Thursday, September 20, 2012

ဖားကန့်မြို့တွင် ရေကြီးနေမှုကို စက်တင်ဘာလ ၁၉ ရက်နေ့က မြင်တွေ့ရစဉ်

ဖားကန့်မြို့တွင် ယခုနှစ်အတွင်း ၁၅ ကြိမ်မြောက် ရေကြီးရေလျံမှုကြောင့် စက်တင်ဘာလ ၁၂ ရက်နေ့မှ စတင်ပြီး ယနေ့ (စက်တင်ဘာလ ၂၀) ရက်နေ့အထိ ဖားကန့်မြို့ပေါ်ရှိ ရပ်ကွက် ၄ ခုမှ အိမ်ခြေ ၂၀၀ ကျော်ရေနစ်မြုပ် လျက်ရှိကြောင်း သိရှိရသည်။ ယခုနှစ်အတွင်း ၁၅ ကြိမ်မြောက် ရေကြီးရေလျံမှုကြောင့် ဖားကန့်မြို့အတွင်းရှိ အေးမြသာယာရပ်ကွက်၊ ငှက်ပျောတောရပ်ကွက်၊ မြို့မရ
ပ်ကွက်နှင့် လုံးခင်းရပ်ကွက်တို့ရှိ အိမ်ခြေ ၂၀၀ ကျော် ရေနစ်မြုပ်ခဲ့သည်။

ရေကြီးရေလျံမှုနှင့်ပတ်သက်၍ ဒေသခံတစ်ဦးက''စက်တင်ဘာလ ၁၂ ရက်နေ့ကစပြီးတော့ ရေက ရပ်ကွက်ထဲမှာ လူတစ်ရပ်စာကျော်ထိဝင်ရောက်ခဲ့တယ်။ အခု စက်တင်ဘာလ ၁၉ ရက်နေ့ထိ ရေလုံးဝမကျသေးဘူး။ ဒါပေမယ့် အရင်ရက်ကထက်တော့ အနည်းငယ် ကျဆင်းသွားပါပြီ။ အနိမ့်ဆောက်ထားတဲ့အိမ်တွေက မိသားစုတွေကတော့ ကယ်ဆယ်ရေးစခန်းတွေမှာ သွားနေကြရတယ်။ နှစ်ထပ်အိမ်လို အမြင့်ဆောက်လုပ်ထားတဲ့ အိမ်တွေကတော့ အပေါ်ထပ်တွေမှာ နေလို့ရသေးတယ်။ အခုလိုမျိုး ရေကြီးတဲ့ဖြစ်စဉ်ကတော့ နှစ်စဉ်နှစ်တိုင်း ဖြစ်ပေမယ့် အခုအကြိမ်က အဆိုးဆုံးပါပဲ''ဟု ပြောကြားခဲ့သည်။

ဖားကန့်ဒေသတွင် နှစ်ဖက်ပစ်ခတ်မှုများနှင့် ပေါက်ကွဲမှုများ မကြာခဏဖြစ်ပေါ်မှုကြောင့် ဒေသခံများ၏ လူမှုရေး၊စီးပွားရေး၊ကျန်းမာ ရေးစသည့်အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်နေရသည့်အချိန်တွင် ယခုကဲ့သို့ ရေကြီးရေလျံနေမှု ဖြစ်ပေါ်လျက်ရှိသည့်အတွက် ဒေသခံများ အကြပ်အတည်းများဖြင့် ပိုမိုကြုံတွေ့နေရကြောင်း သိရသည်။

Reference and Credit to -Eleven Media Group
Posted By Admin-KMO
(email:newsofburma.myanmar@gmail.com)

ဘကြီးသက်
Unknown at 2:21 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.