Thursday, September 20, 2012

ခရီးဆုံးထိ မရောက်လိုက်သည့် မန်းက တစ်ကိုယ်တော် ပါဖောင်းမန့် တင်ဆက်သူ


မြန်မာနိုင်ငံ အပါအ၀င် တစ်ကမ္ဘာလုံးတွင် ဖြစ်ပွားနေသည့် စစ်ပွဲများ ရပ်တန့်ရေးအတွက် မန္တလေးမြို့ပေါ်ရှိ လမ်းများပေါ်တွင် တစ်ကိုယ်တော် ပါဖောင်းမန့် သရုပ်ပြသူအား ယနေ့ နံနက် ၁၁ နာရီကျော်အချိန်တွင် မန္တလေးမြို့ ချမ်းအေးသာဇံ ရဲတပ်ဖွဲ့မှ ခေါ်ယူတွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

"လမ်းတွေ ပိတ်ဆို့မှုဖြစ်တာနဲ့ ကျွန်တော့်ကို ပင်ပန်းနေလို့ အနားယူဖို့ ခေါ်ပြောတာပါ"ဟု တစ်ကိုယ်တော် ပါဖောင်းမန့်ပြသူ ပန်းချီစူးမြင့်သိန်းက ရဲစခန်းက ပြန်ထွက်လာစဉ် ယနေ့ နေ့လယ် ၁ နာရီခန့်က ပြောသည်။

ပါဖောင်းမန့်ပြသူသည် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၆၉ လမ်းနှင့် ၃၇ လမ်းထောင့်မှ စတင်ကာ မြို့တစ်ပတ် ပြသရန် ရည်ရွယ်ခဲ့သော်လည်း ၈၄ လမ်း ၂၇၊ ၂၈ လမ်းကြားတွင် အမှတ် ၈ ရဲစခန်းမှ ခေါ်ယူခြင်းခံခဲ့ရခြင်းဖြစ်သည်။

"ခရီးဆုံးထိ မရောက်တဲ့အတွက် အားမရဖြစ်မိတယ်"ဟု ပန်းချီစူးမြင့်သိန်းက ပြောသည်။

အမှတ် ၈ ရဲစခန်းတွင် ခေါ်ယူတွေ့ဆုံစဉ် ကိုယ်ရေးအချက်အလက်များ ဖြည့်စွက်၍ ခံဝန်ကတိ လက်မှတ်ရေးထိုးခဲ့ရကြောင်း ၄င်းကပြောသည်။

ပန်းချီစူးမြင့်သိန်းသည် ပါဖောင်းမန့် ပြသမှုအတွက် ခေါ်ယူသတိပေးခံရမှုမှာ ယခုအကြိမ်သည် တတိယအကြိမ်ဖြစ်သည်။

ဓာတ်ပုံ- မောင်တာ
REF: 7Day News Journal


ဘကြီးသက်
Unknown at 6:24 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.