Monday, April 30, 2012

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဟု ကျမ်းကျိန်ဆိုပြီး ဒေါ်စု လွှတ်တော်ပြန်တက်တော့မည်

လွှတ်တော်ဝင်ဖို့ ကျမ်းကျိန်ဆိုရာတွင် ကျမ်းကျိန်စာသား မပြင်ပေး၍ လွှတ်တော်မတက်ဘဲ နေခဲ့ကြသော ဒေါ်စုနှင့် NLD ကိုယ်စားလှယ်လောင်းများသည် ယခုအခါ စာသားမပြင်ပေးပေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည် ဟု ကျမ်းကျိန်ဆိုပြီး လွှတ်တော်တက်မယ် လို့ ဒေါ်စုမှ ပြောကြားလိုက် ပါ တယ်။ 
ဒေါ်စုရဲ့ ဟိုဟာလုပ်မယ် ဒီဟာလုပ်မယ်လို့ ပြောပြီး တခုမှ မလုပ်ဖြစ်ဘဲ စိတ်အမျိုးမျိုး ပြောင်းနေတာကြောင့် NLD ပါတီအပေါ် ထောက်ခံအားပေးသူတွေရဲ့ ယုံကြည်မှု ကျဆင်းနေကြောင်း သိရပါ တယ်။ ဒေါ်စု ဟာ  နေအိမ်အကျယ်ချုပ်မှ လွတ်ကာစမှာ ဒုတိယ ပင်လုံခေါ်မယ်ဆိုပြီး အော်ခဲ့ပေမယ့် ယခုအခါ ဒုတိယပင်လုံဆိုတာ စိတ်ကူးယဉ်ဆန်ဆန် ဖြစ်သွားပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံဘူး။ ဒါကြောင့် ရွေးကောက်ပွဲ မ၀င်ဘူးလို့ အရင်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဘူး လှုပ်ရှားမှုနဲ့ ဆန့်ကျင်ခဲ့သော်လည်း ပါတီမှတ်ပုံပြန်တင်ပြီး  ပြီးခဲ့တဲ့ ဧပြီလ(၁)ရက်နေ့ ကြားဖြတ်ရွေးကောက်မှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြန်ပါတယ်။ ယခုလည်းပဲ ကျမ်းကျိန်စာသားပြင်ပေးမှ လွှတ်တော်တက်နိုင်မယ်လို့ ဆိုခဲ့ပေမယ့် ယခုအခါ မပြင်ပေးပေမယ့်လည်း လွှတ်တော်တက်ဖို့ ဆုံးဖြတ်လိုက်ပြန်ပါတယ်။ ဒေါ်စုရဲ့ စိတ် အမျိုးမျိုးပြောင်းလဲနေမှု အပေါ် လိုက်မမှီ နားမလည်နိုင်ဘူး။ စိတ်ပျက်မိတယ်လို့ မကွေးက အမည်မဖော်လိုသူ NLD ပါတီဝင်တစ်ဦးက ရွှေမြန်မာ သတင်းထောက် တစ်ဦးကို ပြောပြခဲ့ပါတယ်။ မည်သို့ပင် ဖြစ်စေ ယခုလို အမှားကိုသိ အမြင်မှန်ရပြီး လွှတ်တော်တက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ဒေါ်စုရဲ့ ဆုံးဖြတ်ချက်အပေါ် ရွှေမြန်မာမှ ကြိုဆိုလိုက်ပါတယ်။
လွှတ်တော်ပြန်တက်မယ့် ဒေါ်စု
  by ရွှေမြန်မာ 
Unknown at 10:56 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.