Wednesday, January 25, 2012

မှောင်ခိုတင်သွင်းမှုများကို သုံးလအတွင်း လျော့ကျသွားစေရန်အခွန် စည်းကြပ် အရေးယူခြင်းများ ပြုလုပ်မည်ဟု သိရ


 မှောင်ခိုတင်သွင်းမှုများ အား သုံးလအတွင်း လျော့ကျသွားစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့ပါသည်။
“မှောင်ခိုတွေ လှိမ့်သွင်းတဲ့အတွက် ပြည်တွင်းက ကုန်ပစ္စည်းထုတ်လုပ်သူတွေ စက်ရုံတွေတောင် ပိတ်ရတော့မယ့် အခြေအနေတောင် ရှိနေတယ်လို့ လုပ်ငန်းရှင်တွေဆီက သိရတယ်။ ကျွန်တော်တို့ မှောင်ခိုပစ္စည်း အဓိက၀င်တဲ့ မင်္ဂလာဈေး၊ သိမ်ကြီးဈေးနဲ့ စက်မှုဇုန်တွေအထိဆင်းပြီး အစည်းအဝေးတွေလုပ်မယ်။ ဘယ်ဟာကမှောင်ခိုပစ္စည်း၊ ဘယ်ဟာက တရားဝင်ပစ္စည်းဆိုတာ ရှင်းပြမယ်။ ဒီလိုရှင်းပြပြီး အသိပေးပြီးမှ မှောင်ခိုပစ္စည်းဆို အခွန်ဘယ်လို ဆောင်ရမယ်ဆိုတာ လုပ်မယ်။ လုပ်တဲ့အခါမှာ ကျွန်တော်တို့ သုံးလအတွင်း၊ ရက် ၉၀ အတွင်း လျော့ကျအောင် လုပ်သွားမယ်”ဟု နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပသည့် ထုတ်လုပ်မှု နှင့် ကုန်သွယ်မှု မြှင့်တင်ရေး ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
မှောင်ခိုတင်သွင်းမှုကြောင့် လက်ရှိတွင် ပြည်တွင်းရှိ စားသောက်ကုန် ထုတ်လုပ်သူများ၊ လူသုံးကုန်ပစ္စည်း ထုတ်လုပ်သူများ ထိခိုက်လျက်ရှိကြောင်း အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များမှ တင်ပြခဲ့ကြသည်။
Unknown at 12:28 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.