေ

လယ်သမားအရေး တက်ကြွစွာဆောက်ရွက်သူ ကိုဖိုးဖြူ
လွှတ်တော်၌ တင်သွင်းထားသည့် လယ်ယာမြေဥပဒေမူကြမ်းနှင့် မြေလွတ်မြေရိုင်း ဥပဒေမူကြမ်း တွင် တောင်သူလယ်သမားများ၏ အကျိုးကိုကာကွယ်နိုင်ခြင်းမရှိသည့် အချက်များ ထည့်သွင်းရေး ဆွဲထား သောကြောင့် စုပေါင်းကန့်ကွက် သည့်အဆိုကို လွှတ်တော်သို့ရောက်သည်အထိ တင်ပြသွားမည်ဟု တောင်သူ လယ်သမား အရေးဆောင်ရွက်နေသူများကပြောသည်။
ယင်းဥပဒေနှစ်ရပ်လုံးသည် စီးပွားရေးလုပ်ငန်းရှင်များ လုပ်ပိုင်ခွင့်ပိုမိုရရှိစေရန် ဇောင်းပေးထား သော ကြောင့် ကန့်ကွက်ရခြင်းဖြစ်သည်ဟု အဖွဲ့ဝင် ၄၀၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသည့် တောင်သူလယ်  သမားများဘ၀တိုးတက်ရေးအင်အားစုအဖွဲ့မှ တာဝန်ရှိသူ ဦးမျိုးသန့်ကပြောသည်။
“အခုချိန်မှာ သမ္မတကြီးအနေနဲ့ အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက်တွေကို လုပ်ပေးနေတော့ မြန်မာနိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းရှိတဲ့ လယ်သမားတွေရဲ့အသံတွေကို သမ္မတကြီးအနေနဲ့ စဉ်းစားပေးမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်”ဟု ၎င်းကပြောသည်။
လက်ရှိအချိန်တွင် သက်တမ်းသုံးလရှိ တောင်သူလယ်  သမားများဘ၀တိုးတက်ရေးအင်အားစုအဖွဲ့ သည် မကွေးတိုင်းနှင့် ပဲခူးတိုင်း၇ှိ မြို့နယ် ၆ မြို့နယ်မှ တောင်သူလယ်သမားများနှင့် နှီးနှောဖလှယ် ပွဲများကို ဆက်တိုက် ကျင်းပကာ ဥပဒေ ပညာ ရှင်များ နှင့်တိုင်ပင်၍ လယ်သမားများ ကိုယ်တိုင် ပါဝင်ရေးဆွဲသည့် အဆိုမူကြမ်း ဖြစ်လာစေရန် ဆောင်ရွက်လျှက်ရှိပြီး မူကြမ်းရရှိလျင် နိုင်ငံရေး ပါတီများနှင့် လွှတ်တော် ကိုယ်စား လှယ်များ ထံမှတဆင့် လွှတ်တော်အတွင်းသို့ပေးပို့သွားမည်ဟု ဆိုသည်။
လယ်သမားများအခွင့်အရေး ဆောင်ရွက်သူ ရှေ့နေဦးဖိုးဖြူက “အခုလယ်သမားတွေရဲ့ အသံကနေ မူကြမ်းအဆင့်အထိလောက် ဖြစ်အောင် ကြိုးစားနေပါတယ်။ အဲဒါကို လွှတ်တော်ကျင်းပပြီး နှစ်ပတ် အတွင်း မှာ တင်သွင်းနိုင်ဖို့ ရည်ရွယ်ထားပါတယ်”ဟု ထပ်လောင်းပြောသည်။
မူကြမ်းရေးဆွဲမှုပဏာမ အနေဖြင့် တောင်သူလယ်သမားများ တရားစီရင်ရေးဆိုင်ရာ အပိုင်းကို ဆွေးနွေးပြီးပြီဖြစ်ပြီး  တောင်သူလယ်သမားများ ရထိုက်သော အခွင့်အရေးအတွက် ပညာရှင်များနှင့် ဆွေးနွေးမှုများ၊ တောင်သူလယ်သမားများနှင့် နှီးနှောမှုများပြုလုပ်နေကြောင်း ဦးဖိုးဖြူကပြောသည်။
ထို့အပြင် ဥပဒေပညာရှင်များနင့် လယ်သမား အင်အားစုများ ပါဝင်ဆွေးနွေးနိုင်သည့် ဖိုရမ်အကြီးစားတစ်ခုကို ကျင်းပသွားရန်စီစဉ်နေပြီး ယင်းဖိုရမ်သို့ နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်များကိုလည်း ဖိတ်ကြားသွားမည်ဟု ၎င်းကထပ်မံပြောသည်။
လယ်သမားများကန့်ကွက်နေသည့် လယ်ယာမြေဥပဒေမူကြမ်းကို ဒုတိယအကြိမ်ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး ဟသာင်္တမြို့နယ်ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ်ဦးဌေးဦးက တင်သွင်းခဲ့ခြင်းဖြစ်ပြီ့း မြေလွတ်မြေရိုင်းဥပဒေမူ ကြမ်းကိုမူ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဦးစီးဌာနက တင်သွင်းခဲ့ခြင်းဖြစ်သည်။
ထိုဥပဒေများကို ကန့်ကွက်သည့်အနေ ဖြင့် ယခင်နှစ်ကုန်ပိုင်းတွင်လည်း လယ်သမားများ စုပေါင်း လက်မှတ်ရေးထိုးခဲ့ကြသည်။ မြန်မာနိုင်ငံတွင် လယ်ယာမြေဧက ၁၇ သန်းကျော်မှာဥပဒေမဲ့ အသိမ်း ခံရလျှက်ရှိပြီး မိသားစုဝင်ပေါင်း ၂၂သန်းကျော်သည် လယ်ယာအလုပ် လက်မဲ့ဖြစ်နေကြသည်ဟု ပညာရှင်များနှင့် အသိုင်းအ၀ိုင်းများ၏ ကောက်ယူမှုစာရင်းကိုကိုးကား၍ ဦးဖိုးဖြူက ပြောသည်။
Unknown at 9:46 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မိုဘိုင်းဖုန်းနှင့် ကွန်ပျူတာတွင် မိမိရှာဖွေလိုသည့် လိပ်စာများ လမ်းညွှန်များကိုအလွယ်တကူ ရှာဖွေနိုင်မည့် ဆော့ဖ်ဝဲအခမဲ့ ရယူနိုင်


ပြည်မြန်မာ — မိုဘိုင်းဖုန်းနှင့် ကွန်ပျူတာများတွင် မိမိရှာဖွေလိုသည့် လိပ်စာများ၊ လမ်းညွှန်များကို အလွယ်တကူ ရှာဖွေနိုင်၊ ဖော်ပြပေးနိုင် သည့် ဆော့ဖ်ဝဲကို အခမဲ့ထည့်သွင်းပေးလျက်ရှိကြောင်း ၄င်းဆော့ဖ်ဝဲ ထည့်သွင်းပေးသည့် MyanmarExplore မှ ၁၈-၁-၂၀၁၂ ရက်က သိရသည်။
“ဒီဆော့ဖ်ဝဲကို စတင်လုပ်ဆောင်တာက ၂၀၀၉ ကပါ၊ တကယ်တမ်းသုံးဖို့ ချပေးခဲ့တာက ဒီနှစ်ဆန်းပိုင်းမှာပါ ။ ဒီဆောဖ်ဝဲ လုပ်ရတဲ့ ရည်ရွယ်ချက် ကတော့ သူများနိုင်ငံမှာလည်း စီးပွားရေးလမ်းညွှန်တွေ တော်တော်လေးရှိနေတယ်လေ။ အဓိက ကတော့ သွားချင်တဲ့နေရာ၊ သိချင်တဲ့ လိပ်စာကို
အလွယ်တကူရှာနိုင်အောင်ပါ ။ဒီဆော့ဖ်ဝဲမှာက သိချင်တဲ့လိပ်စာ၊ ဒါမှမဟုတ် လမ်းရှာချင်ရင်လည်း Frnd Street ဆိုပြီး ရိုက်ထည့်လိုက်ရင် မြေပုံမှာ
တစ်ခါတည်းပြတယ်။ အဲဒီကို ဘယ်လိုသွားရမယ်ဆိုတာလည်းပြတယ်” ဟု Myanmar Explore မှ တာဝန်ရှိသူ တစ်ဦးကပြောပြပါသည်။
ယင်းဆော့ဖ်ဝဲကို  Map ++Digital လမ်းညွှန်ဟုခေါ်ပြီး Myanmar Explore ရုံးတွင် အခမဲ့လာရောက်ယူနိုင်ကြောင်း၊ ထို့ပြင် အွန်လိုင်းတွင်လည်း     www.Myanmarexplore.com တွင် အသုံးပြုနိုင်ကြောင်း၊ မိုဘိုင်းဖုန်းတွင် ထည့်သွင်းအသုံးပြုရခြင်းမှာ သွားလေရာယူဆောင်၍ အသုံးပြုနိုင်ကြောင်း၊
စီးပွားရေးလုပ်ငန်းရှင်များကလည်
း မိမိတို့၏ ရုံးခန်းလိပ်စာများကို www.Myanmarexplore.com ၏    website တွင် မှတ်ပုံတင်ပြီး add business
address တွင် ၀င်ရောက်၍ ထည့်သွင်းရေးသားဖော်ပြနိုင်ကြောင်းသိရသည်။နှင်းနုဝေ (ပြည်မြန်မာသတင်းဂျာနယ်)
Unknown at 9:45 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Anonymous hacker အဖွဲ့ကအသုံးပြုခဲ့ LOIC Software အကြောင်း


MYMC — Megaupload site က file sharing ပိတ်သွားတာနဲ့ ပတ်သက်ပြီး မကျေနပ်တာကြောင့် Anonymous hacker အဖွဲ့က Low Orbit Ion Cannon လို့ခေါ်တဲ့ Software ကိုသုံးပြီး တိုက်ခိုက်ခဲ့တာပါ။ Anonymous အဖွဲ့ဝင်တွေဟာ internet အသုံးပြုသူတွေက click လုပ်လိုက်တာနဲ့ တချို့website တွေကို ဆန့်ကျင်တိုက်ခိုက်တဲ့ DDoS တိုက်ခိုက်မှု ဖြစ်ပွားစေတဲ့ တရားမ၀င် link တစ်ခုကို ဖြန့်ဝေခဲ့ပါတယ်။ အဲဒီ link ဟာ anonymous web hosting site တစ်ခုရဲ့ htmlpaste page ဖြစ်ပါတယ်။ ဒီlink ကို annonymous အဖွဲ့ရဲ့ DDoS website ဖြစ်တဲ့ နှစ်တော်တော်ကြာအောင် သုံးလာတဲ့ Low Orbit Ion Cannon program (LOIC) ရဲ့ web ကိုအခြေခံထားတဲ့ version နဲ့ချိတ်ဆက်ပြီး အလုပ်လုပ် စေပါတယ်။ LOIC ဟာပစ်မှတ် website ကိုလျှင်မြန်စွာ reload လုပ်စေပြီး user များစွာက တစ်ပြိုင်နက်ထဲမှာ LOIC ကိုချိန်မိရင် အသွားအလာပိတ်ဆို့ မှုဖြစ်ရာကနေ crash ဖြစ်သွားစေ နိုင်ပါတယ်။

အကျိုးရလဒ် အနေနဲ့ကတော့ သင်ဟာ site တွေကိုပိတ်သွား ကျသွားအောင် Anonymous အဖွဲ့ကို အကူအညီပေး လိုက်တဲ့ သဘောပါပဲ။ LOIC ကဘယ်လို အလုပ်လုပ်ဆိုတာ ဆက်ကြည့်ရအောင်ပါ။ LOIC ဟာသင့် ကွန်ပျူတာရဲ့ network connection လိုင်းကို ပစ်မှတ်ထားရာ web server ဆီတိုက်ရိုက် လမ်းညွှန်ထားတဲ့ မလိုအပ်တဲ့ request ပေါင်းများစွာ အဖြစ်ပြောင်း လဲပေးပါတယ်။ ပုံမှန် အတိုင်းဆိုရင် ကွန်ပျူတာ တစ်လုံးဟာ webserver ကိုလွှမ်းမိုးသွား လောက်အောင် TCP,UDP နဲ့ HTTP request တွေအများကြီး မလုပ်နိုင်ပါဘူး။ အဲဒါကြောင့် မလိုအပ်တဲ့ request တွေကိုပယ်ပြီး web page တွေအတွက် တကယ် တရားဝင်တဲ့ request တွေကိုသာ တုန့်ပြန်မှု ပေးတာပါ။ ဒါပေမယ့် user ထောင်ပေါင်းများစွာက LOIC ကိုတစ်ပြိုင်နက်ထဲမှာ run လိုက်ရင်တော့ မလိုအပ်တဲ့ request တွေက အရမ်းများပြီး web server ဒါမှမဟုတ် ချိတ်ထားတဲ့ database server ကို ပိတ်ကျသွား စေနိုင်တာတို့ ဒါမှမဟုတ် တကယ့်တရားဝင် request တွေကို မတုန့်ပြန် နိုင်တော့တာတို့ကို ဖြစ်သွားစေ နိုင်ပါတယ်။ Anonymous hacker အဖွဲ့က Megaupload ကို FBI ကဖြုတ်ချလိုက် ပြီးတည်းက  အခုလို လက်တုန့်ပြန် တိုက်ခိုက်လိုက်ခြင်း ဖြစ်ပါတယ်။
KyiKyiZin(MYMC), Source – Gizmodo
http://www.mymclub.net/main/index.php?option=com_zoo&task=item&item_id=342&Itemid=537
Unknown at 9:45 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Oscar ထူးချွန်ဆုစာရင်းဝင် ရုပ်ရှင်ဇာတ်ကားများ


VOA — မာတင် စကော့ဆေးဆီး (Martin Scorsese) ရိုက်ကူးတဲ့ Hugo လို့ခေါ်တဲ့ 3D သုံးဘက်မြင် ကာတွန်း ရုပ်ရှင်ကားဟာ အကောင်းဆုံး ဇာတ်ကားဆုအပါအ၀င် ဒီနှစ်အတွက် အော်စကာ ၁၁ ဆု လျာထားခံရပါတယ်။
ဒါဟာ အော်စကာ လျာထားခံရမှု အများဆုံး စာရင်းမှာရှိတဲ့ The Artist အသံတိတ် ရုပ်ရှင်ကား ထက်ကို ကျော်သွားတာဖြစ်ပါတယ်။ အော်စကာလျာထားခံရတဲ့ စာရင်းတွေကို ကယ်လီဖိုး နီးယားပြည်နယ် Beverly Hills မှာ Academy of Motion Picture Arts and Sciences က မနေ့က ကြေညာခဲ့တာဖြစ်ပါတယ်။
ပြင်သစ်ဒါရိုက်တာ ရိုက်ကူးတဲ့ ဟောလိဝုဒ် အသံတိတ် ရုပ်ရှင်ကား The Artist ကတော့ အကောင်းဆုံး ဇာတ်ကားဆု အပါအ၀င် အော်စကာ ၁၀ ဆု လျာထားခံရပါတယ်။ The Artist ဇာတ်ကားဟာ ဒီလ Golden Globes ပွဲမှာ အကောင်းဆုံး ဟာသဇာတ်ကားဆု ရခဲ့ပြီးတဲ့နောက် အကောင်းဆုံး ဇာတ်ကားတစ်ကားအနေနဲ့ လူကြိုက်အများဆုံး ဇာတ်ကားတွေထဲမှာ ပါဝင်လာ ခဲ့တာပါ။
အကောင်းဆုံး ဇာတ်ကားဆုအတွက် လျာထားခံရတဲ့ကားတွေထဲမှာ Baseball ကစားတဲ့ အကြောင်းကို ရိုက်ထားတဲ့ Moneyball ရုပ်ရှင်ကားနဲ့ ဒါရိုက်တာ Steven Spielberg ရဲ့ ပထမကမ္ဘာစစ်တွင်းက မြင်းတွေအကြောင်းကို ရိုက်ထားတဲ့ War Horse ဇာတ်ကားတွေပဲ ဖြစ်ပါတယ်။
Moneyball နဲ့ War Horse ကားတွေဟာ အကောင်းဆုံး ဇာတ်လမ်းဆုအပါအ၀င် အော်စကာ ၆ ခုစီ လျာထားခံရတဲ့ ဇာတ်ကားတွေပဲဖြစ်ပါတယ်။
Unknown at 9:43 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တရုတ်၊ အင်္ဂလိပ် နှင့် မြန်မာ့ သယံဇာတ

မန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံများထက်စာရင် သဘာဝ သယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဈေးကွက်စီးပွားရေးကို အကောင်အထည်ဖော်ချိန်တွေမှာ သဘာဝသယံဇာတကပဲ နိုင်ငံခြားငွေ အများဆုံးရှာဖွေပေးနိုင်ခဲ့ပါတယ်။ အများစုကို အိမ်နီးချင်း တရုတ်နိုင်ငံမှ ဈေးကောင်းပေးကာ ဝယ်ယူခဲ့ပေမယ့် နယ်စပ်ဒေသတွေမှာတော့ ထိုင်းနယ်စပ်ဆိုရင် ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဆိုရင် ဘင်္ဂလားဒေ့ရှ် ဆီကို တင်ပို့ခဲ့ကြပါတယ်။ ကျောက်မျက်ရတနာမှ စပြီး လက်မှုပစ္စည်းများအပြင် လယ်ယာနဲ့ သစ်တောထွက်ပစ္စည်းများကို ဈေးကောင်းပေးပြီး အများဆုံးမှာယူတဲ့နိုင်ငံကတော့ တရုတ်နိုင်ငံဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေကို အမေရိကန်နဲ့ ဥရောပက စီးပွားပိတ်ဆို့မှုလုပ်ထားချိန်မှာ တရုတ်နိုင်ငံကပဲ အဓိကကုန်သွယ်ဖက်နိုင်ငံတစ်ခုအဖြစ် မြန်မာနိုင်ငံဖက်ကနေ ရပ်တည်ပေးခဲ့ပါတယ်။ ဒါကြောင့်လည်း အချိန်အတော်ကြာ စီးပွားပိတ်ဆို့ထားမှုကို မြန်မာတွေ ကြံ့ကြံ့ခံနေနိုင်ခဲ့တာဖြစ်ပါတယ်။ စီးပွားရေး ပူးပေါင်းလုပ်ဆောင်မှုတွေ များလာတာနဲ့အမျှ တရုတ် ကုမ္မဏီတွေနဲ့ လုပ်ငန်းရှင်အများအပြားလည်း မြန်မာနိုင်ငံကို ရောက်ရှိ နေရာရလာကြပါတယ်။

မနေ့တနေ့ကမှ အားကစားဂျာနယ်ကနေ သင်းဂျာနယ်ဖြစ်လာတဲ့ Eleven ကစပြီး ပြည်ပမီဒီယာ အားလုံးသာမက ထင်ရာမြင်ရာကို စည်းကမ်းမလိုပဲ ရေးချင်ရာရေး နေတဲ့ facebook စာမျက်နှာတွေမှာတော့ တရုတ်နိုင်ငံကိုရောက်သွားတဲ့ မြန်မာ ပစ္စည်းတွေကို လွမ်းဆွတ်တမ်းတ ကြွေကွဲငိုကြွေးနေကြသူတွေ အများအပြား ကို ဒီကနေ့ ဒီအချိန်မှာ ထူးထူးဆန်းဆန်းတွေ့မြင့်လာရပါတယ်။

တရုတ်နိုင်ငံနဲ့ တရုတ်လုပ်ငန်းရှင်တွေဟာ မြန်မာနိုင်ငံထွက် ပစ္စည်းတွေကို အတင်းအဓမ္မ သိမ်းယူနေကြတာ မဟုတ်ကြပါဘူး။ တန်ရာတန်ကြေး ပေးပြီးမှ ဝယ်ကြသူတွေသာ ဖြစ်ကြပါတယ်။ တခါတရံမှာ တန်ရာတန်ကြေးထက် အများကြီးပိုပေးလို့ မြန်မာ တောင်သူလယ်သမားများက မြန်မာပွဲစားများကိုမရောင်းပဲ တရုတ်တွေဆီကိုသာ ရောင်းချကြပါတယ်။ ဒါကြောင့်လည်း တောင်သူလည်သမားတွေအတွက် ပိုမိုအကျိုးရှိစေခဲ့ပါတယ်။

လူဦးရေများပြားတဲ့ တရုတ်နိုင်ငံက မြန်မာနိုင်ငံဖက်မှ အစားအစာနဲ့ စွမ်းအင်နဲ့ သစ်တောထွက်ပစ္စည်းများကို အဓိက တင်သွင်းလိုပြီး နည်းပညာအားနည်းပြီး ငွေကြေးမချမ်းသာတဲ့ မြန်မာတွေက တရုတ်နိုင်ငံမှ ဈေးသက်သာတဲ့ နည်းပညာ ပစ္စည်းတွေကို မှီခိုအားကိုးရပါတယ်။ ဒီနေ့ဆိုရင် ကျေးရွာတိုင်းလိုလိုမှာ ဆိုင်ကယ်တွေ စီးနိုင်နေကြပြီဖြစ်ပါတယ်။ ထိုင်းဘီး၊ ဂျပန်ဘီးတွေထက် ဈေးအလွန် သက်သာတာကြောင့် မြို့တိုင်း အိမ်တိုင်းလိုလိုမှာ တရုတ်ဆိုင်ကယ်တွေ ပြည့်နေတာကို လူတိုင်းမျက်မြင်ဖြစ်ပါတယ်။ တကယ်လို့သာ တရုတ်ဆိုင်ကယ်တွေ မရောက်လာခဲ့ရင် ဂျပန်ဘီးလည်း မဝယ်နိုင်၊ ထိုင်းဘီးလည်း မစီးနိုင်တဲ့လူတွေအတွက် သွားရေးလာရေး အလွန် မသက်မသာဖြစ်မှာ သေချာပါတယ်။

ဝင်ငွေ အသင့်အတင့်ရှိတဲ့ အိမ်တိုင်းမှာ တီဗွီ၊ ဒီဗွီဒီ ၊ ပန်ကာ၊ ရေခဲသေတ္တာ နဲ့ အခြား ပစ္စည်းတွေကို လူတန်းစေ့ သုံးနိုင်လာကြပါတယ်။ တရုတ်ကိုချစ်လွန်းလို့ တရုတ်ပစ္စည်းတွေကို သုံးနေကြသူ မဟုတ်ကြပေမယ့် ဝင်ငွေနဲ့ အဆင်ပြေပြေသုံးနိုင်အောင် ဖန်တီးနိုင်လို့ တရုတ်ကိုတော့ ကျေးဇူးတင်ကြပါတယ်။

အမေရိကန် နဲ့ ဥရောပ ပစ္စည်းတွေကိုလည်း သုံးချင်ပါတယ်။ သူတို့တွေကိုယ်တိုင်ကသာ မြန်မာတွေကို ပေးမရောင်းခဲ့တာ ဖြစ်ပါတယ်။ ဒီတော့ ပေးမရောင်းတဲ့ လူဆီကနေ ခခယယ တော့ မဝယ်နိုင်ပါ။ မြန်မာတွေအကြိုက် ပေါ၊ ချောင်၊ ကောင်း ကိုသာ အားပေးကြပါတယ်။ ဒါကို အခုမှ ဘာလို့ တရုတ်ကို အပြစ်တင်နေကြလဲတော့ နားမလည်နိုင်ပါဘူး။

တရုတ်ကိုသွယ်တန်းတဲ့ သဘာဝဓာတ်ငွေ့စီမံကိန်းကို ကန့်ကွက်ကြတယ်၊ တရုတ်ကို သယ်သွားတယ်ဆိုတဲ့ သစ်မြစ်တွေ၊ သတ္ထုတွေနဲ့ လယ်ယာထွက်ပစ္စည်းတွေကို လွမ်းဆွတ်တမ်းတနေကြတာတွေ မြင်နေရပါတယ်။ အလွန်ထူးဆန်းပေသည်။ တရုတ်က မြန်မာနိုင်ငံက ပစ္စည်းတွေကို တင်သွင်းခဲ့သည်မှာ အနှစ် ၅၀ မပြည့်သေးပါ။ အင်္ဂလိပ်က အနှစ် ၁၀၀ ကျော် မြန်မာနိုင်ငံက ရှိသမျှ အကုန် ယူဆောင်သွားခဲ့တာကိုတော့ တစ်ယောက်တစ်လေမှ ထုတ်ဖော်ရေးသားခြင်းမျိုး မရှိခဲ့ပါ။

တရုတ်က တင်သွင်းသည်ဆိုတာက တန်ရာတန်ကြေးပေးပြီး မြန်မာတို့က ကျေနပ်လို့ ရောင်းခြင်းသာ ဖြစ်သည်။ အင်္ဂလိပ်တို့ ယူသွားတာက တန်ရာတန်ကြေးလေး မပေးခဲ့ပါ၊ ကျေနပ်လားလဲ မမေးခဲ့ပါ။ လိုချင်တာ အားလုံးကို အဓမ္မသိမ်းသွားကြတာ ဖြစ်ပါတယ်။

တရုတ်က တင်သွင်းတဲ့ ပစ္စည်းတွေက မြန်မာတွေ သိပြီး မြင်ပြီးသား တွေကို မျက်နှာချင်းဆိုင်တွေ့ပြီး ဝယ်ယူခြင်းသာဖြစ်ပါတယ်။ အင်္ဂလိပ်တို့ ယူဆောင်သွားတဲ့ ပစ္စည်းတွေထဲက အများစုမှာ မြန်မာတွေတောင် ရှိမှန်းမသိလိုက်တာတွေ အပုံကြီးပါသည်။

စတီးဘရားသား ဆိုတဲ့ ကုမ္မဏီကနေ ပထမ ကျူးကျော်စစ် အပြီးကတည်းက မြန်မာနိုင်ငံရဲ့ ဆန်အိုးကြီး ထဲက ထွက်သမျှ ဆန်တွေကို သင်္ဘောနဲ့ နေ့ရောညပါ တစ်စီးပြီးတစီး တိုက်ခဲ့ကြပါတယ်၊ ဒုတိယ ကျူးကျော်စစ် အပြီးမှာ ဘုံဘေဘားမား ဆိုတဲ့ ကုမ္မဏီကနေ ပဲခူးရိုးမ၊ ရခိုင်ရိုးမ နဲ့ ဒေါန တောင်တန်းပေါ်ပါ မကျန် ရှိသမျှ သစ်တွေ အကုန် ခုတ်ယူ သယ်ဆောင်သွားခဲ့ကြပါတယ်။

ဘီအိုစီ ဆိုတဲ့ ကုမ္မဏီ ကနေ မြန်မာနိုင်ငံ အလည်ပိုင်းက ထွက်သမျှ ရေနံတွေအကုန် သိမ်းကျုံးယူခဲ့ပါတယ်။ အဲဒီအချိန်ထိ မြန်မာလူမျိုးတွေအတွက် ရေနံဆိုတာ မီးခွက် မှာ မီးထွန်းဖို့ သာ သုံးခဲ့ကြသူတွေဖြစ်ပါတယ်။ ဒီနေ့အချိန်ခါမှာတော့ တရုတ်ပညာရှင်တွေအကူအညီနဲ့ ရေနံမြေသစ်တွေ လိုက်ရှာနေကြရပါတယ်။ တွေးကြည့်ရင် ဘယ်လောက်ရင်နာစရာကောင်းပါသလဲ။ အဲဒီရေနံတွေ၊ ဆန်စပါးတွေနဲ့ သစ်တွေကိုတော့ ဒီနေ့ မီဒီယာကြီးတွေ၊ မီဒီယာလေးတွေနဲ့ Facebook ပေါ်က လူတွေ တစ်ယောက်မှ လွမ်းဆွတ်တမ်းတနေတာ မတွေ့ရပါဘူး။

၈၈ ကျောင်းသားခေါင်းဆောင်ကြီးလည်း သစ်မြစ်ကြီးကို လွမ်းနေ


BOC တို့၊ စတီးဘရားသားတို့ ဘုံဘေဘားမားတို့ဆိုတာ တရားဝင် အဓမ္မသိမ်းတာပဲရှိပါသေးတယ်။ အင်္ဂလိပ်တို့ ခိုးထုတ်သွားတဲ့ ကိုယ့်နိုင်ငံက ထွက်လို့ ထွက်မှန်းမသိတဲ့ သယံဇာတတွေကို သယ်သွားတာတွေက လည်း အများကြီးရှိပါသေးတယ်။

အောက်မြန်မာနိုင်ငံကို သိမ်းအပြီးမှာ အထက်မြန်မာနိုင်ငံကို သိမ်းဖို့အတွက် မြန်မာနိုင်ငံ တနိုင်ငံလုံးကို သိမ်းဖို့အတွက် မြန်မာတွေရှိခိုးနေတဲ့ ဘုရားတွေကို အရည်ကျိုပြီး အမြှောက်လုပ်ခဲ့ကြသူတွေပါ။ ဒါတွေကိုတော့ ဘယ်သူမှ မလွမ်းနိုင်ကြ၊ မနာကျင်နိုင်ကြတော့ဘူးလား။

ဒီနေ့ ဒီအချိန်မှာ ဘယ်တရုတ်ကမှ ကြေးဆင်းတုတွေ ခေါင်းလောင်းတွေကို အတင်းအဓမ္မ မသိမ်းပါဘူး။ ဒါပေမယ့်လည်း အင်္ဂလိပ်ကိုတော့ ကြိုဆိုနေကြပြီး တရုတ်ကိုတော့ အပြစ်မြင်နေကြတာ ထူးဆန်းလွန်းပါတယ်။

ဝီလီယံ နဲ့ ကိတ်ရဲ့ မင်္ဂလာပွဲမှာ ဗြိတိန် ဘုရင်မကြီး သရဖူ က ပတ္တမြားကြီးကို မြင်ကြတော့ မြန်မာနိုင်ငံက ပတ္တမြား ငမောက် ပါဆိုပြီး ဝမ်းသာကြတယ်၊ ဂုဏ်ယူကြတယ်။ သစ်မြစ်ကြီးကို တရုတ်က ယူသွားတယ်ဆိုတော့ ရှုံ့ချကြတယ်၊ အပြစ်တင်ကြတယ်။ တရားကျစရာလည်း ကောင်းပါဘိ။

ပတ္တမြား ငမောက်သာ မြန်မာနိုင်ငံမှာ ရှိနေသေးရင် ဘုရားတစ်ဆူဆူ၏ ဌာပနာ (သို့) စိန်ဖူးတော် မှာ ရှိနေလိမ့်မည်ဖြစ်သည်။ သစ်မြစ်ကြီးသာ မြန်မာနိုင်ငံမှာ ရှိနေသေးရင် ထင်းစိုက်ပစ်မှာသေချာသည်။ ဒီတော့ ဘယ်အရာကို ပိုလွမ်းသင့်ပါသလဲ??

စဉ်းစားကြည့်လျှင် ရင်နာဖို့ကောင်းပါတယ်။ အင်္ဂလိပ်ယူသွားတာတွေအတွက် ရင်နာတာထက် လွမ်းဆွတ် နာကျင်ရမယ့်လူကို ကြိုဆိုနေကြပြီး သူ့ထက် အများကြီး သက်သာတဲ့လူကိုမှ အပြစ်မြင်နေတာ ပိုပြီး စိတ်ပျက်ဖို့ကောင်းလွန်းပါတယ်။

အင်္ဂလိပ်တို့ရဲ့ ဘာသာစကားလွမ်းမိုးရေးနဲ့ ကျွန်မွေးမြူရေး ရေရှည်စီမံကိန်းအတွက် အင်္ဂလိပ်စာတွေ သင်ပေးတာကို ကျေးဇူးတွေ တင်နေကြပြီး တရုတ်စာနဲ့ ရေးထားတဲ့ ဆိုင်းဘုတ်ကို တွေ့တော့ ကန့်ကွက်ကြပြန်ပါတယ်။ အင်္ဂလိပ်တွေ ဆောက်ခဲ့တဲ့ အဆောက်အအုံတွေနဲ့ တံတားတွေ အတွက် ကျေးဇူးတင်စာဖွင့်နေကြပြီး အဲဒီ ဆောက်လုပ်ရေးမှာ လုပ်ရင် ကျွန်လိုအခိုင်းခံရလို့ သေသွားတဲ့ ကိုယ့်လူမျိုးချင်းကိုတော့ မသိကျိုးကျွန် ပြုကြပြန်တယ်။ဒီနေ့ မြန်မာတွေ ဟာ ဘုရားဆင်းတုတွေကို အမြှောက်လုပ်ဖို့ယူသွားတဲ့ အင်္ဂလိပ်၊ ဆီမီးခွက် ထွန်းဖို့တောင် မချန်ပဲ ထွက်သမျှ ရေနံ အကုန် သယ်သွားတဲ့ အင်္ဂလိပ်၊ တောထဲက သစ်တွေ ခုတ်ရုံတင်မကပဲ တောကောင်တွေပါ သတ်ဖြတ်ယူဆောင်သွားတဲ့ အင်္ဂလိပ်ကို ကြိုဆိုနေကြပြီး အင်္ဂလိပ်ထက် ၁၀ ပုံ ပုံ ၁ ပုံတောင် မယူရသေးတဲ့ တရုတ်ကိုတော့ အမျိုးမျိုး အပြစ်တင် ဝေဖန် ရှုံ့ချနေကြတာ ဘာကြောင့်ပါလဲ?? အဖြေကတော့ ရှင်းပါတယ်။ အင်္ဂလိပ်တွေရဲ့ ရေရှည်ကျွန်စနစ် ရဲ့ အောင်မြင်မှုနဲ့ မြန်မာအချို့ ရဲ့ ကျွန်စိတ်မကုန်သေးတာတွေကြောင့်ပါပဲ။


ကျေးဇူးတော်ရှင် အင်္ဂလိပ်ကြီးများ ခွေးကျောင်းချိန်မှာ
(ခွေးလောက်မှ တန်းဖိုးထားမခံခဲ့ရတဲ့) မြန်မာ ကျွန် က ဒူးထောက်ခစားနေရစဉ်

သမိုင်းထဲက ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော် က အင်္ဂလိပ် ပုလိတ်တွေ ရိုက်သတ်လို့ သေခဲ့ရပြီး ဒီနေ့ ကျောင်းသားခေါင်းဆောင် ဆိုတဲ့ လူတွေက အင်္ဂလိပ် အရာရှိတွေကို သွားတွေ့နေကြပြန်ပြီ။ အင်္ဂလိပ်ဆီက လွတ်လပ်ရေးရအောင် လုပ်ရင်းသေခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးက အင်္ဂလိပ်လူမျိုးနဲ့ ယူလို့ သားနှစ်ယောက်တောင် ရနေပြီ။သမိုင်းထဲက သခင်အောင်ဆန်း၊ သခင်ဖိုးလှကြီး၊ ကိုအောင်ကျော်၊ ဗိုလ်မင်းရောင်၊ ဆရာစံ နဲ့ အင်္ဂလိပ်ကိုတိုက်ရင်း အသက်စွန့်သွားသူတွေ ကို ဒီနေ့ ဂျာနယ်တွေကို ဖတ်ခိုင်း၊ သတင်းတွေကို နားထောင်ခိုင်းပြီး ၊ Facebook သုံးခိုင်းရင် ဘာပြောကြမယ် ထင်ပါသလဲ? "ေ-ာက်သုံးမကျတဲ့ ကျွန်သဘောက် မျိုးဆက်တွေ... ငါတို့တွေ သေရတာ မတန်ဘူး... " လို့ ပြောကြမှာ သေချာပါတယ်။ အားလုံး သိမ်းကျုံးပြီး အပြောမခံရဖို့ ဘေးနားမှာ ရှိသမျှ လက်လှမ်းမှီသလောက် ထိန်းကြဖို့ အချိန်မနှောင်းသေးပါ။
Unknown at 9:36 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကြားဖြတ်ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုးပါတီအား သူရဦးရွှေမန်း ဦးဆောင်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဌ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်သူ့
လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒုတိယဥက္ကဋ္ဌ သူရဦးရွှေမန်း
              ဧပြီလ ၁ ရက်နေ့၌ ကျင်းပမည့် လွှတ်တော်တွင်း လစ်လပ်နေရာပြန်လည်ဖြည့်တင်းမည့် ကြားဖြတ်ရွေး ကောက်ပွဲ တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒုတိယဥက္ကဋ္ဌ သူရဦးရွှေမန်းမှ ပါတီအား ဦးဆောင်၍ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပထမဆုံးအကြိမ်ခေါ်ယူသည့် အထူးအစည်းအဝေးကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ကျင်းပခဲ့ပြီး ၎င်းအစည်းအဝေးအခမ်းအနား၌ သူရဦးရွှေမန်းမှ ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယခုလာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ယခင် ပြည်ခိုင်ဖြိုးပါတီ၏ ပါတီဝင်တစ်ဦးဖြစ်သည့် သမ္မတကြီးအနေဖြင့် ပါဝင်ခေါင်းဆောင်နိုင်မည် မပာုတ်သည့်အတွက် မိမိမှ ဦးဆောင်၍ ကျန်ရှိနေသည့် ပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင်အားလုံးကို စည်းစည်းလုံးလုံး၊ ညီညီညွှတ်ညွှတ်၊ စည်းကမ်းရှိရှိဖြင့် ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ခိုင်ဖြိုးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ သူရ ဦးရွှေမန်းမှ ပြောကြားခဲ့သည်။
ထို့ပြင် သူရဦးရွှေမန်းမှ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ပြည်သူလူထုအတွင်းမှ အခြေအနေမှန်များကို ရှာဖွေလေ့လာ သုံးသပ်၍ ပြည်သူ့အကျိုး ဖြစ်ထွန်းစေမည့် ကိစ္စရပ်များကို သက်ဆိုင်ရာအဖွဲ့အစည်းများမှ ဆောင်ရွက်ဖြည့်တင်းပေးနိုင်ရေးများကို ပါဝင်ဆောင်ရွက်ရန်နှင့် နိုင်ငံသားများ၏ မူလ အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးများ ရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့၌ပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် အငြင်းပွားဖွယ် မဲစာရင်းများဖြင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အနိုင်ရရှိခဲ့ပြီးနောက် သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ်အဖွဲ့နှင့် လွှတ်တော်အသီးသီး ပေါ်ပေါက် ခဲ့ကြောင်း YC သတင်းအရ သိရသည်။
Unknown at 9:32 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပါကစ္စတန်သမ္မတ နှင့် မြန်မာသမ္မတ နေပြည်တော်မှာတွေ့ ဆုံ

ပါကစ္စတန်သမ္မတ Asif Ali Zardari ဟာ နှစ်ရက်ကြာခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ဒီကနေ့ရောက်လာပါတယ်။ ပါကစ္စတန် သမ္မတဟာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံခဲ့ကြပါပြီ။ သူ့ကိုကျန်းမာရေးဝန်ကြီး ဦးဖေသက်ခင်နဲ့ ပညာရေးဝန်ကြီး ဦးမြအေးတို့က လေဆိပ်မှာကြိုဆိုခဲ့ကြပါတယ်။ အခုညပိုင်းမှာပဲ သမ္မတ အိမ်တော်မှာ ညစာစားဖို့ ရှိပါတယ်။ နှစ်နိုင်ငံဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေးနဲ့ ကုန်သွယ်ရေး လုပ်ငန်းတွေ တိုးမြှင့်ဖို့ကိစ္စတွေ ဆွေးနွေးမယ်လို့ ပါကစ္စတန်သမ္မတရဲ့ရုံးက ကြိုပြီးသတင်းထုတ် ပြန်ထားတာရှိပါတယ်။ ပါကစ္စတန် နိုင်ငံကို အာစီယံအသင်းနဲ့ အပြည့်အ၀ ဆွေးနွေးဖက်နိုင်ငံအဖြစ် သတ်မှတ်ရေးကိစ္စကိုပါ ဆွေးနွေးဖို့ရှိတယ်လို့ ဆိုပါတယ်။ ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ရေးကိစ္စကိုလည်း ဆွေးနွေးကြလိမ့်မယ် လို့ မျှော်လင့်ရတယ်လို့ ဆိုပါတယ်။ မနက်ဖြန်ကျရင်တော့ ပါကစ္စတန်သမ္မတ ဟာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံပါလိမ့်မယ်။ ပြီးရင် သတင်းစာရှင်းလငးပွဲလည်း လုပ်ပါလိမ့်မယ်။
ပါကစ္စတန်သမ္မတနဲ့အတူ သူ့ရဲ့ သားနဲ့သမီးလည်း မြန်မာပြည်ကို လိုက်ပါလာခဲ့ကြတာပါ။ သမ္မတ Zardari ရဲ့ ပါကစ္စတန်ပြည်သူ့ပါတီမှာ သူ့ရဲ့သား Bilawal Zardari Bhutto က ဥက္ကဋ္ဌ ပါ။ ၂၀၀၇ ခုနှစ် မှာ လုပ်ကြံခံရလို့ သေဆုံးခဲ့ရတဲ့ သမ္မတ Zardari ရဲ့ ဇနီး ၀န်ကြီးချုပ်ဟောင်း ဘနီဇီယာဘူတိုဟာလည်း ဒေါ်အောင်ဆန်းစုကြည် ကို လေးစားတဲ့သူတဦးပါ။ ပါကစ္စတန်ပြည်သူ့ပါတီက ဘနီဇီယာဘူတိုရဲ့ ဒီမိုကရေစီဆုကို ပြီးခဲ့တဲ့ ၂၀၁၀ပြည့်နှစ် ဇွန်လတုန်းက ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့ပါတယ်။ အဲဒီဆုကို မနက်ဖြန်ကျရင် ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်မှာပါ။
ပါကစ္စတန် သမ္မတ Zardari ဟာ ရန်ကုန်မြို့မှာရှိတဲ့ မဂိုဘုရင် စပါးရှားရဲ့ အုတ်ဂူကိုလည်း သွားပြီး ဂါရ၀ပြုဖို့ ရှိပါတယ်။
VOA
Unknown at 9:27 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

NLDဥက္ကဌဒေါ်အောင်ဆန်းစုကြည် နှင့် ၈၈ကျောင်းသားခေါင်းဆောင်တွေ တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ တွေ့ဆုံ
ဓါတ်ပုံ-NLD
မကြာသေးခင်ကမှ အကျဉ်းထောင်တွေအတွင်းကနေ လွတ်မြောက်လာကြတဲ့  ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေနဲ့  မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီကနေ့ညနေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တွေ့ဆုံခဲ့ကြပါတယ်၊ ဒါဟာ  လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ကျော်ကြာ တွင်း ပထမဆုံးအကြိမ် တွေ့ဆုံဖြစ်သလို မြန်မာနိုင်ငံရေးအတွက် ဒေါ်အောင်ဆန်းစူကြည်နဲ့အတူ ပူးပေါင်းလက်တွဲ သွားမယ်လို့လည်း  ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကပြောပါတယ်၊ ဒီအခြေအနေ အပြည့်အစုံကိုတော့  မသင်းသီရိက ဆက်ပြောပြပေးမှာပါ၊
နိုင်ငံရေးအကျဉ်းသားဟောင်း ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီကနေ့ ဇန်န၀ါရီ ၂၄ ရက် အင်္ဂါနေ့ ညနေ ၆နာရီက  ရန်ကုန်မှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ေ နအိမ်မှာ တွေဆုံခဲ့ကြတာပါ၊ မြန်မာနိုင်ငံမှာ ၁၉၈၈ လူထုလှုပ်ရှားမှုကြီး ဖြစ်ခဲပြီးနောက်ပိုင်း နှစ်ပေါင်း ၂၀ေ ကျာ်ကြာတွင်း ဒီခေါင်းဆောင်တွေ ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံကြတာလည်း ဖြစ်ပါတယ်၊ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေထဲက ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ ကိုကိုကြီး၊ ကိုမြအေး၊  ကိုဂျင်မီ ကို ပဏ္ဍိတ်ထွန်း ကိုအံဘွယ်ကျော်အပြင် ကိုပြုံချို ကိုအောင်သူတို့တွေ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေဆုံပြီး ညစာအတူစားခဲ့ကြပါတယ်။
၈၈မျိးဆက်ကျောင်းသားတွေကတော့ မြန်မာ့နိုင်ငံရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တွဲ ဆောင်ရွက်ပြီး ပံ့ပိုးဖို့လည်း အသင့်ပဲလို့ ကိုမင်းကိုနိုင်က ပြောပါတယ်။
ကိုမင်းကိုနိုင်။ မြန်မာပြည်နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုမှချန်ထားပြီး စဉ်းစားလို့ မရဘူးလေ၊ အဲဒီလိုအရေးကြီးဆုံး ပုဂ္ဂိုလ်တယောက်နဲ့ ကျနော်တို့ တောက်လျှောက်ထိတွေ့ပြီး ဆွေးနွေး နေရမှာပါ၊ မီဒီယာတွေမှာ အရင်ကတည်းက ကျနော်တို့ သဘောထားတွေပြောထားပြီးသားပါ၊ အဲဒီအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ဘာမှကန့်ကွက်စရာ မရှိဘူးလို့ ပဲ ကျနော်တို့ သိရပါတယ်၊ ဒီကနေ့ ကျနော်တို့ ပြန်တွေ့ဆုံကြတဲ့ အနေအထားပေါ်မှာ အန်မတန်အားရစရာကောင်းတယ်၊ အားလုံးနားလည်မှုနဲ့ ရင်းနှီး ချစ်ကြည်မှုတွေ ပိုပြီးတော့ ရခဲ့တယ်၊ နှစ်ပေါင်းများစွာကွဲနေရတဲ့အတွက် အတိုးချပြီးတော့ ကျနော်တို့ အရင်ထက် ညီညွတ်ရေး ၊ မိသားစုအတွင်းမှာချစ်ကြည်ရေးက အစပေါ့ဗျာအားလုံးအဆင်ပြေချောမွေ့မယ်လို့ ဒီကနေ့ တွေ့ဆုံမှုအပေါ်မှာ ခန့်မှန်းလို့ရပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့ မတွေ့ပဲနေခဲ့ရတာ အခုကျတော့ ပြန်ပြီးတွေ့တယ်ဆိုတာ တကယ်တော့ မိသားစုပြန်လည်ဆုံတွေတဲ့ ပွဲမျှပဲ ဖြစ်ပါတယ်၊ တယောက်နဲ့တယောက် ကျန်းမာရေးကအစကွဲကွာနေတဲ့ မိသားစုတွေ ပြန်နှုတ်ဆက်တဲ့ သဘောပါ၊ )
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ပါ၊ နောက်ပိုင်းမှာလည်း ၈၈ အဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ ထပ်မံတွေဆုံကာ  မြန်မာ့ နိုင်ငံရေးအခြေအနေတွေဆွေးနွေးဖိုရှိတယ်လို့ ပြောပါတယ်၊ ဒီကနေ့ ညနေတွေဆုံမှုတွေထဲါ အကြိမ်ကြိမ်အဖမ်းခံရတဲ့ သူတွေတွေရဲ့ အတွေအကြံတွေကို ပြောဆိုဖြစ်ခဲ့ကြတယ်လို့လည်း ကိုဂျင်မီက ပြောပါတယ်။
ကိုဂျင်မီ။ ပြောတာပေါ့၊ ပြောတာပေါ့၊ ကျနော်တို့ နောက်ကြောင်းအတွေအကြုံတွေ ဒါပဲ ရယ်စရာ မောစရာ အနေနဲ့ အတိတ်ကအကြောင်းတွေကို၊ အခုအချိန်မှာရီမောပြီး  ပြောနိုင်ကြတဲ့  သဘောတွေပါ၊ အဓိက ကတော့ ကျနော်တို့ ကျော်လွားခဲ့ရတဲ့ ဒုက္ခတွေကို  ရီစရာမောစရာအဖြစ် ပြန်ပြောနေကြတာပါ၊ အခု ပြန် ဆုံကြတယ်။ ကျနော်တို့ ဒါပျော်ရွင်ကြတဲ့ ပျော်ပျော်ရွင်ရွင်နဲ့ ဒါညစာစားကြတာပါ၊
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီပါရှင်၊
ဒီလို ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ခင်ပြီးခဲ့တဲ့ စနေ ဇန်န၀ါရီလ ၂၁ ရက်နေ့ကလည်းး ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဟာ  လက်ရှိ နိုင်ငံရေးပါတီထူထောင်မှာ မဟုတ်သေးသလို ကြားဖြတ် ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည်ဝင်ပြိုင်မှာကို သဘောတူလက်ခံပြီး ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ၀န်းရံသွားမယ်လို့ ၈၈ခေါင်းဆောင်တွေြ့ပုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွင် သူတို့ သဘောထား တွေကို ထုတ်ဖော်ပြောဆိုထားတာလည်း ဖြစ်ပါတယ်။
VOA
Unknown at 9:25 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တပ်မတော်ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို အမိန့်ချရက် ရွေ့ပြောင်း

နိုင်ငံတော်သမ္မတကြီး၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသော
ဗိုလ်ကြီးဟောင်းနေမျိုးဇင် ကို  အကျဉ်းထောင်အက်ပုဒ်မ ၄၂ဖြင့်
တရားစွဲဆိုခဲ့သောအမှုအား အမိန့်ချရန် ဇန်န၀ါရီလ ၂၄ရက်နေ့မှ
ရွေ့ပြောင်းလိုက်ပြီဖြစ်ကြောင်း  ကာယံကံရှင်ကိုယ်တိုင် The Voice weekly
သို့ပြောကြားသည်။
“တရားလိုပြ သက်သေစစ်ဖို့ကျန်သေးလို့ ကျန်သေးတယ်။သောကြာနေ့ကို
လိုပြ(တရားလိုပြ)သက်သေစစ်မယ်။

ပြီးမှ အမိန့်ချမယ်ထင်တယ်”ဟု ၄င်းကဆိုသည်။
တပ်မတော်ဗိုလ်ကြီးဟောင်း နေမျိုးဇင်သည် အကျဉ်းကျနေစဉ်အတွင်း
ဗိုလ်ချုပ်အောင်ဆန်းပုံပါ တီရှပ် ၂ထည် ၊ သော့ချိတ်
၆ခု(ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံပါ)၊ဗိုလ်
ချုပ် BGပါစတစ်ကာ(တစ်လက်မပတ်လည်) ၁၅ နှင့် ဗိုလ်ချုပ်အောင်ဆန်းပုံနောက်ခံဖြင့်
သမ္မတကြီး ဦးသိန်းစိန်နှင့်ဒေါ်အောင်ဆန်း
စုကြည်တို့တွေ့ဆုံခဲ့သောဂျာနယ်တစ်စောင်ကို ထောင်ထဲသွင်းယူရန် ကြိုးပမ်းခဲ့သည်ဟူသော
အကျဉ်းထောင်အက်ဥပဒေ ၄၂အရ တရားစွဲဆိုထားခြင်းဖြစ်သည်။
“ကျွန်တော့်ကို ၂၀၁၀ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့မှာ သိမ်းပြီး
တရားစွဲထားတာ။ထောင်ကလွတ်ပြီး ဇန်န၀ါရီလ ၁၃ရက်နေ့မှ
ရုံးထွက်ရတယ်။အင်းစိန်တရားရုံး
မှပါ။” ဦးနေမျိုးဇင်က ဆိုသည်။
တပ်မတော် ဗိုလ်ကြီးဟောင် ဦးနေမျိုးဇင်သည် ၂၀၀၆ခုနှစ်တွင်
အွန်လိုင်းမီဒီယာများတွင် စာပေရသဆောင်းပါးများကို ရွှေဘ ၊
ရွှေဘန်းစသောကလောင်နာမည်များဖြင်
့ ရေးသားခဲ့ပြီး ၂၀၁၀နှစ်ဆန်းပိုင်းတွင်
အီလက်ထရောနစ်အက်ဥပဒေဖြင့် ထောင်ဒဏ် ၁၀ နှစ်ကျခံထားရာမှ ၂၀၁၁ခုနှစ်
ဇန်န၀ါရီ ၁၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်
ပြန်လည်လွတ်မြောက်လာသူဖြစ်သည်။
The Voice weekly
Unknown at 9:24 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကြံ့ခိုင်ရေးပါတီအမတ်အား ဒေသခံများ၏ နစ်နာမှုတင်ပြ

မြေတိုင်းတာမှုတွင် ပါဝင်သော ကျေးရွာတစ်ရွာ မြင်ကွင်းကို ဇွန်လဆန်းပိုင်းက တွေ့ရစဉ်
ယခုလ ၁၅ ရက်နေ့က နဘူးလယ်ဒေသ၌ ကျင်းပခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်၏ လွတ်တော်အတွေ့အကြုံရှင်းလင်းပွဲတွင် ထားဝယ်ဒေသခံများက ၎င်းတို့ဒေသတွင် ဆောက်လုပ်လျှက်ရှိသည့် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းကြောင့် ကျေးရွာရွှေ့ပြောင်းခိုင်းသည့် ကိစ္စနှင့် လျှော်ကြေးကိစ္စများကို တင်ပြဆွေးနွေးခဲ့သည်ဟု ဒေသခံများက ပြောသည်။
ကျေးရွာများမပြောင်းရွှေ့စေလိုသည့် ကိစ္စကို ဒေသခံတစ်ဦးက တင်ပြဆွေးနွေးရာ ပြည်ထောင်စုအဆင့် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ နှင့် ရေကြောင်းပို့ဆောင် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင် ဦးဝင်းဦးက မပြောင်းရွှေ့ချင်သည်ကို ၎င်းအနေဖြင့် သိကြောင်း အားလုံး သဘောတူလျှင် စီမံကိန်းကို ဖျက်မည်ဖြစ်ကြောင်း ဒေသခံများအား တုံ့ပြန်ပြောကြားသည်။ ဦးဝင်းဦးသည် ရေဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သည်။

ဆွေးနွေးပွဲတွင် ကျေးရွာရွှေ့ပြောင်းသည့် ကိစ္စအပြင် လျော်ကြေးမရသေးသည့် ကိစ္စ ၊ ကံပေါက်ဒေသတွင် PTTEP ရေနံကုမ္ပဏီက ပေးလျော်သည့် လျော်ကြေးနှင့် ယခု အီတာလျှံ - ထိုင်းကုမ္ပဏီမှပေးသည့် လျော်ကြေး ကွာဟနေသည့် ကိစ္စ တို့ကိုလည်း ဆွေးနွေးကြသည်။

တွေ့ဆုံသည့်ပွဲသို့ ထားဝယ်ရေနက်ဆိပ်ကမ်းဧရိယာမှ ကနဦး ပြောင်းရွှေ့ရမည့် ကျေးရွာ (၇) ရွာဖြစ်သော မူးဒူး ၊ ကလုံးထာ၊ ထိန်ကြီး ၊ လဲရှောင် ၊ ပရဒတ် နှင့် မယင်းကြီး၊ ညောင်ပင်ဆိပ်ကျေးရွာတို့မှ ဒေသခံ တစ်ရာကျော် တက်ရောက်ခဲ့သည်။

အသက် ၅၀ အရွယ် ဒေသခံတဦးကမူ “ ထုံးစံအတိုင်း အထက်ကို တင်ပြပေးမယ် ဆိုတာတွေနဲ့ပဲ ပြီးတာပါပဲ။ သူက အမြဲတမ်းအဲလိုပဲ ” တွေ့ဆုံပွဲတွင် ဖြေကြားသည့် ဦးဝင်းဦး၏ အဖြေများနှင့် ပတ်သက်၍ မှတ်ချက်ချပြောဆိုသည်။

အဆိုပါတွေ့ဆုံပွဲသို့ ထားဝယ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ Dawei Development Association (DDA) မှ တက်ရောက်ခဲ့ရာ အဖွဲ့ဝင်တဦးဖြစ်သူ ကိုလေးလွင်က “ ကျွန်တော်တို့က ဖွံ့ဖြိုးတိုးတက်မှုကို ဆန့်ကျင်နေတာမဟုတ်ပါဘူ။ စည်းကမ်းရှိတဲ့ ၊ ဥပဒေ လိုက်နာတဲ့ ၊ စနစ်တကျ ဖြစ်တဲ့ စိမ်းလန်းစိုပြည်ပြီး ရေရှည်ဖြစ်တဲ့ ဖွံ့ဖြိုးတိုးတက်မှုမျိုးကို ဖြစ်စေချင်တာပါ ” ဟု DDA အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုလေးလွင်က ပြောကြားသည်။

ကမ္ဘာ့အကြီးဆုံး စက်မှုဇုံဖြစ်လာနိုင်ခြေရှိသော အကြီးစားစက်မှုလုပ်ငန်း အသားပေး ထားဝယ်စီမံကိန်းတွင် စင်္ကာပူ ဆိပ်ကမ်း၏ (၄) ဆဖြစ်သည့် တစ်နှစ် မက်ထရစ် တန် သန်း (၁၀၀) ခန့် ၀န်ဆောင်မှုပေးနိုင်သော ရေနက်ဆိပ်ကမ်းနှင့် တရုတ်၊ လာအို၊ ထိုင်း၊ ဗီယက်နမ်တို့ နှင့် ဆက်သွယ်မည့် နယ်စပ်ဖြတ်ကျော် ကားလမ်းမ ကြီး တည်ဆောက်ရန် ရည်ရွယ်ထားသည်။ ။
ဇန်န၀ါရီ ၂၃၊ ၂၀၁၂ (YPI)
Unknown at 9:23 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.