ဂျပန်နိုင်ငံ၌ iPhone 5 ကို တရားဝင် ရောင်းချသည့် အချိန် မတိုင်ခင်လေး မှာပင် အလုံးရေပေါင်း ၁၉၁ လုံး ခိုးယူခံခဲ့ရပြီး အဆိုပါ ခိုးယူခံခဲ့ရသော iPhone 5 အားလုံး၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ သိန်းကျော် တန်ဖိုးရှိသည်ဟု သိရှိရသည်။
ထိုကဲ့သို့ ခိုးယူခံရခြင်းမှာ မြို့ ၂ မြို့ပေါ်ရှိ စတိုးဆိုင် ၃ ဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။ အဆိုပါခိုးယူမှုမှာ iPhone 5 က
ို တရားဝင်ရောင်းချမည့်
သောကြာနေ့ နံနက်အစောပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အာဏာပိုင်များ၏
ပြောဆိုမှုအရ အိုင်ဘာရာကီမြို့ရှိ KDDI Corp စတိုးဆိုင်ခွဲတစ်ခုတွင် ပထမဆုံး
ခိုးယူခံခဲ့ရပြီး ဖုန်းအလုံးရေပေါင်း ၃၃ လုံး ပျောက်ဆုံးခဲ့သည်။
ထို့နောက် နောက် ၂ နာရီအကြာတွင် အိုဆာကာမြို့၏ အနောက်ဘက်ခရိုင်တွင် ရှိသော Soft-bank Corp တွင် ခိုးယူမှု ထပ်မံဖြစ်ပွားခဲ့ပြီး iPhone 5 ၁၁၆ လုံးနှင့် store display တစ်ခု အခိုးခံခဲ့ရခြင်း ဖြစ်သည်။
ဒုတိယ ခိုးယူခံရမှုနှင့် ပတ်သက်၍ ရဲက ပြောဆိုခဲ့ရာတွင် အဆိုပါပစ္စည်းများကို သော့ခတ်ထားသော နောက်ဘက်တံခါးပေါက်မှ ဝင်ရောက်ကာ ၄ မိနစ် အတွင်းမှာပင် ခိုးယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ လုံခြုံရေး video ပြကွက်အရ ပြစ်မှုကျူးလွန်သူ ၃ ဦးရှိပြီး ၎င်းတို့ ၃ ဦးစလုံးမှာ အမျိုးသားများ ဖြစ်ပုံရသည်ဟု ဆိုထားသည်။
ထို့နောက် အိုင်ဘာရာကီမြို့တွင်ပင် ရှိသည့် အခြား စတိုးဆိုင်တစ်ခုတွင်လည်း iPhone 5 ၄၂ လုံး ခိုးယူခံရမှု ဖြစ်ပွားခဲ့သော်လည်း ရဲ၏ပြောဆိုမှုအရ ၎င်းတို့ အနေဖြင့် လုံခြုံရေး video မှတ်တမ်းကို မကြည့်ရှုရသေး၍ အစောပိုင်း ခိုးယူခံရမှုများနှင့် ဆက်စပ်ပတ်သက်နေသည့် အချက်ကို အတည်မပြုနိုင်ခဲ့ပေ။ Apple ထုတ်ကုန်ပစ္စည်းများ၏ တန်ဖိုးမြင့်မားမှုကြောင့် မကြာခဏဆိုသလို ခိုးယူခံရခြင်း ပစ်မှတ်ဖြစ်စေသလို ယခုဖြစ်ရပ်ကြောင့် အဆိုပါဒေသတွင် iPhone 5 ရရှိနိုင်ရေးမှာ ခက်ခဲသွားနိုင်သည်။

ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment