Monday, April 30, 2012

ရုပ်ရှင်အစည်းအရုံး ဥက္ကဌကို ရုပ်ရှင်လောကသားများ အသိအမှတ်မပြု


လူပျက် ဇာဂနာ၊ ဒါရိုက်တာ ဝိုင်း နဲ့ NLD မင်းသား မင်းသမီးတွေ ဦးဆောင်ရွေးချယ်ခဲ့တဲ့ ရုပ်သေး ဥက္ကဌ ဦးဇင်ဝိုင်းကို ရုပ်ရှင်လောက သား များက အသိအမှတ်မပြု မလေးစားကြဘူးလို့ သတင်းရရှိပါတယ်။ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းမှ သရုပ်ဆောင် သင်ဇာဝင့်ကျော်၏ ဝတ်စား ဆင်ယင်မှုနှင့် အနေအထိုင် ဆင်ခြင် ထိန်းသိမ်းရန် ခေါ်ယူ သတိပေးဖွယ် ရှိကြောင်း ဦးဇင်ဝိုင်းမှ ပြည်တွင်း မီဒီယာ True News သို့ ပြောကြား သွားကြောင်း သတင်းများ ထွက်လာပြီးနောက် သရုပ်ဆောင် သင်ဇာဝင့်ကျော်အား ရုပ်ရှင် ရိုက်ကူးခွင့် ပိတ်ပင်တော့မည့် သတင်းများ ထွက်ပေါ်လာခဲ့ပေမယ့် လတ်တလောတွင် သင်ဇာဝင့်ကျော် မှာ ပြင်ဦးလွင်၌ ဇာတ်ကားများ ရိုက်ကူးလျက် ရှိကြောင်း သတင်းရရှိပါတယ်။

ဦးဇင်ဝိုင်း မှ မြန်မာ့ ရုပ်ရှင်အစည်း အရုံး ဥက္ကဌ တာဝန်ကို လက်ခံယူပြီးသည့်အချိန်မှ စ၍ မိဘနှင့် သားသမီး အတူ မကြည့် သင့်သည့် ဇတ်လမ်းများ၊ သီချင်းများနဲ့ အဖော်အချွတ် ဇတ်လမ်း ဓာတ်ပုံ အများအပြား ထွက်ပေါ်လျှက် ရှိကြောင်း သိရပြီး ယဉ်ကျေးမှု ထိန်းသိမ်းလိုသော မြန်မာပြည်သူ အများစုက ယခင် ဆင်ဆာ အဖွဲ့နှင့် အရုပ်ရှင်အစည်းအရုံးကိုသာ ပြန်လည် အသက်သွင်းလိုကြကြောင်း သတင်းရရှိပါတယ်။


Unknown at 10:31 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.