၅ဝဝဝတန်ဖုန်း ထုတ်လုပ်မည်ပာု သတင်းထုတ်ပြန် ထားသော ရွှေပြည်တံခွန် ကုမ္ပဏီက ဆင်းကဒ်ထုတ်လုပ် ခွင့်ရရှိရေး အတွက် မြန်မာ ဆက်သွယ်ရေးမှ ခေါ်ယူမည့် ဖုန်းထုတ်လုပ်ခွင့် နိုင်ငံတကာ တင်ဒါခေါ်ယူခြင်းအား ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် တင်ဒါစည်းမျဉ်း စည်းကမ်းများအား လေ့လာလျှက် ရှိကြောင်း ထိုတင်ဒါ အောင်မြင်မှုနှင့်  ခေါ်ယူချိန် အပေါ်မူတည်၍ ၅ဝဝဝတန်ဖုန်းထွက်ရှိလာမည်ဖြစ်ကြောင်း ရွှေပြည်တံခွန်ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူ ဦးလွင်နိုင်ဦးကပြောသည်။
“၅ဝဝဝတန်ဖုန်းထွက်ရှိဖို့ ထွက်ရှိဖို့ ကျွန်တော်တို့ တင်ဒါဝင်ပြိုင်မှာပါ။ ဒီပုံစံအတိုင်း သွားမယ်ဆို ၂ဝ၁၃အမှီ ၅ဝဝဝတန်ဖုန်း ထွက်လာနိုင်ပါတယ်။”ဟု ဦးလွင်နိုင်ဦးက ဆက်လက်ပြောသည်။
အဆိုပါတင်ဒါခေါ်ယူမှုနှင့် ပတ်သက်ပြီး နိုင်ငံတကာအတိုင်ပင်ခံအဖွဲ့ များခေါ်ယူပြီးမှသာ တင်ဒါခေါ်ယူ နိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦး၏ဇူလိုင်လ နောက်ဆုံးအပတ်က မြစ်မခသို့ ပြောကြားမှုအရ သိရှိရသည်။
သို့ သော် နိုင်ငံတကာ အကာအတိုင်ပင်ခံခေါ်ယူမှုအား သြဂုတ်(၁)ရက်နေ့တွင် အတိုင်ပင်ခံ ပုဂ္ဂိလ်များ အဖွဲ့ခေါ် ယူမည်ပာုသိရသော်လည်း လက်ရှိအချိန်အထိ အတိုင်ပင်ခံစာရင်းအား ကြေညာခြင်း မရှိသေးကြောင်းကိုလည်း သိရသည်။
အဆိုပါရွှေပြည်တံခွန်ကုမ္ပဏီအနေဖြင့် ၅ဝဝဝတန်ဖုန်းထုတ်လုပ်ရန်နည်းပညာမှာ အသင့်ရှိနေပြီး မြန်မာ့ဆက်သွယ်ရေးမှ ခွင်ပြု မိန့်ကျရန်လိုအပ်သဖြင့်  နိုင်ငံတကာတင်ဒါ ဝင်ရောက်ယဉ်ပြိုင် ရခြင်းဖြစ်ကြောင်းသိရသည်။
''ကျွန်တော်တို့အနေနဲ့ ဒီတင်ဒါမှာအောင်မြင်သွားရန် မြန်မာ့ ဆက်သွယ်ရေးနဲ့ ပူးပေါင်းပြီးသား ဖြစ်မှာပါ''ပာု ရွှေပြည်တံခွန်က တာဝန်ရှိသူက ဆက်ပြောသည်။
မြန်မာဆက်သွယ်ရေးအနေဖြင့်  ဇန်နဝါရီလအတွင်းက ၅ဝဝဝတန်ဖုန်းထုတ်လုပ်မည့်စီမံကိန်းအား နည်းပညာအရ အချိန်များစွာယူရဦးမည်နှင့် ဥပဒေကြောင်းအရ ကိုက်ညီမှုမရှိသည့်အတွက် ၅ဝဝဝ တန်ဖုန်း ကိစ္စမှာ လောလောဆယ်တွင် မဖြစ်နိုင်သေးကြောင်း ကြေညာခဲ့ သည်။
အဆိုပါ ၅ဝဝဝတန်ဖုန်း ထုတ်လုပ်ရန်ကိစ္စနှင့် ပတ်သက်၍ လူမှုအဖွဲ့ အစည်းအချို့ ဦးဆောင်မှုဖြင့်  လူထုလက်မှတ်များဖြစ် သမ္မတထံမှ ဆင်းကဒ်ထုတ်လုပ်ရန်တောင် ဝိုင်းဝန်းတောင်းဆို ခဲ့ကြောင်း ကိုလည်း သိရှိရသည်။
မြန်မာနိုင်ငံတွင် ၁၈၈၄ခုနှစ်မှစတင်၍ တယ်လီဖုန်းဝန်ဆောင်မှုများ စတင်အသုံးပြုခဲ့ ရာ အိတ်ချိန်း ဌာန ၈၈၇ခု ၊အော်တိုနှင့် လက်သုံးဖုန်းလိုင်းအင်အား ၇၃၄၂၁၉ လိုင်း၊ မိုက်ခရိုဝေ့စခန်း ၂၂၉ခု၊ မိုက်ခရိုဝေ့လိုင်းစက်ကြောင်း ၁ဝ၆ခု ၊မိုက်ခရိုဝေ့ခယ်နယ်ပေါင်း ၅ဝ၂၂ဝ ရှိခဲပြီးဂြုလ်တုဆက်သွယ် ရေးမြေပြင်စခန်း ၂ခုနှင့်  ဂြုလ်တုဆက်သွယ်ရေးချယ်နယ် ၆ဝ၃ခုနှင့် အပြည်ပြည်ဆိုင်ရာ ဆက်သွယ်မှုချယ်နယ် ၁၇၆၄ ခုအား တပ်ဆင်ပေးခဲ့ပြီး ယခုတင်ဒါခေါ်ယူပြီးပါက ပုဂ္ဂလိကနှင့် ပူးပေါင်းလုပ်ကိုင်ခွင့်ရရမည် ဖြစ်သည်။
စောဇင်ညီ(မြစ်မခ)
by Myit Makha Mediagroup

ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment