Wednesday, January 25, 2012

အင်တာနက် ကွန်နက်ရှင်နှင့် ဖုန်းလိုင်းများ မကြာမီ ကောင်းမွန်လာတော့မည်ဟု ဆို


 မြန်မာနိုင်ငံအတွင်း၌ အသုံးပြုလျက်ရှိသော မိုဘိုင်းဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို မတ်လဝန်းကျင်မှ စ၍ ဆက်သွယ်မှု ကောင်းမွန်စွာ အသုံးပြုလာနိုင်တော့မည် ဖြစ်ကြောင်း  မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ “ရှေ့ နှစ်လလောက်က စပြီး ဖုန်းဆက်သွယ်မှုနဲ့ အင်တာနက်လိုင်းတွေ တဖြည်းဖြည်း သိသာစွာ ကောင်းမွန်လာတော့မှာပါ။ လက်ရှိ အင်တာနက်လိုင်း နှေးနေတာကလည်း ရေအောက် ဖိုင်ဘာကေဘယ်ကြိုးတွေ ပြတ်တောက်ခဲ့တာကြောင့်ပါ။ အခု SEA-ME-WE3 နေရာမှာ SEA-ME-WE5 ကို အစားထိုးတပ်ဆင်ဖို့ တင်တားတာလည်း ကျလာပါပြီ။ အဲ့ဒါကိုတော့ တရုတ်ဝန်ကြီးရဲ့ အကူအညီနဲ့ ဆောင်ရွက်သွားမှာပါ” ဟု အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ပြောသည်။ ထိုကဲ့သို့ပင် မိုဘိုင်းဖုန်းလိုင်းများ အတွက်လည်း Network  တိုးချဲ့ခြင်း လုပ်ငန်းများ၊ ဆက်သွယ်ရေး တာဝါတိုင်များကို ပုဂ္ဂလိက ကုမ္ပဏီများဖြင့် တည်ဆောက်လျက် ရှိသည်ဟု ဆိုသည်။ ယင်းသို့ ဆောင်ရွက်ခြင်းမှာလည်း ၂၀၁၃ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ဆီးဂိမ်းအမီ ဖုန်းလိုင်းနှင့် အင်တာနက် Service ကို ကောင်းမွန်စွာ အသုံးပြုနိုင်ရန်အတွက် အဓိက ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။ “အခုလို တစ်လထက်တစ်လ ကွန်နက်ရှင်တွေ ကောင်းမွန်လာမယ် ဆိုရင်တော့ စီးပွားရေး လုပ်ငန်းရှင်တွေ အတွက် ရေရှည်ရပ်တည်ဖို့ အတွက် အဆင်ပြေလာကြမှာပါ။ တကယ်တမ်းတော့ ဖုန်းနဲ့ အင်တာနက်ဆိုတာ တိုင်းပြည်တစ်ခုရဲ့ အရေးပါတဲ့ ကဏ္ဍတစ်ခုမှာ တာဝန်ရှိပါတယ်” ဟု ဗဟန်းမြို့နယ်ရှိ အင်တာနက်ဆိုင် တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ အဆိုပါ အင်တာနက်လိုင်းများမှာ ၂၀၁၁ ခုနှစ်အတွင်း ကွန်နက်ရှင် နှေးကွေးပြတ်တောက်မှု ဆက်တိုက် ဖြစ်ပေါ်ခဲ့ခြင်းကြောင့် လုပ်ငန်းရှင်များ အနေဖြင့် ထိခိုက်နစ်နာမှု များစွာ ရှိခဲ့ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။
Unknown at 12:24 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.