အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မင်္ဂလာတောင်ညွှန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ဖြူဖြူသင်း မဲဆွယ်စည်းရုံးရေး သွားစဉ် |
တွင် မိမိ ၏အမည်ပါမပါ ကို မတ်လ(၃)ရက်နေ့မှ (၇)ရက်နေ့ နောက်ဆုံးထားပြီး လာရာက်
စိစစ်ရန်နှင့် မိမိအမည်မပါ က ပုံစံ ဖြည့်သွင်းရမည့်အကြောင်း တစ်လမ်းဝင် တစ်လမ်းထွက်
ညဖက်အော်လံဖြင့် လိုက်အော်တာ ၂ရက်ရှိပြီ ကြောင်းသိရပါသည်။
မတ်လ ၄ ရက်နှင့် ၅ ရက်နေ့ တွေ မှာ လိုက်အော်ခဲ့တာဖြစ်ပြီ မတ်လ (၇)ရက်နေ့၊ညနေ(၅)
နာရီ ကျော်ပါက လုံးဝ(လုံးဝ)တာဝန်ယူမည်မဟုတ်ဘူးလို့ ရပ်ကွက်အုပ်ချုပ်ရေးနှင့် ကော်
မရှင်အဖွဲ့ ဝင်တွေကဆိုပါသည်။
အခုကိစ္စနှင့်ပါတ်သတ်၍ အမျိုးသားဒီမိုရေးစီအဖွဲ့ ချုပ်ဝင်ကိုသိန်းဝင်း က
အဖွဲ့ချုပ်ကို မဲပေးမည့်သူများ မိမိတာဝန် ကျေဖို့လိုပါသည် ၊ မဟုတ်ရင် ဒိုင်စားသွား မှာစိတ်ပူရကြောင်းပါ ။ ဒါတွေကိုသတိထားမိပါတယ်။
(၁)ကြေငြာသည့် အချိန်နီးကပ်လွန်းခြင်း(ကပ်ဖြုတ်သည့်ပုံစံဖြစ်နေခြင်း)
(၂)နွေကျောင်းပိတ်ရက် ခရီးထွက်သူများ ၊ မြို့တက်အလုပ်လုပ်နေသူများ စာရင်းမပါလျှင် အလိုအလျောက် မဲပေးခွင့်ဆုံးရှုံး ခြင်း
(၃)ကြေငြာသည့်ပုံစံ မဟုတ်ခြင်း(အရေးကြီးပါလျက် သတင်းစာ၊တီဗီ၊ရေဒီယို FM တို့မှလုံလောက်သောအချိန်ပေးပြီး ထပ်ခါတလဲလဲ ထုတ်လွင့် နိုးဆော်ခြင်းမရှိ)
(၄) စာရင်းမပါသဖြင့် အလိုအလျောက် မဲပေးခွင့်ဆုံးရှုံးသူ အရေအတွက်များနိုင်ခြင်း (၄င်းအရေအတွက် နေရာများအတွက် အစားထိုး/ကြိုတင် များ ၂၀၁၀ ကဲ့သို့ဖြစ်လာနိုင်ခြင်း)
ရှိကြောင်း Myanmar News Now ကို သတင်းပေးပို့ လာသူထံပြောဆိုထားပါသည်။
Myanmar News Now
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment