ဆိုင်းဆွတ်တွေ့ဆုံမေးမြန်းသည်။
YPI - နက်ဖြန်အတွက် ဘယ်လောက်ထိတောင် ဦးပါပါလေး ရင်ခုန်နေပြီလဲ။
PPL - အတိုင်းအထက်အလွန်ပါ။ထမင်းတောင်မစားနိုင်ဘူး။ဝမ်းသာလွန်းလို့။ ပြည်သူတွေကမျှော်လင့်နေတယ်။ဘာလို့လဲဆိုတော့ဒေါ်စုကပြည်သူကိုချစ်တာလေ ပြည်သူကအမေပြည်သူကမိဘပဲ ဒါကြောင့်ပြည်သူ ကိုချစ်လို့ အစ်မကြီးဒေါ်အောင်ဆန်းစုကြည်လာမယ်ဆိုတာ ပြည်သူကို သူ က မေတ္တာ စကားပြော ချင်လို့ အဲဒီစေတနာအား နဲ့အနုပညာသည် တွေက အတိုင်းအထက်အလွန်ပြောစရာမရှိလောက်အောင် ၀မ်းသာပါတယ်။
YPI - ဦးပါလေးကအန်တီစုကိုဘယ်လိုမြင်သလဲ
PPL - အနုပညာသမားတစ်ယောက်အနေနဲ့ပြောရရင် သူကတိုင်းပြည်လက်နက်ပဲ။မကောင်းတဲ့လူမှန်သမျှကိုပစ်မှာပဲ။ဘယ်သူ့ကိုမှမကြောက်ဘူး အမှန်တရားပြောရဲတယ် သူလုပ်နေတာလည်းတိုင်းပြည်အတွက်ပဲကိုး ။
YPI - အန်တီစုကိုစည်းရုံးရေးကာလမှာဘယ်လိုအားဖြည့်ကူညီမှုတွေလုပ်ပေးဖို့ရှိလဲ
PPL - ပြည်သူကိုစည်းရုံးဖို့ ဦးပါကို တာဝန်ပေးတယ် အဲဒါကိုစိတ်ချ အဲဒါတော့အစ်မကြီးဒေါ်စုကပြောဖူးတယ်။ ၈၉ တုန်းက အစ်မကြီးဒေါ်စုရဲ့စကားသံကို အခုထိနားထဲက မထွက်သေးဘူး။ ဦးပါပါလေးစည်းရုံးပေးပါနော် ကျန်းမာရေးကောင်းအောင်ဂရုစိုက်ပါ ကျွန်မတို့စည်းရုံးရင်လူလေးငါးဆယ်ယောက်ပဲရပါတယ်။ ဦးပါတို့စင်ပေါ်ကစည်းရုံးတာထောင်သောင်းမကရပါတယ်ဆိုတာလေ။ အဲဒါတော့ဦးပါကဒေါ်စုအတွက်အားလုံးနိုင်သရွှေ့တာဝန်ထမ်းပြီးစည်းရုံးမှာပါ။
YPI - ဦးဇာဂနာကအနုပညာနဲ့ရောတဲ့နိုင်ငံရေးလို့ပြောတယ် ဦးပါရဲ့နိုင်ငံရေးကရော ဘယ်လိုနိုင်ငံရေးမျိုးဖြစ်မလဲ
PPL - ဦးပါကပြည်သူ့အတွက်လုပ်တဲ့နိုင်ငံေ၇းပါ။အဲဒါမှနိုင်ငံရေးက ကိုယ်လုပ်ချင်တာကိုယ်ပြောချင်တာတွေ
ဖြစ်မှာကိုး၊ ဦးပါတို့အဲဒါမှကောင်းမှာ။ လွတ်လွတ်လပ်လပ်ပေါ့။ ပါတီဝင်ထားရင်မကောင်းဘူး။ ကိုယ့်ပါတီကမဟုတ်တာလေးတွေလမ်းချော်ခဲ့သော် ဦးပါတို့ကငဲ့နေရအုံးမယ် အခုက ဘယ်ပုဂ္ဂိုလ်ပဲ တက်တက် မကောင်းတဲ့လိုအပ်တဲ့ချို့ယွင်းတာတွေကိုတော့ပြော၇အုံးမယ်။
ဆောင်ပုဒ်လေးတောင်ရှိတယ်။“ပြည်သူ့ကိုယ်စား ပါးစပ်အငှားဖြင့် မထောက်မညှာ ရဲဝံ့စွာနဲ့ မှန်ရာကိုပြော ကိုယ့်သဘော”တဲ့။
ဦးပါကတော့ အစ်မကြီးသွားတဲ့လမ်းကိုတည့်တည့်လိုက်မယ်။ အစ်မကြီးအန္တရာယ်ကင်းပါစေ။ ကျန်းမာပါစေ။ချမ်းသာပါစေ။လိုအပ်ဆန္ဒပြည့်ပါစေ။ပြည်သူတွေရဲ့လက်ခုပ်သံက အစ်မကြီးအားဆေးပါ။ လူရွင်တော်တွေရဲ့သံချပ်ဟာအစ်မကြီးအတွက်အားဆေးပါ။
ပြီး။

0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment