Thursday, September 20, 2012

ခရီးဆုံးထိ မရောက်လိုက်သည့် မန်းက တစ်ကိုယ်တော် ပါဖောင်းမန့် တင်ဆက်သူ


မြန်မာနိုင်ငံ အပါအ၀င် တစ်ကမ္ဘာလုံးတွင် ဖြစ်ပွားနေသည့် စစ်ပွဲများ ရပ်တန့်ရေးအတွက် မန္တလေးမြို့ပေါ်ရှိ လမ်းများပေါ်တွင် တစ်ကိုယ်တော် ပါဖောင်းမန့် သရုပ်ပြသူအား ယနေ့ နံနက် ၁၁ နာရီကျော်အချိန်တွင် မန္တလေးမြို့ ချမ်းအေးသာဇံ ရဲတပ်ဖွဲ့မှ ခေါ်ယူတွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

"လမ်းတွေ ပိတ်ဆို့မှုဖြစ်တာနဲ့ ကျွန်တော့်ကို ပင်ပန်းနေလို့ အနားယူဖို့ ခေါ်ပြောတာပါ"ဟု တစ်ကိုယ်တော် ပါဖောင်းမန့်ပြသူ ပန်းချီစူးမြင့်သိန်းက ရဲစခန်းက ပြန်ထွက်လာစဉ် ယနေ့ နေ့လယ် ၁ နာရီခန့်က ပြောသည်။

ပါဖောင်းမန့်ပြသူသည် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၆၉ လမ်းနှင့် ၃၇ လမ်းထောင့်မှ စတင်ကာ မြို့တစ်ပတ် ပြသရန် ရည်ရွယ်ခဲ့သော်လည်း ၈၄ လမ်း ၂၇၊ ၂၈ လမ်းကြားတွင် အမှတ် ၈ ရဲစခန်းမှ ခေါ်ယူခြင်းခံခဲ့ရခြင်းဖြစ်သည်။

"ခရီးဆုံးထိ မရောက်တဲ့အတွက် အားမရဖြစ်မိတယ်"ဟု ပန်းချီစူးမြင့်သိန်းက ပြောသည်။

အမှတ် ၈ ရဲစခန်းတွင် ခေါ်ယူတွေ့ဆုံစဉ် ကိုယ်ရေးအချက်အလက်များ ဖြည့်စွက်၍ ခံဝန်ကတိ လက်မှတ်ရေးထိုးခဲ့ရကြောင်း ၄င်းကပြောသည်။

ပန်းချီစူးမြင့်သိန်းသည် ပါဖောင်းမန့် ပြသမှုအတွက် ခေါ်ယူသတိပေးခံရမှုမှာ ယခုအကြိမ်သည် တတိယအကြိမ်ဖြစ်သည်။

ဓာတ်ပုံ- မောင်တာ
REF: 7Day News Journal


ဘကြီးသက်
Unknown at 6:24 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အနာဂါတ်ရှုမျှော်ခင်းပုံစံသစ် အွန်လိုင်းမီဒီယာ

အင်တာနက်ပေါ်ခဲ့တာ ဆယ်စုနှစ်နှစ်ခုကျော်ကြာမြင့်ခဲ့ပြီ၊  လူတွေကို ပြောင်းလဲရွေ့လျားမှု ဆက်သွယ်ရေး ပိုမိုကောင်းမွန်စေမှုတွေ ဖြစ်စေတဲ့ အင်တာနက်သုံးစွဲတဲ့ ယဉ်ကျေးမှုထွန်းကား လာတာနဲ့အမျှ နည်းပညာ သုံးစွဲမှုသက်သက်မဟုတ်တော့ပဲ အွန်လိုင်းမီဒီယာကဏ္ဍကလည်း လိုက်ပါဖွံ့ဖြိုးလာပါတယ်။
 
“ခင်ဗျားတို့က ကြေးစားပရိုဂျာနယ်လစ်ဇင်ရဲ့ အသက်သွေးကြောကို စုပ်မြိုနေတယ်ဆိုတဲ့ စောဒကကို မချေ ဖျက်နိုင်ဘူးဆိုတာ အထင်အရှားပဲ မဟုတ်လား”လို့  (၃)လတစ်ကြိမ်ထုတ် National Perspectives Quarterly (အမျိုးသားရှု့ထောင့်) မဂ္ဂဇင်းတာဝန်ခံမေးတဲ့ မေးခွန်းကို အမေရိကန်ပြည်ထောင်စုက ထိပ်တန်း နိုင်ငံရေး ဘလော့ဂ် The Huffington Post အယ်ဒီတာချုပ် ဖြေသွားတဲ့ အဖြေက ခေတ်ကိုပြနေတယ်၊
 
အာရီယန်နာဟက်ဖင်တန် ဖြေသွားတာက “ဒါက မြင်းထက်မြန်တဲ့ကားကို အပြစ်တင်နေတာနဲ့တူနေပါတယ်၊  သမိုင်းတစ်လျောက်လုံးမှာ နည်းပညာအသစ်တွေက လမ်းဟောင်းတွေကို ဖယ်ရှားခဲ့တာချည်းပဲ။ ရှင်တို့အနေနဲ့ ထူထောင် ဖန်တီးပြီးသား အင်တာနက်နဲ့ ချိတ်ဆက်စီးပွားရေးစနစ်ကို လွင့်စင်ပျက်သုန်းသွားဖို့ ဆန္ဒမပြုနိုင် ကောင်းပါဘူး”လို့ ဖြေသွားတာပါ၊
 
 
ဟာဖင်တန်ပို့စ်ဆိုတာ သူတို့ရဲ့ ဖွဲ့စည်းမှု၊ သတင်းစုစည်းမှု၊ ခေတ်ကို အမှီလိုက်နိုင်တဲ့ တင်ဆက်ပုံတွေနဲ့ ပင်မ သတင်းစာတွေ ဂျာနယ်တွေလောက် မလေးပဲ သတင်းဖြစ်တာနဲ့ အွန်လိုင်းဖတ်ရှု့နေကြတဲ့ ပရိတ်သက်တွေဆီ အချိန်နဲ့တပြေးညီ သတင်းတွေရောက်ရှိ အောင်ပို့ပေးနေလို့ အမေရိကားမှာ နာမည်ကျော်လူကြိုက်များတဲ့ ဘလော့ဂ်တစ်ခုပါ။

၁၉၉၉ခုနှစ်က စတင်ခဲ့တဲ့ ဟာဖင်တန်ပို့စ်ဘလော့ဂ်ဟာ အင်တာနက်အွန်လိုင်း မီဒီယာဖွံ့ဖြိုးတိုးတက်လာမှုနဲ့အတူ ဘလော့ဂ်တွေ ရှာပုံတော်အင်ဂျင်စက်ကြီးတွေ နဲ့ သတင်းစုစောင်းတင်ပြပုံ နည်းစနစ်တွေနဲ့ အွန်လိုင်း ဖွံ့ဖြိုးလာတာနဲ့အညီ ပုံနှိပ်မီဒီယာတွေရဲ့ ရှင်သန်ရပ်တည်မှုအတွက် စိန်ခေါ်ချက်တွေနဲ့  ရင်ဆိုင်လာခဲ့ပါတယ်၊

အခုဆို သတင်းစားသုံးမှုပုံစံသစ်မှာ အွန်လိုင်းမီဒီယာကိုလည်း ကျွန်တော်တို့ ထည့်သွင်းစဉ်းစား လာကြပါပြီ၊
 
ရန်ကုန်၊ ယုဇနဂါးဒင်းဟိုတယ်မှာ သြဂုတ်လ(၁၁)ရက်နေ့က ပထမဆုံးအကြိမ် ကျင်းပပြုလုပ်တဲ့ မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်းညီလာခံမှာလည်း ပုံနှိပ်မီဒီယာ၊ သတင်းအေဂျင်စီ၊ ရုပ်သံမီဒီယာနဲ့ အတူ အွန်လိုင်း မီဒီယာသမားတွေအတွက် အွန်လိုင်းမီဒီယာကိုပါ ထည့်သွင်းဖွဲ့စည်းလာတယ်၊ ညီလာခံတတ်ရောက်ကြတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ကိုယ်စားလှယ်များရဲ့ ဆန္ဒမဲနဲ့ အွန်လိုင်းမီဒီယာကို အဖွဲ့ဝင်(၃)ဦးနဲ့ ဖွဲ့စည်းခဲ့တာပါ၊

အဲ့ဒီဖွဲ့စည်းမှုမှာ သတင်းဝက်ဆိုဒ် WEB Site မီဒီယာတွေဖြစ်တဲ့ မဇ္ဇျိမ၊ မြစ်မခနဲ့အတူ ဘလော့ဂ်ဂါ နေဘုန်းလတ် ပါဝင်တယ်၊ မြန်မာပြည်မှာ အွန်လိုင်းမီဒီယာဖွံ့ဖြိုးတိုးတတ်ဖို့အတွက်  ပထမဆုံးစလှမ်းလိုက်တဲ့ ခြေတစ်လှမ်းပါပဲ၊ အဲ့ဒီကနေတဆင့် အွန်လိုင်းမီဒီယာနဲ့ပတ်သက်တဲ့ ဥပဒေတွေ၊ အွန်လိုင်းသမားတွေအတွက် တာဝန်တွေ ၀တ္တရားတွေ၊ အကာအကွယ်ပေးမှုတွေနဲ့အတူ ခံစားခွင့်တွေကိုပါ မြင်တွေ့ရဖို့ရှိနေပါတယ်။

အွန်လိုင်းမီဒီယာသာမက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဟာ သဘာဝအားဖြင့် အလွန်ကျယ်ပြန့် ပါတယ်၊ ဆက်သွယ်မှု့ပုံစံအားလုံး  လိုချင်တောင့်တနေတဲ့ စနစ်တစ်ခုလည်းဖြစ်တယ်၊ ဒါပေမယ့် ဖြစ်ရပ်အနည်းအကျဉ်းမှာတော့ လွတ်လပ်စွာထုတ်ဖော်ပြောဆို တဲ့တန်ဖိုးထက် ပိုကြီးမားတဲ့ ထိခိုက် နစ်နာဆုံးရှုံးမှုတွေဖြစ်စေနိုင် တဲ့အတွက် ဥပဒေက နိုင်ငံတော်တော်များများမှာ လူထုနဲ့ပုဂ္ဂုလိက အကျိုးစီးပွားအတွက်  ကန့်သတ်ချက်တွေနဲ့  ဥပဒေပြဋ္ဌာန်းခွင့် ပေးတာဖြစ်ပါတယ်၊
 
 အဲ့ဒါတွေကတော့ အခြားသူတွေရဲ့ အခွင့်အရေးနဲ့ဂုဏ်သိက္ခာကိုလေးစားဖို့နဲ့ အမျိုးသားလုံခြုံရေး(သို့) လူထုတည်ငြိမ်မှု(သို့) လူထုကျန်းမာရေး(သို့) စာရိတ္တတွေကိုတော့ ကာကွယ်ပြန်ဋ္ဌာန်းဖို့ဖြစ်ပါတယ်၊
 
 ဥပဒေမှာ ထည့်သွင်းပြဋ္ဌားန်းထားတဲ့ ကန့်သတ်ချက်တွေကသာ တရားဝင်ဖြစ်တာပါ၊ ဒါကြောင့်မို့ လွတ်လပ်စွာ ထုတ်ဖော်ပြော ဆိုခြင်းကဲ့သို့သော အခြေခံအခွင့်အရေးတစ်ရပ်ကို ကန့်သတ်နိုင်တဲ့ အာဏာမျိုးက ရှိသင့်တယ်လို့လည်း ထင်ပါတယ်၊

နည်းပညာက ပိတ်ဆို့ထားတဲ့ အစိုးရအသိုင်းအ၀ိုင်းက သတင်းအချက်အလတ်တွေကိုတော့  အွန်လိုင်းက  ပွင့်ထွက်လာအောင်တော့  စွမ်းဆောင် နိုင်မှာ မဟုတ်ပါဘူး၊ သူလုပ်နိုင်တာက ပွင့်ပြီးသား သတင်းတွေကိုပဲ လူပိုသိအောင်ပါ၊
 
 အခုအချိန်အထိတော့ အစိုးရတိုင်းက ဘယ်လိုသတင်းတွေကို ပိတ်ဆို့အမှောင်ချထားမယ်ဆိုတာ သူ့အတိုင်း အတာနဲ့သူ ဆုံးဖြတ်ပြီးသားပါ။ အိုဘာမားတောင် ထုတ်မပေးချင်တဲ့ သတင်းတွေရှိလို့ ပွင့်လင်းမြင်သာရေး တောင်းဆိုနေကြတဲ့ အဖွဲ့အစည်းတွေရဲ့ ဝေဖန်မှုကို ခံနေရတာတွေရှိတယ်ဆိုတော့လေ၊
 
 မြန်မာနိုင်ငံမှာလည်း စာနယ်ဇင်းဥပဒေတစ်ရပ် ထွက်ပေါ်လာဖို့ ကြိုးစားနေတဲ့အချိန်မှာ အခုလို အွန်လိုင်း မီဒီယာသမားတွေ အကျိုးကို ထည့်သွင်းစဉ်းစားလာတာကတော့ ၀မ်းသာစရာတစ်ခုလို့ ဆိုနိုင်ပါတယ်။
 
 ဒီလိုကာလမှာ ပြည်တွင်းက အွန်လိုင်းမီဒီယာ သမားတွေ ရေရှည်ရပ်တည်နိုင်ဖို့ ဘယ်လိုအသက်ဆက်ကြ မလဲလို့ စဉ်းစားမိတော့ ချိတ်ဆက်စီးပွားရေးစနစ်(Linked Economy)ဆိုတာ သွားတွေ့ပါတယ်၊ အရည်အသွေး မြင့် သတင်းတွေအတွက် ကြိုတင်ငွေပေး စနစ်(Subscription)မဟုတ်ပဲနဲ့၊ မီဒီယာတွေကြားမှာ လက်လီသတင်း ရောင်းချပေးတဲ့ လက်လီပေးချေမှုစနစ်(Micropayment) ဒါမှမဟုတ်ရင် ကြော်ငြာတွေကနေ တဆင့်ချိတ်ဆက် လင့်တိုင်းကို  ပိုက်ဆံတောင်းနိုင်မယ့် ထူးခြားတဲ့နည်းလမ်းတွေနဲ့ ရှာဖွေကြဖို့ပါပဲ။

မီဒီယာပေါင်းစုံကြား (သတင်းစာ၊ ဂျာနယ် ၊မဂ္ဂဇင်း၊ ရုပ်/သံ၊ ရေဒီယိုနဲ့ အွန်လိုင်းမီဒီယာအချင်းချင်း သတင်းတွေ ရောင်းချပေးဖိုနဲ့ web site တွေ ဘလောဂ်(Blog)တွေမှာ ကြော်ငြာကောက်တဲ့စနစ်နဲ့ နေ့စဉ်ဖြစ်ပျက်ပြောင်းလဲနေတဲ့ သတင်းတွေကို အချိန်နဲ့အမျှ သိရှိလိုသူ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေကို သတင်းရောင်းချပေးလို့ ရနိုင်ပါတယ် ။

အွန်လိုင်းအသုံးပြုသူတွေအနေနဲ့ အခုသတိထားသင့်တာက ကျွန်တော်တို့နိုင်ငံမှာ တွင်တွင် သုံးနေတဲ့ ဖေ့ဘွတ်Facebookပါ ကမ္ဘာကြီးတစ်ခုလုံးနဲ့ဆက်သွယ်ထိတွေ့နေတဲ့ အကြောင်းအရာတစ်ခုခုကို ဖေ့ဘွတ်မှာ တင်မယ်ဆိုရင်တော့ ကိုယ်ရေးကိုယ်တာ အကန့်အသတ်ဘောင်တွေ သိရှိရမှာအမှန်ပါပဲ။ အွန်လိုင်းသမား တွေအနေနဲ့တော့ ဖြစ်လာနိုင်တဲ့ အန္တရယ်တွေနဲ့ ပတ်သတ်လို့ ကြိုတွေးထားနိုင်ဖို့တော့  အခုအချိန်မှာ လိုအပ်နေဦးမှာပါ။

အွန်လိုင်းမီဒီယာနဲ့ဘလော့တွေမှာ နောင်ဆိုရင်  လူပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်မှုဆိုင်ရာ ရေးသားချက်တွေနဲ့ပတ်သက်လို့ စွပ်စွဲပြောဆိုမှုတွေက မှားယွင်းမှုတွေအတွက် ဥပဒေကြောင်းအရ တရားစွဲဆို ခံရလာနိုင်ပါတယ်၊

ခေတ်က ပြောင်းလဲနေပါတယ်၊ နောင်လာမဲ့ကာလတွေမှာ သတင်းအချက်အလက်တွေကို တံတိုင်းခတ်ပြီး အဖိုးအခယူလို့ ရနိုင်တော့မှာ မဟုတ်ပါဘူး လက်သစ်မီဒီယာက လက်ဟောင်းမီဒီယာတွေရဲ့ ဈေးကွက်ဝေစုကို နည်းနည်းစီ ဖဲ့ယူနေရာကနေတဆင့် အပြီးတိုင်ချေမှုန်း ဖို့ အချိန်နည်းနည်းပဲကျန်ပါတော့တယ်။
 

ဘကြီးသက်
Unknown at 6:18 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ISP များမှ Traffic Pattern များကို ထိန်းညှိခြင်းဖြင့် အင်တာနက်မြန်နှုန်း ပိုမိုမြှင့်တင်နိုင်


I S P ( International Service Provider) များမှ Traffic Patten များကို  ထိန်းညှိခြင်းဖြင့် အင်တာနက်မြန်နှုန်း
ပိုမိုမြှင့်တင်နိုင်ပြီး မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုနေသော အင်တာနက်မြန်နှုန်း ပိုမို မြန်ဆန်လာစေရန်အတွက် ပြည်တွင်းရှိ I S P များမှ Traffic Patten များ များကို  ထိန်းညှိခြင်းဖြင့် အင်တာနက်မြန်နှုန်းပိုမိုမြှင့်တင်နိုင်ကြောင်းသိရသည်။ ပြည်တွင်းရှိ National Gateway တွင် တာဝန်ထမ်းဆောင်သူများအနေဖြင့်  လူအသုံးများသော International Link များတွင်လိုင်းပြည့်ကြပ်နေခြင်းများအား အချိန်နှင့် တပြေးညီ ဖြေးရှင်းသွားနိုင်ရန်လိုအပ်ပြီး ယင်းကဲ့သို့ ထိန်းသိမ်းနိုင်ခြင်းမရှိပါက Traffic ညီမျှခြင်းမရှိဘဲ အင်တာနက်မြန်နှုန်းကျဆင်းနိုင်ကြောင်း သိရသည်။ ထိုပြင် Gateway Management ၊ I S P Administrator များ၏ နည်းပညာပိုင်းဆိုင်ရာ တတ်ကျွမ်းနားလည်မှုများအပြင် လွတ်လပ်စွာ လုပ်ကိုင်ခွင့်များပါ လိုအပ်ကြောင်း သိရသည်။

မှတ်ချက်။       ။ (တတ်ကျွမ်းနားလည်မှုများအပြင် လွတ်လပ်စွာ လုပ်ကိုင်ခွင့်များ)ဆိုသည်မှာ...အကျယ်အကျယ်တွေးမြင်ကြည့်ရှုစေလိုပါသည်။


ဘကြီးသက်
Unknown at 6:15 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အွန်လိုင်းမှ ဈေးနှုန်းသက်သာစွာဖြင့် ၀ယ်ယူနိုင်မည့် မိုဘိုင်းကြိုတင်ငွေဖြည့်စနစ်

GSM ၊ CDMA 800 ၊ CDMA 450 ဖုန်းများ၏ ကြိုတင်ငွေဖြည့်ကဒ်များကို အွန်လိုင်းမှတိုက်ရိုက် ၀ယ်ယူနိုင်တော့မည်ဖြစ်ကြောင်း ၀န်ဆောင်မှုကို လုပ်ဆောင်ပေးသည့် Myanmar Softgate Technology က သိရှိရသည်။

အဆိုပါ ကြိုတင်ငွေဖြည့်ကဒ်များကို အွန်လိုင်းမှ ၀ယ်ယူအသုံးပြုလိုသူများအနေဖြင့် Myan Pay Account ရှိရမည်ဖြစ်ပြီး မိမိဝယ်ယူလိုက်သည့် ဖုန်းငွေဖြည့်ကဒ်၏ ပမာဏကို Myan Pay Accountမှ နုတ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
 
“ငွေဖြည့်ကဒ် ၀ယ်ချင်တဲ့သူတွေက www.prepaid.com မှာဝင်ပြီး ၀ယ်လိုက်တာနဲ့ အ၀ယ်ပြမယ်။ ပြီးရင် ကျွန်တော်တို့က ၀ယ်တဲ့သူရဲ့ Email  Account မှာ ငွေဖြည့်ကဒ်ရဲ့လျှို့ဝှက်နံပါတ်ကို ချက်ချင်း ပြန်ပို့ပေးမယ်။ ပိုက်ဆံကတော့ Myan Pay Account ကနေ ဖြတ်သွားမှာ ဖြစ်ပါတယ်”ဟု   Myanmar Softgate Technology  မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
 
လက်ရှိ ပြင်ပတွင် ကျပ်(၁၀၀၀၀)ဖြင့် ရောင်းချလျှက်ရှိသည့် ငွေဖြည့်ကဒ်များကို အွန်လိုင်းတွင် ကျပ် (၉၀၀၀) ဖြင့်   ရောင်းချသွားမည် ဖြစ်ပြီး အဆိုပါ ငွေဖြည့်ကဒ်များကို စက်တင်ဘာလတတိယပတ်မှ စတင်၍ အဆိုပါ Website တွင် ၀ယ်ယူနိုင်မည်ဖြစ်သည်။
 
ဝယ်ယူလိုသူများအနေဖြင့် www.prepaid.com တွင် ၀င်၍ အ၀ယ်ပြပြီးသည်နှင့် ၀ယ်မည့်သူ၏ Email Account တွင် ငွေဖြည့်ကဒ်၏လျှို့ဝှက်နံပါတ်ကို ချက်ချင်းပြန်ပို့ပေးမည်ဖြစ်ကြောင်း ၊ ကျသင့်ငွေကို Myan Payမှ ဖြတ်သွားမည်ဖြစ်သည်။
 
Myan Pay အွန်လိုင်းငွေပေးချေမှုစနစ်အကောင့်ထဲသို့ အနည်းဆုံးငွေကျပ်တစ်သောင်း ကျော်ထည့်သွင်းပြီးမှသာ www.prepaid.com အွန်လိုင်းစနစ်မှ ကြိုတင်ငွေဖြည့်ကဒ်ဝယ်ယူအသုံးပြုနိုင်မည် ဖြစ်သည်။
 

ဘကြီးသက်
Unknown at 2:59 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဖားကန့်မြို့တွင် ရေကြီးနေမှုကို စက်တင်ဘာလ ၁၉ ရက်နေ့က မြင်တွေ့ရစဉ်

ဖားကန့်မြို့တွင် ယခုနှစ်အတွင်း ၁၅ ကြိမ်မြောက် ရေကြီးရေလျံမှုကြောင့် စက်တင်ဘာလ ၁၂ ရက်နေ့မှ စတင်ပြီး ယနေ့ (စက်တင်ဘာလ ၂၀) ရက်နေ့အထိ ဖားကန့်မြို့ပေါ်ရှိ ရပ်ကွက် ၄ ခုမှ အိမ်ခြေ ၂၀၀ ကျော်ရေနစ်မြုပ် လျက်ရှိကြောင်း သိရှိရသည်။ ယခုနှစ်အတွင်း ၁၅ ကြိမ်မြောက် ရေကြီးရေလျံမှုကြောင့် ဖားကန့်မြို့အတွင်းရှိ အေးမြသာယာရပ်ကွက်၊ ငှက်ပျောတောရပ်ကွက်၊ မြို့မရ
ပ်ကွက်နှင့် လုံးခင်းရပ်ကွက်တို့ရှိ အိမ်ခြေ ၂၀၀ ကျော် ရေနစ်မြုပ်ခဲ့သည်။

ရေကြီးရေလျံမှုနှင့်ပတ်သက်၍ ဒေသခံတစ်ဦးက''စက်တင်ဘာလ ၁၂ ရက်နေ့ကစပြီးတော့ ရေက ရပ်ကွက်ထဲမှာ လူတစ်ရပ်စာကျော်ထိဝင်ရောက်ခဲ့တယ်။ အခု စက်တင်ဘာလ ၁၉ ရက်နေ့ထိ ရေလုံးဝမကျသေးဘူး။ ဒါပေမယ့် အရင်ရက်ကထက်တော့ အနည်းငယ် ကျဆင်းသွားပါပြီ။ အနိမ့်ဆောက်ထားတဲ့အိမ်တွေက မိသားစုတွေကတော့ ကယ်ဆယ်ရေးစခန်းတွေမှာ သွားနေကြရတယ်။ နှစ်ထပ်အိမ်လို အမြင့်ဆောက်လုပ်ထားတဲ့ အိမ်တွေကတော့ အပေါ်ထပ်တွေမှာ နေလို့ရသေးတယ်။ အခုလိုမျိုး ရေကြီးတဲ့ဖြစ်စဉ်ကတော့ နှစ်စဉ်နှစ်တိုင်း ဖြစ်ပေမယ့် အခုအကြိမ်က အဆိုးဆုံးပါပဲ''ဟု ပြောကြားခဲ့သည်။

ဖားကန့်ဒေသတွင် နှစ်ဖက်ပစ်ခတ်မှုများနှင့် ပေါက်ကွဲမှုများ မကြာခဏဖြစ်ပေါ်မှုကြောင့် ဒေသခံများ၏ လူမှုရေး၊စီးပွားရေး၊ကျန်းမာ ရေးစသည့်အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်နေရသည့်အချိန်တွင် ယခုကဲ့သို့ ရေကြီးရေလျံနေမှု ဖြစ်ပေါ်လျက်ရှိသည့်အတွက် ဒေသခံများ အကြပ်အတည်းများဖြင့် ပိုမိုကြုံတွေ့နေရကြောင်း သိရသည်။

Reference and Credit to -Eleven Media Group
Posted By Admin-KMO
(email:newsofburma.myanmar@gmail.com)

ဘကြီးသက်
Unknown at 2:21 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရန်ကုန်မြို့တော် မြို့ပြတည်ဆောက်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အမေရိကန်၊ ကိုရီးယား၊ ဂျပန်၊ တရုတ်စသော ပြည်ပနိုင်ငံများမှ လာရောက်ရင်းနှီးလုပ်ကိုင်





ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့ပြတည်ဆောက်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အမေရိကန်၊ ကိုရီးယား၊ ဂျပန်၊ တရုတ်စသော ပြည်ပနိုင်ငံများမှ လာရောက်ရင်းနှီးလုပ်ကိုင်ရန် လေ့လာမှုများရှိနေကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းများတွင် ပြည်ပနိုင်ငံများမှ ၀င်ရောက်ရင်းနှီး လုပ်ကိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လာရောက် လေ့လာဆွေးနွေးမှုမှာ တစ်ရက်လျှင် အဖွဲ့ပေါင်း ဆယ်ဂဏန်းနှင့်အထက် ရှိနေသည်။

''နိုင်ငံစုံ အဖွဲ့ပေါင်းစုံကတော့ ဒီမှာ စီးပွားရေးလုပ်ချင်လို့ လာပြီး လေ့လာကြတယ်။ အဲဒီထဲကမှ မြို့ပြတည်ဆောက်ရေးနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို အမေရိကန်၊ ကိုရီးယား၊ ဂျပန်၊ တရုတ် စတဲ့နိုင်ငံတွေက ၀င်လုပ်ချင်ကြတယ်။ ဒါပေမဲ့ လာပြီး ပြောကြဆွေးနွေးကြတာပဲ ရှိသေးတယ်။ ပြတ်ပြတ်သားသား ခွင့်ပြုပေးတာမျိုး မရှိသေးဘူး။ နောက်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၀င်လာရင် တိုင်းရင်းသားလုပ်ငန်းရှင်တွေ ဘယ်လိုတွေဖြစ်ကုန်မလဲ ဆိုတာပါ ထည့်စဉ်းစားရတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ယင်းကဲသို့ ဆောက်လုပ်ရေး လုပ်ငန်းများ ပြည်ပနိုင်ငံရင်းနှီးမြှုပ် နှံမှုများ ၀င်ရောက်လာပါက ယခုထက် နည်းပညာပိုင်းအရ၊ အရည်အသွေးပိုင်းအရကောင်းမွန်သည့် အဆောက်အအုံများ ပေါ်ထွက်လာမည့်အပြင် ပြည်တွင်းရှိဆောက်လုပ် ရေးလုပ်သားများအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများစွာ ရရှိနိုင်မည်ဟု သုံးသပ်ကြသည်။

ယခုလတ်တလောတွင် ရန်ကုန်တိုင်းဒေသကြီး၏ ဆောက်လုပ်ရေး လုပ်ငန်းအတွင်း ကိုရီးယားနိုင်ငံရှိ ဟန်ရှင်းဆောက်လုပ်ရေးကုမ္ပဏီနှင့် ဂျပန်နိုင်ငံရှိ ISAMI Holidings Co.Ltd တို့က ပြည်တွင်းရှိ Father Land ဆောက်လုပ်ရေးကုမ္ပဏီနှင့် အထပ်မြင့် အဆောက်အအုံများ ပူးပေါင်းဆောက်လုပ်ရန် စီစဉ်နေမှု များရှိနေကြောင်း Father Land ကုမ္ပဏီမှ သိရှိရသည်။

''တကယ်လည်း ရန်ကုန်မြို့မှာ အိမ်ရာတွေ လိုအပ်နေပါတယ်။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး ကန့်သက်ချက်တချို့ ရှိနေတဲ့အတွက် စောင့်ကြည့်နေပါတယ်''ဟု SAMI Holidings Co.Ltd မှ CEO ဖြစ်သူ Mr.Johnny Kamijo Shiro က ပြောကြားခဲ့သည်။
 From : http://www.kachindailynews.com/2012/09/blog-post_9775.html
ဘကြီးသက်
Unknown at 2:05 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မှာပဲ ရှိနေသေးတယ်လို့ ပြောလိုက်တဲ့ ဘဘဦးဝင်းတင် .....




အား
နည်းချက်ဆိုရင်တော့ ကျွန်တော်တို့ ဟာ ဒီနေ့ ဒီအချိန်အထိ ဖွဲ့ စည်းပုံအခြေခံဥပဒေကို မပြင်နိုင်ဘူး။ 
စစ်အစိုးရတစ်ဖြစ်လဲ ဘောင်းဘီချွတ်ပြီးပုဆိုးဝတ်တဲ့လူတစ်စုရဲ့ အုပ်ချုပ်မှုကိုခံနေရပြီး ကျွန်တော်တို့ ဘာမှမလုပ်နိုင်ဘူး။
NLD ရွေးကောက်ပွဲနိုင်တယ်ဆိုတာကလည်း ဒီလောက်ကလေး (လက်ဟန်ခြေဟန်ဖြင့်ပြသည်)။ ၂၀၁၅ မှာ ဘာဖြစ်မယ်ဆိုတာလည်း ဘယ်သူမှမပြောနိုင်ဘူး။ ကျွန်တော်တို့ မှာ အတွေ့ အကြုံတွေ ရှိတယ်။ ၉၀ တုန်းကလည်း
မဲအပြတ်အသတ်နဲ့ နိုင်တာဘဲ။ အာဏာလွှဲပြောင်းတာတွေဘာတွေ မရှိဘူး။
ဗမာပြည်မှာ စစ်တပ်ကလည်း ရှိနေသေးတယ်။ လွှတ်တော်မှာလည်းစစ်တပ်ကနေ ထွက်လာတဲ့လူတွေချည်းဘဲ လုပ်နေကြတာ။အစိုးရဆိုတာကလည်း ဦးတပ်တပ် ဗိုလ်တပ်တပ် ဒီလူတွေဘဲ။
ပြောချင်တာက တိုင်းပြည်မှာ စစ်ဗိုလ်တွေအုပ်ချုပ်နေတုန်းဘဲ။ သူတို့ ကို တရားဝင်ဖြစ်အောင်လုပ်ပေးခဲ့တဲ့ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကလည်းအာဏာအချိန်မရွေး သိမ်းလို့ ရတယ်။ ကာ/လုံ ကောင်စီကလည်း စစ်ဗိုလ် ၆ ဦး
ပါတယ်။ စစ်ဝတ်စစ်စား ၀တ်ထားတဲ့စစ်ဗိုလ်။ အဲဒီအဖွဲ့ က တိုင်းပြည်မှာအရေးပေါ်အခြေအနေရှိရင် ဥပမာ ရခိုင်ကိစ္စလိုဟာမျိုးပေါ့။ သူတို့ လုပ်ချင်ရင်တိုင်းပြည်အာဏာကို လွှဲပြောင်းယူလို့ ရတယ်။ 
အားနည်းချက်အနေနဲ့ ပြောရရင်NLD ရဲ့ အားနည်းတာ အဲ့ဒါဘဲ။ တိုင်းပြည်ပြုပြင်ပြောင်းလဲအောင် ဘာမှ
မလုပ်နိုင်ဘူး။ လွှတ်တော်ထဲကို အခြေခံဥပဒေကို ပြင်ဖို့ သွားတယ်။ပြင်ဖို့ လမ်းစ မရှိသေးဘူး။ ပြင်လို့ လည်း မရနိုင်ဘူး။ ၇၅ ရာခိုင်နှုန်းအထက်မှဆိုတော့၊ စစ်တပ်က ၂၅ ရာခိုင်နှုန်းရှိနေသေးတော့ ဘယ်လို လုပ်ပြီးတော့
ကြံ့ဖွံ့ တွေကြားထဲမှာ ဘယ်လိုမှမရနိုင်ဘူး။
ဒီအတိုင်းဘဲ ကျွန်တော်တို့ ဂူထဲမှာဘဲရှိနေသေးတယ်။ အစိုးရကိုရော ဘာတွေလုပ်နိုင်သလဲလို့ သွားမေးကြည့်။ သူတို့ ဟာနဲ့ သူတို့ တောင် တိုက်ကြခိုက်ကြပြောတုန်းဆိုတုန်း ရှိသေးတယ်။ ဒီမိုကရေ စီပြုပြင် ပြောင်း လဲရေး ဆိုတာ
ဘယ်လိုဖြစ်နေလဲ။လယ်သမားကိစ္စတွေကြည့်၊ ရေကြီးတာတွေကြည့်၊တချို့ အာဏာပိုင်တွေကဒါ ရေကြီးတာမဟုတ်ဘူးငြင်းလို့ မီဒီယာတွေကဓာတ်ပုံရိုက်ပြမှ လက်ခံသွားကြတယ်။ လူတွေဘယ်လောက် ဆင်းရဲဒုက္ခရောက်နေလဲ။ အလုပ်သမားတွေ ဘယ်လောက်ဆင်းရဲနေသလဲ ။ကြေးနိတောင်တို့ ဘာတို့  ခင်ဗျားလည်း ကြားမှာပေါ့။ လယ်သမားတွေ
လက်လုပ်လက်စားတွေ ဘာဖြစ်လဲ။ ဘာမှ မဖြစ်သေးဘူး။ ကျွန်တော်တို့ ကအဲဒီတော့ ဂူထဲမှာရှိနေသေး တယ်လို့  ပြောရမှာဘဲ။
( Venus News ဂျာနယ်တွင် “ပါတီမှာ ကုလားထိုင်ဖက်နေလို့  မကောင်းတော့ဘူး” ခေါင်းစဉ်ဖြင့် ဖော်ပြထားသော ဒီချုပ် သဘာပတိအဖွဲ့ ဝင်၊ ဟံသာဝတီ ဦးဝင်းတင်နှင့် တွေ့ ဆုံခြင်းမှ ကောက်နုတ်ပါတယ်.....)

ဘကြီးသက်
Unknown at 11:35 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မန္တလေးမြို့ရှိ လမ်းမကြီး အချို့တွင် ကွမ်းယာဆိုင်များ ရောင်းချခွင့် မပေးတော့

မန္တလေးမြို့ရှိ အချို့သော လမ်းမကြီးတွေမှာ ကွမ်းယာ ဆိုင်ဖွင့်လှစ် ရောင်းချမှု များကို ခွင့်ပြုမပေး တော့ဘူးလို့ မန္တလေး မြို့တော် စည်ပင် သာယာရေးကော်မတီ သန့်ရှင်းရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ ဒီလို ကွမ်းယာဆိုင် ဖွင့်လှစ် ရောင်းချခွင့် မပြုမှုကို မန္တလေးမြို့ရှိ အဓိက လမ်းမကြီး တွေနဲ့ လမ်းဆုံ လမ်းခွ နေရာများမှာ ဖွင့်လှစ်မှုကို တားမြစ် ထားတာ ဖြစ်ပါတယ်။ အခုလို အဓိက လမ်းမကြီးတွေနဲ့ လမ်းဆုံ လမ်းခွ နေရာများမှာ ရောင်းချခွင့် မရှိတော့ ပေမယ့် လမ်းကြားတွေ အတွင်း မှာတော့ စည်းကမ်း တကျနဲ့ ရောင်းချခွင့် ရရှိနေဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။
မန္တလေးမြို့ အတွင်း အခုလို ကွမ်းယာဆိုင် ဖွင့်လှစ်မှုကို ကန့်သတ်မှု သာမက လက်ဘက်ရည် ဆိုင်များ၊ စားသောက်ဆိုင် များမှာလည်း ကွမ်းတံတွေး မထွေးဖို့နဲ့ အမှိုက်များ စနစ်တကျ စွန့်ပစ်ဖို့ အတွက် အမှိုက်ပုံး ထားရှိ ဆောင်ရွက်ဖို့ ကိုလည်း လမ်းညွှန် ထားပါတယ်။ ဒီလို လမ်းညွှန်ချက် အတိုင်း ဆောင်ရွက်မှုများ မပြုလုပ်ပါက မန္တလေး မြို့တော် စည်ပင် သာယာရေး ကော်မတီ အနေနဲ့ ပထမအကြိမ် ကျူးလွန်မှု အတွက် သတိပေးပြီး ဒုတိယ အကြိမ် ထပ်မံ ကျူးလွန်ရင်တော့ ဒဏ်ရိုက် အရေးယူမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ဒဏ်ရိုက် အရေးယူရာ မှာတော့ ဒဏ်ကြေး အဖြစ် ကျပ် တစ်သောင်းခွဲမှ လေးသောင်းခွဲထိ သတ်မှတ် ထားတယ်လို့ သိရပါတယ်။
From -MRTV4
ဘကြီးသက်
Unknown at 11:33 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကာမလိမ်လည်ခံနေရမှုများသည့် အမျိုးသမီးများအတွက် သီးသန့်ဥပဒေလိုအပ်

 မြန်မာအမျိုးသမီးများအနေဖြင့် အိမ်တွင်းအကြမ်းဖက်ခံရမှုနှင့် ကာမလိမ်လည်ခံရယူမှုများ အများဆုံးကြုံတွေ့ခံစားနေရကြောင်း အမျိုးသမီးများလှုပ်ရှားရေးဥပဒေအဖွဲ့က သိရှိရသည်။
  ''ကာမလိမ်လည်တဲ့အမှုတွေ အများဆုံးတွေ့ရတယ်။ ဒါပေမယ့် တရားရုံးကို အဲ့ဒီအမှုတွေက မတက်လာဘူး။ လက်ရှိဥပဒေထဲမှာ လင်မယားကွာ၊မယားစရိတ်၊ ကလေးစရိတ်တွေကို တရားသေ သတ်မှတ်ထားတာတို့တွေဟာ မရှိသင့်တော့ပါဘူး''ဟု   ရှေ့နေများဖြင့်ဖွဲ့စည်းထားသော Youth Legal Clinic မှ ဒါရိုက်တာဒေါ်လှလှရီက ဆိုသည်။
 

အဆိုပါအမျိုးသမီးများလှုပ်ရှားရေးဥပဒေအဖွဲ့အနေဖြင့် လက်ရှိအချိန်တွင် သာကေတ၊ ဒေါပုံ၊ဒလ၊ဒဂုံဆိပ်ကမ်းနှင့် လှိုင်သာယာမြို့နယ် များတွင် အမျိုးသမီးရေးရာဥပဒေကြောင်း ဆိုင်ရာကိစ္စရပ်များအား လိုက်လံဆောင်ရွက်ပေးနေသည့်အဖွဲ့ဖြစ်သည်။
 
အမျိုးသမီးများအတွက်  အကာအကွယ်ပြုနိုင်သော  ဥပဒေလုပ်ငန်းခွင်တွင် ရရှိသင့်သော နားရက်ခွင့်၊ လုပ်သက်ခွင့်၊ သီးသန့်ခွင့်မျိုးများ၊ အိမ်ထောင်စုတွင် အမျိုးသမီးများဖိနှိပ်ညှင်းဆဲခံရမူ၊ ကွာရှင်းပြတ်ဆဲမှုများအတွက် ထိရောက်သော အရေးယူဆောင်ရွက်မှုများ ၊ ခေတ်ကာလနဲ့မကိုက်ညီသော အရေးယူမှုများအားပယ်ရှားရန်နှင့် လက်ရှိကြုံတွေ့နေရသော အမျိုးသမီးအရေးယူခံရမှု များလည်း   လေ့လာသုံးသပ်သင့်ကြောင်း အမျိုးသမီးများထံက သိရှိရသည်။
 
''အမျိုးသမီးတွေအတွက် သီးသန့်ဥပဒေဆိုတာ မရှိသေးဘူး။ ထိရောက်တဲ့အရေးယူမူတွေ လည်း မရှိဘူး။ လင်မယားကွာတာ ဆိုရင်   ငွေကျပ်တစ်ရာလို့ သတ်မှတ်ထားတာ ဘယ်မှာ ခေတ်ကာလနဲ့ ကိုက်ညီတော့လို့လဲ။ ဥပဒေကလည်း ခေတ်ကာလနဲ့မညီတာတွေ အများကြီးပါ။ ''ဟု ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့( KWAG) မှဒါရိုက်တာ ဒေါ်လှလှစိုးက ပြောသည်။ 
 
ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အနေဖြင့် နာဂစ်ဒဏ်ခံစားခဲ့ရသော မြစ်ဝကျွန်း ပေါ်ဒေသများဖြစ်သော လပွတ္တာ၊ဟသာင်္တ မြို့များအပြင် ပဲခူးတိုင်းဒေသကြီး၊ ဗတာင်ငူ မြို့နယ်၊သံတောင်ကျေးရွာ များတွင် ကျားမ တန်းတူအခွင့်အရေးရရှိရေး၊ အမျိုးသမီး များအိမ်တွင်း အကြမ်းဖက်ခံရမှု များနှင့် ပါတ်သတ်၍ လျော့နည်းသွားစေရန် ရည်ရွယ် ချက်ဖြင့် လှုပ်ရှားလုပ်ဆောင်မူများပြုလုပ်နေသည့် အမျိုးသမီးရေးရာ အဖွဲ့လည်း ဖြစ်သည်။
 
လွှတ်တော်တွင်း အမျိုးသမီးများအား ရရှိသင့်သည့် အခွင့်ရေးများနှင့် အကာအကွယ်ပေးနိုင်သည့် ဥပဒေတစ်ရပ်ပြဌာန်းပေနိုင်ရန် တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
 
၎င်းအဆိုအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မင်္ဂလာတောင်ညွှန်မြို့နယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း လာမည့်ပထမအကြိမ် ပဉ္စမပုံမှန်အစည်း အဝေးတွင် ဆွေးနွေးမည်ဖြစ်သည်။
From -မြစ်မခ


ဘကြီးသက်
Unknown at 11:30 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပါရမာစီတမောဆေးဝါးများ ပုံမှန်သောက်သုံးပါက အကြားအာရုံထိခိုက်နိုင်



From : အေးချမ်းမွန်

ဆေးပညာရှင်သုတေသီများ၏ လေ့ လာတွေ့ ရှိချက် အရ အမျိုးသမီးများ ကိုယ်လက်နာကျင်မှုသက်သာစေရန် ဆေးဝါးများနှင့် ပါရာစီတမော ဆေးများအား ပုံမုန်သောက်သုံးပါက နားအကြားအာရုံ ထိခိုက်စေမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည် ။

အမျိုးသမီးပေါင်း ၆၂၀၀၀ ဦးအား လေ့လာမှုလုပ်ဆောင်ခဲ့ပြီး နောက်တွင် တစ်ပတ်လျှင် နှစ်ကြိမ်ခန့်  ပုံမှန်သောက်သုံးခြင်းဖြင့်ပင် နားကြားမှုကို ၁၃ ရာခိုင်နှုန်းထိခိုက်စေသည်ဟု သိရသည် ။

သုတေသီများကို အဆိုပါ လေ့လာမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ကာ အမျိုးသားများတွင်လည်း အလားတု ဆိုးကျိုးဖြစ်စေနိုင်သည် ဟု သိရပါသည်။

Myanmar Express

ဘကြီးသက်
Unknown at 11:27 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ငါးထောင်တန် ငွေဖြည့်ကတ်ရောင်းချခွင့် မည်သူမဆို လျှောက်ထားနိုင်



From : Popular
ကျပ်ငါးထောင်တန် ငွေဖြည့်ကတ်များအား ရောင်းချခွင့်ကို မည်သူမဆို ကိုယ်စားလှယ် လျှောက်ထားပါက ပေးအပ် သွားမည်ဖြစ်ကြောင်း ၀န်ဆောင်မှုပေးသည့် Elite Tech ကုမ္ပဏီမှ သိရသည်။ အဆိုပါ ငွေဖြည့်ကတ်များအား ယခုလ တတိယပတ်မှ စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ရောင်းချပေးရာတွင်လည်း Elite Tech ဆိုင်သီးသန့် ရောင်းချပေးခြင်း ပြုလုပ်မည်မဟုတ်ကြောင်း ယင်းကုမ္ပဏီမှ သိရသည်။ ငွေဖြည့်ကတ်သက်တမ်းများမှာ ဖုန်းအတွင်းတွင် ငွေမဖြည့်သွင်းမီကာလတွင် ၆ လအထိ ထားရှိပေးထားပြီး ဖုန်းအတွင်း ငွေဖြည့်သွင်းပြီး သက်တမ်းမှာ ၄ လဖြစ်ကြောင်း သိရသည်။ “ငွေဖြည့်ကတ် ရောင်းချပေးရာမှာလည်း သက်မှတ်နှုန်းထက် ပိုမရောင်းအောင် ကိုယ်စားလှယ်တွေကို အကျိုးအမြတ်ပေးသွားမှာပါ” ဟု အထက်ပါ ကုမ္ပဏီမှ တာဝန်ရှိသူက ပြောကြားသည်။ ထုတ်လုပ်ရောင်းချပေးမည့် ငွေဖြည်ကတ်အမျိုးအစားမှားမှာ CDMA 800 MHz၊ GSM နှင့် CDMA 450 MHz တို့ဖြစ်ကြောင်း CDMA 800 MHz ငွေဖြည့်ကတ်အရောင်မှာ ခဲရောင်အနု၊ CDMA 450 MHz အရောင်မှာ ရွှေဝါရောင်အနုနှင့် GSM ကတ်အရောင်မှာ အစိမ်းနုရောင်တို့ဖြစ်ကြောင်း သိရှိရသည်။Myanmar Express

ဘကြီးသက်
Unknown at 11:24 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင်ထဲမှာမြန်မာနိုင်ငံမှ အမျိုးသမီးငယ် ၄၂ ဦး ပြည့်တန်ဆာအဖြစ် ရောင်းစားခံရ

ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင်ထဲမှာ ပြည့်တန်ဆာအဖြစ် ရောင်းစားခံရတဲ့ မြန်မာအမျိုးသမီးငယ် ၄၂ ဦးကို ထိုင်းရဲနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ကယ်ထုတ်နိုင်ခဲ့တယ်လို့ ထိုင်းရတ် သတင်းဌာနက ဖော်ပြသွားပါတယ်။

ကန်ချနာဘူရီခရိုင် ဘန်းရုန်းရတ် ဘန်ဂလိုမှာ ပြည့်တန်ဆာအြဖစ် ခိုင်းစေခံနေရပြီး ကူညီ ကယ်ထုတ်ပေးဖို့ အမျိုးသမီးငယ်တဦးက ဆက်သွယ် တောင်းဆိုလာတဲ့အတွက် လူကုန်ကူးမှု တိုက်ဖျက်ရေး ကွန်ရက်အဖွဲ့၊ ထိုင်းနိုင်ငံ မှုခင်းနှိမ်နင်းရေးအဖွဲ့နဲ့ ကန်ချနာဘူရီခရိုင် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး စက်တင်ဘာ ၉ ရက် ညပိုင်းမှာ အဲဒီ ဘန်ဂလိုကို သွားရောက်စစ်ဆေးခဲ့ပါတယ်။
ဘန်ဂလိုမှာ မှန်ခန်းထဲထည့်ထားတဲ့ မိန်းကေလး ၄၂ ဦးကို တွေ့ရပြီး သူတို့ကို ပြည့်တန်ဆာ လုပ်ခိုင်းကြောင်း မိန်းကေလးတွေက ပြောပါတယ်။
၄၂ ဦးမှာ အသက် ၁၈ နှစ်အောက်က ၁၄ ဦးပါဝင်တယ်။ အဲဒီထဲမှာ ၁၅ နှစ်အောက်က ၄ ဦး၊
အသက် ၁၂ နှစ်ရွယ် မိန်းကေလး ၁ ဦးပါဝင်ပြီး အားလုံး မြန်မာနိုင်ငံကလာတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘန်ဂလိုပိုင်ရှင် နိုင်းဥဒုမ်း ဆပ်ဖစ်ယူ ၃၂ နှစ်၊ နိုင်းဝုန်းဆေထာင်းန် ၅၂ နှစ် နဲ့ နန်းဆောဝ်ဆကွန်းတလာ ၄၆ နှစ်တို့ကို လူကုန်ကူးမှု၊ အလိုမတူဘဲ အတင်းအကျပ် ပြည့်တန်ဆာအဖြစ် ခိုင်းစေမှု၊ အသက်မြပည့်တဲ့ မိန်းကေလးကို ခြိမ်းခြောက် ခိုင်းစေမှုတွေနဲ့ ဆက်လက် အေရးယူသွားမယ်လို့ မှုခင်းနှိမ်နင်းရေးက ဒုဗိုလ်မှူးကြီး ဝချရဖွန်းထောင်းန်လွန်းက ထိုင်းသတင်းဌာနကို ပြောသွားပါတယ်။

ဘကြီးသက်
Unknown at 11:22 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အီးလောက

    "ခုခေတ်ကြီးမှာ အီးမပါရင် အလုပ်မဖြစ်တော့ဘူးဗျ"
    ဟု သူက အရင်းမရှိ အဖျားမရှိပြောရင်း စားပွဲမှာ ၀င်ထိုင်သည်။ ကျွန်တော်တောင် သူ့စကားကို ရုတ်တရက် နားမလည်ဘဲ ကြောင်သွားသေးသည်။ ပြီးမှ သဘောပေါက်သည်။ လက်ဖက်ရည်ဆိုင် မှာထိုင်နှင့်ပြီးသားဖြစ်သော ဆိုက်ကားဆရာနှင့် ဇင့်အရည်ကျို လုပ်ငန်းလုပ်သူတို့ကတော့ သူ ဘာဆိုလိုမှန်း နားမလည်။
သူတို့အတွေ့နှင့်သူတို့...
    "ဒါတော့ ခင်ဗျားပြောမှလားဗျ။ ၀မ်းချုပ်ရင် နေမကောင်းဖြစ်မှာပေါ့။ ဒါကြောင့် ၀မ်းတစ်လုံးကောင်း ခေါင်းမခဲဆိုတဲ့ စကားတောင် ပေါ်လာသေးတာပဲ"
    ဟု ဆိုက်ကားဆရာက ပြော၏။ သူက ဗဟုသုတနည်းရန်ကော ဆိုသောပုံစံဖြင့်ကြည့်ရင်း စုတ်တစ်ချက် သပ်လိုက်စဉ် ဇင့်အရည်ကျိုသမားက
    "မှန်တယ်ဗျ၊ ဒါကြောင့် ကျွန်တော်တော့ တစ်ပတ်တစ်ခါ ၀မ်းနှုတ်တယ်"
    "၀မ်းနှုတ်တာလဲ အရမ်းနှုတ်လို့မရဘူးဗျ။ ရာသီဥတုက ပူလွန်းတယ်။ ၀မ်းနုတ်ဆေး ခပ်ပျော့ပျော့ကိုပဲ သုံးသင့်တယ်"
    ဟိုနှစ်ယောက်က စိတ်ကူးတည့်ရာတွေ စွတ်ပြောနေသည်။ သူက ခေါင်းကို ရမ်းခါနေပြီးမှ
    "ခင်ဗျားတို့ကလည်း စကားတော့ဆုံးအောင် နားမထောင်ဘူး။ ကျွန်တော်ပြောတဲ့ အီး ဆိုတာက အီလက်ထရွန်းနစ်ကို ပြောတာဗျ။ တီဗွီတို့၊ ဗီဒီယိုတို့၊ ကွန်ပျူတာတို့ဆိုတာ အီလက်ထရွန်းနစ်ပစ္စည်းတွေပေါ့။ ဒီကနေ့ လူနေမှုဘ၀မှာ အီလက်ထရွန်းနစ် ပစ္စည်းနဲ့ကင်းပြီး နေလို့မရတော့ဘူး။ ဒါကြောင့် အီးမပါရင် အလုပ်မဖြစ်တော့ဘူးလို့ ပြောတာ။ ဟုတ်တယ်မဟုတ်လား စာရေးဆရာ"
    ဟု ကျွန်တော့်ဘက်လှည့်ပြီး အတည်ပြုချက် ရယူသည်။ ကျွန်တော်က ဟုတ်ပါတယ်ဟု ထောက်ခံလိုက်ရ၏။
    သူသည် လက်ဖက်ရည်ဆိုင်မှာ လာလာသောက်နေကျ စကားပြောဖော်တစ်ဦးဖြစ်၏။ ဘာအလုပ်လုပ်သလဲတော့ သေသေ ချာချာမသိ။ ကိုယ်ပိုင်လုပ်ငန်းတစ်ခုခု၊ ဒါမှမဟုတ် ကိုယ်စားလှယ်ပွဲစားလုပ်ပုံရသည်။ စာဖတ်တာတော့ ၀ါသနာပါသည်။ များသော အားဖြင့် မဂ္ဂဇင်းဂျာနယ်တွေ ဖတ်လေ့ရှိ၏။ ထို့ကြောင့် ကျန်နှစ်ယောက်ထက် ဗဟုသုတအရာမှာ သာသည်။ ထို့ကြောင့် ကျွန်တော်တို့ နှစ်ယောက်က အပြန်အလှန်ပြောကြပြီး ကျန်နှစ်ယောက်က ပါးစပ်အဟောင်းသား နားထောင်နေကြသည်။
    ခုချိန်မှာခေတ်စားနေသော အီလက်ထရွန်းနစ်စာပို့စနစ်ကို အီးမေးလ်ဟု ခေါ်သည်။ စာတစ်စောင်ထည့်ဖို့အတွက် စာရေး၊ စာအိတ်ထဲ ထည့်ပိတ်၊ တံဆိပ်ခေါင်းကပ်။ (တံဆိပ်ခေါင်းမှာ အသင့်ပါသည့်ကော်က မကောင်းလျှင် ကော်ဘူးရှာ၊ ထမင်းလုံး၊ မုန့်ဟင်းခါး ဖတ်ရှာကပ်) လိပ်စာရေး၊ စာတိုက်ပုံးထဲထည့်၊ စာသိမ်းတဲ့လူကသိမ်းပြီး စာတိုက်မှာ တံဆိပ်တုံးထု၊ သက်ဆိုင်ရာစာတိုက်ကိုပို့၊ စာပို့ လုလင်က အိမ်ကိုသွားပို့ စသည်ဖြင့် သမားရိုးကျနည်းမှာ အဆင့်တွေများလွန်းသည်။
    အီးမေးလ်ကျတော့ သိပ်မြန်၊ သိပ်လွယ်သည်။ ရေးချင်တဲ့စာကို ကွန်ပျူတာထဲထည့်ရိုက်ပြီး အင်တာနက်ကတစ်ဆင့် ပို့လိုက်ရုံပဲ။ (ကိုယ့်ဆီမှာ နောက်ဆုံးပေါ်ကွန်ပျူတာတစ်လုံးရှိဖို့နဲ့ အင်တာနက်နဲ့ချိတ်ဆက်ထားနိုင်ဖို့တော့ လိုတာပေါ့)
    နောက်တစ်ခုက အီးကောမတ်စ်ဟုခေါ်သည့် အီလက်ထရွန်းနစ်စီးပွားရေးကုန်သည်ကြီးတွေ၊ ကုမ္ပဏီကြီးတွေ၊ လုပ်ငန်းရှင်တွေ စီးပွားရေးအကြောင်း ဆွေးနွေးနိုင်သည်။ ကုန်ပစ္စည်းနှင့်ပတ်သက်သောအချက်အလက်တွေ ဖလှယ်နိုင်သည်။ စုံစမ်းနိုင်သည်။ ဈေးစကားပြော ညှိနှိုင်းနိုင်သည်။ အရောင်းအ၀ယ်စာချုပ် ချုပ်နိုင်သည်။ ဒါတွေအားလုံး ကွန်ပျူတာရှေ့မှာ ထိုင်ပြီး လုပ်ရုံပဲ။
    တချို့နိုင်ငံတွေမှာ အင်တာနက်မှဈေးဝယ်သည့်စနစ် ခေတ်စားနေသည်။ ကုန်ပစ္စည်းတစ်ခုအကြောင်းကို ကွန်ပျူတာက တစ်ဆင့် အသေးစိတ်စုံစမ်းနိုင်သည်။ ၀ယ်ချင်လျှင်လည်း ကွန်ပျူတာကတစ်ဆင့် ၀ယ်နိုင်သည်။ ကျသင့်ငွေကိုလည်း ကိုယ့်ဘဏ် စာရင်း သို့မဟုတ် ခရက်ဒစ်ကတ်ထဲက အလိုအလျောက် ခုနှိမ်လိုက်လိမ့်မည်။ မကြာခင်မှာပင် ထိုပစ္စည်းကို အိမ်တိုင်ယာရောက် လာပို့ပေးလိမ့်မည်။
    အီးအက်ကျူကေးရှင်းဆိုတာလည်း ရှိသေးသည်။ တက္ကသိုလ်ပညာအပါအ၀င် ကျောင်းသင်ခန်းစာများကို အီလက်ထရွန်းနစ် နည်းပညာဖြင့် ပို့ချပေးခြင်းဖြစ်၏။ ဗဟိုသင်ကြားရေးဌာနမှ ပို့ချသောသင်ခန်းစာများကို တစ်ပြည်လုံးရှိ သတ်မှတ်ထားသောစခန်းများမှ တိုက်ရိုက်ကြည့်ရှုသင်ယူနိုင်သည်။ မရှင်းတာရှိလျှင် လှမ်းမေးလို့ရသည်။ စာသင်ချိန်မှာ ကိုယ်ကမအားလျှင်လည်း ဗွီဒီယိုခွေနှင့်ကူးယူထားပြီး အချိန်ရမှ ပြန်ဖွင့် လေ့လာလို့ရသည်။ ဆရာတစ်ယောက်တည်းက ကျောင်းသားပေါင်းများစွာ၊ စာသင်ခန်းပေါင်းများစွာကို တစ်ပြိုင်နက်ပို့ချနိုင်သည်။ ဝေးလံခေါင်ဖျားသောဒေသများမှ ကျောင်းသားများအနေဖြင့် ကျောင်းကို သွားတက်စရာမလိုဘဲ အဆင့်မြင့်ပညာရပ်များ သင်ကြားခွင့်ရလာသည်။ အလွန်ထိရောက်သော သင်ကြားရေးစနစ်ဖြစ်၏။ နောက်ဆိုလျှင် ကိုယ့်အိမ်က ကွန်ပျူတာကတစ်ဆင့် ပညာသင်ချင်သင်လို့ရသောအခွင့်အရေးရှိလာမည်။
    အီးဘွတ်ခ်ဆိုတာကတော့ စာအုပ်အရွယ်အစားခန့်ရှိသော ကိရိယာလေးဖြစ်၏။ သူ့ထဲမှာ စာမျက်နှာထောင်ပေါင်းများစွာကို သိုလှောင်ပေးထားသည်။ ကိုယ်ဖတ်ချင်တာကို ခလုတ်နှိပ်ရှာပြီး ဖန်သားပြင်ပေါ်မှာ ဖတ်လိုက်ရုံပင်ဖြစ်၏။ ညဘက်ဖတ်ဖို့ မီးလည်း ပါသည်။ မဖတ်ချင်ဘူး နားပဲထောင်ချင်တယ်ဆိုလည်း အီးဘွတ်ခ်က အသံထွက်ဖတ်ပြပေးလိမ့်မည်။
    ခုချိန်မှာ သတင်းစာတွေကို အင်တာနက်မှတစ်ဆင့် ဖတ်ရှုလို့ရနေပြီဖြစ်၏။ မကြာခင်မှာ ဒီထက်တစ်ဆင့်တက်လာမည်။ သတင်းဌာနတစ်ခုသို့ နှစ်စဉ်ကြေးသွင်းထားလိုက်လျှင် တစ်ကမ္ဘာလုံးဖြစ်ပျက်နေသမျှ သတင်းအချက်အလက်များကို မိမိ၏ ကွန်ပျူတာထဲသို့ အဆက်မပြတ်ပေးပို့ ထည့်သွင်းပေးထားလိမ့်မည်။ ကိုယ်ဖတ်ချင်တဲ့အချိန်မှာ ခလုတ်နှိပ်ပြီး ဖတ်လိုက်ရုံပဲ။ ရောင်စုံသတင်းဓာတ်ပုံတွေပါ ကြည့်ရမည်။ သတင်းမှတ်တမ်းဗွီဒီယိုတွေပါ အချိန်နှင့်တစ်ပြေးညီ ပို့ပေးလိမ့်မည်။ ဒါကို အီးသတင်းစာဟု ခေါ်ကြလိမ့်မည်။
    အနာဂတ်စစ်ပွဲများသည် ခုလိုသေနတ်တွေနဲ့ ဒုံးကျည်တွေနဲ့ပစ်၊ လေယာဉ်တွေနဲ့ဗုံးကြဲ၊ ရေငုပ်သင်္ဘောတွေနဲ့ ခိုးကြောင် ခိုးဝှက်တိုက်ခိုက်တာမျိုးမဟုတ်တော့။ ရန်သူနိုင်ငံ၏ ဆက်သွယ်ရေးကွန်ယက်တွေကို ဖြတ်တောက်ဖျက်ဆီးပစ်နိုင်သူက စစ်ပွဲကို အောင်မြင်သူဖြစ်လာမည်။ ဒါမျိုးကို အီးစစ်ပွဲဟု သတ်မှတ်ကြလိမ့်မည်။
    "သြော်...ဒါကြောင့်လဲ အီးမပါရင် အလုပ်မဖြစ်တော့ဘူးလို့ ပြောတာကိုး။ အနာဂတ်ကမ္ဘာကြီးမှာ အီးတစ်လုံးဆောင်မှ အောင်မယ့်သဘောပေါ့"
    ဟု ဇင့်အရည်ကျိုဆရာက မှတ်ချက်ပေးသည်။ ဆိုက်ကားဆရာကတော့..
    "အေးဗျာ၊ နောင်တစ်ချိန်ကျရင် အီးဆိုက်ကားဆိုတာ ပေါ်လာမလား မသိဘူးဗျာ"
    ဟု တမ်းတမ်းတတပြော၏။ ကျွန်တော်လည်း "ပေါ်ချင်ပေါ်လာမှာပေါ့ဗျာ"ဆိုပြီး အလိုက်အထိုက်ပြောရင်း နှစ်သိမ့်လိုက်သည်။ သူ့ကို ဗဟုသုတနည်းလှသည်ဟု လှောင်ပြုံးပြုံးလို့မဖြစ်။ တစ်ချိန်ချိန်မှာ သူပြောတဲ့အတိုင်း ဖြစ်မလာဘူးဟု တစ်ထစ်ချ မဆိုနိုင်။ လွန်ခဲ့သောနှစ်အနည်းငယ်အချိန်ထိ ဗီရိုတစ်လုံးစာနီးပါးလောက် နေရာယူခဲ့သော စွယ်စုံကျမ်းအတွဲအစုံလိုက်ကို ခုခါမှာ အချိုပန်းကန်ပြားအရွယ်လောက်သာရှိသည့် စီဒီရွမ်ဓာတ်ပြားလေးထဲမှာ ထည့်ထားနိုင်ပြီမဟုတ်လား။
    ဆိုက်ကားဆရာ၏စကားနှင့်ဆက်စပ်ပြီး ကျွန်တော်လည်း စိတ်ကူးကြည့်မိသည်။ နောင်တစ်ချိန် စာပေနယ်မှာလည်း အီးတွေ တွင်ကျယ်လာနိုင်သည်။ အီဝတ္ထု၊ အီးကဗျာ၊ အီးဆောင်းပါး၊ အီးအက်ဆေး၊ အီးပန်းချီ၊ အီးကာတွန်း စသည်ဖြင့် ပေါ်ပေါက်လာနိုင်သည်။ စာပေပုံသဏ္ဍာန်တွေအနေနှင့်လည်း အီးသရုပ်ဖော်၊ အီးသရုပ်မှန်၊ အီးမော်ဒန်ဟူ၍ ကိုယ်သန်ရာလိုင်းကို လိုက်ကြမည်။ အီးဝေဖန်ရေးကလည်း လက်စောင်းထက်နေလိမ့်မည်။
    အီးမဂ္ဂဇင်း၊ အီးဂျာနယ်များကိုလည်း အီးဒီတာများက တည်းဖြတ်ထုတ်ဝေကြမည်။ မဂ္ဂဇင်း၊ ဂျာနယ်တို့၏ အမည်များမှာလည်း အီးအမြူတေ၊ ရုပ်ရှင်အီးကဗျာ၊ အီးလင်းတန်း၊ အီးတွေးသစ်ဟူ၍ ဖြစ်လာမည်။ ကလောင်နာမည်တွေကိုလည်း ချစ်အီးညို၊ ဆောင်းအီးလတ်၊ အီးကိုရဲ၊ တာရာအီးဝေ စသည်ဖြင့် မှည့်ခေါ်ကြလိမ့်မည်။ ကျွန်တော့်နာမည်ကိုပင် "အီးလူ"ဟု ပြောင်းသင့် ပြောင်းရပေလိမ့်မည်။
အတွေးသစ်ဂျာနယ်
၁/၃၈ (၁-၅-၂၀၀၁)

ဘကြီးသက်
Unknown at 11:17 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သမ္မတဦးသိန်းစိန် အမေရိကန်ရဲ့တားမြစ်စာရင်းက ပယ်ဖျက်

အမေရိကန် ပြည်ထောင် စုကို ရှေ့သီတင်း ပတ်ထဲ ရောက်လာဖို့ ရှိနေတဲ့ မြန်မာ သမ္မတ ဦးသိန်းစိန် အပါ အ၀င် အစိုးရ တာဝန်ရှိသူ တချို့အပေါ် ပိတ်ပင် တားမြစ် ထားတာကို အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာန က ဖယ်ရှားပေးလိုက်ပါတယ်။

အစိုးရအဖွဲ့ အကြီး အကဲဖြစ်သူ သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ အပေါ် ကန့်သတ် ပိတ်ပင်ရမယ့် အထူး ပုဂ္ဂိုလ်တွေ အဖြစ် စာရင်း သွင်းထားရာက ပယ်ဖျက်ပေးလိုက်တဲ့ အကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဌာနက ဗုဒ္ဓဟူးနေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

အမေရိကန် ပြည်ထောင် စု နယူးယောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ဖို့ သမ္မတ ဦးသိန်းစိန် ရောက် လာချိန်မှာပဲ ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အပြောင်းအလဲတွေအပေါ် တုံ့ပြန်တဲ့ အနေနဲ့ အရေးယူ ဒဏ်ခတ်မှုတွေကို ဖယ်ရှားပေးဖို့ ကတိပြုထားတဲ့ အမေရိကန်ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာပဲ အမေရိကန် လုပ်ငန်းတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံ မှုတွေ လုပ်ကိုင်ခွင့် ပြုခဲ့တာပါ။

ဗွီအိုအေ (မြန်မာဌာန)



ဘကြီးသက်
Unknown at 11:10 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.