Thursday, September 20, 2012

မန္တလေးမြို့ရှိ လမ်းမကြီး အချို့တွင် ကွမ်းယာဆိုင်များ ရောင်းချခွင့် မပေးတော့

မန္တလေးမြို့ရှိ အချို့သော လမ်းမကြီးတွေမှာ ကွမ်းယာ ဆိုင်ဖွင့်လှစ် ရောင်းချမှု များကို ခွင့်ပြုမပေး တော့ဘူးလို့ မန္တလေး မြို့တော် စည်ပင် သာယာရေးကော်မတီ သန့်ရှင်းရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ ဒီလို ကွမ်းယာဆိုင် ဖွင့်လှစ် ရောင်းချခွင့် မပြုမှုကို မန္တလေးမြို့ရှိ အဓိက လမ်းမကြီး တွေနဲ့ လမ်းဆုံ လမ်းခွ နေရာများမှာ ဖွင့်လှစ်မှုကို တားမြစ် ထားတာ ဖြစ်ပါတယ်။ အခုလို အဓိက လမ်းမကြီးတွေနဲ့ လမ်းဆုံ လမ်းခွ နေရာများမှာ ရောင်းချခွင့် မရှိတော့ ပေမယ့် လမ်းကြားတွေ အတွင်း မှာတော့ စည်းကမ်း တကျနဲ့ ရောင်းချခွင့် ရရှိနေဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။
မန္တလေးမြို့ အတွင်း အခုလို ကွမ်းယာဆိုင် ဖွင့်လှစ်မှုကို ကန့်သတ်မှု သာမက လက်ဘက်ရည် ဆိုင်များ၊ စားသောက်ဆိုင် များမှာလည်း ကွမ်းတံတွေး မထွေးဖို့နဲ့ အမှိုက်များ စနစ်တကျ စွန့်ပစ်ဖို့ အတွက် အမှိုက်ပုံး ထားရှိ ဆောင်ရွက်ဖို့ ကိုလည်း လမ်းညွှန် ထားပါတယ်။ ဒီလို လမ်းညွှန်ချက် အတိုင်း ဆောင်ရွက်မှုများ မပြုလုပ်ပါက မန္တလေး မြို့တော် စည်ပင် သာယာရေး ကော်မတီ အနေနဲ့ ပထမအကြိမ် ကျူးလွန်မှု အတွက် သတိပေးပြီး ဒုတိယ အကြိမ် ထပ်မံ ကျူးလွန်ရင်တော့ ဒဏ်ရိုက် အရေးယူမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ဒဏ်ရိုက် အရေးယူရာ မှာတော့ ဒဏ်ကြေး အဖြစ် ကျပ် တစ်သောင်းခွဲမှ လေးသောင်းခွဲထိ သတ်မှတ် ထားတယ်လို့ သိရပါတယ်။
From -MRTV4
ဘကြီးသက်
Unknown at 11:33 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.