Monday, April 30, 2012

နဂါးနှစ်ထူးခြား အယူအဆများ

တရုတ်လူမျိုးတို့၏ ဒဏ္ဍာရီလာပုံပြင် အရ အလွန်တန်ခိုး ကြီးမားသော သတ္တဝါကြီးကို သမင်တစ်ကောင်၏ ဦးချိုများ၊ ကုလား အုတ်၏ဦးခေါင်း၊ ယုန်တစ်ကောင်၏မျက်စိ များ၊ နွားထီး (နွားလားဥဿဘ) ၏နားရွက် များ၊ ဖွတ်၊ ပုတတ်၊ တောက်တဲ့၏ လည်ပင်း၊ ရေလိပ်၏ဝမ်းဗိုက်၊ငါးတစ်ကောင်၏ အကြေးခွံများ၊ကျား၏ ခြေဖဝါးနှင့် လင်း ယုန်ငှက်၏ခြေသည်း များဖြင့် ဖန်တီးထားသည်။ နောက်ထပ်ဒဏ္ဍာရီလာ ပုံပြင်တစ်ခုမှာ ရှေးဟောင်း တရုတ်ပြည်၏ အမျိုးမျိုးသော တိုင်းရင်းသားများ၏ ကိုယ်စားပြု နဂါးကိုလည်း၏အကြံပြုထားသည်။   Yellow Emperor ခေါ် အဝါ ရောင်ဆင်မြန်းသည့် ဧကရာဇ်ကြီးသည် တိုင်း ရင်းသားများအပေါ် နိုင်လိုက်သည့်အခါတိုင်း သူ၏ ဝတ်ရုံလက်မောင်းပေါ်တွင် သူတို့၏ သင်္ကေတအမှတ်အသားတံဆိပ်များကိုပေါင်းထည့် လေ့ရှိသည်။ ထို့ကြောင့် တရုတ်ပြည်၏နဂါးရုပ်သည် တိုင်းရင်းသား လူနည်းစု တို့၏ အကွဲကွဲအပြား ပြားဖြစ်နေမှုကို ပေါင်းစည်းပေးသည့် လက္ခဏာပင်ဖြစ်သည်။  ”ရေတွေကစီးဆင်းနေတဲ့အတွက် မမျှော်လင့်ထားတဲ့ပြောင်းလဲမှုများ ရှိနေ မှာပါ။ ဒါပေမဲ့လည်း ရေတွေဟာ ဖြတ်ထိုးဥာဏ်၊ ဇဝနဥာဏ်နဲ့ ဥာဏ်ပညာအမြော် အမြင်တို့ကို ကိုယ်စားပြုထားပါတယ်။ ဒါကြောင့် ဒီနှစ်မှာ အကြံအစည်သစ်များနဲ့ တီထွင်မှု အသစ်များအတွက် အကောင်းဆုံး နှစ်တစ်နှစ် ဖြစ်လာမှာပါ”
ဖန်ရှူးဆရာကြီး လင်မ်အင်းချောင်း
ဤနှစ်ကို သင်မည်သို့ နိမိတ် ဖတ်ယူမည်နည်း။ ဖန်ရှူးဆရာကြီးများက သူတို့၏ အဟောများကို ပြောပြကြသည်။  တရုတ်လူမျိုးတို့၏ ဆယ့်နှစ်လရာသီမှ  ဒဏ္ဍာရီလာ သတ္တဝါကြီးတစ်ကောင်သာဖြစ် သော်လည်း ၄င်းသည် မှုန်တေတေ၊ ရှုးသိုးသိုး နှင့် ဖျက်ဆီးတတ်သော သတ္တဝါဖြစ်နေသည့် အားလျော်စွာ ဤနှစ်ကြီး၌ သင်သည် ဝရုန်း သုန်းကားဖြစ်မှု၊ ကသောင်းကနင်းဖြစ်မှုနှင့် ပဋိပက္ခဖြစ်မှုများကို ရင်ဆိုင်တွေ့ကြုံရဖို့ရှိနေ သဖြင့် အသင့်ပြင်ဆင်ထားရပေလိမ့်မည်။ လူ့လောကဇာတ်ခုံပေါ်တွင် ဤသတ္တဝါ ကြီး ထကြွသောင်းကျန်းခြင်း မပြုအောင် ဖမ်း ချုပ်မထားနိုင်သဖြင့် သင်၏လုပ်ငန်းခွင်နှင့် သင်တို့၏နေအိမ်တို့တွင် သဘောထားကွဲလွဲ မှုများကို သရုပ် သကန်ပေါ်လွင်အောင် ထင် ရှားစွာ  ပြသပေးပါလိမ့်မည်။ ဤသည်တို့ ရှုပ်ယှက်ခတ်နေသဖြင့် ပညာရှင်ကြီးများ၏ အကြံပြုချက်အတိုင်း နေပေးကြပါ။ ကောင်းအောင်နေ ပါ။ နောက်ပြီး ဒုက္ခအန္တရာယ်တွင်းမှ ရှောင်ကြဉ်ပါ။ တစ်ဦးနှင့်တစ်ဦး ပိုမိုပေါင်းစည်းကြရန် နှင့် မနာလိုဝန်တိုမှု နည်းနိုင်သမျှနည်းပါး အောင်ကြံဆောင်ကြဖို့ ဘူမိဆရာကြီး လီယူ ဟုန်မှ အကြံပေးသည်။ ရေနဂါးကြီးနိုးထလာကာ ရေပြင်ထက်မှ ကမ္ဘာမြေသို့ ဝင်ရောက်လာမည်ဖြစ်သဖြင့် ၄င်းနှင့်အတူ ရေကြီးရေလျှံမှုကြီးများ၊ ငလျင် များကို တစ်ပါတည်းယူဆောင်လာပါလိမ့် မည်။ အာရှပစိဖိတ်ဒေသနှင့်  တောင်အမေရိ ကဒေသများသည် စွမ်းအင်ချို့တဲ့နေသည့် အားလျော်စွာ အထူးသဖြင့်   ပျော့ကွက် များရှိ နေပေကြောင်း ပညာရှင်များက မြင်နေကြ ပေသည်။ ကမ္ဘာကြီး၏စွမ်းအင်ပေါ်တွင် ရေစွမ်း အင်စီးဆင်းပြီး အလေးသာနေသောကြောင့် ဖြစ်ရကြောင်း ဆရာကြီး လင်မ်အင်းချောင်း (Chang Consultancy- အတိုင်ပင်ခံအဖွဲ့) မှ ဆိုသည်။ နောက်ပြီး သင်သည် မကြာခဏနာမ ကျန်းဖြစ်နေခဲ့သော် ဤရေနဂါးကြီးက သင့် အား စိတ်ရှုပ်အောင်ထိုးနှက်နေသောကြောင့် ဖြစ်ပေသည်။ ဤရေနဂါးကြီးက ကူးစက်  ရောဂါများကိုပါ သယ်ဆောင်လာပါလိမ့်မည် ဟု ဘူမိပညာရှင် ဗစ်တာလီဆိုသော ဖန်ရှူး ဆရာကြီးမှ ပြောကြားသည်။  နောက်ပြီး ဆီးရောဂါ၊ ရင်ဘတ်အောင့် ရောဂါ၊ ပခုံးနှင့် ခြေပွတ်တိုင်၊ ခြေချင်းဝတ် များ ဒဏ်ရာရတတ်ကြောင်း ဆရာကြီးလင်မ် မှ သတိပေးသည်။ ထို့ကြောင့် လေ့ကျင့်ခန်း များကို ပုံမှန်လုပ်ကိုင်ကြဖို့ ၄င်းကမှာကြားသည်။  ရေနဂါးကြီး ရေထဲမှပေါ်လာတော့မည် ဖြစ်၍ ကျွန်ုပ်တို့သည်   နေရောင်ခြည်   အောက် တွင် ပိုမိုနေကြရန်လိုမည်ဟု ဖုန်းရွှေဆရာကြီး  တန်ခွန်းယောင်မှ သဘောတူသည်။ သို့သော်လည်း မြွေနဂါးကြီးသည် အားလုံးအဆိုးချည်းပဲ ရှိနေမည် မဟုတ်ပေ။
”ရေတွေစီးဆင်းနေလို့ မမျှော်လင့်တဲ့ ပြောင်းလဲမှုတွေရှိနေမှာပါ” ဟု မစ္စတာလင်မ် မှ ပြောကြားသည်။ ”ဒါပေမဲ့လည်း ရေတွေ ဟာ ဖြတ်ထိုးဥာဏ်၊ ဇဝနဥာဏ်နဲ့ ဥာဏ်ပညာ အမြော်အမြင်တို့ကိုလည်း ကိုယ်စားပြုထား ပါတယ်။ ဒါကြောင့် ဒီနှစ်မှာ အကြံအစည် သစ်များနဲ့ တီထွင်မှု အသစ်တွေအတွက် အကောင်းဆုံးနှစ် တစ်နှစ်ဖြစ် လာမှာပါ” ဟု ဖန်ရှူးဆရာကြီး လင်မ်အင်းချောင်းမှ  နိမိတ်ဖတ်သည်။ ဖုန်းရွှေပညာ သမ္ဘာရင့်အတိုင်ပင်ခံ ‘အမ်မီလီယာနီယို’၏ယုံကြည်မှုအရ ရေနဂါးကြီးသည် စီးပွားရေး လုပ်ငန်း များအတွက် ကောင်းစွာစွမ်းအားများ တိုး တက်စေမည်ဖြစ်သည်ဟုဆို၏။ အဆိုပါ စွမ်းအင်သည် ဆောင်းဦးရာသီဝန်းကျင် သို့မဟုတ် စက်တင်ဘာလတွင် အားယုတ်သွားလိမ့်မည်  ဟုသူမကဟောကြားသည်။ သတ္ထုလုပ်ငန်းတွင်ကျယ်မည်ဟု လင်မ် က နိမိတ်ဖတ်သည်။ ဤသည်တို့တွင် ဆောက်လုပ်ရေးလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ မော်တော် ကားလုပ်ငန်းနှင့် လုံခြုံရေး၊ စက်မှုလုပ်ငန်းများ ပါဝင်သည်။ ပစ္စည်းပိုင်ဆိုင်မှုရှယ်ယာများသည် ၈ ရာခိုင်နှုန်းမှ ၁ဝ ရာခိုင်နှုန်းသို့ ကျဆင်းသွား မည်ဖြစ်သော်လည်း အိမ်ခြံမြေဈေးကွက်တွင် ရင်းနှီးမြှုပ်နှံရန်ကောင်းမွန်မည်။  Tai Shui ဟုခေါ်သည့် ကြာသပတေး ဂြိုဟ်ကို ဆန့်ကျင်ဘက်၌ ခံ့ညားလောက် သော ကြယ်အစုအဝေး ဝိုင်းရံနေကြသဖြင့် ခွေးနှစ်မွေး သို့မဟုတ် နဂါးနှစ်မွေးကြသူများ အတွက် သတင်းကောင်းမဟုတ်ပေ။ ခွေးနှစ် မွေးဖွားသူများသည် အထူးသဖြင့် ကျန်းမာ ရေး၊ ချမ်းသာကြွယ်ဝရေးနှင့် သူတို့၏အသက် မွေးဝမ်းကျောင်းများ ဆုတ်ယုတ်လာတတ်သည်။  မည်သည့်ရာသီတွင် မွေးဖွားသူပင်ဖြစ် နေပါစေ၊ အသိုင်းအဝိုင်း စီးပွားရေးလုပ်ငန်း၌ ရင်းနှီးမြှုပ်နှံရန် ကောင်းမွန်ပါသည်။  ယခုနှစ် ရှောင်ရန်ကိစ္စများရှိနေပါသည်။  သင်၏အိမ်သည် အရှေ့တောင်၊ အနောက် တောင် သို့မဟုတ်   မြောက်ဘက်သို့ မျက်နှာ မူထားပါက သင်၏ချမ်းသာကြွယ်ဝမှု ဆုံးရှုံး မည့်အန္တရာယ်ရှိနေသည်ဟု တရုတ်ရှေးဖြစ် ဟောဆရာများမှ  ဟောကြားထားကြပါ သည်။  ထို့ကြောင့် ၄င်းဒေသသည် စွမ်းအင် ချို့တဲ့စေ၍ သွားလာလှုပ်ရှားသင့်သော နေရာများမဟုတ်ကြောင်း စင်ကာပူဖန်ရှူးစင်တာမှ ကျောင်းအုပ် ဆရာကြီးဗင်းဆင့် ကိုးမှပြောကြား သည်။   မြောက်ဘက်နှင့် အရှေ့တောင်ဘက်သို့ ဤစွမ်းအင်ကို တန်ပြန်သွားစေရန် အဝါရောင် သို့မဟုတ် ရွှေရောင်သတ္တုပစ္စည်း ထား ရှိသင့်သည်။ ဥပမာ- သံစုံထွက်သည့်ခေါင်း လောင်းများ ဆွဲချိတ်ထားသင့်သည် အနောက် တောင်ဘက်သို့ မျက်နှာမူထားသည့် တံခါးတွင် မီးဖွင့်ပေးထားခြင်း စသည်တို့ကို ဆရာကြီး ကိုးမှ အကြံပြုပေးထားသည်။ လူများသည် ဖျားနာလာတတ်သည်။ စကား များရန်ဖြစ်တတ်သေးသည်ဟု ၄င်းက ဖြည့် စွက် ပြောကြားသည်။ ဤအဟောများ မှာ   ယေဘုယျဆန်ပါသည်။ အမှန်တကယ်တွင် လူတို့၏ကံကြမ္မာ ကို သူတို့၏ မွေးနေ့၊ မွေးရက်၊ မွေးဖွားချိန်တို့ ဖြင့်သာ တွက်ချက်ကြည့်မှ မှန်ကန်မည်ဟု ဆရာကြီးကိုးမှ အကြံပေးသည်။  ဤနှစ်သည် စိန်ခေါ်မှုရှိကြသော်လည်း  ကျွန်ုပ်တို့သည် မလွှဲမသွေ ကျော်လွှားနိုင်ကြ လိမ့်မည်ဟု မျှော်လင့်ရပေသည်။
ဦးတိုး (တက္ကသီလ)
POPULARMYANMAR.COM
Unknown at 11:01 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

KIA ဖမ်းဆီးသွားသော ဆဒုံးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ကချင် ၀န်ထမ်းများ ပြန်လည်လွတ်မြောက်လာ

ဧပြီလ ၂၈ ရက်နေ့ နံနက်က ဆဒုံးမြို့နယ် KIA အကြမ်းဖက်သောင်းကျန်းသူများသည် ဆဒုံးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ၀င်ရောက်စီးနင်းခဲ့ပြီး အုပ်ချုပ်ရေးမှူး အပါအ၀င် လူ ၄ ဦးကို သတ်ဖြတ်ကာ ၃ ဦးအားဖမ်းဆီးခေါ်ဆောင်ပြီး ဖုန်းနှင့် ပိုက်ဆံများကို ယူဆောင်သွားခဲ့ပါတယ်။ မြို့နယ်ရုံးတွင် အသတ်ခံရသူ ၄ ဦးတွင် ၂ ဦးမှ ဗမာများဖြစ်ပါတယ်။
အဖမ်းခံရသူ ၃ ဦးမှာ ကချင်လူမျိုးဝန်ထမ်းများဖြစ်ပြီး ဦးဂွမ်ဂျာနော် နှင့် ဦးယောကွေ့တို့အား လုံထန်စခန်းတွင် ထားရှိပြီး ၂၈ ရက်နေ့ ညနေ ၅ နာရီတွင် လုံထန်စခန်းမှ ပြန်လွှတ်ပေးခဲ့ပါပြီး ဧပြီလ ၂၉ ရက်နေ့ နေ့လည် ၁၁ နာရီတွင် ဆဒုံးမြို့နယ်ရုံးသို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။ ကျန်ခဲ့တဲ့ ဦးဇယ်တောင်ကိုတော့ လုံထန်စခန်းမှ ဧပြီလ ၂၉ ရက်နေ့ မနက် ၁၀ နာရီခန့်က ပြန်လည်လွှတ်ပေးခဲ့ရာ ညနေ ၅ နာရီခွဲခန့်တွင် ဆဒုံးမြို့နယ် အုပ်ချုပ်ရေးရုံးသို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။
 
ဖမ်းဆီးခံရသူ ၃ ဦးအား ဗဟိုဌာနချုပ်မှ ကချင်လူမျိုးများဖြစ်နေသောကြောင့် ပြန်လည် လွှတ်ပေးရန် အမိန့် ရောက်ရှိလာသဖြင့် လွှတ်ပေးရခြင်းဖြစ်ပါတယ်။ ကချင်လွတ်မြောက်ရေးတပ်မတော် အနေနဲ့ ကချင်ပြည်နယ်အတွင်းတွင် ကချင်လူမျိုးမှ လွဲပြီး ကျန်လူမျိုးများအား သတ်ဖြတ်ရန် လိုင်ဇာဗဟိုဌာနချုပ်မှ အမိန့်ထုတ်ထားတယ်လို့ သိရပါတယ်။ KIA တပ်များအတွင်းမှာလည်း လူမျိုးရေးခွဲခြားဖိနှိပ်မှုများကြောင့် လက်အောက်ခံတပ်များမှ ရှမ်းလူမျိုးများမှလည်း တပ်မှ ထွက်ပြေးပြီး အစိုးရထံ အလင်းဝင်မှုများ နေ့စဉ်ရှိနေပါတယ်။ KIA အဖွဲ့အနေနဲ့ လူမျိုးကြီးဝါဒကို ကျင့်သုံးပြီး ဖိနှိပ်သတ်ဖြတ်မှုများ ရှိနေတယ်လို့ အလင်းဝင်လာသူများမှ ပြောကြားကြောင်းသိရပါတယ်။
 
(ကြားဖြတ်သတင်း)
ရေးသားသူအဖွဲ့   မောင်ကျောက်ခဲ
Unknown at 10:58 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာပြည်အနာဂတ်အတွက် ပိတ်ဆို့​မှုများ​ရပ်ရန် ဘန်ကီမွန်း​ ​တောင်း​ဆို



ဘန်ကီမွန်းနှင့် သမ္မတ ဦးသိန်းစိန်
မြန်မာနိုင်ငံမှာ ​ရောက်ရှိ​နေတဲ့​ ကုလသမဂ္ဂအတွင်း​ရေး​မှူး​ချုပ် မစ္စတာ ဘန်ကီမွန်း​ဟာ လတ်တ​လော မြန်မာနိုင်ငံမှာ ​ပေါ်​ပေါက်​နေတဲ့​ ဒီမိုက​ရေစီ​ရေး​ ပြုပြင်​ပြောင်း​လဲမှု​တွေကို ကြိုဆို​ကြောင်း​နဲ့​ စီး​ပွား​ရေး​ပိတ်ဆို့​မှု​တွေ ရပ်ဖို့​ နိုင်ငံတကာကို ​တောင်း​ဆိုလိုက်ပါတယ်။

ဒီ​နေ့​ ​နေပြည်​တော် ပြည်သူ့​လွှတ်​တော်မှာ မြန်မာလွှတ်​တော်အမတ်​တွေကို နိုင်ငံတကာ ဧည့်​သည်တဦး​အဖြစ် ပထမဆုံး​အကြိမ် မိန့်​ခွန်း​ပြောကြား​ရာမှာ ထည့်​သွင်း​ ​ပြောကြား​ခဲ့​တာပါ။

အတွင်း​ရေး​မှူး​ချုပ် မစ္စတာဘန်ကီမွန်း​က “သိသာထင်ရှား​တဲ့​ အ​ပြောင်း​အလဲ​တွေနဲ့​ မြန်မာဟာ ကမ္ဘာရဲ့​ စိတ်ဝင်စား​မှုကို သိမ်း​ကျုံး​ရယူ​နေပါတယ်။ တိုင်း​ပြည်ရဲ့​ အနာဂတ်မြင့်​မား​စေဖို့​ ရည်မှန်း​ချက်ဆန္ဒ အရမ်း​ကို ပြင်း​ပြ​နေတယ်ဆိုတာ ကျ​နော်တို့​ သိပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံတကာ အသိုင်း​အဝန်း​က ​လေး​စား​ရမယ့်​၊​ တာဝန်ယူတတ်တဲ့​ နိုင်ငံတနိုင်ငံအဖြစ် အလျင်အမြန် ပြန်လည်​ရောက်ရှိမယ်ဆိုတာ သံသယမရှိပါဘူး​”လို့​ ​ပြောပါတယ်။

ဒါ့​ အပြင် မြန်မာနိုင်ငံအ​ပေါ် ပိတ်ဆို့​ ဒဏ်ခတ်အ​ရေး​ယူထား​မှု​တွေကို ရုပ်သိမ်း​ပေး​ဖို့​လည်း​ ကုလသမဂ္ဂအတွင်း​ရေး​မှူး​ချုပ်က ​တောင်း​ဆိုလိုက်ပါတယ်။

“ကုန်သွယ်​ရေး​ အကန့်​အသတ်​တွေနဲ့​ တခြား​ပိတ်ဆို့​ဒဏ်ခတ်မှု​တွေကို ပိုမိုပြီး​ ရုပ်သိမ်း​ဖို့​၊​ ဆိုင်း​ငံ့​ထား​ပေး​ဖို့​ ဒါမှမဟုတ် ဖျက်သိမ်း​ပစ်ဖို့​ နိုင်ငံတကာ အသိုင်း​အဝန်း​ကို ကျ​နော် ​တောင်း​ဆိုပါတယ်။ ဒုတိယအချက်အ​နေနဲ့​ မြန်မာမှာ နိုင်ငံတကာရဲ့​ ဖွံ့​ဖြိုး​ရေး​အကူအညီ​တွေနဲ့​ နိုင်ငံခြား​တိုက်ရိုက်ရင်း​နှီး​မြှုပ်နှံမှု​တွေလည်း​ စဉ်ဆက်မပြတ် တိုး​လာဖို့​ လိုအပ်​နေပါတယ်။”

မစ္စတာဘန်ကီမွန်း​ဟာ ဧပြီ ၂၉ ရက်​နေ့​ကတည်း​က မြန်မာနိုင်ငံမှာ ၃ ရက်တာ ခရီး​ ​ရောက်ရှိ​နေတာဖြစ်ပြီး​ ​နေပြည်​တော်မှာ သမ္မတ ဦး​သိန်း​စိန်အပါအဝင် လွှတ်​တော် အကြီး​အကဲ​တွေနဲ့​လည်း​ ​တွေ့​ဆုံခဲ့​ပါတယ်။

မြန်မာနိုင်ငံမှာ နှစ်​ပေါင်း​ ၃၀ ​ကျော်အတွင်း​ ပြည်လုံး​ကျွတ် သန်း​ခေါင်စာရင်း​ ပြန်​ကောက်မယ့်​ အစီအစဉ်မှာ ကုလသမဂ္ဂက ​ငွေ​ကြေး​နဲ့​နည်း​ပညာပိုင်း​ဆိုင်ရာ အကူအညီ​ပေး​မယ့်​ သ​ဘောတူညီချက်တရပ် မစ္စတာဘန်ကီမွန်း​နဲ့​ ဒု-သမ္မတ စိုင်း​မောက်ခမ်း​တို့​ ​ရှေ့​မှောက်မှာ သ​ဘောတူ လက်မှတ်​ရေး​ထိုး​မှု​တွေ ပြုလုပ်ခဲ့​ပါတယ်။

မစ္စတာဘန်ကီမွန်း​ဟာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​လည်း​ ​တွေ့​ဆုံဖို့​ရှိပြီး​ ရန်ကုန်မှာ ကျင်း​ပမယ့်​ စီး​ပွား​ရေး​ ဆိုင်ရာ အစည်း​အ​ဝေး​ကိုလည်း​ တက်​ရောက်ဖို့​ ရှိ​နေပါတယ်။

by ပီတာအောင် - ဒီဗွီဘီ
Unknown at 10:57 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဟု ကျမ်းကျိန်ဆိုပြီး ဒေါ်စု လွှတ်တော်ပြန်တက်တော့မည်

လွှတ်တော်ဝင်ဖို့ ကျမ်းကျိန်ဆိုရာတွင် ကျမ်းကျိန်စာသား မပြင်ပေး၍ လွှတ်တော်မတက်ဘဲ နေခဲ့ကြသော ဒေါ်စုနှင့် NLD ကိုယ်စားလှယ်လောင်းများသည် ယခုအခါ စာသားမပြင်ပေးပေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည် ဟု ကျမ်းကျိန်ဆိုပြီး လွှတ်တော်တက်မယ် လို့ ဒေါ်စုမှ ပြောကြားလိုက် ပါ တယ်။ 
ဒေါ်စုရဲ့ ဟိုဟာလုပ်မယ် ဒီဟာလုပ်မယ်လို့ ပြောပြီး တခုမှ မလုပ်ဖြစ်ဘဲ စိတ်အမျိုးမျိုး ပြောင်းနေတာကြောင့် NLD ပါတီအပေါ် ထောက်ခံအားပေးသူတွေရဲ့ ယုံကြည်မှု ကျဆင်းနေကြောင်း သိရပါ တယ်။ ဒေါ်စု ဟာ  နေအိမ်အကျယ်ချုပ်မှ လွတ်ကာစမှာ ဒုတိယ ပင်လုံခေါ်မယ်ဆိုပြီး အော်ခဲ့ပေမယ့် ယခုအခါ ဒုတိယပင်လုံဆိုတာ စိတ်ကူးယဉ်ဆန်ဆန် ဖြစ်သွားပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံဘူး။ ဒါကြောင့် ရွေးကောက်ပွဲ မ၀င်ဘူးလို့ အရင်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဘူး လှုပ်ရှားမှုနဲ့ ဆန့်ကျင်ခဲ့သော်လည်း ပါတီမှတ်ပုံပြန်တင်ပြီး  ပြီးခဲ့တဲ့ ဧပြီလ(၁)ရက်နေ့ ကြားဖြတ်ရွေးကောက်မှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြန်ပါတယ်။ ယခုလည်းပဲ ကျမ်းကျိန်စာသားပြင်ပေးမှ လွှတ်တော်တက်နိုင်မယ်လို့ ဆိုခဲ့ပေမယ့် ယခုအခါ မပြင်ပေးပေမယ့်လည်း လွှတ်တော်တက်ဖို့ ဆုံးဖြတ်လိုက်ပြန်ပါတယ်။ ဒေါ်စုရဲ့ စိတ် အမျိုးမျိုးပြောင်းလဲနေမှု အပေါ် လိုက်မမှီ နားမလည်နိုင်ဘူး။ စိတ်ပျက်မိတယ်လို့ မကွေးက အမည်မဖော်လိုသူ NLD ပါတီဝင်တစ်ဦးက ရွှေမြန်မာ သတင်းထောက် တစ်ဦးကို ပြောပြခဲ့ပါတယ်။ မည်သို့ပင် ဖြစ်စေ ယခုလို အမှားကိုသိ အမြင်မှန်ရပြီး လွှတ်တော်တက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ဒေါ်စုရဲ့ ဆုံးဖြတ်ချက်အပေါ် ရွှေမြန်မာမှ ကြိုဆိုလိုက်ပါတယ်။
လွှတ်တော်ပြန်တက်မယ့် ဒေါ်စု
  by ရွှေမြန်မာ 
Unknown at 10:56 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လွှတ်တော်အစည်းအဝေး မေလ ၂ ရက်နေ့ ကို ရွှေ့ ဆိုင်း

Photo - Google Images
နေပြည်တော် ဧပြီ ၃၀
လာမည့် မေ ၂ ရက်တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်သီးသန့်အစည်းအဝေးများ ကျင်းပကောင်းကျင်းပနိုင်ကြောင်း ယနေ့ကျင်းပနေသော ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် အခမ်းအနားမှူးက တစ်နာရီဝန်းကျင်တွင် ကြားဖြတ်ကြေညာသွားသည်။ မေ ၂ ရက်တွင် အစည်းအဝေးများ ကျင်းပ၊ မကျင်းပနှင့်ပတ်သက် ၍ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှစ်ဦး သီးသန့် ဆွေးနွေးပြီးကြေညာမည်ဖြစ်ကြောင်းလည်း သတင်းရရှိသည်။

တတိယအကြိမ် ပုံမှန် လွှတ်တော်အစည်းအဝေးများမှာ မူလအစီအစဉ်အရ ယနေ့တွင် ပြီးဆုံးမည်ဖြစ်သည်။ သို့သော် ယနေ့နံနက်တွင် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်နှင့် အနိုင်ရရှိထားသော ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များမှ မေ ၂ ရက်တွင် လွှတ်တော်စတင်မည်ဟု ကြေညာခဲ့သည်။
ယင်းနောက် ယနေ့နေ့လည် ကျင်းပမည့် ပြည်သူ့လွှတ်တော် ပထမအကြိမ် တတိယပုံမှန်အစည်းဝေးကို မကျင်းပတော့ဘဲ မေလ ၂ ရက်တွင်မှ ကျင်းပရန် ရွှေ့ ဆိုင်းလိုက်ကြောင်း လွှတ်တော်အစည်းအဝေးတွင် တက်ရောက်သတင်းရယူနေသော 7Day News သတင်းထောက်က သတင်းပေးပို့သည်။

ယနေ့ကျင်းပမည့် အစည်းအဝေးအစီအစဉ်များအတိုင်း မေလ ၂ ရက်တွင် ပြန်လည်ကျင်းပမည်ဖြစ်သည်ဟု 7Day News - Facebook အင်တာနက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါသည်။ 

သစ်ထူးလွင်
Unknown at 10:49 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

“ သင့်ကိုယ်သင် အတိုင်းအဆမရှိအောင်မြင်နိုင်သူလို့မြင်ပါ ”





တစ်ခါက လင်းယုန်ဥတစ်ဥဟာ ကြက်ဥတွေနားမှာ သွားပြီးသားပေါက်ပါတယ်။ ဒီလိုနဲ့ ကြက်တွေလုပ်သလိုမျိုး အမှိုက်တွေ၊ မြေကြီးတွေကို ကုပ်ခြစ်ပြီး အစာရှာပါသတဲ့။ ကြက်တွေလိုလည်း တွန်ပါသေးတယ်တဲ့ဗျာ။ ပျံရင်လည်း ကြက်တွေလိုပဲ ပေအနည်းငယ်လောက်ပဲပျံပါတယ်။တစ်နေ့မှာတော့ ကောင်းကင်ကိုမော့ကြည့်ရင်း လှပခန့်ငြားစွာပျံသန်းနေတဲ့ လင်းယုန်တစ်ကောင်ကို မြင်သွားပါတယ်။ ဒါနဲ့ ကြက်မကြီးကို မေးလိုက်ပါတယ်။

“ ဟိုးကောင်းကင်မှာ လှလှပပ ပျံဝဲနေတာ ဘာငှက်လဲ ”

“ လင်းယုန်လေကွဲ့ သူတို့က အမြင့်ပျံငှက်တွေပေါ့ မင်းက ကြက်ကလေးတစ်ကောင်ပဲလေ သူတို့လိုမပျံနိုင်ပါဘူး ”



ကြက်မကြီးပြောတာကို သူဘယ်တော့မှသံသယဖြစ်မသွားပါဘူး။ သူဟာ ကြက်ကလေးတစ်ကောင်လို့ပဲ ယုံကြည်နေပါတယ်။ ဒီလိုနဲ့ ကြက်တွေလိုပဲနေထိုင်သွားလိုက်တာ သေဆုံးတဲ့အထိပါပဲ။

ဒီနေရာမှာ သူဟာ သူ့ရဲ့ ပင်ကိုအရည်အသွေးကို ပိတ်ပင်ထားတာပါ။ အကြောင်းကတော့ အမြင်ချို့တဲ့လို့ပါ။ သူ့ကိုယ်သူ လင်းယုန်တစ်ကောင်လိုပျံသန်းနိုင်တယ်လို့ မမြင်ထားပါဘူး။ သူ့ရဲ့အမြင်ကပဲ သူ့ရဲ့ဖြစ်နိုင်စွမ်းကိုပိတ်ပင်သွားတာပါ။

ကျွန်တော်တို့ဟာ ကိုယ်မြင်တာကိုပဲ အမြဲတမ်းရပါတယ်။ ကျွန်တော်တို့ရဲ့ အောင်မြင်နိုင်မှုစွမ်းအားကို အတိုင်းအဆမရှိ မြင်ထားရပါမယ်။ သို့မှသာ ကျွန်တော်တို့ရဲ့ ဖြစ်နိုင်စွမ်းတွေလမ်းပွင့်သွားမှာဖြစ်ပါတယ်။

ဒါကြောင့် သင့်ရဲ့ အောင်မြင်နိုင်မှုကိုလျှော့တွက်မထားပါနဲ့။ များများအောင်မြင်ဖို့အတွက် များများမြင်ရပါမယ်။ သင့်ကိုယ်သင် အတိုင်းအဆမရှိအောင်မြင်နိုင်သူလို့မြင်ပါ။

အောင်မျိုးခန့် (မော်ကျွန်း)
Unknown at 10:48 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မစ္စတာဘန်ကီမွန်း၏ ပြည်ထောင်စုလွှတ်တော် မိန့်ခွန်း ကောက်နှုတ်ချက် နှင့် ဓာတ်ပုံများ



ဒီကနေ့ ဧပြီလ (၃၀) ရက်နေ့ မနက်မှာ နေပြည်တော်ရောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး မစ္စတာ ဘန်ကီမွန်း မှ ဒေါ်အောင်ဆန်းစုကြည် မပါတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မိန့်ခွန်းပြောကြားခဲ့ပြီး ပြည်တွင်း မီဒီယာများသာမက ပြည်ပ မီဒီယာများကပါ တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့ပါတယ်။

ကုလသမ္မဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း မှ ပြည်ထောင်စုလွှတ်တော် မိန့်ခွင်းတွင် ယနေ့ မြန်မာနိုင်ငံ အနေဖြင့် အပြောင်းအလဲများစွာဖြင့် တရှိန်ထိုး တိုးတက်လျှက်ရှိကြောင်း ၊ ယနေ့ မြန်မာနိုင်ငံဟာ
သိသာထင်ရှား​တဲ့​ အ​ပြောင်း​အလဲ​တွေနဲ့​ မြန်မာဟာ ကမ္ဘာရဲ့​ စိတ်ဝင်စား​မှုကို သိမ်း​ကျုံး​ရယူ​နေပါကြောင်း၊ ၎င်းနိုင်ငံအနေနှင့် မြန်မာအစိုးရ၏ အနာဂတ်မြင့်​မား​စေဖို့​ ရည်မှန်း​ချက်ဆန္ဒ အရမ်း​ကို ပြင်း​ပြ​နေတယ်ဆိုတာ နာလည်းပါကြောင်း၊ နိုင်ငံ တကာ ကူညီရေးအဖွဲ့များအနေနဲ့ အရှိန်ကောင်းနေတဲ့ မြန်မာနိုင်ငံရဲ့ ပညာရေး၊ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးရေးအတွက် ကူညီမှုတွေ လာရောက်ဖို့ အချိန်ရောက်ပြီဖြစ်ကြောင်း၊ မြန်မာပြည်သူများအပေါ် စီးပွားပိတ်ဆို့ထားတဲ့ EU နဲ့ နိုင်ငံတကာ ပိတ်ဆို့မှုတွေ လည်း ရုတ်သိမ်းဖို့လိုအပ်ပြီဖြစ်ကြောင်း ၊ သမ္မတကြီး ဦးသိန်းစိန် အတွက် အလွန် ဂုဏ်ယူမိကြောင်း ပြောကြားခဲ့ပါတယ်။











မစ္စတာဘန်ကီမွန်း ​ဟာ ဧပြီ ၂၉ ရက်​နေ့​ကတည်း​က မြန်မာနိုင်ငံမှာ ၃ ရက်တာ ခရီး​ ​ရောက်ရှိ​နေတာဖြစ်ပြီး​ ​နေပြည်​တော်မှာ သမ္မတ ဦး​သိန်း​စိန်အပါအဝင် လွှတ်​တော် အကြီး​အကဲ​တွေနဲ့​လည်း​ ​တွေ့​ဆုံခဲ့​ပါတယ်။ မြန်မာနိုင်ငံမှာ နှစ်​ပေါင်း​ ၃၀ ​ကျော်အတွင်း​ ပြည်လုံး​ကျွတ် သန်း​ခေါင်စာရင်း​ ပြန်​ကောက်မယ့်​ အစီအစဉ်မှာ ကုလသမဂ္ဂက ​ငွေ​ကြေး​နဲ့​နည်း​ပညာပိုင်း​ဆိုင်ရာ အကူအညီ​ပေး​မယ့်​ သ​ဘောတူညီချက်တရပ် မစ္စတာဘန်ကီမွန်း​နဲ့​ ဒု-သမ္မတ စိုင်း​မောက်ခမ်း​တို့​ ​ရှေ့​မှောက်မှာ သ​ဘောတူ လက်မှတ်​ရေး​ထိုး​မှု​တွေ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

Myanmar Express
Unknown at 10:48 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကျမ်းလာမိန်းမတို့အကြောင်း




ချစ်သောသူငယ်ချင်းတွေအတွက် ကိုယ့်ချစ်သူ ကိုယ့်ရည်းစားကို ကျမ်းလာအဆိုအတိုင်းလေ့လာနိုင်ဖို့ တင်ပြပေးလိုက်ရပါတယ် ....
လောကီ ဣတ္ထိသျှတ္တရ အဆိုအရ မိန်းမအမျိုးအစားလေးမျိုးရှိသည်ဟု ဆို၏
(၁) ပဒုမ္မိနီ မိန်းမမျိုး- ခါးစည်း, ရင်ကျယ်, သေးသွယ်ချောမောသော လက်ချောင်းများ, အသားဖြူ, ကိုယ်ယနံ့ ကြာညိုကဲ့သို့မွှေး, ရသာချိုဧ သံသာမြည်ကြွေး, စက္က၀က်ငှက်မကဲ့သို့ သွားလာမှု ယဉ်ကျေးခြင်း လက္ခဏာများရှိ၏၊ ဆင်ကဲ့သို့ ကြည့်တတ်သည်ဟူ၏။
(၂) သင်္ခနီ မိန်းမမျိုး- အသားညိုညက်, ကိုယ်ယနံ့ကား ငရုပ်ပန်းနံ့ ပျံ့ပျံ့သင်းသင်းရှိ ၏, ရသာချဉ်၏၊ ဟင်္သာမကဲ့သို့ သွားလာ၏၊ လက်ချောင်းကြီး၏၊ မျက်နှာထူ လည်ကုတ်တို ရင်ကြားစေ့ , ဆံပင်နီ ရှိတတ်သည်၊ ကျားကဲ့သို့ ကြည့်တတ်သည် ဟူ၏၊၊

(၃) စိတြနီ မိန်းမမျိုး- ၀ါရွှေဝင်းသော အသားရောင်ရှိ၏၊၊ ကိုယ်ယနံ့ကား ကျင်ငယ်နံ့ ကဲ့သို့ရှိ၏၊ ရသာဖန်ဖန်ရှိ၏၊ ဒိန်ညင်း ငှက်ကဲ့သို့သွားလာတတ်၏၊ ကျီးကန်းကဲ့သို့ ကြည့်တတ်၏၊ ရင်ကုန်း တင်ကျယ်၏, ချက်နက်, ဖမိုးမွေး လက်မွေးရှည်, လက်သည်းအိမ်တို ၍ ဒူးဆစ်အောက်ပိုင်း တိုတတ်သည်၊ ဆန်းကျယ်စွာ ပြင်ဆင်ဝတ်စားတတ်သည် ဟူ၏၊၊
(၄) ဟတ္ထိနီ မိန်းမမျိုး- အသားနီ ပန်းရောင် ကိုယ်ယနံ့ ညှိဟောင်ဟောင်အရသာ စပ်ရှားရှား ဆင်ကဲ့သို့သွားခြင်းများ, ယင်ကောင်ကဲ့သို့ ကြည့်ခြင်းအလားရှိ၏၊ ၀မ်းပြင်း ပိုက်ကျယ် သားမြတ်ရှည်တွဲ၍ ခေါင်းသီးကြီး၏ ဆံကောက်၍ မေးရိုးကြီးကြီးရှိတတ်သည် ဟူ၏၊၊
ပဉ္စင်္ဂုတ္တ ဖော်ပြချက်တွင်မူ မိန်းမတို့ဖြစ်လေ့ရှိသော အကျိုးအပြစ် (၉) ပါးမှာ
(၁) အ သစိ-မစင်ကြယ်ခြင်း၊
(၂) ဒု ဂန္ဇ-မကောင်းသော အနံ့ရှိခြင်း၊
(၃) သဘီရူ- အအိပ်ကြီးခြင်း၊
(၄) သ ပဋိဘယ-ကြောက်လန့်တတ်ခြင်း၊
(၅) ကောဓန-အမျက်ထွက်လွယ်ခြင်း
(၆) ဥပနာဟ-ရန်ငြိုးဖွဲ့ တတ်ခြင်း၊
(၇) ဃောရ၀ိသ- ရာဂထူထပ်ခြင်း၊
(၈) ဒုဇိဝှ-လျှာနှစ်ခွရှိခြင်း၊
(၉) မိတ္တဒုဗ္ဘိ-မိတ်ပျက်လွယ်တတ်ခြင်း။       ဟူ၍ဖြစ်၏
သဠာယတန သံယုတ် တွင်ပါသော မာတုဂါမ မိန်းမသားတို့ မန်ဝင့်ထည်ရသော အကြောင်း ငါးပါး
(၁) ရူပဗလ-အဆင်းအသွင် လှခြင်း၊
(၂) ဘောဂဗလ-ပစ္စည်းဥစ္စာ ပေါများခြင်း၊
(၃) ဥာတိဗလ-ဆွေမျိုးတောင့်ခြင်း၊
(၄) ပုတ္တဗလ-သားရတနာရှိခြင်း၊
(၅) သီလဗလ-ကိုယ်ကျင့်သီလရှိခြင်း။ ဟူ၍ဖြစ်၏
မိန်းမသားတို့မာယာငယ် ၈ ပါး (ကျမ်းလာအဆိုတွင်မူ အပါးလေးဆယ်ရှိသည်ဟုဆိုလတ္တံ့)
(၁) သိတံ- ချိုပြုံးသော မျက်နှာပေး၊
(၂) ဟာသ-ညှင်းညှင်း သာသာ ရယ်သံ၊
(၃) ဘယ- ကြောက်လန့်ထိတ်ဟန်ပြု၊
(၄) လဇ္ဇ-ရှက်ဟန် အသွင်ပြု၊
(၅)မန္ဓ၀ါစာ-မကြားတကြား ပြောသောစကားသံ၊
(၆) အဒေက္ခဏာ-မျက်နက်ထောင့်ကပ်၍ ကြည့်ခြင်းမျိုး၊
(၇) ရုဒ-ကျူကျူ ကြာကြာ ရှိုက်သံ၊ ငိုသံပေးခြင်း
(၈) ဤသံကလဟ-စကားပြန်ရရန် မခံချင်စရာကို စိတ်မဆိုးအောင် ဆွပေး ပြောဆိုခြင်း
လောကနီတိအဖွင့်အရ မိန်းမသားတို့ပျက်စီးရခြင်းအကြောင်း (၉) ပါးရှိပေထသည်
(၁) မိမိတယောက်တည်း လှည့်လည် သွားလာ နေထိုင်ခြင်း၊
(၂) လင်ကိုပစ်ထား မိဘနေအိမ်သွား၍ များစွာနေတတ်ခြင်း၊
(၃) လူများစွာ စည်းဝေးသော အရပ်သို့ သွားလာ ထွက်ဝင်တတ်ခြင်း၊
(၄) ပွဲလမ်းသဘင် အပျော်အရွှင် လိုက်စားတတ်ခြင်း၊
(၅) ယောက်ျား ပုဂ္ဂိုလ်တို့နှင့် ပူးကပ်ရောဝင်စွာ နေတတ်ခြင်း၊
(၆) အမြဲပြုဘွယ် အလုပ်အကိုင်မရှိ ပျင်းရိနေခြင်း၊
(၇) လင်ယောက်ျား အိုမင်း၍ ကာမမှု၌ မစွမ်းနိုင်ခြင်း၊
(၈) လင်ယောက်ျားနှင့် ၃-၄ လ ကင်း၍ နေခြင်း၊
(၉) ၀တ်စားဘွယ်ရာ ဥစ္စာချို့တဲ့ခြင်း။
ဟိတောပဒေသကျမ်းမှ မိန်းမသားတို့ဖောက်ပြန်ရသောအကြောင်း (၁၃) ပါး
(၁) သ ပဋ္ဌာန- ကိစ္စတိုင်း၌ ကိုယ်တိုင် စိုးမိုးလုပ်ကိုင်အာဏာပိုင် ပြဋ္ဌာန်းမှု ရနေခြင်း၊
(၂) ပိတု မန္ဒိရ နိဝသန- အဘနှင့်သာ ကြာမြင့်စွာ အုပ်ထိန်းခံ၍ နေရခြင်း၊
(၃) ယာတြောဿဝ အင်္ဂတိ- အထူးစီစဉ်သော ပျော်ပွဲသဘင်တို့၌ ပါဝင်ဆင်နွှဲခြင်း၊
(၄) ပုရိသ သနိဓိဂေါဋ္ဌီ- ယောက်ျားတို့နှင့် ၀ိုင်းဖွဲ့ရယ်မော တသောသော နေထိုင်ခြင်း၊
(၅) အ နိယမ၀ါသ- အိမ်တကာ လျှောက်လည်၍ နေခြင်း၊
(၆) ၀ိဒေသ၀ါသ- တမြို့တရွာ တနယ် တရပ်သို့ အမြဲမတည် တယောက်တည်း လှည့်လည်နေထိုင်ခြင်း၊
(၇) သ ကုလဋ သံသဂ္ဂ- လော်လီ သောသွမ်းသော မိန်းမရမ်းတို့နှင့် အတူ ပေါင်းသင်း နေထိုင်ခြင်း၊
(၈) နိဇာယ ၀ုတ္တိ ဗျသန- သက်မွေးဝမ်းကျောင်း ကောင်းသောလုပ်ငန်း၏ မကြာခဏ ပျက်စီးဆုတ်ယုတ်ခြင်း၊
(၉) ပတိ ၀ုဒ္ဓက- လင်ယောက်ျား၏ သက်ကြီးရွင်းယို အရွယ်အိုခြင်း၊
(၁၀) ဣဿိတ- လင်ဖြစ်သူက အချောင်မယား အမြှောင်ထား၍ ပျော်ပါးကာနေခြင်း၊
(၁၁) ပ၀ါသန-လင်ယောက်ျားနှင့် ကွေကွင်းကွဲကွာ ကြာမြင့်စွာ နေရခြင်း၊
(၁၂) ပါန- သေအရက်သောက်ခြင်း၊
(၁၃) သုပ္ပ- ယောက်ျားတပါးနှင့် ပျော်ပါး ပေါင်းဖက်ရသည်ဟု အိပ်မက်ခါ လွန်မင်းစွာ အိပ်ခြင်း။
  ဣတ္ထိသျှတြကျမ်းမှ မိန်းမမြတ် ကျင့်ဝတ် ၅ပါး
(၁) လုပ်ငန်းကိစ္စ ရပ်တို့၌ လင်နှင့်တိုင်ပင်ကာ စိတ်သဘော တူညီမှု ယူ၍ ပြုလုပ်ခြင်း။
(၂) လင်အိပ်မှ အိပ်ရခြင်း၊ အိပ်ရာဝင်နင်းနှိပ်ပေးရခြင်း၊
(၃) လင်မထမီ ထရခြင်း ၊
(၄)လင်မြတ်နိုး နှစ်သက်မူတိုကို လိုက်နာပြုမူ ကျင့်ကြံရခြင်း ၊
(၅) လင်နှင့်ပြောဆိုရာ၌ ပြုံးချိုသောမျက်နှာ သာယာသောအသံများ အမြဲထားရှိရခြင်း။
အမတ သာဂရ ဘေသဇ္ဇကျမ်းမှ မိန်းမဒွါရ (၁၃) ပေါက်
(က) မျက်စိ ၂ပေါက်၊
(ခ) နား ၂-ပေါက်၊
(ဂ) နှာခေါင်း ၂-ပေါက်၊
(ဃ) နို့သားမြတ် ၂-ပေါက်၊
(င) ကျင်ငယ်ပေါက်၊
(စ) ကျင်ကြီးပေါက် ၊
(ဆ) ငယ်ထိပ် ပေါက်၊
(ဇ) သားအိမ်တိုက်ခန်းပေါက်၊
(ဈ) ပါးစပ်ပေါက်၊ ပေါင်း ၁၃-ပေါက်
  lu bo
Unknown at 10:44 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဘန်ကီမွန် ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်းပြောကြား



ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန် ပြည်ထောင်စုလွှတ်တော်၌ ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် မိန့်ခွန်းပြောကြားစဉ် (Photo: AFP)

အဖွဲ့အစည်းများကြားတွင် မတူကွဲပြားမှုများ ရှိကြသည်ဆိုသည်မှာ ထူးဆန်းသည့် ကိစ္စမဟုတ်ကြောင်း ထိုသို့ မတူကွဲကွဲပြားမှုများသည် ကြီးမားနိုင်သလို အသေးအမွှားလည်း ဖြစ်နိုင်ကြောင်း ၊ ယခု ကျမ်းသစ္စာကျိမ်ဆိုမှုနှင့် ပတ်သက်သည့် ကိစ္စနှင့်တူကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဘန်ကီမွန်က ယနေ့ လွှတ်တော်၌ မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်ဟု Eleven Media Group - Facebook အင်တာနက်စာမျက်နှာတွင်ရေးသားဖော်ပြထားသည်။

သစ်ထူးလွင်
Unknown at 10:32 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရုပ်ရှင်အစည်းအရုံး ဥက္ကဌကို ရုပ်ရှင်လောကသားများ အသိအမှတ်မပြု


လူပျက် ဇာဂနာ၊ ဒါရိုက်တာ ဝိုင်း နဲ့ NLD မင်းသား မင်းသမီးတွေ ဦးဆောင်ရွေးချယ်ခဲ့တဲ့ ရုပ်သေး ဥက္ကဌ ဦးဇင်ဝိုင်းကို ရုပ်ရှင်လောက သား များက အသိအမှတ်မပြု မလေးစားကြဘူးလို့ သတင်းရရှိပါတယ်။ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းမှ သရုပ်ဆောင် သင်ဇာဝင့်ကျော်၏ ဝတ်စား ဆင်ယင်မှုနှင့် အနေအထိုင် ဆင်ခြင် ထိန်းသိမ်းရန် ခေါ်ယူ သတိပေးဖွယ် ရှိကြောင်း ဦးဇင်ဝိုင်းမှ ပြည်တွင်း မီဒီယာ True News သို့ ပြောကြား သွားကြောင်း သတင်းများ ထွက်လာပြီးနောက် သရုပ်ဆောင် သင်ဇာဝင့်ကျော်အား ရုပ်ရှင် ရိုက်ကူးခွင့် ပိတ်ပင်တော့မည့် သတင်းများ ထွက်ပေါ်လာခဲ့ပေမယ့် လတ်တလောတွင် သင်ဇာဝင့်ကျော် မှာ ပြင်ဦးလွင်၌ ဇာတ်ကားများ ရိုက်ကူးလျက် ရှိကြောင်း သတင်းရရှိပါတယ်။

ဦးဇင်ဝိုင်း မှ မြန်မာ့ ရုပ်ရှင်အစည်း အရုံး ဥက္ကဌ တာဝန်ကို လက်ခံယူပြီးသည့်အချိန်မှ စ၍ မိဘနှင့် သားသမီး အတူ မကြည့် သင့်သည့် ဇတ်လမ်းများ၊ သီချင်းများနဲ့ အဖော်အချွတ် ဇတ်လမ်း ဓာတ်ပုံ အများအပြား ထွက်ပေါ်လျှက် ရှိကြောင်း သိရပြီး ယဉ်ကျေးမှု ထိန်းသိမ်းလိုသော မြန်မာပြည်သူ အများစုက ယခင် ဆင်ဆာ အဖွဲ့နှင့် အရုပ်ရှင်အစည်းအရုံးကိုသာ ပြန်လည် အသက်သွင်းလိုကြကြောင်း သတင်းရရှိပါတယ်။


Unknown at 10:31 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပညာရေးဒဿန -လစ်ဘရယ်ဒီမိုကရေစီ



ဂျွန်ရောလ် (John Rawls) ဟာ နှစ်ဆယ်ရာစု နိုင်ငံရေးဒဿနပညာရှင်တစ်ဦးပါပဲ။ ၁၉၇၁မှာ သူ့ရဲ့ ‘Theory of Justice’ စာအုပ်ကို ထုတ်ဝေတယ်။ ဒဿနပညာနဲ့ ပတ်သတ်လို့ အင်္ဂလိပ် အမေရိကန်တင်မကတော့ပဲ၊ ဥရောပတိုက်ကိုပါ နှိုးဆွလိုက်တယ်။
သူရဲ့ ဒဿနအမြင်ကို သဘောမတူတဲ့ ပညာရှင်တွေလည်း ရှိတယ်။ ဥပမာ သူ့လို ထင်ရှားတဲ့ ဒဿနပညာရှင်တွေထဲက ဆိုရရင် ရောဘတ်နော့ဇစ်နဲ့  မတ်အိုင်တိုင်းယာတို့ဟာ သူ့အမြင်ကို ဝေဖန်ကြပါတယ်။
ရောလ်ကလည်း နောက်ပိုင်း ၁၉၉၃ ခုနှစ်မှာ သူ့အမြင်ကို ပြန်လည်ခုခံကာကွယ်တဲ့ အနေနဲ့ နောက်ထပ်တစ်အုပ် ရေးသားထုတ်ဝေတယ်။                                              
ရောလ်ရဲ့ အရေးအသားတွေထဲမှာ ကျွန်တော်တို့ ထင်ထင်ရှားရှားတွေ့နိုင်တာက လစ်ဘရယ်ဒီမိုကရေစီကို ဘယ်လို အင်အားတောင့်တင်းခိုင်မာအောင် ကြိုးစားမလဲဆိုတဲ့ အပိုင်းပါပဲ။ ဒီအပိုင်းကို ရှင်းပြတဲ့အခါမှာ ရောလ်ဟာ ပညာရေးရဲ့ အခန်းကဏ္ဍကို အတော်ကလေးအားကိုးခဲ့တာကို တွေ့ရမယ်။
ရောလ်က လစ်ဘရယ်ဒီမိုကရေစီမှာ နိုင်ငံရေး လွတ်လပ်မှုနဲ့ ညီမျှမှုတန်ဖိုးစံတွေကို ဌာပနာတည်ထားရမယ်၊ အကျိုးအမြတ်မတူတဲ့ အုပ်စုအမျိုးမျိုးကို စောင့်ရှောက်နိုင်ရမယ်လို့ တောင်းဆိုတယ်။ အကျိုးအမြတ်မတူတဲ့ အုပ်စုတွေမှာ ကောင်းမွန်တဲ့ ဘ၀နဲ့ ပတ်သတ်လို့ သူတို့ရဲ့ ကိုယ်ပိုင်သိမှုနဲ့ အတူသူတို့ရှိနေတာကြောင့် အုပ်စုမျိုးစုံကို လစ်ဘရယ်တန်ဖိုး စံတွေနဲ့အညီ စောင့်ရှောက်ရမယ်လို့ယူတာပါ။
အုပ်စုကလေးတွေအထိ လစ်ဘရယ်တန်ဖိုးစံကို လျော့ချလိုက်တာကြောင့် ရောလ်ရဲ့ အတွေးအခေါ်ဟာ လစ်ဘရယ်ဒီမိုက ရေစီအကျိုးအမြတ်တွေကို အသေးငယ်ဆုံးအစိတ်အပိုင်းအထိရောက်စေတဲ့ အမြင်ရယ်လို့ဆိုကြတယ်။ အုပ်စုကလေးတွေ အထိ လစ်ဘရယ်ရဲ့ အဓိကအတွေးအခေါ်ဖြစ်တဲ့ ကိုယ့်ကိုယ်ကိုယ်ပိုင်စိုးမှုနဲ့  တသီးပုဂ္ဂလသဘာဝကို ပေးအပ်နိုင်ရမယ်။ ဒီလိုပေးအပ်ဖို့ရာ ပညာရေးအဆောက်အအုံအတွင်း ဘယ်လိုတည်ဆောက်ရမယ်ဆိုတဲ့ အပိုင်းကိုလည်း ရောလ်ရဲ့ အတွေးအခေါ်မှာ တွေ့ရမှာ ဖြစ်တယ်။                                                                                                                           
လစ်ဘရယ် လူ့အဖွဲ့အစည်းအတွက် ပညာရေးရဲ့ အပိုင်းကို ရောလ်က “ကလေးငယ်တွေရဲ့ ပညာရေးမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ နိုင်ငံသားတွေရဲ့ အခွင့်အရေးကို ထည့်ဝင်ထားရမယ်။ ဒါမှ လူအဖွဲ့အစည်းအတွင်းမှာ လွတ်လပ်မှုကို မြတ်နိုးတဲ့ သိမှုတွေ ကိန်းအောင်နေတယ်ဆိုတာကို ကလေးငယ်တွေ သဘောပေါက်နားလည်လာမယ်။ ကလေးငယ်တွေဟာ သူတို့ရဲ့ အကျိုးအမြတ် အုပ်စုထဲမှာ သူတို့ ဆက်လက်ဖြတ်သန်းနေပေမယ့်  သူတို့ရဲ့ အခြေခံအခွင့်အရေးတွေကို လစ်လျူရှုတဲ့ စိတ်နဲ့ ဖြတ်သန်းနေတာမျိုး ဖြစ်မလာတော့ဘူး” လို့ဆိုတယ်။                                               
ရောလ်ရဲ့ အမြင်မှာ ပညာရေးရဲ့ အခန်းဂဏ္ဍဟာ လစ်ဘရယ်ဒီမိုကရေစီ၊ လူ့အခွင့်အရေးတွေနဲ့ နက်နက်ရှိုင်းရှိုင်း အမြတ်တွယ်နေတာကိုတွေ့ရမယ်။ ပညာရေးပညာရှင်တွေကို နိုင်ငံရေးလူ့အဖွဲ့အစည်းမှာ ကွဲပြားခြားနားမှုတွေ ရှိနေတယ်၊ ပညရေးပေါ်လစီတွေကို ရေးဆွဲရာမှာ ကွဲပြားခြားနားမှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်အောင်ကြိုးစားနိုင်ရမယ်လို့ ဖိအားပေးတယ်။
ပညာရေးမှာ အဓိကကိုင်တွယ်ဆွေးနွေးရမယ့်အရာတွေကလည်း ကိုယ့်ကိုယ်ကို ပိုင်စိုးမှု၊ နိုင်ငံသား ပညာရေး၊ လူ့အဖွဲ့အစည်း အသင်းအပင်းနဲ့ ပါဝင်လုပ်ကိုင်ဆောင်ရွက်နိုင်ရေး ၊ ဗဟုယဉ်ကျေးမှုဝါဒ ၊ လူအများကောင်းစားရေးတွေဖြစ်တယ်လို့ ထုတ်ဖော်ပြသနေတယ်။                                                                                    
နိုင်ငံရေးလွတ်လပ်ခွင့် ကို ပြုစုပျိုးထောင်ဖို့ပြောတဲ့ နေရာမှာလည်း နိုင်ငံရေးလွတ်လပ်ခွင့်ရဲ့ အကျိုးကျေးဇူးက လူတွေကို ဆင်ခြင်တုံတရားနဲ့ ဆောင်ရွက်လာဖို့၊ သူတိုရဲ့ ရွေးချယ်မှုတွေကို သူတို့ လေးစားဖို့၊ အပြန်အလှန်တာဝန်ယူ နိုင်ဖို့ လုပ်ပေးနိုင်ရမယ်လို့ ဖွင့်ဆိုတယ်။
ကလေးတွေနဲ့ ပတ်သတ်လို့ အထူးသတိပေးထားတဲ့ ပြဿနာတစ်ခုက ကလေးတွေဟာ လူကြီးတွေ ပိုင်ဆိုင်တဲ့ ပစ္စည်းတစ်ခုအဖြစ် မသတ်မှတ်ကြဖို့ပဲ။ လူကြီးတွေဟာ သူတို့သားသမီးတွေကို သူတို့ပိုင်ပစ္စည်းအဖြစ် သဘောထားပြီး နေရာတကာ ၀င်ရောက်စွက်ဖက်ဖို့ ကြိုးစားနေတာ၊ အဲဒီလို စွက်ဖက်နိုင်တဲ့ ပညာရေးမျိုး ပေးထားတာဟာ လစ်ဘရယ်ဆိုတာနဲ့ ဆန့်ကျင်သွေဖယ်နေတယ်လို့ ဆိုတယ်။                                                           
ကလေးငယ်တွေရဲ့ ကိုယ်ကိုယ်ကို ပိုင်စိုးမှုကို အတွက် သူတို့ဟာ ရွေးချယ်မှုတွေကို သူတို့ကိုယ်တိုင်ရွေးချယ်ရင်း၊ တာဝန်ယူမှုတွေဖြစ်ပေါ်လာအောင်လုပ်ပေးရမယ်။ အစဉ်းအလာပုံစံမှာ မိဘတွေက ကလေးငယ်တွေအတွက် တာဝန်ယူရင် ရွေးချယ်မှုတွေကို ကလေးငယ်ကိုယ်စားလုပ်ကိုင်ပေးတတ်ကြတယ်။ ဒါဟာကိုယ့်ကိုယ်ကိုယ် ပိုင်စိုးမှု ပျောက်ဆုံး နေတဲ့ သဘောပဲ။
လစ်ဘရယ်ဒီမိုကရေစီ လူ့အဖွဲ့အစည်းလို့ ကိုယ့်ကိုယ်ကိုယ် ခံယူကြတော့မယ်ဆိုရင် လူ့အဖွဲ့အစည်းဝင်လူသားတွေရဲ့ တာဝန်က ကိုယ့်ကိုယ်ကိုယ် ပိုင်စိုးမှုကို အနှောင့်အယှက်ပေးမယ့်အရာတွေကို ဖယ်ရှားပစ်ဖို့ပဲ ။ ဒီအတွေးအခေါ်ကို ဖော်ပြတဲ့ နေရာမှာ ရောလ်က ဆက်လက်ပြီး ကိုယ့်ကိုယ်ကိုယ်ပိုင်စိုးမှုရှိတဲ့ အခြေအနေတစ်ရပ်ဖြစ်ပေါ်လာဖို့အတွက်  နိုင်ငံသားအခွင့်အရေးကို အပြည့်အ၀ရရှိနေဖို့ အရေးကြီးတဲ့ ဆိုတဲ့ အယူအဆနဲ့ ဆက်ပြီး ဒေါက်ထောက်ထားတာကိုတွေ့ရမယ်။ သူက ပညာရေးရဲ့ နောက်ထပ်မပြီးပြတ်သေးတဲ့ တာဝန်အဖြစ်နဲ့-
“ဒါ့အပြင် ပညာရေးက လူသားတွေကို သူတို့ရဲ့ လူ့အဖွဲ့အစည်းအဖွဲ့ဝင်တွေ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်တတ်ဖို့အတွက် ပြင်ဆင်ပေးရမယ်။ သူတို့တွေအချင်းချင်း အကူအညီအထောက်အပံ့ပေးနိုင်အောင်လုပ်ပေးရမယ်။ ဒီလိုလုပ် ပေးနိုင်ဖို့ နိုင်ငံရေး ကောင်းမြတ်မှုတရားတွေကို ပေးအပ်ရမယ်။ တကယ်လို့ သူတို့ဟာ လူ့အဖွဲ့အစည်းနဲ့ လူမှုရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်တာဟာ မျှတတဲ့ လုပ်ဆောင်ဖြစ်ပြီး ဂုဏ်ယူစရာဖြစ်တယ်ဆိုတဲ့ နိုင်ငံရေးဆိုင်ရာ ကောင်းမြတ်မှုတရားကို ပညာရေးက ပေးအပ်ထားနိုင်ရမယ်” လို့ ဆိုတယ်။                             
အထက်ပါအရေးအသားကို ဖော်ပြပြီးတဲ့ အခါရောလ်ဆက်လက်ဖော်ပြတာက ကလေးငယ်တွေဟာ လစ်ဘရယ် လူ့အဖွဲ့အစည်းအတွင်း သူတို့ရဲ့ အခွင့်အရေးကို သူတို့ သိအောင်လုပ်ပေးရုံတင်မကဘူး၊ ပညာရေး လစ်ဘရယ်တရားတွေ အပြည့်အ၀ဖွံ့ဖြိုးလာအောင် လုပ်ရမယ်။
ဒါပေမယ့် ရောလ်ထက် လစ်ဘရယ်ပိုဆန်သူ ပညာရှင်တစ်ချို့တော့ ရောလ်အနေနဲ့ ပညာရေးမှာ လစ်ဘရယ်တရားတွေ ဖွံ့ဖြိုးအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့ အပိုင်းကို မဆွေးနွေးခဲ့တာကို အားမရကြဘူး။ သူတို့က ရောလ်ပြောတဲ့ လစ်ဘရယ်တရားတွေ ဖွံ့ဖြိုးအောင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ အပိုင်းဟာ မသေချာမရေရာဖြစ်နေတယ်လို့ မြင်တယ်။
နိုင်ငံရေးဆိုင်ရာ လစ်ဘရယ်ဝါဒအနေနဲ့ နောက်ထပ်လုပ်ရမယ့် အရာတစ်ခုက တိုင်းရေးပြည်ရေးမှန်သမျှဟာ လစ်ဘရယ် ဒီမိုကရေစီ ဖြစ်နေဖို့ အခြေခံ ကောက်ကြောင်းတွေ ရှာဖွေဖော်ထုတ်ပေးရတာပဲလို့လည်း ဆိုကြတယ်။ နောက် အရည်အသွေးပြည့်ဝတဲ့ နိုင်ငံသားတွေကြား အပြန်အလှန် ဆက်ဆံမှုကိုလည်း တည်ဆောက်ပေးနိုင်ရမယ်။ ဒါကို ပညာရေးက အပြည့်အ၀မဟုတ်ရင်တောင်မှာ ကြီးကြီးမားမား ဖြည့်ဆည်းပေးရမှာ ဖြစ်တယ်။
ရောလ်နဲ့ သူ့နောက်လိုက်တွေ ကလည်း  လစ်ဘရယ်ဒီမိုကရေစီကို ယုံကြည်သက်ဝင်တဲ့ ဘယ်လို လူ့အဖွဲ့အစည်းမျိုးမဆို လစ်ဘရယ်တန်ဖိုးစံကို ကလေးငယ်ကနေ လူကြီးဘ၀အထိ တောက်လျောက်ဖြည့်ဆည်းပေးနေမယ့် ပညာရေးပေါ်လစီမျိုး ရှိနေသင့်တယ်လို့ ဆိုတယ်။
ကလေးငယ်ကနေ လူကြီး (၀ါ) ကလေးရဲ့ အနာဂတ်ကာလအထိ ရေးရမယ့် ပညာရေးပေါ်လစီဟာ လက်တွေ့ဆန်တဲ့ အရှိတရားပေါ် အခြေခံရမယ်။ လက်တွေ့ကြတဲ့ တနည်းအာဖြင့် အခွင့်အရေးအပေါ် အခြေခံတဲ့ ပေါ်လစီမျိုးဖြစ်ရမယ်။
ဒီလို ပေါ်လစီကသာ ပညာရေးမှာ ပါဝင်တဲ့ လူအများစုကို လစ်ဘရယ်တန်ဖိုးစံတွေရရှိလာအောင် လုပ်ပေးနိုင်မှာဖြစ်တယ်။ ရောလ်ရဲ့ အမြင်ပါ အခွင့်အရေးဆိုတာ ရွေးချယ်နိုင်မှုနဲ့ကိုယ်ကိုယ်ကိုယ်ပိုင်စိုးမှုကိုသာ အခြေခံ ပြီး အလုပ်အကိုင်အခွင့်အလမ်းရရှိအောင် လုပ်ပေးမယ် အခွင့်အရေးအမျိုးမဟုတ်ဘူး။
ပညာရေးဟာ အလုပ်အကိုင် အခွင့်အလမ်းနောက်ကိုသာ လုပ်နေမယ်ဆိုရင် လစ်ဘရယ်ဝါဒကနေ သွေဖယ်ကောင်း သွေဖယ်သွားနိုင်တယ်။ ပညာရေးမှာ ထည့်ဝင်ရမယ့် စာပေနဲ့ ပတ်သတ်ပြီးရောလ်က လစ်ဘရယ်ဝါဒကို ပိုမိုကြေလည်သဘောပေါက်တဲ့ စာမျိုးသာမက လစ်ဘရယ်တန်ဖိုးစံတွေကို ချဲ့ထွင်နိုင်တဲ ပိုမိုကျယ်ပြန့်တဲ့ ပညာရေးအမြင်တွေဆီကို ဦးတည်နိုင်မယ့် စာပေးမျိုးတွေ ထည့်ဝင်ဖို့ အရေးကြီတယ်လို့ မြင်တယ်။
မင်းခက်ရဲ
Unknown at 10:19 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဘန်ကောက် ဘီဘီစီရုံးရှေ့တွင် မြန်မာများ ဆန္ဒပြ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ ဘီဘီစီ ရုံးရှေ့တွင် မြန်မာနိုင်ငံသား ၅၀၀ နီးပါးခန့်က ဧပြီလ ၂၉ ရက် တနင်္ဂနွေနေ့က သွားရောက် ဆန္ဒပြခဲ့ကြသည်။



ဆန္ဒပြရသည့် အကြောင်းအရင်းမှာ ရခိုင်ပြည်နယ် မြေပုံနေရာတွင် ရခိုင်လူမျိုးများ၏ ဓါတ်ပုံကို မဖေါ်ပြဘဲ ဘင်္ဂလာဒေခ်ျ့မှ အခြေချ ၀င်ရောက်နေထိုင်သူ ဘင်္ဂလီများ ဓါတ်ပုံကို ရိုဟင်ဂျာ အမည်ဖြင့် ဖေါ်ပြခဲ့၍ ဖြစ်ကြောင်း ဦးဆောင်သူ တစ်ဦးဖြစ်သူ ကိုအန်းမောင်က ပြောသည်။

" ဆန္ဒပြရတဲ့ အဓိကအကြောင်းရင်းက ဘီဘီစီ အာရှ ပစိဖိတ်ဌာနက အကြီးတန်း သတင်းထောက် အန်နာဂျုံး Anna Jone ကနေ မြန်မာနိုင်ငံက ရခိုင်ပြည်နယ် မြေပုံမှာ ဘင်္ဂလား ဒေ့ခ်ျဘက်က မတရား ခိုးပြီး ၀င်လာကြတဲ့ ဘင်္ဂလီ လူမျိုး တွေရဲ့ပုံကို ရိုဟင်ဂျာ အမည်နဲ့ ဖေါ်ပြခဲ့တယ်။ ဒါကို မကျေနပ်တဲ့ အတွက် နိုင်ငံ အသီးသီးမှာ ဘီဘီစီက အန်နာဂျုံးကို မြန်မာပြည်သူတွေကို ၀န်ချ တောင်းပန်ရမယ်ဆိုပြီး ဆန္ဒပြ တောင်းဆိုကြတယ်။ ဒါပေမဲ့ အန်နာဂျုံး အနေနဲ့ မြန်မာပြည်သူကို အခုအချိန်ထိ ၀န်ချတောင်းပန်မှု မရှိသေးသလို ဘီဘီစီကလည်း တရားဝင် ဖြေရှင်းချက် မထုတ်ပြန်ပေးသေးဘူး။ အဲဒါကြောင့် သူမအနေနဲ့ မြန်မာပြည်သူတွေကို ၀န်ချ တောင်းပန်ဖို့နဲ့ ဘီဘီစီက တရားဝင် ဖြေရှင်း ပေးဖို့ ခုလို တောင်းဆို ဆန္ဒပြရတာဖြစ်ပါတယ်" ဟုပြော သည်။

ဆန္ဒပြရာအထဲတွင် ရခိုင်လူမျိုးမှာ အများဆုံး ဖြစ်ပြီး တစ်ခြား ရခိုင်လူမျိုးများ၏ မိတ်ဆွေများ ဖြစ်ကြသည့် ဗမာ၊ မွန်၊ ကရင်စသည့် လူမျိုးများလည်း ပူးပေါင်းပါဝင်ခဲ့ကြဟု ဆိုသည်။

" လူပေါင်း ၅၀၀ ခန့် ပူးပေါင်း ပါဝင် ဆန္ဒပြခဲ့ကြပါတယ်။ ထိုင်းရဲက တစ်နာရီ ခွင့်ပြုပါတယ်။ ရခိုင်တွေက အများဆုံး ဖြစ်ပေမယ့် တစ်ခြား တိုင်းရင်းသားတွေ ဖြစ်ကြတဲ့ ဗမာ၊ မွန်၊ ကရင် လူမျိုးတွေလည်း ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်" ဟု သူက ဆက်ပြောသည်။

ဆန္ဒပြပွဲ ပြုလုပ်သည့်နေ့မှာ ဘီဘီစီ ရုံးပိတ်ရက်နှင့် တိုက်ဆိုင်နေ၍ တုန့်ပြန်မူ တစ်စုံတစ်ရာ မရရှိခဲ့သဖြင့် အားမလို အားမရ ဖြစ်ခဲ့ကြရသည်ဟု ဆန္ဒပြရာတွင် ပါဝင်သူ ဦးဌေးဝင်းက ပြောသည်။

" ဒီနေ့က ဘီဘီစီ ရုံးပိတ်ရက် ဖြစ်တဲ့ အတွက် ရုံးထဲကို စာသွားပေးလို့ မရခဲ့ဘူး။ ဒါပေမယ့် ဘီဘီစီက ၀န်ထမ်း တစ်ဦးဆင်းလာပြီးတော့ စာကို ယူသွားပါတယ်။ သူအနေနဲ့ အထက်ကို တင်ပြပေးမယ်လို့ ပြောသွားပါတယ်။ တစ်ခြား ထိုင်းသတင်းထောက်တွေတော့ သတင်း လာယူပါတယ်။ ဒါပေမယ့် မြန်မာ သတင်းဌာနကြီးတွေကတော့ ဘယ်သူမှ သတင်း လာယူတာကို မတွေ့ရပါဘူး။ ဒီအပေါ်မှာတော့ အားမလို အားမရ ဖြစ်မိပါတယ်" ဟု သူက ပြောသည်။

သို့သော်လည်း ယခု ဆန္ဒပြပွဲနှင့် ပတ်သက်ပြီး ကျေနပ်ကြောင်း သူက ပြောသည်။

" အရင်က ဒီအရေးကို ရခိုင် သက်သက်နဲ့သာ ဆိုင်တယ်လို့ သဘောထားရာကနေ အခုက ဒီရိုဟင်ဂျာ အရေးဟာ မြန်မာတနိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ အရေးလို့ မြင်လာကြသလို တိုင်းပြည်အတွက် တော်တော့ကို အန္တာရာယ် ရှိတဲ့ ကိစ္စလို့ သဘောထားပြီး တစ်ခြား တိုင်းရင်းသားတွေပါ ပူးပေါင်း ပါဝင်လာကြတဲ့ အတွက် ဒီအပေါ်မှာတော့ အထူး ကျေနပ် အားရ ဖြစ်မိပါတယ်" ဟု ဦးဌေးဝင်းက ပြောသည်။

ယခု ဆန္ဒပြပွဲတွင် ပါဝင်ရခြင်းနှင့် ပတ်သက်ပြီး မဟာချိုင် ပုဇွန်စက်ရုံ တစ်ခုတွင် အလုပ် လုပ်ကိုင်နေသူ ရခိုင်အမျိုးသမီး မညိုညိုသန်းက ယခုလို ပြောသည်။

" ကျွန်မတို့ ပြည်တွင်းမှာနေတုန်းက ရိုဟင်ဂျာ နာမည်ဆိုတာ မကြားမိပါဘူး။ ဒီကိုရောက်မှ ကြားလာရတဲ့ အပြင် ကျွန်မတို့ လူမျိုးကိုတောင် သူတို့ နောက်မှ ရခိုင်ပြည်ကို အခြေချဖို့ ရောက်လာတဲ့သူတွေ၊ ရခိုင်ပြည်ဟာ သူတို့ ပိုင်တဲ့ ပြည်လို့ ဒီဘင်္ဂလီတွေက ပြောဆိုတယ်လို့ သိရတယ်။ အခု သူတို့က နိုင်ငံသားတောင် မဖြစ်သေးဘူး။ ဒီလောက်ထိ လက်ရဲ ဇက်ရဲ တောင်းနေလို့ ရှိရင် သူတို့ကို နိုင်ငံသား အဖြစ် အသိ အမှတ်ပြုလိုက်လို့ ရှိရင် ကျွန်မတို့ ကိုယ့်ရခိုင်ပြည်နယ်မှာ နေထိုင် ခွင့်တောင် ရကြတော့မှာ မဟုတ်ဘူး။ အကုန်လုံး ထွက်ပြေးကြရမှာ။ ဒါကြောင့် ခုလို လိမ်နေတာတွေကို ကမ္ဘာက သိစေချင်လို့ ဆန္ဒပြပွဲမှာ ပူးပေါင်း ပါဝင်ရတာပါ" ဟု ပြောသည်။

ဆန္ဒပြသူများသည် ဆိုင်းဘုတ်များ၊ ပိုစတာများ ကိုင်ဆောင်ပြီး `BBC apologize people of Burma- right now right now´`Anna Jones apologize people of Burma- right now right now´Anna Jones Anna Jones - out out´ စသည့် ကြွေး ကြော်သံများဖြင့် အော်ဟစ်ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

ဘီဘီစီ သတင်းထောက် အန်နာဂျုံးသည် ၂၀၁၀ ခုနှစ် နိုဝင်္ဘာလ ၆ ရက်နေ့က သူမရေးသားသည့် Bleak Outlook for Burma's Ethnic Groups ဆောင်းပါးတွင် ရခိုင်ပြည်နယ် မြေပုံနေရာတွင် ရခိုင်လူမျိုးများ၏ ဓါတ်ပုံကို မဖေါ်ပြဘဲ ရိုဟင်ဂျာဟု အမည်တပ်ထားသော ကလေးငယ်များ ဘုရားဝတ်ပြုနေပုံ ဓါတ်ပုံ တစ်ပုံကို တစ်ခြား မြန်မာ တိုင်းရင်းသားများနှင့် အတူ ထည့်သွင်းဖေါ်ပြခဲ့သည်။ ၎င်းနောက်ပိုင်းတွင် ဘီဘီစီနှင့် သူမ အပေါ် ကန့်ကွက်မူများ ပေါ်ပေါက်လာခဲ့သည်။

ဆန္ဒပြသူများသည် သတင်းမှား ရေးသား တင်ပြသူ အန်နာဂျုံးကိုလည်း ဘီဘီစီမှ ထုတ်ပယ်ရန် တောင်းဆိုခဲ့ကြသည်ဟု ရခိုင်မျိုးချစ်စိတ် ဖွံ့ဖြိုးမှု ပန်းတိုင် အသင်း၏ အကြံပေးလည်းဖြစ် ရခိုင်အမျိုးသားသတင်းစာ အုပ်ချုပ်ရေးမှူးလည်း ဖြစ်သူ ကိုအချိုင်က နိရဉ္စရာသို့ ပြောသည်။

ဆန္ဒပြပွဲကို နံနက် ၁၁နာရီကနေ မွန်းတည့် ၁၂နာရီအထိ ပြုလုပ်ခဲ့သည်။

အဆိုပါ ဆန္ဒပြပွဲကို ဘန်ကောက်ရောက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရခိုင့်မျိုးချစ်စိတ် ဖွံ့ဖြိုးမှုပန်းတိုင် အသင်းကဦး ဆောင်ပြီး ပြုလုပ်ခဲ့သည်။

ဆန္ဒပြသူများ အနေဖြင့် ဘီဘီစီဌာနသို့ အိပ်ဖွင့်ပေးစာ တစောင်ပေးပို့နိုင်ခဲ့သလို ဆန္ဒပြချိန်အ အတွင်း၌ လည်း ထိုင်းအာဏာပိုင်များမှ တစုံတရာ အနှောင့် အယှက် ပေးခြင်းမရှိကြောင်း သိရသည်။ 



ထွန်းထွန်း (နိရဉ္စရာ)
Unknown at 10:17 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မီတာဖတ်ဝန်ထမ်း ၇၅ ဦး တာဝန်မှ ရပ်စဲခံရ

လျှပ်စစ်မီတာ (ဓါတ်ပုံ-Google Images)
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီတာဖတ်ဝန်ထမ်း ၇၅ ဦးကို ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က မကြာသေးမီ ရက်ပိုင်းတွင်  တာဝန်မှ ရပ်စဲလိုက်ကြောင်း သိရသည်။ ယင်းသို့ တာဝန်မှ ရပ်စဲခံရသည့် ၇၅ ဦးတွင် ၄၄ ဦးမှာ အမြဲတန်းဝန်ထမ်း ဖြစ်ပြီး ၃၁ ဦးမှာ နေ့စားဝန်ထမ်းများဖြစ်ကာ ယင်းတို့ကို မီတာကောက်ခံရာတွင် ငွေပိုကောက်ခံခြင်း များပြုလုပ်သည် ဟုဆိုကာ ယခုကဲ့သို့ တာဝန်မှ ရပ်စဲ ရခြင်းဖြစ်သည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ မှ တာဝန်ရှိသူ အမျိုးသမီး တစ်ဦးထံမှ သိရသည်။

‘‘အခုလို ရုတ်တရက် တာဝန်ကရပ်စဲခံလိုက်ရတော့ မိသားစုစားဝတ်နေရေး အခက်အခဲဖြစ်သွားတာပေါ့၊ ကျွန်မတို့ရုံးမှာ လုပ်တဲ့ မီတာဖတ်ဝန်ထမ်းကောင်လေးက သူမိဘကိုလုပ်ကျွေးနေတာ၊သူကို မှီခိုအား ထား နေရတဲ့ မိသားစု အရမ်း ဒုက္ခ ရောက် သွားတယ် နောက်အလုပ်ရှာရဖို့ကလည်း ခက်သွားပြီလေ၊ ဒီလို အစိုးရရုံးက ဒီလိုကိစ္စနဲ့ထုတ်ပယ်လိုက်တယ်ဆိုတော့ ကျန်တဲ့ဌာနဆိုင်ရာတွေက ဘယ်လို အလုပ်ခန့် ပါတော့မလဲ အမှန်တော့ ဒီကောင်လေးက ဒီလို ငွေပိုကောက်ခံ တာတို့ မတရား လုပ်တာတို့မရှိဘူး ၊ မှန်မှန်ကန်ကန်ပဲ အလုပ်လုပ်နေတာ ကျွန်မတို့ အလုံမီတာရုံးက တစ်ရုံးလုံးသိတယ် ၊ အခု ကိစ္စက ဒီ ၇၀ကျော်မှာ ကောင်း တဲ့သူရော မကောင်းတဲ့သူတွေပါ အကုန်ရောပါသွားတဲ့ သဘောပဲ တစ်ဦးချင်း စုံစမ်း စစ် ဆေးပြီးမှ ဌာနဆိုင်ရာအနေနဲ့ အရေးယူသင့်တာပါ ’’ ဟု ယခုလက်ရှိ တာဝန်ထမ်း ဆောင်နေသော ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့မှ တာဝန်ရှိသူ အမျိုးသမီးက ပြောသည်။

ယခုအခါ ယင်းကဲ့သို့တာဝန်မှ ရပ်စဲခံလိုက်ရသည့် ကိစ္စကို ရပ်စဲခံရသူ ကာယကံရှင်တစ်ခိျု့က  ကျေနပ်မှုမရှိကြောင်း သိရသည်။

‘‘ကျွန်တော်တို့လို အပြစ်မရှိတဲ့ မီတာဖတ်ဝန်ထမ်းတွေ ဘာသွားလုပ်ကိုင် စားသောက်ကြတော့မလဲ၊ စနစ်တကျ စုံစမ်းစစ်ဆေးပြီးမှ ဘယ်သူကတော့ဖြင့် မီတာဖတ်တဲ့နေရာမှာ ငွေပိုကောက်ခံတယ် ၊မသမာမှု တွေရှိတယ်၊ ဘယ်ဝန်ထမ်း ကတော့ ဖြင့် ရိုးရိုး သားသားနဲ့ အလုပ်လုပ်နေတာ ဆိုတာကို ဌာနဆိုင်ရာက တာဝန်ရှိသူတွေ အနေနဲ့ စနစ်တကျ စုံစမ်းစစ်ဆေးသင့်တယ်၊ အခုလိုမျိုး  အုတ်ရောရော ကျောက်ရော ရော အထုတ် ခံရတာတော့ အခိျု့ဝန်ထမ်းတွေ အရမ်းနစ်နာ သွားရတယ် ၊ ဘာလုပ်ကိုင်စားလို့စားရမှန်း မသိတော့ဘူး အခုဆိုအရမ်း ဒုက္ခရောက်နေတယ်၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့ အနေနဲ့ ဒီကိစ္စကို စနစ်တကျ  ပြန်လည် စီစစ်စေချင်တယ်’’ ဟု တာဝန်မှ ရပ်စဲခံရသည့် သင်္ဃာန်းကျွန်မြို့နယ် နေသူ တစ်ဦးကပြောသည်။
Yangon Media Group
Unknown at 8:47 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မန္တလေး မြစ်ကြီးနား (၃၃)အဆန် အိပ်စင်ရထား မိုင်းခွဲ ဖျက်ဆီးခံရ (ဓါတ်ပုံများ)

(၂၉.၄.၂၀၁၂)
(၃၃)အဆန် အိပ်စင်ရထားသည် နန့်စီးအောင်ဘူတာ မှ (၂၉.၄.၂၀၁၂) နံနက် (၀၀း၅၆)နာရီအချိန်
တွင် ထွက်လာပြီး နံနက် (၁း၁၀)နာရီအချိန် ကချင်ပြည်နယ်၊
မိုးညှင်းမြို့နယ်၊ မော်ဟန်ဘူတာနှင့်နန့်စီးအောင် ဘူတာအကြားမိုင်တိုင် ၆၁၆/၁ နှင့် ၆၁၆/၃ အကြား တံတားအမှတ်(၅၃၄) နေရာတွင်မိုင်း (၂)လုံး ဆက်တိုက် ပေါက်ကွဲခဲ့သည်။

ဗုံးပေါက်ကွဲမှုကြောင့်ရထားတွဲ (၁၂)ပါဝင်ရာ၊ (၈)တွဲ လမ်းချော်ခဲ့ပါသည်။ အထက်တန်း အိပ်ခန်း
တွဲ(၁) ၁၂၆၆၉ နှင့် တွဲ (၇)၁၂၆၅၄BREZ 10919 စားသောက်တွတိမ်းမှောက်ခဲ့ပါသည်။

အိပ်စင် တွဲ(၁) D ခန်းတွင် လိုက်ပါလာသော
မျိုးမင်းထိုက် (၂၈)နှစ် ညာဘက်ခြေထောက် ကျိုးသွားပြီး၊ အိပ်စင်တွဲ(၁) B
ခန်းတွင် လိုက်ပါလာသော ရှင်စန္ဒောဘာသ ခြေမျက်စိ ဒဏ်ရာရရှိခဲ့ပါသည်။

ရထားသံလမ်း ကွန်ကရစ်တုံး(၉၅)တုံးပျက်စီးပြီး
တံတား အမှတ်(၅၃၄)ပျက်စီးခဲ့ကြောင်း ရထားထိန်း ဦးစစ်လှိုင် မှ
ပြောကြားခဲ့ပြီး မီးရထားဌာနမှတာဝန်ရှိသူများ မှ နံနက် (၈)နာရီအချိန်မှ စပြီး ရထာလမ်း ကို
ပြန်လည်ပြုပြင်နေကြောင်း သိရှိရပါသည်။

Katha Town
ရထား မိုင်းခွဲ ဖျက်ဆီးခံရစဉ် မြင်ကွင်း





 
 
 သစ်ထူးလွင်
Unknown at 8:33 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Sunday, April 29, 2012

ရဲကားကို လက်ပစ်ဗုံးနဲ့လိုက်ပစ်သူ လက်ထဲတွင် ဗုံးကွဲ၍ ပွဲချင်းပြီးသေ

မနေ့ည ၁၀ နာရီခန့်က မူဆယ်မြို့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် လှည့်ကင်းလှည့်သည့်ရဲကားအား ဆိုင်ကယ်ဖြင့်နောက်မှ လက်ပစ်ဗုံးဖြင့် လိုက်လံတိုက်ခိုက်ခဲ့သူတစ်ဦးမှာ တိုက်ခိုက်မည့် လက်ပစ်ဗုံးပေါက်ကွဲပြီး သေဆုံးသွားခဲ့ပါတယ်။ ည ၁၀ နာရီလောက်မှာ လှည့်ကင်းလှည့်တဲ့ ရဲကားကို တိုက်ခိုက်တာဖြစ်ပါတယ်။ ရဲကားကို နောက်ကနေကျော်တက်ပြီး ရဲကားအတွင်းသို့ ပစ်ခတ်ဖို့လုပ်နေတဲ့အချိန် လက်ထဲမှာကိုင်ထားတဲ့ ဗုံးပေါက်ကွဲခဲ့ပြီး တိုက်ခိုက်သူမှာ သေဆုံးသွားခဲ့ကြောင်းသိရပါတယ်။
ဆိုင်ကယ်ဖြင့်ဗုံးကွဲတိုက်ခိုက်သူမှာ နေရာတွင်ပင်သေဆုံးသွားခဲ့ပြီး ပစ္စတိုတစ်လက်ပါရှိပါတယ်။
 တိုက်ခိုက်သူမည်သူဖြစ်သည်ကို မသိရသေးပါဘူး။




ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဗဟိုမှ ဖောက်ခွဲရေးလုပ်ငန်းများလုပ်ဆောင်ရန်အတွက် ဖောက်ခွဲရေးအဖွဲ့များစေလွှတ်ထားရှိပြီး ဖောက်ခွဲရေးမကျွမ်းကျင်မှုကြောင့်
ဗုံးဖောက်ခွဲသူများကိုယ်တိုင် သေဆုံးနေကြပါတယ်။ ဗုံးဖောက်ခွဲရေးမကျွမ်းကျင်မှုကြောင့် သေဆုံးသူအများစုမှာလည်း KIA တပ်ဖွဲ့ဝင်ရှမ်းလူမျိုးများဖြစ်ကြောင်းသိရပါတယ်။

 ref:ကချင်နေ့စဉ်သတင်း
Unknown at 10:55 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သမ္မတ (သို့မဟုတ်) အစိုးရအဖွဲ့အကြီးအကဲ

''သမ္မတရာထူးဟာ လေးစားဖွယ်ရာ ဖြစ်ပြီး သြဇာကြီးတယ်၊ ပြီးတော့ အတိုင်းအတာ တစ်ခုအထိ လျှို့ဝှက်မှုတွေနဲ့ ဖွဲ့စည်းထားပါတယ်။ လေးစားစရာ ကောင်းတာ ကတော့ အမေရိကန်တွေရဲ့ နိုင်ငံရေးစနစ်မှာ အမြင့်ဆုံးသော အဆုံးအဖြတ်ကို ကိုယ်စားပြုပေး နေရလို့ပါ။ သြဇာကြီး ရတာကလည်း အဆုံးအဖြတ်တွေဟာ လေဟာနယ်ထဲမှာ မရှိလို့ဖြစ်ပါတယ်။ နိုင်ငံအတွင်း အတွေးအခေါ်၊ အကျိုးစီးပွား၊ ဖိအားတွေကို ကိုယ်စားပြုပြီး အရေးကြီးတဲ့ အရေးအရာ အားလုံးကို မတွန့်မဆုတ် တာဝန်ခံ နေရလို့လည်း ဖြစ်ပါတယ်''တစ်ချိန်က လူထုကြိုက် သမ္မတကြီး ဂျွန် အက်ဖ်ကနေဒီက ခေတ်သစ် သမ္မတရာထူးနှင့် ပတ် သက်၍ သူ့အမြင်ကို ဖော်ထုတ်ခဲ့ ခြင်းဖြစ်သည်။
သမ္မတသည် နိုင်ငံတစ်နိုင်ငံ၏ အကြီးအကဲ၊ အစိုးရ အဖွဲ့၏ အကြီးအကဲ၊ နိုင်ငံတစ်ခုလုံးကို သူတာဝန် ထမ်းဆောင် နေသောကာလ အတွင်း အလုံးစုံ တာဝန်ခံရသူ၊ တာဝန်ယူရသူ ဖြစ်သည်။ နိုင်ငံ ၏ တိုးတက်မှု၊ ဆုတ်ယုတ်မှုအတွက် သူ့သမိုင်း စာမျက်နှာသည် ဖျက်မရ၊ ပြင်မရချေ။
သမ္မတတို့၏ပါဝါ
 သမ္မတသည် အခြေခံအားဖြင့် တိုင်းပြည် အုပ်ချုပ်ရေးအဖွဲ့ (Excutive Body) ၏ ခေါင်း ဆောင်ဖြစ်သည်။ သံတမန်အကြီးအကဲ၊ တပ် မတော်၏အကြီးအကဲ၊ ပြည်ထောင်စု၏ပြယုဂ်၊ အရေးပေါ် အခြေအနေနှင့် အကျပ်အတည်း ကြား ကာလ ဦးဆောင်သူ၊ နိုင်ငံလုံးနှင့်ဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာတို့ကို အဆိုပြုရသူဟူသော တာ ဝန်များကို ထမ်းဆောင်ရသည်။ သမ္မတို့၏ လုပ် ပိုင်ခွင့်ပါဝါသည် ကြီးမားကျယ်ပြန့်လှသည်။ သို့ သော်လည်း ‘ဒီမိုကရက်နိုင်ငံများတွင်မူ သမ္မတ တို့၏ပါဝါမှာ တစ်စုံ တစ်ရာ ကန့်သတ်မှုဘောင် ထဲ၌ ရှိနေရပါသည်။ ယေဘုယျ အားဖြင့် သမ္မတစနစ် ကျင့်သုံးသော နိုင်ငံတို့တွင် သမ္မတသည် နိုင်ငံ တစ်ခုအတွင်း ပါဝါအကြီးဆုံးသော ခေါင်းဆောင်တစ်ဦး ဖြစ်ရပါသည်။ သမ္မတတို့၏ လုပ်ပိုင်ခွင့်နှင့်ပါဝါကို အခြေ ခံ ဥပဒေက ပေးအပ်ထားရသည်။ နိုင်ငံတကာ ဆက်ဆံရေးကို သမ္မတတို့က ဆောင်ရွက်ကြရ ၏။ နိုင်ငံတစ်ခု၏ အကြီးအကဲ၊ တပ်မတော်တစ် ခု၏ အကြီးအကဲအဖြစ် ထင်ရှားသည်။ ထက် မြက်၍ အင်အားကောင်းသော သမ္မတများမှာ နိုင်ငံတော်၏ အနာဂတ်အစီအစဉ် (Nation’s Agenda) ကို ကောင်းစွာ ပုံဖော်နိုင်ကြပြီး၊ ထို နိုင်ငံကို တိုးတက်ဖွံ့ဖြိုးစေသည်။ အားနည်းသော သမ္မတများမှာမူ Agenda ကို ကောင်းစွာ မရေး ဆွဲနိုင်ကြ၊ လက်တွေ့အကောင် အထည်မဖော် နိုင်ကြချေ။
လင်ဒန်ဂျွန်ဆင်သည် ၁၉၆ဝ ကာလ များတွင် အမေရိကန်ရှိ ဆင်းရဲသားလူတန်းစား များအကျိုးအပေါ် ကောင်းစွာ အာရုံစိုက်နိုင်ခဲ့ ပြီး ၁၉၈ဝ တွင် ရော်နယ်ရောင်က လုပ်ထုံးလုပ် နည်းများ လျော့ချခြင်း၊ အခွန်အတုပ်ဆိုင်ရာ စနစ်ပြုပြင်ခြင်း၊ စစ်တပ်အတွင်း အထွေထွေ ပြုပြင်ပြောင်းလဲမှုများ စသည်တို့ကို လုပ်ဆောင် နိုင်ခဲ့သည်။ ဂျော့ဒဗလျူဘုရှ် ၁၉၈၉-၁၉၉၃ အ နေဖြင့် မှတ်တမ်းတင်ကိစ္စရပ်များကို တစ်ခုမှ မယ်မယ်ရရ မလုပ်ဆောင်နိုင်ခဲ့။ ဘီလ်ကလင်တန် ၏ ပထမသက်တမ်း (၁၉၉၃-၁၉၉၇) တွင် ဗဟို မူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲရေးကို မဆောင် ရွက်နိုင်ခဲ့။ စီးပွားရေးတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့သူတော့ ဖြစ်သည်။ ကျန်းမာရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကိုမူ ဆောင်ရွက် ရန် ပျက်ကွက်ခဲ့သည်။ ဂျော့ဒဗလျူဘုရှ် ၂ဝဝ၁-၂ဝဝ၉ အနေဖြင့်မူ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ တုံ့ပြန်မှုကို မှတ်တမ်းဝင်အဖြစ် ဆောင်ရွက်ခဲ့ သည်။ အာဖဂန်နစ္စတန်ကို တိုက်ခိုက်စဉ်က ကုလ သမဂ္ဂ၏ အတည်ပြုချက်နှင့် ဆောင်ရွက်ခဲ့သော် လည်း၊ အီရတ်ကို သိမ်းပိုက်တိုက်ခိုက်ရာတွင် ကုလသမဂ္ဂ၏ခွင့်ပြုချက်ကို အမေရိကန်တို့ မရရှိ ခဲ့တော့။ သို့သော်လည်း National Interest ဟူသော အမေရိကန်နိုင်ငံ၏ အကျိုးစီးပွားဟူ သော အကြောင်းပြချက်ဖြင့် ဝင်ရောက်တိုက် ခိုက်ခဲ့ခြင်းကိုကြည့်လျှင် အမေရိကန်သမ္မတပါဝါ ၏ အတိုင်းအဆကို သိရှိနိုင်သည်။
အကန့်အသတ်
 သမ္မတ၏ပါဝါသည် ကြီးမားကျယ်ပြန့် သော်လည်း အဟန့်အတားတော့ဖြင့် ရှိသည်။ ဗြိတိသျှပါလီမန်စနစ်တွင် ဝန်ကြီးချုပ်သည် ပါတီ ခေါင်းဆောင်မှတစ်ဆင့် ဖြစ်လာကြသော်လည်း အမေရိကန်သမ္မတများမှာ လူထုက တိုက်ရိုက် ရွေးချယ်တင်မြှောက်သည်ဖြစ်၍၊ သြဇာပိုလာ ရသည်။ သို့သော်လည်း ၂ဝဝ၅ ခုနှစ် သမ္မတ ကြီး ဂျော့ဒဗလျူဘုရှ်လက်ထက် လူမှုဖူလှုံရေး နှင့်ပတ်သက်သော ပြုပြင်ပြောင်းလဲရေး အဆို ပြုချက်မှာ ကွန်ဂရက်၏ သဘောတူညီချက် မရရှိ၍ မအောင်မြင်ခဲ့ချေ။ သမ္မတနှင့် ကွန်ဂ ရက်၏ အမတ်အများစုတို့သည် ဆန့်ကျင်ဘက် ဖြစ်နေလျှင် သမ္မတတို့သြဇာမှာ ထင်သလောက် မပေါက်မြောက်နိုင်ချေ။ ဤသို့အဖြစ်မျိုးမှာ အ မေရိကန်တွင် ၁၈ နှစ် တစ်ကြိမ်မျှ ဖြစ်တတ် သည်ဟု လေ့လာသူများက ဆိုသည်။ သို့သော် လည်း ထက်မြက်သော သမ္မတများက ကွန် ဂရက်ကို ကောင်းစွာစည်းရုံးထားနှိုင်ကြပြီး သူ တို့အလိုရှိရာကို စွမ်းဆောင်နိုင်ကြသည်။ သမ္မတ၏ ပါတီဝင်များက လွှတ်တော်တွင် အမတ်အ များစုရရှိထားလျှင် လွှတ်တော်ကို ကောင်းစွာထိန်းချုပ်ထား နိုင်သည်ဖြစ်၍ သမ္မတတို့၏သြဇာမှာ ပို၍ကြီးမားတတ်သည်။ သမ္မတ၏ အဆိုပြုချက်ကို လွှတ်တော်က ပယ်ချနိုင်သည်။ အမေရိကန်သမ္မတစနစ်တွင် လွှတ်တော်က မဲအများစုဖြင့် ပယ်ချသော သမ္မတ၏ အဆိုပြုလွှာကို သမ္မတဗီတိုဖြင့် ပယ်ဖျက်နိုင်၏။ သမ္မတတို့၏လုပ်ပိုင်ခွင့်ကို တစ်စုံတစ်ရာ ကန့်သတ်ထားသည်ဖြစ်၍၊ ဗီတိုဖြင့် ပယ်ဖျက်သော သမ္မတ၏ အခွင့်အာဏာကို လွှတ်တော်က သုံးပုံနှစ်ပုံသော အများစုဖြင့် ထပ်မံပယ်ချနိုင်သော ထိန်းကျောင်းမှုစနစ်ကို အခြေခံဖွဲ့စည်း ပုံ အခြေခံဥပဒေတွင် ထည့်သွင်းထားသည်။
ဖွဲ့စည်းပုံအရသမ္မတ
ဖွဲ့စည်းပုံအရ သမ္မတသည် အုပ်ချုပ်မှု အဖွဲ့၏ခေါင်းဆောင် ဖြစ်သည်။ ဆိုလိုသည်မှာ ဝန်ကြီးများအဖွဲ့၏ အကြီးအကဲ ဖြစ်သည်။ ဝန်ကြီးများကို သမ္မတက စိတ်ကြိုက်ခန့် ထားပိုင် ခွင့် ရှိသည်။ သို့တိုင်အောင် ဒုတိယသမ္မတ တစ်ဦးဖြစ် ခဲ့သော အလွန် ကျော်ကြားသည့် Charles Dawes မှတ်ချက်မှာ စိတ်ဝင် စားဖွယ်ရာ ဖြစ်သည်။ The memebers of the cabinet a re the President’s natural enimies" ဝန်ကြီးအဖွဲ့ဝင်တို့သည် သမ္မတ၏ သဘာဝအရ ရန်သူ များဖြစ်သည်ဟု ဆိုသည်။ ထိုကဲ့သို့ သဘောပါ သောမှတ်ချက် ကိုလည်း သမ္မတကြီး လင်ဒန်ဂျွန်ဆင်ကလည်း ပြောခဲ့ဖူး သည်။ ''ဝန်ကြီးတွေအားလုံးကို ကျွန်တော် ခန့်ခဲ့တာပါ။ ဒါ ပေမဲ့ ကျွန်တော် သူတို့တစ်ဦးတစ်ယောက်ကိုမျှ အပြည့်အဝ မမှီခိုရဲဘူး'' သမ္မတတွင် ထက်မြက်၍၊ မြော်မြင်မှုရှိသော၊ ပညာကြီး မားသော အကြံပေးတို့ ရှိသင့်၏။ ထိုအကြံပေးများ၏ အကြံ ဥာဏ်ဖြင့် ဝန်ကြီးများကို ပြန်၍ထိန်းကျောင်းသောစနစ်ကို ကျင့်သုံးလေ့ရှိကြသည်။ အကြံပေးများကို 'မီးဖိုချောင် ဝန် ကြီးအဖွဲ့' (kithchen Cabinets) ဟု တင်စားကြသည်။ ၁၉၃၉ တွင် ဖရင်ကလင်ရုစ်ဘဲလ်ကEOP (Excutive Office of the President) ဟု စတင်တီထွင်ခဲ့သည်။ ဤအဖွဲ့တွင် စီမံခန့်ခွဲ မှုနှင့် ဘတ်ဂျက်ဆိုင်ရာ၊ စီးပွားရေးအကြံပေးများ၊ အမျိုးသား လုံခြုံရေးကောင်စီစသဖြင့်ပါဝင်သည်။ ဤအဖွဲ့က ဒါဇင်နှင့် ချီသော ဝန်ကြီးများအဖွဲ့နှင့် သမ္မတတို့ကြား ပူးပေါင်း ဆောင်ရွက်မှုကောင်းတို့ကို ဖန်တီးသည်။ 
စရိုက်လက္ခဏာ 
သမ္မတများ၏ စရိုက်လက္ခဏာသည် ကွဲ ပြားခြားနားကြ၏။ လူပုဂ္ဂိုလ်၏ မူလစရိုက် လက္ခဏာနှင့် ဖြစ်ပေါ်နေသော အခြေအနေတို့ အပေါ် တုံ့ပြန်ရသော စရိုက်လက္ခဏာတို့ ရော     နှောကြသည်။ ဥပမာအားဖြင့် သမ္မတ ဂျော့ ဒဗလျူဘုရှ်၏ မူလသမ္မတကာလတွင် တင်းမာ၊ တိုက်ခိုက်လိုသော လက္ခဏာများ မပြခဲ့သော် လည်း ၉/၁၁ အတိုက်ခံခဲ့ရပြီး အာဖဂန်နစ္စတန် နှင့် အီရတ်တို့ကို သဲကြီးမဲကြီး တိုက်ခိုက်ခဲ့သည်။ အီရတ်တိုက်ခိုက်မှုတွင် နိုင်ငံတော်တော်များများ ကန့်ကွက်နေသည့်ကြားမှ တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။ အချိျု့သောသမ္မတများသည် အေးဆေး၊ တည်ငြိမ်စွာရှိကြသော်လည်း အချို့သောသမ္မတ များမှာ လွှတ်တော်နှင့် အတိုက်အခံဖြစ်ကြ သည်။ ဖရင်ကလင်ရုစ်ဘဲလ်ကို Active-Positive (အပြုသဘောဆောင်) စရိုက်လက္ခဏာ ရှိသူဟုဆိုပြီး ရစ်ချက်နစ်ဆင်ကိုမူ (Active-Negative ) ဆောင်သော သူဟူ၍ သတ်မှတ်ကြသည်။ မူလဒစရိုက် လက္ခဏာကွဲပြားစွာဖြင့် သမ္မတဖြစ်လာကြသူ များသည် သမ္မတတာ ဝန်ထမ်းဆောင်စဉ်တွင် ကွဲပြားသောရလဒ်များ ရရှိတတ်ကြသည်။အမေရိကန် သမ္မတသမိုင်းတွင် အထူးချွန်ဆုံး သမ္မတ သုံးဦးမှာ ဂျော့ဝါရှင်တန်၊ အေဘရာဟင် လင်ကွန်း၊ ဖရင်ကလင်ရုစ်ဘဲလ်ဟု သတ်မှတ် ကြပြီး၊ အညံ့ဆုံးသမ္မတများမှာ ပရာ့စ်ဘူချနန်၊ ဂျွန်ဆင်၊ ဂရန့်၊ ဟာဒင်း၊ ဟိုးဗား၊ နစ်ဆစ်တို့ ကို သတ်မှတ်သည်။နိုင်ငံ၏တာဝန်ကို မည်မျှ ထမ်းဆောင်နိုင်ခဲ့ကြသည်၊ မည်သို့တိုးတက် အောင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နိုင်ခဲ့ သည်။ အခက်အခဲ အကျပ်အတည်းအချိန်ကာလ တွင် မည်သို့ကျော်လွှားနိုင်ခဲ့ကြခြင်းသည် သူတို့၏ အဓိကအရည်အချင်းများ ဖြစ်သည်။
နိုင်ငံရေး၏အလားအလာနှင့်စိန်ခေါ်မှု
ကမ္ဘာ့နိုင်ငံရေး၏ အလားအလာသည် စိန် ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ရွေးကောက် ပွဲမတိုင်မီ မဲဆွယ်စည်းရုံးစဉ်က ပေးခဲ့သော ကတိကဝတ်များကို ရွေးကောက်ခံပြီး သောအ ခါ ကောင်းစွာ ဖြည့်ဆည်းပေး နိုင်ကြခြင်း မရှိကြ သဖြင့်၊ နိုင်ငံရေးသမား များအပေါ် ပြည်သူတို့၏ ယုံကြည်မှုသည် တစ်နေ့တခြား လျော့ပါးလာ သည်။ ဤအခြေအနေမျိုးကို ပထမသက်တမ်း တစ်ခု ကျော်လွန်သည်နှင့် မြန်မာ့နိုင်ငံရေးတွင် လည်း ရင်ဆိုင်ကြရမည် ဖြစ်သည်။ အနည်းဆုံး ကတိကဝတ်များ၏ ၅ဝရာခိုင်နှုန်းမျှလောက် ကိုတော့ ဖြည့်ဆည်းနိုင်သင့်သည်။ ဤသို့ မဖြည့် ဆည်းနိုင်ရခြင်း၏အကြောင်းမှာ နိုင်ငံရေးစနစ် ကြောင့်လား၊ နိုင်ငံရေးသမားတို့၏ စရိုက်ကြောင့် လားဆိုသည်မှာ မေးခွန်းဖြစ်လာခဲ့ရပါသည်။ အ မှန်စင်စစ် နှစ်မျိုးစလုံးကြောင့်ဖြစ်သည်ဟု ယူဆ နိုင်ပါသည်။ ရာထူးရပြီးသောအခါ ပြောင်းလဲ တတ်သော လူ့သဘာဝနှင့် တစ်ရံတစ်ခါတွင် စနစ်၏ ကန့်သတ်မှုများ ကြောင့် စိတ်သွားတိုင်း ကိုယ်မပါသည်များလည်း ရှိတတ်ပါသည်။မည်သူတို့ကို ပြည်သူက အယုံအကြည် နည်းပါးကြသနည်း? မည်သည့်အဖွဲ့အစည်းကို ပြည်သူက ယုံ ကြည်မှု ပိုပါသနည်း? မြန်မာနိုင်ငံတွင် ပြည်သူ့ဆန္ဒ (Public Opinion) ကို ကျယ်ပြန့်စွာ ကောက်ခံသော ယဉ်ကျေး မှု ကောင်းစွာမ ထွန်းကားသေးချေ။ အမေရိ ကန်တွင် Gallop Poll အရ ပြည်သူ့ယုံကြည်မှု (Public Confidence ) ရရှိသော အဖွဲ့အစည်းနှင့် ပြည်သူ ယုံကြည်မှု ရာခိုင်နှုန်းမှာ အောက်ပါအ တိုင်း ဖြစ်သည်။ 
Organization % Confidence
The Military 71%
Small Business 60 %
Banks 33 %
The Presidency 26 %
Organized Labour 20 %
 Big Business 20 %
Congress 12%
သမ္မတအပေါ်ယုံကြည်မှု ၂၆ ရာခိုင်နှုန်းနှင့် လွှတ်တော်အပေါ်ယုံကြည်မှု ၁၂ ရာခိုင်နှုန်းသည် နိုင်ငံရေးအလားအလာကို အနုတ်လက္ခဏာ ဆောင်စွာ ဖော်ပြနေပါသည်။
သမ္မတနှင့်လွှတ်တော်
သမ္မတ နှင့် လွှတ်တော်တို့ အင်မတန်အရေး ကြီးကြောင်း လူတိုင်းသိကြသည်။ သမ္မတက အမြင့်ဆုံးသော အာဏာကို ကိုင်စွဲထားပြီး ဝန်ကြီးအဖွဲ့ကို ဖွဲ့စည်းကာ နိုင်ငံ၏တိုးတက်ဖွံ့ဖြိုး မှုကို အဓိက တာဝန်ခံ ဆောင်ရွက်ရသူဖြစ်သည်။ နိုင်ငံ၏ ကောင်းခြင်း၊ ဆိုးခြင်း၊ တိုးတက်ခြင်း၊ဆုတ် ယုတ်ခြင်းသည် သမ္မတနှင့် ဝန်ကြီးများအပေါ် မူတည်သည်။ အစိုးရအဖွဲ့ကို သမ္မတကတာဝန် ခံရ၍ သမ္မတမှာ တာဝန်အရှိဆုံးဖြစ်လာသည်။      ပတ်ဝန်းကျင်နှင့် ကျယ်ကျယ်ပြန့်ပြန့် ထိ တွေ့ရသော လုပ်ငန်းတွင် ရှိနေသဖြင့် ကောင်းစွာသတိထားမိ သည်မှာ အရည်အချင်း ရှိကြသူများရော၊ အရည်အချင်းမရှိ ကြသောသူ တော်တော်များများမှာ 'အမတ်'ဖြစ်ချင်ကြသည် ကို သတိထားမိသည်။ အခိျု့(ရာနှုန်းများစွာ)မှာ 'အမတ်' ဆိုသည့် အဓိပ္ပာယ်နှင့်တာဝန်ကိုပင် မသိကြချေ။ မြန်မာ့နိုင်ငံ ရေးသည်‘ဒီမိုကရေစီနှင့် ခပ်ခွာခွာနေခဲ့သည်မှာ နှစ်ပေါင်း ၅ဝ မျှ ရှိနေခဲ့ပြီဖြစ်သဖြင့် အုတ်ရောရော၊ ကျောက်ရောရော ဖြစ်မည်ကို စိုးရိမ်စိတ်ဝင်မိသည်။ 'အစမကောင်း အနှောင်း မသေချာ'သဘောအတွက်လည်း စိတ်ပူမိပါသည်။ ရွေးကောက်ပွဲဝင်ကြမည့်သူများ အတော်အတန် လေ့ လာထားပြီးကြပြီဟု ယူဆသည်။ အမတ်ဖြစ်ချင်ကြသူများ မှာ ပါတီလည်း မထောင်ရဲ၊ ရွေးကောက်ပွဲလည်း မဝင်ရဲ၊ နိုင်ငံရေးအကြောင်း 'က'ကြီး 'ခ' ခွေးပင် သိအောင် မကြိုး စားကြသူများ အများစုဖြစ်နေသည်ကို အံ့သြစွာ တွေ့ရ သည်။ အမတ်မင်းများသည် ပြည်သူကို ကိုယ်စားပြုသည်၊ လွှတ်တော်ဆိုသည်မှာ ဥပဒေပြုရေး၊ တစ်နည်းဖြင့် အုပ် ချုပ်ရေးအာဏာပိုင်တို့ကို ဥပဒေဖြင့် ထိန်းညှိသည့် တာဝန် ယူရသူများ ဖြစ်သည်။ တရားစီရင်ရေး မှန်ကန်မှုရှိ/မရှိကို စောင့်ကြည့်ရသည့်တာဝန်ကိုလည်း ထမ်းဆောင်ရသည်။ အမတ်မင်းများဖြစ်လာကြသည့်အခါ လွှတ်တော်ထဲတွင် ဆိုင်ရာကဏ္ဍအလိုက် အစုအဖွဲ့များဖြစ်လာကြပြီး (ဥပမာ-ပညာရေး၊ ကျန်းမာရေး၊ လုပ်သားရေးရာ)၊ မိမိတို့နှင့်ဆိုင် ရာကဏ္ဍနှင့်ပတ်သက်၍ အသေးစိတ် ပြန်လည် လေ့လာ ကာ ဥပဒေရှုထောင့်မှ ရပ်တည်၍ ပြည်သူ့အကျိုး အကာ အကွယ်ပေးကြရသူများဟု အခြေခံအားဖြင့် နားလည်နိုင် ပါသည်။ နိုင်ငံ၏အနာဂတ်သည် ဖြစ်ပေါ်လာမည့် သမ္မတနှင့် ဝန်ကြီးများအဖွဲ့ဟုဆိုသော အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေဖြင့် ပြန်လှန်ထိန်းညှိသည့်တာဝန်ကို ယူသော အမတ်မင်းများ စုဝေးကြမည့် ဥပဒေပြုမဏ္ဍိုင်၊ ဥပဒေ၏ တစ်မျက်နှာကိုသာ ကြည့်၍ မှန်ကန်စွာအဆုံးအဖြတ်ပေးသော တရားစီရင်ရေး မဏ္ဍိုင် သုံးခုပေါ်တွင် လုံးလုံးလျားလျား တည်မှီနေပါသည်။ အနှောင်းသေချာစေရန် အစကောင်းကြပါဟု ဆန္ဒပြုရပါ သည်။
ေ ဒါ က် တာေ န ဇ င် လ တ်
Ecovision journal မှ ကူးယူဖော်ပြပါသည်
Ref-http://troths.multiply.com/reviews/item/90
စိုးမင်းဦး
Unknown at 10:41 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပါရမီ အဓိပတိယာဉ်လိုင်းမှ ယာဉ်နောက်လိုက် သုံးဦးက ခရီးသည်တစ်ဦးကို ထိုးနှက်မှုတစ်ခု ဧပြီလ ၂၆ ရက်နေ့က ဖြစ်ပွား

ဓါတ်ပုံ(Google Images)
ပါရမီ အဓိပတိယာဉ်လိုင်းမှ ယာဉ်နောက်လိုက်သုံးဦးက ခရီးသည်တစ်ဦးကို ၀ိုင်းဝန်းထိုးနှက်မှု တစ်ခု ဧပြီလ ၂၆ ရက်နေ့က စမ်းချောင်းမြို့နယ် မဟာမြိုင်မှတ်တိုင်၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၂၆ ရက်နေ့ ညနေ ၅နာရီအချိန် ၀န်းကျင်ခန့်တွင် ပါရမီအဓိပတိယာဉ်လိုင်း အဓိပတိ (အနီ)ပေါ်တွင် လိုက်ပါလာသော မြေနီကုန်းမှတ်တိုင်တွင် ဆင်းမည့် အသက် ၅၄ နှစ်အရွယ်ခရီးသည်မှာ ၎င်းအား မဟာမြိုင်မှတ်တိုင်တွင် ဆင်းခိုင်းသဖြင့် မကျေနပ်ကြောင်းပြောရာ ယာဉ်နောက်လိုက်သုံးဦးက ၀ိုင်းဝန်းထိုးနှက်ခဲ့ခြင်းဖြစ်ကြောင်း Eleven Media Group သတင်းအရ သိရသည်။

''မြေနီကုန်းရောက်ပြီလို့ ယာဉ်နောက်လိုက်က ပြောလို့ ဆင်းလိုက်တာ မြေနီကုန်းမှတ်တိုင် မဟုတ်မှန်းသိလို့ ပြောလိုက်တော့ မြေနီကုန်းမှာ မှတ်တိုင်မရှိတော့ဘူး၊ ဒီမှာပဲဆင်းလို့ ပြန်ပြောတယ်။ ဒါနဲ့ ကျွန်တော်လည်း မင်းတို့ကို တိုင်မယ်လို့ပြောတော့ တစ်ယောက်ကဆင်းပြီး ခင် ဗျားက တိုင်ရအောင် ခင်များက ဘာကောင်လဲဆိုပြီး ထိုးတယ်။ နောက်ထပ်နှစ်ယောက်ဆင်းလာပြီး ကျွန်တော့်ကိုချုပ်ပြီး ကျန်တစ်ယောက်က ထိုးတယ်။ ဘေးက ကောင်လေးနှစ်ယောက်ရောက်လာပြီး ၀င်တားမှ မင်းတို့ တိုင်ချင်ရာတိုင်၊ ပါရမီက ကောင်တွေကွလို့ပြောပြီး ကားပေါ် တက်ပြီး ထွက်သွားတယ်''ဟု ကာယကံရှင် ကြည့်မြင်တိုင်တွင် နေထိုင်သူ ဦးထွန်းလွင်က ပြောပါသည်။

ထိုသို့ ၀ိုင်းထိုးနှက်မှုကြောင့် ဦးထွန်းလွင်မှာ နားထင်ကွဲဒဏ်ရာ၊ မျက်နှာ၊လက်နှစ်ဖက်နှင့် ၀မ်းဗိုက်တွင် ဒဏ်ရာအသီးသီး ရရှိခဲ့ကြောင်းနှင့် စမ်းချောင်းရဲစခန်းတွင် တိုင်ကြားခဲ့သော်လည်း အမှုဖွင့်တိုင်ကြားခဲ့မှုကို မပြုလုပ်ခဲ့ကြောင်း ဦးထွန်းလွင်က ဆိုပါသည်။

''သူတို့ဘယ်လောက် ရိုင်းရိုင်း သူတို့ကိုမှီခိုနေတဲ့သူတွေ အခက်တွေ့မှာစိုးလို့ပါ''ဟု ဦးထွန်းလွင်က ပြောပါသည်။ ထို့အတူ ဧပြီလ ၄ ရက်နေ့ကလည်း ပါရမီ အဓိပတိယာဉ်လိုင်းမှ လူ ၃၀ ဦးကျော်မှာ သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်ရပ်ကွက်အတွင်း အုပ်စုလိုက် ရမ်းကားမှုတစ်ခုလည်း ဖြစ်ပွားခဲ့ကြောင်း Eleven Media Group အင်တာနက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါသည်။

သစ်ထူးလွင်
Unknown at 10:40 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကုလ အတွင်းရေးမှူးချုပ် ဘန်းကီမွန်းမှ ဒေါ်အောင်ဆန်းစုကြည် မပါသည့် ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်းပြောမည်





မြန်မာအစိုးရ၏ နိုင်ငံရေးတိုးတက်ပြောင်းလဲ အောင်မြင်မှုများကြောင့် ကမ္ဘာနိုင်ငံများမှ ပုဂ္ဂိုလ်အများအပြား လာရောက်လျှက်ရှိရာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် ၎င်း၏ဇနီး ယိုဆွန်တေးတို့သည်လည်း မြန်မာနိုင်ငံသို့ ယနေ့ ရောက်ရှိလာခဲ့သည်။

ကုလသမ္မဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း သည် ဧပြီ ၃၀ တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်ကို သွားရောက်တွေ့ဆုံမည် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်မပါသည့် ပြည်တော်စုလွှတ်တော်မှ လွှတ်တော်အမတ်များ အားလုံးကိုလည်း ပြည်ထောင်စုလွှတ်တော်ခန်းမတွင်လည်း မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

ဘန်ကီမွန်း၏ ယခုခရီးစဉ်မှာ မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ် လာရောက်ခြင်းဖြစ်ပြီး ယနေ့ ကုလသမ္မဂ္ဂမှာ အမေရိကန်နှင့် ဥရောပ တို့၏ လက်ကိုင်တုတ်ဖြစ်နေကြောင်း ဝေဖန်ခံရလျှက် ရှိသည်။


ယနေ့ နေ့လည်ပိုင်းတွင် ဘန်းကီမွန်းမှ ကုလ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ၏အုတ်ဂူ သို့ သွားရောက် ဂါရဝ ပြုခဲ့ပြီး ဦးသန့်၏ ဆုံးမစာ တစ်ခုမှာ "
ဟေ့... မြန်မာဟာ မြန်မာပဲ။ မြန်မာဟာ မြန်မာပြည်မှာ နေရမယ်။ မြန်မာပြည်မှာ သေရမယ်။ အကြောင်းအမျိုးမျိုးကြောင့် ရေမြေခြားကိုရောက်နေရပေမယ့် တစ်နေ့မှာ မြန်မာပြည်ကို ပြန်ရမယ်။ အခွင့်အရေး တစ်စုံတစ်ရာကြောင့် နိုင်င်ငံခြားသားလုပ်ဖို့ ဘယ်တော့မှ စိတ်မကူးလေနဲ့။
(ဦးသန့်)
ဟူ၍ဖြစ်သည်။

Myanmar Express
Unknown at 10:39 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဘာသာရေးပဋိပက္ခဖြစ်အောင် ရည်ရွယ်ချက်ရှိရှိနဲ တိုက်ခိုက်နေတာတွေ ဖန်တီးနေတာတွေကို သတိမူကြပါ။

“လူတစ်ယောက်အနေနှင့် မိမိတစ်စုတစ်ဖွဲ့၏ အတွေးအခေါ်အယူအဆကို လေးစားကြည်ညိုယုံမျှနှင့် မပြီး။ အခြားတစ်ပါးသောသူများ၏ အတွေးအခေါ်အယူဆများကိုလည်း ကျိုးကြောင်းခိုင်လုံမှု မရှိပဲ ဝေဖန်နှိပ်နှယ်ခြင်း မပြုသင့်” ။ (အသောကကျောက်စာ) ။

“မတူသော အယူအဆများ ညှိနိုင်းဆွေးနွေးကြရာတွင်၊ အစဉ်အလာကြောင့် အယူများအပေါ်အားပြုသည်ထက်၊ ဆင်ခြင်တုံတရားကို ရှေ့တန်းတင်သည်က လူမှုရေးသဟဇာတမျှမှုကို ပိုမိုဦးတည်စေနိုင်လိမ့်မယ်” ။ (အက္ကဗာနန်းရင်ပြင်တွင် ဘာသာပေါင်းစုံ နှီးနောဖလှယ်ပွဲကျင်းပပေးခဲ့သော အက္ကဗာမူဆလင် ဘုရင်ကြီး)။


အထက်ဖေါ်ပြပါ ကောက်နှုတ်ချက်စကားတွေကို ပြောကြားခဲ့တဲ့ ဒီဘုရင်နှစ်ပါးဟာ ကိုးကွယ်တဲ့ ဘာသာတရားတွေ မတူကြပါဘူး၊ တစ်ပါးက ဗုဒ္ဓဘာသာကို ကိုးကွယ်ပြီး၊ တစ်ပါးက မူဆလင်ဘာသာကို ကိုးကွယ်ကြတာပါ။ သို့သော်လည်း သူတို့ သဘောထားတွေကို ကြည့်ခြင်းအားဖြင့် အချင်းချင်း လေးလေးစားစား အတူယှဉ်တွဲနေနိုင်ရေးကို အထူး လိုလားကြတယ်ဆိုတာ သိသာထင်ရှားလှပါတယ်။

ဦးဇင်းတို့ မြန်မာနိုင်ငံကတော့ ဘာသာတရားတွေ အချင်းချင်း မတဲ့အောင်၊ တစ်ဖွဲ့နဲ့  တစ်ဖွဲ့  မတည့်အောင် ပုံစံ အမျိုးမျိုးနဲ့ မီးမွေးနေကြတာပါ။ အာဏာရှင်တွေဟာ သူတို့ နိုင်ငံရေးအကြပ်တည်းဖြစ်တိုင်း မူဆလင်ဘာသာဝင်တွေ ခရစ်ယာန်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကို ရန်တိုက်ပေးတာပါ။ ဒါကို ထွက်ပေါက်အနေနဲ့ အာဏာရှင်တွေက လက်နှက်တစ်ခုသဖွယ် အသုံးပြုတတ်ပါတယ်။ အာဏာရှင်တွေက လူမျိုးရေး အဓိကရုဏ်း၊ ဘာသာရေး အဓိကရုဏ်းဖြစ်အောင် ပိုဖန်တီးလေ့ ရှိပါတယ်။

မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာကို အထူးဝိသေသပြုထားတာတောင်မှ နိုင်ငံတော်သံဃာ့မဟာနာယကလို အဖွဲ့မျိုးတွေဖွဲ့ပြီး သံဃာတော်အချင်းချင်း ဖိနှိပ်ချုပ်ချယ်ခိုင်းထားတာပါ၊ ယနေ့ သံဃာတွေ တိုင်းတပါးမှာ ထွက်ပြေးနေရတာတွေ၊ ထောင်တွေမှာ အကျဉ်းကျနေတာတွေ၊ ရဲဘက် အလုပ်စခန်းတွေမှာ အနှိက်စက်ခံနေရတာတွေ၊ အလုပ်ကြမ်းတွေ လုပ်နေရတာတွေ၊ စစ်ကြောရေးတွေမှာ လူမဆန်စွာ စနစ်တကျ နှိပ်စက်ခံနေတာတွေကို နိုင်ငံတော် သံဃာ့ မဟာနာယကတွေ မသိဘဲ မရှိပါဘူး။ သိသိကြီးနဲ့  နှုတ်ငုံပိတ်နေတဲ့အပြင် အာဏာရှင်အလိုကျအောင်တောင် သံဃာတွေကို ဖိနှိပ်ချူပ်ချယ်နေတဲ့ သံဃာ့အာဏာရှင်အသွင်တောင် ပိုဖြစ်ပြနေပါတယ်။

အာဏာရူးအုပ်ချုပ်သူတွေရဲ့ အာဏာတည်မြဲရေးအတွက် ဖွဲ့ခဲ့တဲ့ မဟာသံဃာ့ အဖွဲ့စည်းကြီးဆိုတာ ဒီနေ့ သာမန် လူတွေတောင် နားလည်လာပါပြီ။ သံဃာထုရဲ့ ဘ၀တွေကို ဘာလုံခြုံမှုမှ မပေးနိုင်တော့ဘူးဆိုတာလည်း သိလာပါပြီ။ နယ်က တောက အဖိုးအဖွားတွေအတွက် မြို့ပေါ်တတ် စာသင်နေတဲ့ ကိုယ့်ရဲ့ မြေး ကိုရင်၊ ဦးဇင်းတွေ အန္ဒရာယ်ဖြစ်မှာ စိတ်မချရတဲ့ အနေအထားမှာ ရောက်နေပါပြီ။

အာဏာရူးတွေ မတရားအုပ်ချူပ်လာနေတဲ့ကာလတစ်လျှောက် မြန်မာနိုင်ငံသမိုင်းမှာ အာဏာရှင် မဆလ န၀တ နအဖတွ အကွက်ဆင် ဖန်တီးခဲ့လို့  တရုတ် - ဗမာ အဓိကရုဏ်းဖြစ်ကြလို့ ၊ ကုလား - ဗမာ အဓိကရုဏ်းဖြစ်ကြလို့  ပြည်သူတွေ အချင်းချင်း သေကြေပျက်စီးခဲ့ရတာတွေ သာဓက ရှိပါတယ်။

အာဏာရူးတွေဟာ ဘာသာခြား လူမျိုးခြားအချင်းချင်း သွေးခွဲလှုံ့ ဆော် ပြဿနာဖြစ်အောင် လုပ်ရုံမက ဘာသာတူ လူမျိုးတူအချင်းချင်းလည်း တစ်ဦးနဲ့  တစ်ဦး ယုံကြည်မှုနည်းအောင် ပဋိပက္ခဖြစ်အောင် ယုတ်မာစွာ လုပ်ဆောင်တယ်ဆိုတာ ယနေ့  ပြည်သူတွေ သတိမူ ဂရုစိုက်ကြဖို့  လိုပါတယ်။ မူဆလင်နဲ့  ခရစ်ယာန်နဲ့  ဗုဒ္ဓဘာသာဝင်တွေ အချင်းချင်းကြားထဲ လုပ်ကြံသွေးထိုး ပြည်သူတွေအနေနဲ့  အာဏာရူးတွေဆင်တဲ့ ထောင်ချောက်အကွက်ထဲ မ၀င်သွားအောင် တစ်ဦးချင်းစီတိုင်းက သတိ အတော့်ကို ထားရမှာပါ။

ဘယ်သူဘယ်ဝါ ဘယ်ကမှန်းမသိဘဲ မိမိဘာသာ မိမိလူမျိုးကို ဆန့် ကျင်စော်ကားတဲ့ အပြောတွေ စာတွေ ကြားရ မြင်ရ ဖတ်ရတာနဲ့  ချက်ချင်း ခံစားမှုတွေပေါ်လာပြီး အလျင်စလို တုန့် ပြန်မိတာတွေဟာ အာဏာရူးတွေ ဆင်ထားတဲ့ ထောင်ချောက်အကွက်ထဲ အလွယ်တကူ ၀င်သွားမှာ ဖြစ်ပါတယ်။ ဒီလိုမဖြစ်ရလေအောင် သတိထားဖို့ကတော့ ဒီလိုစော်ကားဆန့်ကျင် ပြောဆိုရေးသားသူတွေရဲ့  အပြောတွေ အရေးသားတွေကို ကြားရမြင်ရတဲ့အခါမှာ စိတ်ကို တည်ငြိမ်အောင်ထားပြီး ဒီလိုအပြောအဆိုအရေးအသားတွေ စတင်လာခဲ့တဲ့ မူလဇစ်မြစ်ကို စုံစမ်းရှာဖွေဖေါ်ထုတ်ရမှာ ဖြစ်ပါတယ်။ လူမှုရေးမှာ ဘာသာရေးမှာ ဦးဆောင်သူတွေအနေနဲ့ လည်း ဒီလိုကိစ္စမျိုးတွေမှာ မိမိတို့ လူမျိုး ဘာသာဝင်တွေကို စိတ်လိုက်မာန်ပါ မပြောဆိုကြဖို့  မလုပ်ကြဖို့  ထိန်းသိမ်းရင်း ပြဿနာရင်းမြစ်ကို ရှာဖွေပြီး လုပ်ကြံဖန်တီးမှုတွေကို ဖေါ်ထုတ်ကြရမှာပါ။

ဘာသာတရားတွေကို ဆန့် ကျင်စော်ကားတဲ့ ရေးသားမှုတွေ ရုတ်ချည်းပေါ်ထွက်လာတာဟာ မသင်္ကာဖွယ်ဆိုတာ သတိထားကြရပါမယ်။ ဘာသာရေး လူမျိုးရေးပဋိပက္ခ ဖြစ်အောင် ဖန်တီးတဲ့နေရာမှာ ဖန်တီးကြသူတွေဟာ သူတို့အချင်းချင်း လက်ဝါးချင်းရိုက်ထားလေ့ ရှိပါတယ်။ ဒါဟာ သာမန်လိမ်လည်မှုတွေမှာ တွေ့ ရတဲ့ပုံစံနဲ့ လည်း တူပါတယ်။ တစ်ဦးက ဆန့် ကျင်ဘက်စကားပြောမယ် နောက် သူတို့ လူ တစ်ဦးက ပြန်ပြီးတုန့် ပြန်ပြမယ်၊ ဒီလိုနဲ့  ကျန်တဲ့ သတိမထားမိသူတွေ ခံစားမှုပြင်းတဲ့သူတွေ ပါလာအောင် ဆွဲခေါ်ပါတော့တယ်။ ဒီအတွက် သာမန် ခံစားမှုနဲ့ ပြောသူတွေပါ တဖြည်းဖြည်းနဲ့  များလာပြီး ကြီးမားတဲ့ အခြေအတင်စကားများရာကနေ နောက်ဆုံး အုပ်စုလိုက် ကိုယ်ထိလက်ရောက် ရိုက်ကြပုတ်ကြ သတ်ကြဖြတ်ကြတဲ့ ဘာသာရေး လူမျိုးရေးအဓိကရုဏ်းတွေ ဖြစ်ပေါ်လာပါတော့တယ်။

ဘာသာရေးဆန့် ကျင်စော်ကားမှုတွေကို ရေးသားမှုဟာ ပြဿနာဖန်တီးလိုသူတွေအတွက် အလွယ်တကူနေရာဖြစ်နေလို့  ဖတ်တဲ့သူတွေက ပိုသတိထားရပါမယ်။ မူလရေးသားသူ ဘယ်သူဘယ်ဝါဆိုတာ ထုတ်ဖေါ်သိရှိဖို့  ခက်ခဲသလိုဈ ဒီရေးသားမှုဟာ အလွယ်တကူ ပြန့် နှံ့ နိုင်ပါတယ်။ ဒီအတွက် ဖတ်မိသူတွေဟာ ကိုယ်ကိုတိုင်က ဒီလို ပြဿနာစာတွေ အရေးအသားတွေကို ထပ်မံဖြန့် ဖြူးပေးနေသလို ဖြစ်မှန်းမသိ ဖြစ်၊ ဆင်ထားတဲ့ပြဿနာထဲ ကိုယ်ကိုတိုင် ပါဝင်လို့  ပါဝင်မှန်း မသိနဲ့  ဖြစ်သွားနေတယ်ဆိုတာ သတိထားကြဖို့  သင့်ပါတယ်။

ထို့ အတူ အထက်မှာ ဖေါ်ပြရေးသားချက်ပါ သတိမူ ဂရုစိုက်ကြရမယ့် အာဏာရူးတွေရဲ့  ပြည်သူတွေအပေါ် နိုင်ငံရေးအဖြစ်အပျက်တွေကနေ အာရုံလွှဲရအောင်၊ ပြည်သူအချင်းချင်း အဖွဲ့ အစုအချင်းချင်း လူမျိုးအချင်းချင်း ဘာသာတရားတွေ အချင်းချင်း သွေးထိုးဖန်တီး အကွက်ဆင် ထောက်ချောက်လုပ်တာတွေကို မည်သို့သော ဆန့်ကျင်ပြောဆိုမှု ရေးသားမှုကိုမဆို မစုံစမ်း မလေ့လာ ရင်းမြစ်ကို မရှာ အခြအနေအချိန်ကာလကို မကြည့်ဘဲ မိမိတို့ ရဲ့  ပကတိရိုးသားသော ခံစားမှုများဖြင့် လျင်မြန်စွာ တုန့် ပြန်ကြမယ် ဒီလို ဘသာသာတရားစော်ကားမှု လူမျိုးရေး စော်ကားမှုတွကို အခြားသူ သိစေလိုတဲ့ စေတနာအရိုးခံနဲ့  ဖြန့် ပေးကြမယ်ဆိုရင် အမှိုက် စ ပြသာဒ် မီးလောင်ဆိုတာလို လူမျိုးရေး အဓိကရုဏ်းကြီးတွေအထိ ဦးတည်သွားနိုင်မယ့် လမ်းကြောင်းထဲ မိမိကိုယ်တိုင် ပါမှန်းမသိ ပါသွားနိုင်တာကို၊ လုပ်ကြံဖန်တီးသူတွေ အကွက်ဆင်တဲ့ထဲ ၀င်သွားမှန်းမသိ ၀င်သွားနိုင်တာကို အထူးသတိထားကြပါလို့  ပြည်သူများ အကျိုးကို ရှေ့ ထားပြီး မေတ္တာရပ်ခံလိုပါတယ်။

မြန်မာနိုင်ငံမှာ အာဏာရူးတွေ အုပ်ချူပ်နေစဉ်အတွင်းမှာ ပြည်သူတွေအနေနဲ့  ဘာသာမတူ လူမျိုးမတူပေမယ့် တစ်နိုင်ငံထဲနေ တစ်ရေထဲသောက်ပြီး မိမိတို့  ချစ်မြတ်နိုးတဲ့ မြန်မာနိုင်ကြီးအတွက် အချင်းချင်း ပဋိပက္ခ မဖြစ်ရကြလေအောင် အစစအရာရာမှာ ဆင်ခြင်သတိနဲ့  ပိုမို လက်တွဲစည်းလုံးကြဖို့ ၊ ဘာသာရေးအဓိကရုဏ်ဖြစ်နိုင်မယ့် လူမျိုးရေးအဓိကရုဏ်းဖြစ်နိုင်မယ့် မင်္သကာဖွယ်ဖန်တီးမှုများကို ကာကွယ်တွန်းလှန်ကြဖို့  ဖန်တီးသူတွေကို ရှာဖွေ ဖေါ်ထုတ်ကြဖို့  အလွန်ပင်အရေးကြီးလှပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။


အရှင်ရာဟုလာ (မစိုးရိမ်) ။
 
http://www.facebook.com/home.php#!/photo.php?fbid=3737760570647&set=a.3390189321583.2157207.1475121874&type=1
Unknown at 10:37 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တန်းဖိုးသိမှ တန်ဖိုးရှိတယ်... တန်ဖိုးရှိမှ တန်ဖိုးထားတတ်မယ်... 11:04 Myanmar Express Group 2 comments



From : Kyaw Soe Hein

အဖေ့သမီးအတွက်
သမီးအတွက်..ဖခင်ရဲ့ ဥပမာကောင်းလေးတစ်ခု.............

ဖခင်ဖြစ်သူက သမီးဖြစ်သူကို ခေါ်ပြီးပြောတာကနေ စကြရအောင်…. ဖခင်။
အဖေသမီးကိုတစ်ခုပြမယ်.အရေးကြီးတယ်နော်.. ပြီးတော့ ဖခင်ဖြစ်သူက တစ်စုံတစ်ခုကို အင်္ကျီအိပ်ထဲကနှိက်ပြီး လက်ထဲဆုပ်ကိုင်ထားလိုက်ပါတယ်။

ဘာလဲဆိုတာသိချင်လားလို့သမီးဖြစ်သူကိုမေးတယ်။

သမီးဖြစ်သူက ခေါင်းညှိက်တဲ့အခါမှာတော့ ဒါဆို သမီး ထိုင်ထ ၁ခေါက်လုပ်.. သမီးဖြစ်သူက ထိုင်ထ လုပ်လဲပြီးရော ဖခင်ဖြစ်သူက ၃ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။

သမီးဖြစ်သူလုပ်လဲပြီးရော ၅ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။
သမီးဖြစ်သူကလဲ ၅ခေါက်လုပ်ပြန်ပါတယ်။ ပြီးတော့ ဖခင်ဖြစ်သူက ၁၀ ခေါက်အထိ ဆိုလာပြန်တယ်။
ထိုအခါ သမီးဖြစ်သူက ၁၀ခေါက်လုပ်ပြီးတော့..အဖေရယ် သမီးကို ဘာလဲဆိုတာသိအောင်ပြပါတော့လို့ဆိုတယ်။ အဲ့ဒီတော့မှ ဖခင်ဖြစ်သူက လက်ထဲမှာဆုပ်ကိုင်ထားတာလေးကိုဖွင့်ပြလိုက်တော့ အကြွေတစ်မတ်စေ့ ဖြစ်နေတယ်။

အဲ့ဒီအကြွေစေ့လေးကိုပဲ လက်ထဲမှာနောက်တစ်ခေါက်ပြန်ဆုပ်ကိုင်လိုက်ပြီးတော့ သမီးဖြစ်သူကို ထိုင်ထ ၁၀ ခေါက်လုပ်ရင်ပြမယ်လို့ပြောတယ်။ သမီးဖြစ်သူက မတွေ့ချင်ပါဘူး.. သမီးတွေ့ပြီးပြီပဲဟာ..လို့ပြန်ပြောလိုက်တယ်။

ထိုအခါ ဖခင်ဖြစ်သူက ၁ ခေါက်ပဲလုပ်ပါသမီးရယ်..အဖေပြပါ့မယ်လို့ဆိုသတဲ့။ ၁ခေါက်လဲမလုပ်နိုင်ဘူး..တွေ့ပြီးမြင်ပြီးသားပဲဟာလို့ သမီးကပြန်ပြောသတဲ့။
ဒါဆို အလကားပဲပြမယ်သမီးရယ်..ကြည့်မလားလို့ဖခင်ကပြန်မေးတယ်။

အလကားလဲ မတွေ့ချင်ပါဘူး..တွေ့ပြီးမြင်ပြီးသွားရင်ဘာတန်ဖိုးရှိတော့တာမှတ်လို့… ဆိုပြီးသမီးဖြစ်သူကပြန်ပြောတယ်။

အဲ့ဒီတော့မှဖခင်ဖြစ်သူက.. ဒီဥပမာလေးလိုပဲသမီးရယ်.မတွေ့ခင်မမြင်ခင်က တန်ဖိုးကြီးမားပြီးလိုသလို ခိုင်းလို့ရတဲ့ ဒီမတ်စေ့လေးဟာ တွေ့မြင်သွားပြီးတဲ့နောက်မှာ တန်ဖိုးမရှိတော့ဘူးမဟုတ်လား…

" ဒီလိုပဲသမီးရေ..ထိန်းသိမ်းစောင့်ရှောက်ထားသင့်တဲ့အရာတွေကိုလဲ အချိန်မတန်ခင်မှာ တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကို ပေးမမြင် ပေးမတွေ့သင့်ဘူး.."

သမီးတို့ရဲ့ အပျိုစင်ဘ၀ကိုလဲဒီမတ်စေ့လေးလိုပဲ အချိန်မတန်ခင် တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကိုပေးမမြင် ပေးမတွေ့သင့်ဘူး။ ကဲ.ဒါဆို..သူငယ်ချင်းတို့ရဲ့မတ်စေ့လေးကရော တန်ဖိုးရှိသေးရဲ့လား*

တန်းဖိုးသိမှ တန်ဖိုးရှိတယ်...

တန်ဖိုးရှိမှ တန်ဖိုးထားတတ်မယ်...

တန်ဖိုးရှိတဲ့ လူတော် လူကောင်း သူတော်ကောင်းတွေ ဖြစ်ကြပါစေ....

အားလုံးပဲ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံပြီး ကောင်းကျိုး လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ.....


Myanmar Express
Unknown at 10:37 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မူဆယ်မြို့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

ဓါတ်ပုံ (Google Images)
မူဆယ်မြို့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယခုည(ဧပြီလ ၂၈ ရက်နေ့) ၉ နာရီ ၄၀ မိနစ်ခန့်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူတစ်ဦး သေဆုံးခဲ့ကြောင်းEleven Media Group အင်တာနက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါသည်။

ဖောက်ခွဲသူမှာ ခန့်မှန်ခြေ အသက် ၂၀ ၀န်းကျင်အရွယ်ဖြစ်ပြီး ရှေ့မှသွားသော ရဲကားအား နောက်မှ ဆိုင်ကယ်နှင့်လိုက်၍ ဗုံးဖောက်ခွဲမှုပြုလုပ်ရာမှ အဆိုပါဗုံးမှာ လူငယ်၏ ပါးစပ်ထဲတွင်ပင် ပေါက်ကွဲသွားပြီး ထိုသူသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဖောက်ခွဲသူတွင် M20 ပစ်စတို တစ်လက်ပါလာပြီး ကျည်ထိုးပြီးသားဖြစ်နေကြောင်းနှင့် အခြား ကျည်ဆံ ၆ တောင့်ကိုလည်း ၎င်းအနီးတွင်တွေ့ရှိရကြောင်း ဗုံးဖောက်ခွဲသူစီးနင်းလာသည့် ဆိုင်ကယ်မှာ CZL 125 GLN ဖြစ်ပြီး မူဆယ် ပြည်တောင်စုလမ်းမကြီးပေါ်ရှိ  ဆင်ရတနာဟိုတယ်အနီးတွင် ဖြစ်ပွားခဲ့ကြောင်း ဖောက်ခွဲခဲ့သူမှာ သေဆုံးသွားခဲ့ပြီး မျက်နှာတစ်ခုလုံး ပျက်စီးသွားသောကြောင့် မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးကြောင်းနှင့် ယခုတစ်ကြိမ်ဆိုလျှင် ဧပြီလအတွင်း ဒုတိယအကြိမ်မြောက် ဗုံးပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပြီး ပထမတစ်ကြိမ်က မူဆယ် ၁၀၅ မိုင် ယာဉ်စစ်ဆေးရေးဂိတ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း Eleven Media Group သတင်းအရ သိရှိရသည်။

သစ်ထူးလွင်
Unknown at 10:35 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.