ဝိုင်မက်စ်နည်းပညာကို ရက်ဒ်လင့်(Red Link) ကုမ္ပဏီက အဆင့်မြှင့်တင်ပြီး ဈေးလျှော့နေတဲ့အပြင် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာလည်း ကျပ် သုံးသိန်းကျော်နဲ့ရောင်းချပေး မယ်လို့ ဆိုပါတယ်။
“လက်ရှိ ပုံမှန်ရောင်းဈေးက ကျပ် ခြောက်သိန်းသုံးသောင်းပေါ့။ ဒါပေမဲ့ နောက်လ ၂ ရက်နေ့ ချက်ထရီယမ်ဟိုတယ်မှာ မနက် ၉ နာရီကနေ ၁၁ နာရီအထိကိုတော့ ကျပ် သုံးသိန်းခြောက်သောင်းနဲ့ တစ်ရက်တည်းရောင်းပေးမှာပါ ”လို့ ရက်ဒ်လင့်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဝိုင်မက်စ်(Wimax) နည်းပညာကို ပိုအဆင့်မြှင့်ထားတဲ့အပြင် အသုံးပြုသူတွေ လွယ်ကူစေဖို့ ကော်နက်ရှင်ကောင်းအောင် လုပ်ထားတယ်လို့ လည်းဆိုတယ်။ အခုစနစ်က အင်တာနက်သုံးဖို့ အင်စတောလ်လုပ်စရာမလိုတဲ့အပြင် ကြိုးဖိုး ကုန်ကျစရိတ်လည်းမရှိဘူးလို့ သိရတယ်။
သည်နည်းပညာမှာ usage က Limit လုပ်တာရှိသလို unlimited လုပ်တာလည်းရှိပါတယ်။ လစဉ်ကြေးကတော့ ကိုယ်ယူတဲ့ (speed)
မြန်နှုန်းပေါ်မူတည်ပြီးဈေးကွာ တယ်လို့သိရတယ်။
မြန်နှုန်းပေါ်မူတည်ပြီးဈေးကွာ
အမြန်နှုန်းနဲ့ လစဉ်ကြေး
Speed( မြန်နှုန်း) လစဉ်ကြေး
၅၁၂ Kbs ဒေါ်လာ ၃၀
၁ Mbs ဒေါ်လာ ၅၅
၂ ။ ဒေါ်လာ ၉၀
၂ ။ ဒေါ်လာ ၁၂၀
၃ ။ ဒေါ်လာ ၁၅၅
၅၁၂ Kbs ဒေါ်လာ ၃၀
၁ Mbs ဒေါ်လာ ၅၅
၂ ။ ဒေါ်လာ ၉၀
၂ ။ ဒေါ်လာ ၁၂၀
၃ ။ ဒေါ်လာ ၁၅၅
စုမြတ်လှိုင်( မော်ဒန် သတင်းဂျာနယ်)
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment