Saturday, September 1, 2012

Cisco Networking Academy Program ကို မြန်မာနိုင်ငံတွင်ဖွင့်လှစ်မည်


မြန်မာနိုင်ငံတွင် Cisco ၏ Network Academy Program (CNAP) ကို နည်းပညာရှင်များ တက်ရောက်နိုင်ရန်အတွက် Myanmar Inspirations, CompuTech နှင့် MST Training Center တို့ပူးပေါင်း၍ မကြာမီဖွင့်လှစ်မည်ဖြစ်ကြောင်း Myanmar Inspirations မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

Cisco Networking Academy တွင်သင်ကြားပို့ချမည့် သင်ခန်းစာအရေအတွက် ၈ ခုရှိပြီး ပထမနှစ်ဝက် သင်တန်းတွင် သင်ခန်းစာ ၄ ခုပါဝင်ကာ CCNA (Cisco Certified Network Associate) ဘာသာရပ်ကို အဓိကထားသင်ကြားမည်ဖြစ်ကြောင်း သိရသည်။ ပထမနှစ်ဝက်သင်တန်းတွင် computer networking ဆိုင်ရာ အခြေခံကျွမ်းကျင်မှုများကို သင်ကြားပို့ချပေးမည်ဖြစ်ပြီး၊ သင်တန်းပြီးဆုံးပါက CCNA စာမေးပွဲကို ဖြေဆိုနိုင်ကြောင်း သိရသည်။ ဒုတိယနှစ်ဝက်သင်တန်းတွင် ပိုမိုအသေးစိတ်ကျ၍ အဆင့်မြင့်သော Networking သင်ခန်းစာများကို CCNP (Cisco Certified Network Professional) စာမေးပွဲများ ဖြေဆိုနိုင်သည်အထိ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။ Myanmar Inspirations နှင့် CompuTech ၊ MST တို့ပူးပေါင်းဖွင့်လှစ်သည့် Cisco Networking Academy တွင်တက်ရောက်ပြီး တစ်ပြိုင်တည်း Cisco အသိအမှတ်ပြု အောင်လက်မှတ်များကို တစ်ချိန်တည်း တစ်နေရာတည်းတွင် ရယူနိုင်မည်ဖြစ်သည်။ ထို့အပြင် Myanmar Inspirations နှင့်ပူးပေါင်း၍ Cisco Networking Academy သင်ရိုးညွှန်းတမ်းများအတိုင်း သင်ကြားလိုသည့် အခြား Training Center များမှ ဆရာ/ဆရာမများကိုလည်း လိုအပ်သည့် သင်ရိုးညွှန်းတမ်းများနှင့် သင်တန်းများရရှိနိုင်ရန် ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။ Myanmar Inspirations သည် အိုင်တီနယ်ပယ်တွင် ထင်ရှားကျော်ကြားသည့် Cisco နှင့် အခြားစာမေးပွဲများ စစ်ဆေးပေးနေသော Pearson VUE အသိအမှတ်ပြု မြန်မာနိုင်ငံအတွက် တစ်ခုတည်းသော အွန်လိုင်းစာစစ်ဌာနဖြစ်၍ မြန်မာနိုင်ငံမှ အိုင်တီပညာရှင်များအတွက် အွန်လိုင်းစာမေးပွဲပေါင်းများစွာကို ကောင်းစွာဖြေဆိုနိုင်ရန် ကူညီပေးလျက်ရှိကြောင်း သိရသည်။ ထို့အပြင် Myanmar Inspirations သည် Cisco, IBM, HP, 3Com, Symantec, Oracle, Dell, Microsoft, VMWare နှင့် Novell စသည့်ကုမ္ပဏီများနှင့်လည်း ပူးပေါင်းချိတ်ဆက်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ အသေးစိတ်အချက်အလက်များကို၊ ဖုန်း ၆၅၂ ၃၂၁၊ ၆၅၂ ၃၁၆ Email: kyaw.thu@myanmarinspirations.com သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

ရေးသားသူ -ကိုအောင်

အင်တာနက်ဂျာနယ်
ဘကြီးသက်
Unknown at 10:43 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြိုင်မြို့နယ်မှာ ဘာတွေဖြစ် ?

၈၈ မျိုးဆက်ကျောင်းသားတွေ လာတုန်းက ဟောပြောပွဲ လုပ်တာမှာ ခွင့်ပြုမိန့် မပေးခဲ့တာနဲ့ ပတ်သက်ပြီး မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့က ပေးလာတဲ့စာ ...




ဧရာဝတီခင်ဗျား


ကိုမင်းကိုနိုင်တို့ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ ကျနော်တို့ မြိုင်ကို သြဂုတ်လ ၁၂ ရက်နေ့မှာ လာတုန်းက ဟောပြောပွဲ လုပ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက မတရား လုပ်နေတာတွေကို ပြောပြချင်လို့ပါ။

အဲ့ဒီတုန်းက ဟောပြောပွဲလုပ်ခွင့်ပေးဖို့ ရွှေမြင်းတင် ဘုရားဂေါပကအဖွဲ့ကနေတဆင့် ပွဲစီစဉ်သူတွေက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ခွင့်ပြုမိန့် ကြို တင်ခဲ့ပါတယ်။

ဒါပေမယ့် ဟောပြောပွဲလုပ်ဖို့ အချိန်နီးလာတဲ့အထိ ခွင့်ပြုမိန့် လုံးဝမကျလာတဲ့အပြင် အချိန်နီးကပ်ခါမှ ဟောပြောပွဲကို ခွင့်မပြုနိုင်ဘူးဆိုတဲ့အကြောင်း ပြောခဲ့ပါတယ်။ ဒါပေမယ့် ဟောပြောပွဲလုပ်ဖို့ အချိန်က တအားကပ်နေပြီဖြစ်လို့ ပွဲစီစဉ်သူတွေက လုပ်လိုက်ဖို့ ဆုံးဖြတ်ပြီး ဟောပြောပွဲကို အောင်အောင်မြင်မြင် ကျင်းပခဲ့ပါတယ်။

ကိုမင်းကိုနိုင်တို့ ပြန်သွားပြီး သိပ်မကြာပါဘူး။ မြို့နယ်အုပ်ချုပ်ရေးရုံးက ငွေစာရင်းကွာတဲ့အကြောင်းကို တိုင်သူရှိတယ် ဆိုပြီး ရွှေမြင်းတင် ဘုရားဂေါပက အဖွဲ့ကို ခုံရုံးဖွဲ့ စစ်ပါတော့တယ်။

တိုင်သူ ဘယ်သူလဲဆိုတာ မေးတော့ သူတို့ မပြောပြနိုင်ပါဘူး။ တကယ်တမ်း ဘုရားဂေါပကအဖွဲ့မှာ ငွေစာရင်း ကွာဟမှုလည်း လုံးဝမရှိပါဘူး။

ဖြစ်နိုင်ခြေကတော့ ဟောပြောပွဲလုပ်တုန်းက ခွင့်ပြုမိန့်မကျပဲ လုပ်လိုက်တာကို မကျေနပ်လို့ တမင်လုပ်တယ်လို့ပဲ မြိုင်မြို့ခံတွေ မှတ်ယူပါတယ်။ ခွင့်ပြုမိန့်မကျပဲ လုပ်တယ်ဆိုပြီး စစ်လားဆေးလားလုပ်ရင် ပြဿနာက ကြီးတာကိုးဗျ။ ငွေစာရင်းကွာလို့ စစ်တာလို့ ဆိုရင်တော့ ပြဿနာ ကြီးကြီးမားမား ဖြစ်မလာနိုင်ဘူးလို့ သူတို့ ယူဆထားပုံရတယ်။

ဒါ့ကြောင့် ကျနော်တို့ မြို့ခံတွေက ဒါဟာ ဂေါပကအဖွဲ့ကို သိက္ခာကျအောင် လုပ်နေတာ ဖြစ်တဲ့အကြောင်း၊ ဂေါပကအဖွဲ့ကို အခုလို စစ်ဆေးနေတာတွေကို မကျေနပ်တဲ့အကြောင်းတွေကို ဆန္ဒထုတ်ဖော်ဖို့ ခွင့်ပြုမိန့်တင်တာလည်း ဒီကနေ့ ပယ်ချခံရပါတယ်။ ကျနော်တို့ကတော့ ဆန္ဒပြခွင့်ရအောင် ထပ်တင်ပါမယ်။

ကျနော်တို့ ဆန္ဒပြခွင့် မရခဲ့သည်ရှိသော် ကျနော်တို့ မြိုင်သားတွေသည် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ လုပ်နေသော လုပ်ရပ်များကို လုံးဝ မကျေနပ်ကြောင်း ဖော်ပြရန်နဲ့ မြိုင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရဲ့ မတရားတဲ့ လုပ်ရပ်တွေကို အများသိရှိစေရန် တင်ပြပါတယ်။

မြိုင်သား
ဧရာဝတီ

ဘကြီးသက်
Unknown at 10:29 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကျပ် ငွေ ၅၈၈ သိန်းတန် ဂစ်တာနဲ့ ၈၈ ရဲ့ ချက်ချင်း အလှူ

ဓာတ်ပုံ- Thiha Htwe

ကျပ်သိန်းပေါင်း ၅၈၈ နဲ့လေလံအောင်သွားတဲ့ ၈၈ ဂစ်တာဖြစ်ပါတယ်။

ဒီကနေ့ စက်တင်ဘာလ ၁ ရက်နေ့ ည MCC မှာ ကျင်းပတဲ့ ၈၈ မျိုးဆက်ကျောင်းသားများရဲ့ စေတနာ ၀သန် ဂီတ ရန်ပုံငွေပွဲမှာ SKY NET က နောက်ဆုံး လေလံ အောင်သွားတာဖြစ်ပါတယ်။

ဂီတာ လေလံပွဲကို ၈ သိန်း ၈ သောင်း ကျပ်ဖြင့် ဈေးစတင် ဖွင့်ခဲ့ပြီး ယခုနောက်ဆုံး Sky Net TV မှ ၅၈၈ သိန်းဖြင့် ရယူသွားခဲ့တာပါ။

"ဂစ်တာ လေလံဆွဲပွဲက ရရှိခဲ့တဲ့ ငွေကြေးထဲက သိန်း ၂၀၀ ကို ကချင် စစ်ဘေးဒုက္ခသည်များ၊ ကချင်ဒေသ ကလေးများ အတွက် နှင့် နောက် သိန်း ၁၀၀ ကို ရခိုင်ဒုက္ခသည်များအတွက် ၈၈မျိုးဆက်ကျောင်းသားများက (ထပ်မံ) လှူဒါန်းလိုက်ပါတယ်။ (ယနေ့ညတွင် ၈၈ မျိုးဆက်ကျောင်းသားများက ကချင် စစ်ဘေးဒုက္ခသည်များ အတွက် သိန်း ၃၀၀ နှင့်ရခိုင်ဒုက္ခသည်များအတွက် သိန်း ၂၀၀ လှူဒါန်းလိုက်ပြီး ဖြစ်ပါ တယ်။ ရေဘေး ဒုက္ခသည် များအတွက် သိန်း ၁၀၀ အပါအ၀င် စုစုပေါင်း သိန်း ၆၀၀ ကို ချက်ချင်း လှူဒါန်းခဲ့ပါသည်။) " လို့ ၈၈ မျိုးဆက်ကျောင်းသားများက သတင်းထုတ်ပြန်ထားပါတယ်။

ဘကြီးသက်
Unknown at 10:26 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Facebook သုံးစွဲသူများအနက် အသက်အကြီးဆုံး ပုဂ္ဂိုလ်အား နာမည်ကျော် Social Networking ဝက်ဘ်ဆိုက်က ဖော်ထုတ်ကြေညာလိုက်ပြီ ဖြစ်သည်။



သာမန်အားဖြင့် Social Networking နယ်ပယ်တွင် စွဲလန်း ပျော်ဝင်လေ့ ရှိတတ်သည်မှာ လူငယ် အများစု ဖြစ်သော်လည်း ဖလော်ရင့်စ် ဒတ္တလာမှာ အသက်(၁၀၁)နှစ် ရှိနေပြီ ဖြစ်သည်။ ကယ်လီဖိုးနီးယားရှိ မန်လိုပါ့ခ် အနီးတွင် နေထိုင်သော အဖွားအိုသည် Facebook Accountတွင် မိတ်ဆွေသူငယ်ချင်း (၆၅၃)ဦးကို ချိ
တ်ဆက်ထားသည်။ သူမသည် ဩဂုတ်လ (၂၇)ရက်နေ့က Facebook၏ ဆီလီကွန်တောင်ကြား ဌာနချုပ်သို့ လည်ပတ်ခွင့် ရခဲ့ပြီး ဝက်ဘ်ဆိုက်၏ ပူးတွဲတည်ထောင်သူ မာ့ခ်ဇူကာဘာ့ဂ်၊ Chief Operating Officerဖြစ်သူ ရှယ်ရှီလ် ဆန်းဘာ့ဂ်တို့နှင့် အမှတ်တရ ဓာတ်ပုံရိုက်ခဲ့သေးသည်။ ကျန်းမာရေး အခြေအနေအရ လက်တွန်းလှည်းဖြင့် သွားလာနေရသော ဖလော်ရင့်စ်သည် မိမိတို့၏ ဝန်ဆောင်မှုကို သုံးစွဲသူ အားလုံးအနက် အသက်အကြီးဆုံးဟု Facebookက အတည်ပြုထားသည်။

Ref:Planet Myanmar

ဘကြီးသက်
Unknown at 10:24 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒေါ်အောင်ဆန်းစုကြည် ပုသိမ်ရေဘေး သွားရောက်ကူညီ

မြန်မာနိုင်ငံမှာ နှစ်စဉ် ကြုံတွေ့နေရတဲ့ ရေဘေးဒုက္ခ ရဲ့အကြောင်းရင်းတွေကို ရှာဖွေပြီး ရေတိုရေရှည် အစီအစဉ်တွေ ဆောင်ရွက်ဖို့ လိုကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
AFP
ဧရာဝတီတိုင်း ပုသိမ်မြို့ ရေဘေးဒုက္ခသည်များကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့က သွားရောက်တွေ့ဆုံနေစဉ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဧရာဝတီတိုင်း ပုသိမ်မြို့ကို ဒီကနေ့ သွားရောက်ပြီး ရေဘေးသင့်ပြည်သူတွေနဲ့ တွေ့ဆုံရာမှာ အခုလို ပြောကြားခဲ့တာပါ။

"ဒီနေ့ အဓိက လာရတဲ့အကြောင်းရင်းကတော့ ရေဘေးကြောင့်ထိခိုက်သွားတဲ့ ရပ်ကွက်တွေ အခြေအနေကို လာပြီးတော့ လေ့လာဖို့ပါ။ ၁၁ ရပ်ကွက်တောင်မှ ရေကြီးတဲ့ဒဏ်ကို ခံရတယ်လို့ ပြောပါတယ်။ နံပတ်တစ်ကတော့ ဘာဖြစ်လို့ ဒီလို ရေခဏခဏကြီးလဲပေါ့။ မိုးတွင်းတိုင်း ရေကြီးတဲ့ ရပ်ကွက်တွေမှာ အခြေခံ ပြဿနာရှိတယ်။ ဥပမာ ရေကြည်ဦး ရပ်ကွက်ကိုရောက်တဲ့အခါမှာဆိုရင် တာတွေက ကောင်းကောင်း မပံ့ပိုးထားလို့ နှစ်တိုင်းနှစ်တိုင်း ရေတက်တယ်လို့ ကြားရတယ်။ အဲဒီလိုပေါ့။ ရပ်ကွက်အလိုက် ဘာကြောင့်နှစ်တိုင်းနှစ်တိုင်း ဘာကြောင့် ရေကြီးတာလဲဆိုပြီးတော့ ရေရှည်အတွက် လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ဖို့ ကျွန်မတို့ ကြိုးစားစီစဉ်သွားပါမယ်။"

ဒေါ်အောင်ဆန်းစုကြည်ဟာ ပုသိမ်မြို့မှာ ရေဘေးဒဏ် အဆိုးရွားဆုံး ခံရတဲ့ ရပ်ကွက် ၁၁ ခုထဲက ရေကြည်ဦး ရပ်ကွက်နဲ့ အမှတ် (၁၄) ရပ်ကွက်က ပြည်သူတွေကို သွားရောက် တွေ့ဆုံခဲ့ပြီး၊ ရပ်ကွက်နေ ပြည်သူတွေရဲ့ ကျန်းမာရေး ပြဿနာကို အမြန်ဖြေရှင်းပေးဖို့ အတွက် ရပ်ကွက်တစ်ခုကို အရေးပေါ် ရန်ပုံငွေ ငွေကျပ် (၁၀) သိန်း လှုဒါန်းခဲ့ပါတယ်။

ရေဘေးသင့် ပြည်သူတွေ ရင်ဆိုင်နေရတဲ့ ကျန်းမာရေး ပြဿနာအတွက် စေတနာ့ဝန်ထမ်း ဆရာဝန်တွေ စေလွှတ်ပေးပြီး၊ အပတ်စဉ်ပုံမှန် ဆေးဝါးကုသမှုတွေ လုပ်နိုင်အောင် ကြိုးစားသွားမယ်လို့လည်း ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့ပါတယ်။
"ရေကြီးလို့ ရေမသန့်သွားတာမို့ ကျမ်းမာရေးမကောင်းတဲ့ ကိစ္စတွေ ဒါတွေက ရပ်ကွက်တိုင်းမှာ တူလိမ့်မယ်လို့ ကျွန်မ ထင်ပါတယ်။ ရေကြီးတဲ့ဒဏ်ကြောင့် ဒုက္ခရောက်နေတဲ့ ရပ်ကွက်တွေက စပြီးတော့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အထောက်အကူ အစီအစဉ်လေးတွေကို စပြီး လုပ်ပါမယ်။ တဖြေးတဖြေး စီမံကိန်းတွေကို ချဲ့ထွင်ပြီးတော့ လုပ်သွားဖို့ ကြိုးစားပါမယ်။"
ဒီကနေ့ ပုသိမ်ခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပြီး နောက်ပိုင်း ဧရာဝတီတိုင်း ဒေသကြီးကို ပထမဆုံး သွားရောက်တဲ့ ခရီးစဉ် ဖြစ်ပါတယ်။

RFA Burmese

ဘကြီးသက်
Unknown at 9:31 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အကယ်ဒမီဆုများ ရုပ်ရှင် အစည်းအရုံး မှပေးတော့မည် .


Tun Wai

မြန်မာနိုင်ငံရှိ ရုပ်ရှင်ကြည့်ပရိတ်သတ်များ စိတ်ဝင်စား မှုအများဆုံးဖြစ်သော အကယ်ဒမီဆုပေး ပွဲအား ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှ စ၍မြန်မာနိုင်ငံ ရုပ်ရှင်အစည်းနှင့်အနုပညာ လောကသားများကသာ ရွေးချယ်ပေး အပ်သွားတော့မည်ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံတွင်အကယ်ဒမီ ပေးပွဲများအား ခေတ်အဆက်ဆက်မှပင် သက်ဆိုင်ရာအစိုးရ အသီးသီးမှ စီစဉ်ပေး အပ်ခဲ့ခြင်းဖြစ်ကာ၊ ယနေ့ခေတ်တွင် ပြန် ကြားရေးဝန်ကြီး ဌာနမှဦးဆောင်၍ ဆုများ ပေးအပ်ခဲ့ ကြောင်း နှင့် ယင်းအကယ်ဒမီ ဆုနှင့်ပါတ်သတ်၍၂၀၁၃-၂၀၁၄ဘဏ္ဍာ ရေးနှစ်မှစ၍အနုပညာ သမားများနှင့် လွတ်လပ်စွာဖွဲ့ စည်းလိုက်သောမြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှရွေးချယ်ပေးအပ်ခွင့် များ ပထမဆုံး အနေဖြင့်ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

''အကယ်ဒမီပေးတာနဲ့ ပါတ်သတ်ပြီးတော့ကျွန်တော်တို့ရုပ်ရှင် အစည်းအရုံးအနေနဲ့ပြောင်း လဲလာတဲ့ ခေတ်စနစ်တွေ နဲ့အညီ အကယ်ဒမီဆုတွေ ကို ကျွန်တော်တို့မြန်မာနိုင်ငံရုပ်ရှင်လော ကသားများ သာလျှင် ပေးအပ်လိုပါတယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာန၊ပြည်ထောင်စု ဝန်ကြီးထံကို တင်ပြခဲ့ရာ မှာအခုဆို ကျွန်တော် တို့ ဆောင်ရွက်လို တဲ့အတိုင်းဆောင်ရွက် ခွင့်ရပြီဖြစ်ပါ တယ်''ဟု မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ ဥက္ကဌ ဦးဇင်ဝိုင်းကပြော သည်။

မြန်မာနိုင်ငံတွင် ရုပ်ရှင်လော ကသားများ အတွက်အကြီးမားဆုံးသော ပွဲဖြစ်သည့်အ ကယ်ဒမီပေး ပွဲအား ခေတ်အဆက်ဆက် တတ်လာခဲ့သော နိုင်ငံတော်အစိုးရမှ တာဝန်ရှိသူများကသာ ဦးဆောင်ကျင်း ပလာရာ အကယ်ဒမီဆု များမှာ အနုပညာ စံချိန်စံနှုန်းများ နှင့်တဖြည်း ဖြည်းဝေး ကွာလာခဲ့ ရကြောင်း နှင့် အကယ်ဒမီဆုများ မှာပြည်သူအများ ကပေးသော ဆု၊အနုပညာရှင်များကပေးသောဆုနှင့် နိုင်ငံတော်မှ ပေးသော ဆုလွဲချော်မှုများစွာ ရှိလာသောကြောင့် အကယ်ဒမီဆုပေးပွဲ အပေါ်တွင် ပရိတ်သတ် မှစိတ်ဝင်စား မှုများ လျှော့ကျလာခဲ့ကြောင်းလည်းသိရသည်။
''ကျွန်တော်တို့အနေနဲ့ အကယ် ဒမီပေးခွင့် ရလာပြီဆိုပေမယ့် ၂၀၁၁-၂၀၁၂ ခုနှစ်မှာပေးမယ်ဆိုရင် ပြင်ဆင် ဆောင်ရွက် ဖို့အတွက်အချိန်တွေ မရှိဖြစ်နေပါတယ်၊ဒါ့ ကြောင့် ၂၀၁၄နှစ်ဆန်းကနေရုပ်ရှင် ထူးချွန်ဆု တွေစပေးပါမယ်၊ပေးမယ်ရုပ်ရှင် ကားတွေကတော့ ၂၀၁၃ ဘဏ္ဍာရေးနှစ် အတွင်းမှာ တင်သမျှ ရုပ်ရှင်ကား တွေပဲ ဖြစ်ပါတယ်၊ အဲ့ဒီရုပ်ရှင်ကားတွေကို ကျွန်တော်တို့ရုပ်ရှင်အစည်းရုံးနဲ့ အနု ပညာရှင် တွေက ပေးအပ်သွားမှာပါ''ဟု ဦးဇင်ဝိုင်း ကဆက်၍ပြောခဲ့သည်။

မြန်မာနိုင်ငံတွင် ယင်းကဲ့သို့ ရုပ်ရှင်ထူးချွန်ဆုများအား လွတ်လပ်သော အဖွဲ့အစည်း မှပေးမည် ဆိုသည်မှာ မြန်မာ နိုင်ငံ အနုပညာရှင်များနှင့် ရုပ်ရှင်လောက သားများအတွက် အထူးခြား ဆုံးသော ပြောင်းလဲမှု တစ်ရပ်ပင်ဖြစ်ကာ အနုပညာ ရှင်များ၏အရည်အသွေးများလည်းပိုမို တိုးတတ်လာ နိုင်ကြောင်း သိရသည်။

''အခုလိုမျိုး အနုပညာရှင်တွေ ရဲ့ အကယ်ဒမီကို အနု ပညာ လောကသား တွေကပေးမယ် ဆိုတာတော့ ပိုကောင်း လာမယ်လို့ ထင်ပါ တယ်''ဟုရုပ်ရှင် သရုပ် ဆောင် အကယ်ဒမီ ဝေဋုကျော်က ပြော သည်။

''အကယ်ဒမီတွေကို အခုလို လွတ်လပ်တဲ့အဖွဲ့ အစည်းတွေကပေးသွား မယ်ဆိုတော့ ပိုပြီးတော့ စိတ်ဝင်စားစရာ ကောင်းလာမယ် ထင်ပါတယ်၊ ရုပ်ရှင်ကား ကြီးတွေလည်းပိုပြီး အရည်သွေး ရှိရှိရိုက် ကူးလာ မယ်လို့ မျှော် လင့်ပါတယ်၊ဘာပဲ ဖြစ်ဖြစ်စိတ်ဝင် စားစရာပါပဲ၊''ဟု မြန်မာ နိုင်ငံရုပ်ရှင်ကြည့် ပရိတ် သတ်တစ်ဦးဖြစ် သူ မခင်မျိုးကပြောသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံး သည်၂၀၁၂ခုနှစ်ဧပြီလမှ စတင်ကာလွတ် လပ်သော အဖွဲ့ အစည်းအဖြစ် ရပ်ခဲ့ကြောင်း သိရသည်။

Yangon media group

ဘကြီးသက်
Unknown at 9:28 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သမ္မတထံစာတင်သည့် ဆင်ပေါင်ဝဲတောင်သူများအား စစ်တပ်က ခေါ်ယူမေးမြန်း

ဆင်ပေါင်ဝဲမြို့နယ် အတွင်းရှိ စစ်တပ် သိမ်းယူထားသော မြေများအား ပြန်လည် လုပ်ကိုင်လိုမှုဖြင့် သမ္မတထံ အသနား ခံ စာတင်ထားသော ဒေသခံများအား စစ်တပ်က ခေါ်ယူမေးမြန်း ခဲ့ကြောင်း ကာယကံရှင် များထံက သိရသည်။

''သူတို့ကျွန်တော့်ကို မေးတယ်။ ဘယ်သူ့အကူအညီနဲ့ သမ္မတဆီ စာတင်တာလဲ။ ဒီစာက ဘယ်သူရေးတာလဲ။  သူတို့ မေးတာလဲ အစုံပဲ။ မေးလိုက် နားလိုက်နဲ့ ညတစ်နာရီခွဲမှ ကျွန်တော်တို့ပြန်ရတယ်''ဟု သြဂုတ်(၃ဝ)ရက်နေ့က  စစ်တပ်မှ ခေါ်ယူမေးမြန်းခြင်းခံ ခဲ့ရသူ ဦးပေါ်ဦးက ပြောသည်။ အသိမ်းခံရသည့် ကျေးရွာများမှ ဒေသခံ (၁၆)ဦးအား ခေါ်ယူစစ်ဆေး ခဲ့ခြင်း ဖြစ်သည်။

ဒေသခံများအနေဖြင့်လည်း အသိမ်းခံရသော ယာမြေများနှင့်ပတ်သက်၍ အကြောင်းတစုံတရာ ထူးထူးခြားခြားမပြောနိုင်ခဲ့ကြောင်း ၄င်း၏ပြောကြားမှုများအရ သိရှိရသည်။

တောင်သူများသမ္မတထံစာတင်ခဲ့ခြင်းမှာ သြဂုတ်လလယ်ပိုင်းတွင် စာတင်ခဲ့ခြင်းဖြစ်ပြီး၊ လျော်ကြေးရယူလိုမှုထက် မိမိတို့လယ်တွင်ပြန်လည်လုပ်ကိုင်လိုခြင်းကြောင့် အသနား ခံစာတင်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

စစ်တပ်မှသိမ်းယူခဲ့သောယာမြေများမှာ ကျေးရွာ(၁၃)ရွာ၏မြေများဖြစ်ပြီး၊ (၁၉၉၈-၉၉)ခုနှစ်များက စစ်တပ်မှ သိမ်းယူခဲ့သည့် မြေ ဧကပေါင်း(၁ဝဝဝဝ)ကျော်ရှိကြောင်း သိရသည်။

အဆိုပါ စစ်တပ်မှာ ကပစ(၈)ဖြစ်ပြီး၊ သိမ်းယူခဲ့သော ယာမြေများတွင် ရွာသားများပြန်လည်လုပ်ကိုင်လိုလျှင် တစ်နှစ်လျှင် တစ်ဧကနှုန်း(၈ဝဝဝ)ကျပ်ဖြင့် ငှားရမ်းခဲ့ကြောင်းကိုလည်း ရွာသားတို့က ဆိုသည်။

စစ်တပ်မှ သိမ်းယူခဲ့သော ယာမြေများဆုံးရှုံးခဲ့သည့်ကျေးရွာများမှာ စောင်းတန်းကြီး၊ စောင်းတန်းလေး၊ ဒင်းပုန်း၊ နတ်ရွာ၊ မန်ကျီးပင်ပု၊ ဝါးရှိ၊ ဆံရသီ၊ ဘော်မြင့် နှင့်အခြားရွာများဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဆင်ပေါင်ဝဲမြို့ရှိ ဒေသခံများသည် မြေပဲ၊ နှမ်း နှင့် ဝါ စသည့်သီးနှံများအား အဓိကထား၍ စိုက်ပျိုးကြသည်။

ကောင်းမြတ်ဖြိုး ( မြစ်မခ )
by Myit Makha Mediagroup


ဘကြီးသက်
Unknown at 9:27 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အယူသီးမှု၊ ကောလာဟလနှင့် သေနတ်ဥပဒေ

Bertil Lintner ~
 (၂၀၀၆ ခုနှစ် ဇူလိုင်လထုတ် ဧရာဝတီမဂ္ဂဇင်းမှာ Bertil Lintner ရေးခဲ့တဲ့ စာအုပ်ဝေဖန်ရေးဆောင်းပါးကို ဘာသာပြန်ထားတာပါ)
၂၁ ရာစု အကူးအပြောင်းက မြန်မာပြည်။
မိုနိခ်စကစ်ဒ်မိုး တည်းဖြတ်၍ ဟာဝိုင်အီ တက္ကသိုလ်က ပုံနှိပ်ထုတ်ဝေသည်။
၂၀၀၅ ခုနှစ်
စာမျက်နှာ-၃၀၄
မြန်မာပြည်အကြောင်း ပညာရပ်ဆိုင်ရာလေ့လာချက်သည် ရယ်စရာအဖြစ်အပျက်က ပိုများနေပြီး လက်တွေ့ နိုင်ငံရေးဆိုင်ရာ ခွဲခြမ်းစိတ်ဖြာလေ့လာမှုက နည်းပါးနေသည် ။
“၂၁ ရာစု အကူးအပြောင်းက မြန်မာပြည်” စာအုပ်ဟာ နှစ်ပေါင်း လေးဆယ်အတွင်း မြန်မာပြည် ၏ နိစ္စဓူဝ ဘ၀အကြောင်း စာတမ်းများ ပထမဆုံးအကြိမ် စုစည်းဖော်ပြမှု လို့ ရည်ရွယ်ပုံရပေမယ့် အဲဒီလို ပြောတာဟာ နည်းနည်းတော့ ချဲ့ကားပြော တာပဲဖြစ်ပါလိမ့်မယ်။
အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း “မြန်မာပြည်ကို သွားလည်စို့” လို့ခေါ်တဲ့ စာအုပ်တစ်အုပ် ကိုရေးခဲ့ဖူးပါတယ်။ အဲဒီစာအုပ်ဟာ ဒီတိုင်းပြည်ရဲ့ နိစ္စဓူဝ ဘ၀အထွေထွေကို တော်တော်လေးခြုံငုံမိ ပါတယ်။ ဒါပေမယ့် အခု ဒီစာအုပ်အသစ်ကတော့ ပညာရှင်တွေရေးတဲ့ ပထမဆုံးစာအုပ် ဖြစ်ပါလိမ့်မယ်။ အဓိကကတော့ မနုဿဗေဒ ပညာရှင်တွေ ရေးတာပါ။ အဲဒါကြောင့် လူနည်းနည်းပဲ စိတ်ဝင်စားမယ့် အကြောင်းအရာတွေဖြစ်တဲ့ ထီလက်မှတ်ဂဏန်းဗေဒင်၊ မန္တလေးက ပုရိသ၀ါဒပြဿနာ၊ ပွဲတော်ရဲ့တည်နေရာမြေပုံတွေပါဝင်တဲ့ တောင်ပြုံး နတ်ကန္နားပွဲတော်အကြောင်း အသေးစိပ်ချယ်မှုန်း ဖော်ပြချက် စတဲ့ အခန်းတွေပါဝင်ပါတယ်။
ဒီလိုဖြစ်ပေမယ့် ဖတ်သင့်ဖတ်ထိုက်တဲ့စာအုပ်တစ်အုပ်ပါ။ စာအုပ်မှာ အပိုင်း(၄)ပိုင်းပါပါတယ်။ ပထမပိုင်းကတော့ ကိုးကွယ်မှု၊ ဘုရားဖူး ထွက်ခြင်းနှင့် စီးပွားရေး။ ဒုတိယပိုင်းကတော့ နိုင်ငံရေးနှင့် ကိုယ်ကျင့်တရားဆိုင်ရာ ဥပဒေနှင့်အညီပြုခြင်း။ ပြီးတော့ လူထုလှုပ်ရှားဆောင်ရွက်မှု နဲ့ နောက်ဆုံး မှာ ပြည်တွင်းပိုင်နက် နယ်ပယ် အကြောင်းရေးသားချက်တစ်ခုနဲ့ အဆုံးသတ်ထားပါတယ်။ အားလုံး ပေါ့ပေါ့ပါးပါးပါပဲ။ ဒါပေမယ့် ဂူးစတတ်ဟောက်တ်မင်း ရဲ့ အောင်ဆန်းစုကြည်အနီးအပါးက ပုဂ္ဂိုလ်ရေးကိုးကွယ်မှု ဆိုတဲ့အခန်းရယ် ဂျယ်နီဖါလီဟေးရဲ့ လူထုဆက်သွယ် ရေးအကြောင်းရှင်းလင်းဖော်ပြချက်နဲ့ ခေတ်ပြိုင်ဗမာပြည်ရဲ့ စာပေဘ၀တွေကတော့ တကယ်အရေးကြီးတဲ့ အကြောင်းအရာတွေကို အကောင်းဆုံး လေ့လာထားချက်တွေပဲဖြစ်ပါတယ်။
ခဲကိုတိုစာ ရဲ့ ကောလာဟလတွေနဲ့ အယူသီးမှုတွေရဲ့အရေးကြီးပုံအကြောင်း အခန်းကလည်း စိတ်ဝင်စားစရာကောင်း ပါတယ်။ ဥပမာ ၁၉၉၁ ခုနှစ်မှာ လူတွေက အမျိုးသမီးတစ်ယောက် တိုင်းပြည်ကိုအုပ်ချုပ်လိမ့်မယ်ဆိုတဲ့ ဗေဒင်ဆရာတွေရဲ့ ဟောဆိုချက်ကို ယုံကြည်ကြပါတယ်။ မကြာခင်မှာ လက်တွေ့သမား အလယ်အလတ်ကျသူ လို့ အများကပြောကြတဲ့ ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်က မင်းသမီးလိုဝတ်ပြီး တောင်ထိပ်ပေါ်တက်ပါလေရော။ ကောလာဟလ တွေအရ သူ့ရဲ့လက်အောက်ငယ်သားတွေက သူ့ကိုမမညွန့်လို့ သုံးခါ အော်ခေါ်ကြပါတယ်။ သူက ရှင် လို့ နောက်ပြန် မလှည့်ခင် သုံးကြိမ်သုံးခါ ထူးပါတယ်။
မရှေးမနှောင်းမှာပဲ အဲဒီအချိန်က စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောမောင်က သူ့ရဲ့ အောင်မြင်မှုအခွင့်အရေးကို အထင်အရှားဖြစ်အောင်လို့ သူ့ကိုယ်သူ ရှေးရှေးတုန်းက ဗမာမင်းတစ်ပါး ဖြစ်တဲ့ ကျန်စစ်သားနဲ့ ခိုင်းနှိုင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနာမည်ဟာ ကျန် (ကျန်ရစ်သော) နဲ့ စစ်သား(စစ်တပ်အမှုထမ်း) ကိုပေါင်းစပ်ထားတာ ဖြစ်လို့ပါ။ နောက်အဖြစ်တစ်ခုကတော့ တမြို့လုံးကို အေးချမ်းသာယာမှုတွေဆောင်ကျဉ်းလာအောင် စစ်တပ်ခေါင်းဆောင်တွေနဲ့ သံဃာတော် အကြီးအကဲ တွေဟာ ရဟတ်ယာဉ်နဲ့ ရန်ကုန်မြို့ပေါ် ပျံဝဲပြီး မင်္ဂလသုတ်ကို ရွတ်ဖတ် သရဇ္ဈာယ်ပါသတဲ့။
ဒီဥပမာတွေဟာ ရယ်စရာဟာသတွေလို ဖြစ်ကောင်းဖြစ်နေပေမယ့် မြန်မာပြည်အနေအထားအရ မိရိုးဖလာ ယုံကြည်မှု တွေဟာ အုပ်ချုပ်သူတွေရော ပြည်သူလူထုအတွက်ပါ ဘယ်လောက် အရေးကြီးတယ် ဆိုတာကို ပြသတာပါပဲ။ စိတ်မကောင်းစရာက ဒီ ဥပမာတွေဟာ ဗမာပြည်သူတွေအတွက် ဒီလို သဘာဝလွန် ဖြစ်ရပ် တွေမှာပဲ သူတို့ရဲ့မျှော်လင့် ချက်တွေကို တွဲခိုထားရုံက လွဲလို့ တခြား မယ်မယ်ရရမရှိတော့တာကို ပြသနေလို့ပါပဲ။ ထိုစာရဲ့အဆိုအရ ကောလာဟလ တွေဟာ အမြင်ရှုပ်ထွေးပြီး အားနည်းတဲ့လက်နက် ဖြစ် ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလို နိုင်ငံရေးလုပ်ငန်း တွေကို အာရုံစိုက်ပြီး အဓိပ္ပာယ်ဖွင့်ဆို နေခြင်းက ဗမာပြည်သူတွေအတွက် စစ်အစိုးရဟာ အာဏာရဲ့ အရှင်သခင်တွေ ဖြစ်ပါတယ် လို့ ၀န်ခံရာရောက် နေလို့ပဲ ဖြစ်ပါတယ်။
အဲဒီ အာဏာဟာ ဘယ်လိုအလုပ်ဖြစ်နေတယ်ဆိုတာကို မြန်မာ့စာအုပ်ထုတ်ဝေရေးနဲ့ စာပေလောက အကြောင်း အခန်းမှာ လီဟေးက ပိုပြီး လက်တွေ့ကျကျ ဖော်ပြထားပါတယ်။ သူတို့ရဲ့ နောင်တော် အာဏာရှင်ကြီးတွေထက်တောင်ပိုကဲပြီး လက်ရှိစစ်အစိုးရဟာ သူ့ကိုယ်သူ အာဏာနဲ့ အမှန်တရားရဲ့ တည်ရာဌာန ဖြစ်အောင် ကြိုးစားပါတယ်။
လွတ်လပ်တဲ့ စာရေးဆရာတွေကတော့ ပြည်သူလူထုဆီကို သူတို့ရဲ့သတင်းစကားတွေအရောက်ပါးဖို့ စာပေစီစစ်ရေးကို လက်တစ်လုံးခြား လှည့်ဖြားနိုင်အောင် ရူးချင်ယောင်ဆောင်တဲ့အရေးအသားတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို ရှောင်တိမ်း ကြပါတယ်။ ဒါပေမယ့် တခါတလေမှာတော့ စာရေးဆရာတွေနဲ့ မဂ္ဂဇင်းအယ်ဒီတာတွေဟာ ပိုပြီး တဲ့တိုး ကျတတ်ပါတယ်။ ၁၉၉၅ ခုနှစ်မှာ သူတို့တွေဟာ မြန်မာပြည်ရဲ့ နိုင်ငံတကာရုပ်ပုံလွှာကို ထိခိုက်ပျက်ပြားစေတယ်ဆိုပြီး တင်းကျပ်မှုတွေကို လျော့ပါးပေးဖို့ အာဏာပိုင် တွေကို ပန်ကြားခဲ့ကြပါတယ်။ ဒါပေမယ့် အံ့သြစရာမရှိပါဘဲ စစ်အစိုးရဟာ ပုဂ္ဂလိကထုတ်ဝေ ရေးလုပ်ငန်းကို ပိုတင်းကြပ်လိုက်တဲ့ အတွက် အခြေအနေဟာ ပိုပြီး ဆိုးရွားခဲ့ပါတယ်။ စာပေလောကသားတွေအတွက် သင်ခန်းစာကတော့ စောဒကမတက်ဖို့ဘဲဖြစ်ပါတယ်လို့ လီဟေးက အနှစ်ချုပ်ပါတယ်။ သာမန် အရပ်သား တွေကလည်း တူညီတဲ့သင်ခန်းစာကိုပဲ ရရှိခဲ့ပါတယ်။ တလောကလုံးက အော့နှလုံးနာနေတဲ့ အစိုးရကို ဆန့်ကျင်ပြီး ဘာစကားမျှ မဟရဲတော့တာပဲဖြစ်ပါတယ်။
ဗိုလ်ချုပ်တွေဟာ အာဏာကို ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားနိုင်လင့်ကစား သူတို့ရဲ့ အာဏာပိုင်ဆိုင်မှု တန်ဆာပလာတွေဟာ နိုင်ငံတော်ရဲ့ဖွဲ့စည်းတည်ဆောက်ပုံကို ရေရှည်ခိုင်မြဲအောင် ဖန်တီးနိုင်စွမ်းမရှိဘူး လို့ ဟောက်မင်း က ငြင်းချက်ထုတ် ပါတယ်။ လက်နက်နဲ့ ပုဂ္ဂိုလ်ရေး အာဏာဟာ မြန်မာပြည်ကစားဝိုင်းရဲ့ ဥပဒေသပါပဲ။ အနောက်တိုင်းပညာရှင် ကြောင် သူတော်တချို့ ကမ္ဘာကိုပြောဖို့ ကြိုးစားနေကြသလို ရှေးဟောင်းထုံးတမ်းစဉ်လာတွေထဲမှာ ကျင်လည်နေတဲ့ ခိုင်မာ တောင့်တင်းတဲ့ နိုင်ငံတစ်ခု မဟုတ်ပါဘူး။
ဟော့တ်မင်း ရဲ့အဆိုအရ ပုဂ္ဂိုလ်ရေးသြဇာရဲ့ အရေးပါမှုဟာ ဒီမိုကရေစီလှုပ်ရှားမှုနဲ့ ဒီလှုပ်ရှားမှုကို ထောက်ခံကြတဲ့ နိုင်ငံရပ်ခြားက သူတွေကိုပါ သက်ရောက်လွှမ်းမိုးပါတယ်။ ဒီနေရာမှာတော့ အောင်ဆန်းစုကြည်ထက် ပိုပြီး အရေးကြီးတဲ့သူ မရှိတော့ပါဘူး။ သူ့ရဲ့တိုင်းသူပြည်သားတွေက သူ့ကို ဣတ္ထိယဘုရားလောင်း(Female Bodhisattva) နဲ့ နှိုင်းခဲ့ကြတယ်။ ဗယ်နီတီဖဲရ် (Vanity Fair) က မြန်မာပြည်ရဲ့ စိန့်ဂျုံး(Burma's Saint Joan) လို့ ကင်ပွန်းတပ်ပါတယ်။ ဒါပေမယ့် စစ်အစိုးရကတော့ သူ့ကို 'အနောက်မျှော်မယ်တော်ကြီး' လို့ ခေါ်ပါတယ်။ သူ့ကို ရည်ညွှန်းတဲ့ သဘာဝလွန် စရိုက် လက္ခဏာတွေ ကိုတော့ စစ်အစိုးရက မငြင်းပါဘူး။
နောက်ဆုံးအခန်းကတော့ မြန်မာပြည်ရဲ့အနာဂတ်ကို လေ့လာတဲ့သဘောရှိပါတယ်။ ဗမာလူမျိုး တွေဟာ သူတို့ရဲ့ကလေး တွေကို ဘယ်လိုပြုစုပျိုးထောင်ကြတယ်၊ သူတို့ရဲ့သားသမီးတွေကို ဘယ်လောက် တန်ဖိုးထားကြတယ်ဆိုတာ လေ့လာ ဆန်းစစ်ပြီး ရေးသားထားတာဖြစ်ပါတယ်။ ဆိုးဆိုးဝါးဝါးချွတ်ယွင်းချက် ကတော့ ၂၁ ရာစု အကူးအပြောင်းမှာ မြန်မာပြည် ဟာဘယ်နေရာမှာ ရှိနေသလဲ ဆိုတာကို နိုင်ငံရေးအရ ခွဲခြမ်း စိတ်ဖြာလေ့လာချက် မပါရှိတာပါပဲ။ ဒီအချက်ဟာ လူမှုရေး ဆိုင်ရာမနုဿဗေဒနဲ့ ဆေးပညာဆိုင်ရာ မနုဿဗေဒ ဘာသာရပ်များအတွင်း နက်နက်ရှိုင်းရှိုင်း လေ့လာစူးစမ်းချက်တွေ နည်းတူ အရေးကြီးပါတယ်။ ပိုပြီး အရေးကြီးပါသေးတယ်။ ။
zarny win
Saturday, September 01, 2012
Irrawaddy Blog
http://blog.irrawaddy.org/2012/09/blog-post_1.html

ဘကြီးသက်
Unknown at 9:23 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဖင်မနိုင်ပဲ ပဲကြီးဟင်းစားသည့် သတင်းစာဆရာအသင်း... သတင်းသမားကို ဆဲဆိုသည့် ဇာဂနာကို ဘာလုပ်မှာလဲ



ဖင်မနိုင်ပဲ ပဲကြီးဟင်းစားသည့် သတင်းစာဆရာအသင်း... သတင်းသမားကို ဆဲဆိုသည့် ဇာဂနာကို ဘာလုပ်မှာလဲ..??? ဘာမှမလုပ်နိုင်ရင်တော့ ဒုတိယအကြိမ်ညီလာခံလုပ်ပြီး အသင်းကို ဖျက်လိုက်ပါ...။


မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်း အဖွဲ့ကို မြန်မာနိုင်ငံ စာရေးဆရာများ အသင်း၊ မြန်မာနိုင်ငံသတင်းစာ ဆရာများအသင်းနှင့် မြန်မာနိုင်ငံပုံ နှိပ်ထုတ်ဝေဖြန့်ချိသူများ အသင်းဟူ၍ အသင်းသုံးသင်းအဖြစ် ပြောင်းလဲ ဖွဲ့စည်းသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ဖြစ်မြောက်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ ကြောင်း သိရသည်။ မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်းဖြစ်မြောက်ရေး ကော်မတီတွင် ဦးဆောင် နာယကများအဖြစ် ဦးစိုးသိမ်း(မောင်ဝံသ)၊ ဦးကိုကိုလှိုင်(ကိုကိုလှိုင်)၊ ဦးဝင်းငြိမ်း (၀င်းငြိမ်း)၊ ဥက္ကဋ္ဌအဖြစ် ဖိုးသောကြာ (ခေတ်၊ မိုး)၊ အတွင်းရေးမှူးအဖြစ် ဦးကိုကို(ကိုကို-စက်မှုတက္ကသိုလ်) တို့က ဆောင်ရွက်ကြမည်ဖြစ်ပြီး ကော်မတီဝင် ၂၃ ဦးပါဝင်ကြမည် ဖြစ်ကြောင်း သိရသည်။




အဆိုပါအသင်း သုံးသင်းအနက် မြန်မာနိုင်ငံ စာရေးဆရာများ အသင်းနှင့် မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း တို့ကို ပြန်လည်ဖွဲ့စည်းမည် ဖြစ်ပြီး မြန်မာနိုင်ငံ ပုံနှိပ်ထုတ်ဝေ ဖြန့်ချိသူများ အသင်းကို စွယ်စုံမီဒီယာဂရုမှ ဒေါက်တာတင်ထွန်းဦး ဦးဆောင်ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ ပုံနှိပ် ထုတ်ဝေဖြန့်ချိသူများ အသင်းနှင့် ပူးပေါင်းဖွဲ့စည်းသွားမည် ဖြစ်ကြောင်းလည်း သိရသည်။ မြန်မာနိုင်ငံ စာရေးဆရာများ အသင်းဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းနှင့် မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်းဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းတို့ကို ထုတ်ပြန်ခဲ့ပြီး အဆိုပါအသင်းသုံးသင်းစလုံးကို သုံးလအတွင်း ဖွဲ့စည်း သွားမည်ဖြစ်ကြောင်း သိရှိရသည်။




မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၏ ပထမဆုံးအကြိမ် ညီလာခံကြီးကို သြဂုတ်လ ၁၁ ရက်နေ့ (စနေနေ့) နံနက် ၉ နာရီတွင် စတင်၍ ရန်ကုန်မြို့ ယုဇနဂါးဒင်း ဟိုတယ်တွင် ကျင်းပခဲ့ပြီး ပြည်နယ်နှင့် တိုင်း အသီးသီးမှ ကိုယ်စားလှယ် ၁၁၀ ဦးခန့် တက်ရောက် ခဲ့ကြကာ ဗဟိုအလုပ်အမှုဆောင် ရွေးချယ်ခြင်းကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

Myanmar Express

ဘကြီးသက်
Unknown at 9:22 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.