Monday, April 30, 2012

KIA ဖမ်းဆီးသွားသော ဆဒုံးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ကချင် ၀န်ထမ်းများ ပြန်လည်လွတ်မြောက်လာ

ဧပြီလ ၂၈ ရက်နေ့ နံနက်က ဆဒုံးမြို့နယ် KIA အကြမ်းဖက်သောင်းကျန်းသူများသည် ဆဒုံးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ၀င်ရောက်စီးနင်းခဲ့ပြီး အုပ်ချုပ်ရေးမှူး အပါအ၀င် လူ ၄ ဦးကို သတ်ဖြတ်ကာ ၃ ဦးအားဖမ်းဆီးခေါ်ဆောင်ပြီး ဖုန်းနှင့် ပိုက်ဆံများကို ယူဆောင်သွားခဲ့ပါတယ်။ မြို့နယ်ရုံးတွင် အသတ်ခံရသူ ၄ ဦးတွင် ၂ ဦးမှ ဗမာများဖြစ်ပါတယ်။
အဖမ်းခံရသူ ၃ ဦးမှာ ကချင်လူမျိုးဝန်ထမ်းများဖြစ်ပြီး ဦးဂွမ်ဂျာနော် နှင့် ဦးယောကွေ့တို့အား လုံထန်စခန်းတွင် ထားရှိပြီး ၂၈ ရက်နေ့ ညနေ ၅ နာရီတွင် လုံထန်စခန်းမှ ပြန်လွှတ်ပေးခဲ့ပါပြီး ဧပြီလ ၂၉ ရက်နေ့ နေ့လည် ၁၁ နာရီတွင် ဆဒုံးမြို့နယ်ရုံးသို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။ ကျန်ခဲ့တဲ့ ဦးဇယ်တောင်ကိုတော့ လုံထန်စခန်းမှ ဧပြီလ ၂၉ ရက်နေ့ မနက် ၁၀ နာရီခန့်က ပြန်လည်လွှတ်ပေးခဲ့ရာ ညနေ ၅ နာရီခွဲခန့်တွင် ဆဒုံးမြို့နယ် အုပ်ချုပ်ရေးရုံးသို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။
 
ဖမ်းဆီးခံရသူ ၃ ဦးအား ဗဟိုဌာနချုပ်မှ ကချင်လူမျိုးများဖြစ်နေသောကြောင့် ပြန်လည် လွှတ်ပေးရန် အမိန့် ရောက်ရှိလာသဖြင့် လွှတ်ပေးရခြင်းဖြစ်ပါတယ်။ ကချင်လွတ်မြောက်ရေးတပ်မတော် အနေနဲ့ ကချင်ပြည်နယ်အတွင်းတွင် ကချင်လူမျိုးမှ လွဲပြီး ကျန်လူမျိုးများအား သတ်ဖြတ်ရန် လိုင်ဇာဗဟိုဌာနချုပ်မှ အမိန့်ထုတ်ထားတယ်လို့ သိရပါတယ်။ KIA တပ်များအတွင်းမှာလည်း လူမျိုးရေးခွဲခြားဖိနှိပ်မှုများကြောင့် လက်အောက်ခံတပ်များမှ ရှမ်းလူမျိုးများမှလည်း တပ်မှ ထွက်ပြေးပြီး အစိုးရထံ အလင်းဝင်မှုများ နေ့စဉ်ရှိနေပါတယ်။ KIA အဖွဲ့အနေနဲ့ လူမျိုးကြီးဝါဒကို ကျင့်သုံးပြီး ဖိနှိပ်သတ်ဖြတ်မှုများ ရှိနေတယ်လို့ အလင်းဝင်လာသူများမှ ပြောကြားကြောင်းသိရပါတယ်။
 
(ကြားဖြတ်သတင်း)
ရေးသားသူအဖွဲ့   မောင်ကျောက်ခဲ
Unknown at 10:58 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.