Thursday, September 20, 2012

မှာပဲ ရှိနေသေးတယ်လို့ ပြောလိုက်တဲ့ ဘဘဦးဝင်းတင် .....




အား
နည်းချက်ဆိုရင်တော့ ကျွန်တော်တို့ ဟာ ဒီနေ့ ဒီအချိန်အထိ ဖွဲ့ စည်းပုံအခြေခံဥပဒေကို မပြင်နိုင်ဘူး။ 
စစ်အစိုးရတစ်ဖြစ်လဲ ဘောင်းဘီချွတ်ပြီးပုဆိုးဝတ်တဲ့လူတစ်စုရဲ့ အုပ်ချုပ်မှုကိုခံနေရပြီး ကျွန်တော်တို့ ဘာမှမလုပ်နိုင်ဘူး။
NLD ရွေးကောက်ပွဲနိုင်တယ်ဆိုတာကလည်း ဒီလောက်ကလေး (လက်ဟန်ခြေဟန်ဖြင့်ပြသည်)။ ၂၀၁၅ မှာ ဘာဖြစ်မယ်ဆိုတာလည်း ဘယ်သူမှမပြောနိုင်ဘူး။ ကျွန်တော်တို့ မှာ အတွေ့ အကြုံတွေ ရှိတယ်။ ၉၀ တုန်းကလည်း
မဲအပြတ်အသတ်နဲ့ နိုင်တာဘဲ။ အာဏာလွှဲပြောင်းတာတွေဘာတွေ မရှိဘူး။
ဗမာပြည်မှာ စစ်တပ်ကလည်း ရှိနေသေးတယ်။ လွှတ်တော်မှာလည်းစစ်တပ်ကနေ ထွက်လာတဲ့လူတွေချည်းဘဲ လုပ်နေကြတာ။အစိုးရဆိုတာကလည်း ဦးတပ်တပ် ဗိုလ်တပ်တပ် ဒီလူတွေဘဲ။
ပြောချင်တာက တိုင်းပြည်မှာ စစ်ဗိုလ်တွေအုပ်ချုပ်နေတုန်းဘဲ။ သူတို့ ကို တရားဝင်ဖြစ်အောင်လုပ်ပေးခဲ့တဲ့ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကလည်းအာဏာအချိန်မရွေး သိမ်းလို့ ရတယ်။ ကာ/လုံ ကောင်စီကလည်း စစ်ဗိုလ် ၆ ဦး
ပါတယ်။ စစ်ဝတ်စစ်စား ၀တ်ထားတဲ့စစ်ဗိုလ်။ အဲဒီအဖွဲ့ က တိုင်းပြည်မှာအရေးပေါ်အခြေအနေရှိရင် ဥပမာ ရခိုင်ကိစ္စလိုဟာမျိုးပေါ့။ သူတို့ လုပ်ချင်ရင်တိုင်းပြည်အာဏာကို လွှဲပြောင်းယူလို့ ရတယ်။ 
အားနည်းချက်အနေနဲ့ ပြောရရင်NLD ရဲ့ အားနည်းတာ အဲ့ဒါဘဲ။ တိုင်းပြည်ပြုပြင်ပြောင်းလဲအောင် ဘာမှ
မလုပ်နိုင်ဘူး။ လွှတ်တော်ထဲကို အခြေခံဥပဒေကို ပြင်ဖို့ သွားတယ်။ပြင်ဖို့ လမ်းစ မရှိသေးဘူး။ ပြင်လို့ လည်း မရနိုင်ဘူး။ ၇၅ ရာခိုင်နှုန်းအထက်မှဆိုတော့၊ စစ်တပ်က ၂၅ ရာခိုင်နှုန်းရှိနေသေးတော့ ဘယ်လို လုပ်ပြီးတော့
ကြံ့ဖွံ့ တွေကြားထဲမှာ ဘယ်လိုမှမရနိုင်ဘူး။
ဒီအတိုင်းဘဲ ကျွန်တော်တို့ ဂူထဲမှာဘဲရှိနေသေးတယ်။ အစိုးရကိုရော ဘာတွေလုပ်နိုင်သလဲလို့ သွားမေးကြည့်။ သူတို့ ဟာနဲ့ သူတို့ တောင် တိုက်ကြခိုက်ကြပြောတုန်းဆိုတုန်း ရှိသေးတယ်။ ဒီမိုကရေ စီပြုပြင် ပြောင်း လဲရေး ဆိုတာ
ဘယ်လိုဖြစ်နေလဲ။လယ်သမားကိစ္စတွေကြည့်၊ ရေကြီးတာတွေကြည့်၊တချို့ အာဏာပိုင်တွေကဒါ ရေကြီးတာမဟုတ်ဘူးငြင်းလို့ မီဒီယာတွေကဓာတ်ပုံရိုက်ပြမှ လက်ခံသွားကြတယ်။ လူတွေဘယ်လောက် ဆင်းရဲဒုက္ခရောက်နေလဲ။ အလုပ်သမားတွေ ဘယ်လောက်ဆင်းရဲနေသလဲ ။ကြေးနိတောင်တို့ ဘာတို့  ခင်ဗျားလည်း ကြားမှာပေါ့။ လယ်သမားတွေ
လက်လုပ်လက်စားတွေ ဘာဖြစ်လဲ။ ဘာမှ မဖြစ်သေးဘူး။ ကျွန်တော်တို့ ကအဲဒီတော့ ဂူထဲမှာရှိနေသေး တယ်လို့  ပြောရမှာဘဲ။
( Venus News ဂျာနယ်တွင် “ပါတီမှာ ကုလားထိုင်ဖက်နေလို့  မကောင်းတော့ဘူး” ခေါင်းစဉ်ဖြင့် ဖော်ပြထားသော ဒီချုပ် သဘာပတိအဖွဲ့ ဝင်၊ ဟံသာဝတီ ဦးဝင်းတင်နှင့် တွေ့ ဆုံခြင်းမှ ကောက်နုတ်ပါတယ်.....)

ဘကြီးသက်
Unknown at 11:35 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.