Sunday, April 29, 2012

ကုလ အတွင်းရေးမှူးချုပ် ဘန်းကီမွန်းမှ ဒေါ်အောင်ဆန်းစုကြည် မပါသည့် ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်းပြောမည်





မြန်မာအစိုးရ၏ နိုင်ငံရေးတိုးတက်ပြောင်းလဲ အောင်မြင်မှုများကြောင့် ကမ္ဘာနိုင်ငံများမှ ပုဂ္ဂိုလ်အများအပြား လာရောက်လျှက်ရှိရာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် ၎င်း၏ဇနီး ယိုဆွန်တေးတို့သည်လည်း မြန်မာနိုင်ငံသို့ ယနေ့ ရောက်ရှိလာခဲ့သည်။

ကုလသမ္မဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း သည် ဧပြီ ၃၀ တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်ကို သွားရောက်တွေ့ဆုံမည် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်မပါသည့် ပြည်တော်စုလွှတ်တော်မှ လွှတ်တော်အမတ်များ အားလုံးကိုလည်း ပြည်ထောင်စုလွှတ်တော်ခန်းမတွင်လည်း မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

ဘန်ကီမွန်း၏ ယခုခရီးစဉ်မှာ မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ် လာရောက်ခြင်းဖြစ်ပြီး ယနေ့ ကုလသမ္မဂ္ဂမှာ အမေရိကန်နှင့် ဥရောပ တို့၏ လက်ကိုင်တုတ်ဖြစ်နေကြောင်း ဝေဖန်ခံရလျှက် ရှိသည်။


ယနေ့ နေ့လည်ပိုင်းတွင် ဘန်းကီမွန်းမှ ကုလ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ၏အုတ်ဂူ သို့ သွားရောက် ဂါရဝ ပြုခဲ့ပြီး ဦးသန့်၏ ဆုံးမစာ တစ်ခုမှာ "
ဟေ့... မြန်မာဟာ မြန်မာပဲ။ မြန်မာဟာ မြန်မာပြည်မှာ နေရမယ်။ မြန်မာပြည်မှာ သေရမယ်။ အကြောင်းအမျိုးမျိုးကြောင့် ရေမြေခြားကိုရောက်နေရပေမယ့် တစ်နေ့မှာ မြန်မာပြည်ကို ပြန်ရမယ်။ အခွင့်အရေး တစ်စုံတစ်ရာကြောင့် နိုင်င်ငံခြားသားလုပ်ဖို့ ဘယ်တော့မှ စိတ်မကူးလေနဲ့။
(ဦးသန့်)
ဟူ၍ဖြစ်သည်။

Myanmar Express
Unknown at 10:39 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.