Wednesday, January 25, 2012

ပြည်တွင်းရွှေဈေးကွက်အေးစက် နေသော်လည်းဘဏ်အတိုးနှုန်း များလျှော့ချလိုက်ခြင်းကြောင့် ရွှေအ၀ယ်လိုက်နေ


ပြည်မြန်မာဂျာနယ် — ပြည်တွင်း ရွှေဈေးကွက်မြင့်တက်လာခြင်းမရှိ သေးဘဲ၊ ကမ္ဘာ့ရွှေဈေးကွက်သာ မြင့်တက်နေကြာင်း ၁၈-၁-၂၀၁၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းပိုင်ရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။
“နိုင်ငံတကာဖြစ်စဉ်တွေနဲ့လည်းဆိုင်ပါတယ်။ ပြည်တွင်းရွှေဈေးနှုန်းကတော့ မြင့်တက်ဖို့မရှိပါဘူး။ အခုတော့ ကမ္ဘာရွှေဈေးက ပြန်တက်နေ တယ်။ ဒေါ်လာဈေးလည်းပြန်တက်နေတယ်။ ကမ္ဘာ့ဈေးကွက်က ပြည်တွင်းရွှေဈေးကွက်နှုန်းထက် အမြဲမြင့်တက်နေတာပါ”ဟု ယင်းပုဂ္ဂိုလ် ကပြောသည်။
“အခုလို ပြည်တွင်း အခြေအနေဆိုရင်တော့ မြန်မာ့ငွေကြေးမာဖို့ရှိနေပါတယ်။ ၂၀၁၁ ခုနှစ်က အိမ်ခြံမြေကိုဝယ်ဖို့ ရွှေကိုရောင်းတဲ့ လူတွေရှိခဲ့ တယ်။ ပြည်ပ လုပ်ငန်းရှင်တွေက ပြည်တွင်းမှာ ရင်းနှီးမြှပ်နှံနေကြတော့ ပြည်တွင်းက စီးပွာရေးလုပ်ငန်းရှင်တွေဟာ ရှိတဲ့ရွှေတွေကိုရောင်းပြီး အိမ်ခြံမြေဘက်မှာ ရင်းနှီးမြှပ်နှံနေကြတာပါ”ဟု ရွှေလုပ်ငန်းရှင်အသင်းအထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်က ထပ်မံသုံးသပ်ပြောကြားသည်။
ထို့ပြင် ယခုနှစ်နှစ်ဆန်းပိုင်းအတွင်း အိမ်ခြံမြေရင်းနှီးမြှပ်နှံမှုအခြေအနေ ပြန်လည်အေးစက်ခဲ့ပြီး ဘဏ်အတိုးနှုန်းများကို လျှော့ချပေးလိုက်ခြင်းကြောင့် ရင်းနှီးမြှပ်နှံသူများမှာ ရွှေဘက်သို့ပြန်လည်ဦးတည်လာကြကြောင်း သတင်းရရှိသည်။ ၂၀၁၁ ခုနှစ် နှစ်ဆန်း၊ နှစ်လယ်များတွင် နိုင်ငံရေးငြိမ် သက် လာပြီး ပြည်တွင်းငြိမ်းချမ်းရေးကလည်း တဖြေးဖြေးရယူနေပြီ ဖြစ်သည့်အတွက် မြန်မာငွေကြေးခိုင်မာပြီး ရွှေဈေးအများကြီးတက်ရန်မရှိကြောင်း သိ   ရသည် ။
မင်းဆက် (ပြည်မြန်မာသတင်းဂျာနယ်)
Unknown at 10:33 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.