Thursday, September 20, 2012

အွန်လိုင်းမှ ဈေးနှုန်းသက်သာစွာဖြင့် ၀ယ်ယူနိုင်မည့် မိုဘိုင်းကြိုတင်ငွေဖြည့်စနစ်

GSM ၊ CDMA 800 ၊ CDMA 450 ဖုန်းများ၏ ကြိုတင်ငွေဖြည့်ကဒ်များကို အွန်လိုင်းမှတိုက်ရိုက် ၀ယ်ယူနိုင်တော့မည်ဖြစ်ကြောင်း ၀န်ဆောင်မှုကို လုပ်ဆောင်ပေးသည့် Myanmar Softgate Technology က သိရှိရသည်။

အဆိုပါ ကြိုတင်ငွေဖြည့်ကဒ်များကို အွန်လိုင်းမှ ၀ယ်ယူအသုံးပြုလိုသူများအနေဖြင့် Myan Pay Account ရှိရမည်ဖြစ်ပြီး မိမိဝယ်ယူလိုက်သည့် ဖုန်းငွေဖြည့်ကဒ်၏ ပမာဏကို Myan Pay Accountမှ နုတ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
 
“ငွေဖြည့်ကဒ် ၀ယ်ချင်တဲ့သူတွေက www.prepaid.com မှာဝင်ပြီး ၀ယ်လိုက်တာနဲ့ အ၀ယ်ပြမယ်။ ပြီးရင် ကျွန်တော်တို့က ၀ယ်တဲ့သူရဲ့ Email  Account မှာ ငွေဖြည့်ကဒ်ရဲ့လျှို့ဝှက်နံပါတ်ကို ချက်ချင်း ပြန်ပို့ပေးမယ်။ ပိုက်ဆံကတော့ Myan Pay Account ကနေ ဖြတ်သွားမှာ ဖြစ်ပါတယ်”ဟု   Myanmar Softgate Technology  မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
 
လက်ရှိ ပြင်ပတွင် ကျပ်(၁၀၀၀၀)ဖြင့် ရောင်းချလျှက်ရှိသည့် ငွေဖြည့်ကဒ်များကို အွန်လိုင်းတွင် ကျပ် (၉၀၀၀) ဖြင့်   ရောင်းချသွားမည် ဖြစ်ပြီး အဆိုပါ ငွေဖြည့်ကဒ်များကို စက်တင်ဘာလတတိယပတ်မှ စတင်၍ အဆိုပါ Website တွင် ၀ယ်ယူနိုင်မည်ဖြစ်သည်။
 
ဝယ်ယူလိုသူများအနေဖြင့် www.prepaid.com တွင် ၀င်၍ အ၀ယ်ပြပြီးသည်နှင့် ၀ယ်မည့်သူ၏ Email Account တွင် ငွေဖြည့်ကဒ်၏လျှို့ဝှက်နံပါတ်ကို ချက်ချင်းပြန်ပို့ပေးမည်ဖြစ်ကြောင်း ၊ ကျသင့်ငွေကို Myan Payမှ ဖြတ်သွားမည်ဖြစ်သည်။
 
Myan Pay အွန်လိုင်းငွေပေးချေမှုစနစ်အကောင့်ထဲသို့ အနည်းဆုံးငွေကျပ်တစ်သောင်း ကျော်ထည့်သွင်းပြီးမှသာ www.prepaid.com အွန်လိုင်းစနစ်မှ ကြိုတင်ငွေဖြည့်ကဒ်ဝယ်ယူအသုံးပြုနိုင်မည် ဖြစ်သည်။
 

ဘကြီးသက်
Unknown at 2:59 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.