Wednesday, January 25, 2012

ကြားဖြတ်ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုးပါတီအား သူရဦးရွှေမန်း ဦးဆောင်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဌ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်သူ့
လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒုတိယဥက္ကဋ္ဌ သူရဦးရွှေမန်း
              ဧပြီလ ၁ ရက်နေ့၌ ကျင်းပမည့် လွှတ်တော်တွင်း လစ်လပ်နေရာပြန်လည်ဖြည့်တင်းမည့် ကြားဖြတ်ရွေး ကောက်ပွဲ တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒုတိယဥက္ကဋ္ဌ သူရဦးရွှေမန်းမှ ပါတီအား ဦးဆောင်၍ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပထမဆုံးအကြိမ်ခေါ်ယူသည့် အထူးအစည်းအဝေးကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ကျင်းပခဲ့ပြီး ၎င်းအစည်းအဝေးအခမ်းအနား၌ သူရဦးရွှေမန်းမှ ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယခုလာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ယခင် ပြည်ခိုင်ဖြိုးပါတီ၏ ပါတီဝင်တစ်ဦးဖြစ်သည့် သမ္မတကြီးအနေဖြင့် ပါဝင်ခေါင်းဆောင်နိုင်မည် မပာုတ်သည့်အတွက် မိမိမှ ဦးဆောင်၍ ကျန်ရှိနေသည့် ပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင်အားလုံးကို စည်းစည်းလုံးလုံး၊ ညီညီညွှတ်ညွှတ်၊ စည်းကမ်းရှိရှိဖြင့် ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ခိုင်ဖြိုးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ သူရ ဦးရွှေမန်းမှ ပြောကြားခဲ့သည်။
ထို့ပြင် သူရဦးရွှေမန်းမှ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ပြည်သူလူထုအတွင်းမှ အခြေအနေမှန်များကို ရှာဖွေလေ့လာ သုံးသပ်၍ ပြည်သူ့အကျိုး ဖြစ်ထွန်းစေမည့် ကိစ္စရပ်များကို သက်ဆိုင်ရာအဖွဲ့အစည်းများမှ ဆောင်ရွက်ဖြည့်တင်းပေးနိုင်ရေးများကို ပါဝင်ဆောင်ရွက်ရန်နှင့် နိုင်ငံသားများ၏ မူလ အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးများ ရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့၌ပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် အငြင်းပွားဖွယ် မဲစာရင်းများဖြင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အနိုင်ရရှိခဲ့ပြီးနောက် သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ်အဖွဲ့နှင့် လွှတ်တော်အသီးသီး ပေါ်ပေါက် ခဲ့ကြောင်း YC သတင်းအရ သိရသည်။
Unknown at 9:32 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.