ကရင်ပြည်နယ် မြ၀တီမြို့၌ ပုဂ္ဂလိကဘဏ်အချို့ ဖွင့်လှစ်ထားသော်လည်းနိုင်ငံခြားငွေ(ဘဏ်)ကို တရားဝင် လဲလှယ်ပေးခြင်းမရှိသောကြောင့် ပြင်ပတွင်တရားမ၀င်နိုင်ငံခြားငွေလဲလှယ်မှုများ ရှိနေသည့်အပြင် ယင်းအပေါ်တည်မှီ၍ လိမ်လည်မှု များလည်းရှိနေကြောင်း မြို့ခံအသိုင်းအ၀ိုင်းမှ မြန်မာပို့စ်ဂျာနယ်သို့ ပြောကြားသည်။
မြ၀တီနယ်စပ်အတွင်း ချစ်ကြည်ရေးတံတားကြီးဖွင့်လှစ်ပြီးနောက်ပိုင်းကုန်စည်စီးဆင်းမှုနှင့်အတူ နိုင်ငံခြားငွေ သုံးစွဲမှုသည် ယခင်ကထက် မြင့်တက်လာ ကာ တရားမ၀င်ငွေလဲလှယ်မှုများက လက်ရှိပေါက်ဈေးထက်ပိုမိုနှိမ့်ချရောင်းဝယ်နေကြကြောင်း သိရသည်။
“ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာသာ နိုင်ငခြားငွေကို ပုဂ္ဂလိကဘဏ်တွေကပေါက်ဈေးနဲ့ချိန်ပြီး လဲလှယ်ယူနိုင်တဲ့ ဈေးတွေကို ဖော်ပြပြီးလဲပေးနေတယ်။ အခုလိုကုန်စည် စီးဆင်းတဲ့မြို့ဖြစ်တဲ့အပြင်နိုင်ငံခြားငွေ သုံးစွဲမှုအများဆုံးဖြစ်တာကြောင့် ဘဏ်တွေအနေနဲ့တရားဝင်လဲလှယ်ပေးရင် ပိုကောင်းမယ်။နိုင်ငံအတွက်လည်းတဖက်တလမ်းကနေ အခွန်ရမယ်။ အခုလိုနိုင်ငံခြားသားတွေနဲ့ ထိုင်းလူမျိုးတွေ နယ်စပ်ပေါက်က တစ်ဆင့် အလည်လာတယ်။ ဈေးဝယ်တယ်။ ငွေမလဲရဲဘူး၊ ငွေလဲပေးတဲ့သူရဲ့ ပါးစပ်ထဲကအတိုင်းဖြစ်နေလို့”ဟု အငြိမ်းစားဝန်ထမ်းတစ်ဦးက ဆိုပါတယ်။
ယခုလအတွင်း မြ၀တီနယ်စပ်ရှိ တရားမ၀င်ငွေလဲဈေးကွက်၌နိုင်ငခြားငွေ(ဘတ်)လဲလှယ်ပေးမှုနှုန်းမှာ ပထမပတ်အတွင်း ၃ ဒဿမ ၈၇ ပြား၊ ဒုတိယပတ် ၃ ဒဿမ ၉၀ ပြား ၊တတိယပတ်တွင်း ၄ ပြားအသီးသီး ဈေးကစားလျက်ရှိကြောင်းသိရသည်။ လတ်တလော မြ၀တီမြို့အတွင်း နိုင်ငံခြားငွေ(ဘတ်)လဲလှယ်မှုအနေဖြင့် မြန်မာငွေကျပ် တစ်သိန်းလျှင် ၃ဒဿမ ၈၇ ပြား၊ ဘတ် ၃၈၇၀ ၊ ၃ဒဿမ ၉၀ ပြား၊ ဘတ်၃၉၀၀ နှင့်၎ ပြား၊ ဘတ် ၄၀၀၀ အသီးသီးပြောင်းလဲ ရောင်းဝယ်နေကြကြောင်း သိရပါသည်။
ရဲဒွေး (မြ၀တီ) မြန်မာပို့စ် သတင်းဂျာနယ်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment