Saturday, September 1, 2012

ဖင်မနိုင်ပဲ ပဲကြီးဟင်းစားသည့် သတင်းစာဆရာအသင်း... သတင်းသမားကို ဆဲဆိုသည့် ဇာဂနာကို ဘာလုပ်မှာလဲ



ဖင်မနိုင်ပဲ ပဲကြီးဟင်းစားသည့် သတင်းစာဆရာအသင်း... သတင်းသမားကို ဆဲဆိုသည့် ဇာဂနာကို ဘာလုပ်မှာလဲ..??? ဘာမှမလုပ်နိုင်ရင်တော့ ဒုတိယအကြိမ်ညီလာခံလုပ်ပြီး အသင်းကို ဖျက်လိုက်ပါ...။


မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်း အဖွဲ့ကို မြန်မာနိုင်ငံ စာရေးဆရာများ အသင်း၊ မြန်မာနိုင်ငံသတင်းစာ ဆရာများအသင်းနှင့် မြန်မာနိုင်ငံပုံ နှိပ်ထုတ်ဝေဖြန့်ချိသူများ အသင်းဟူ၍ အသင်းသုံးသင်းအဖြစ် ပြောင်းလဲ ဖွဲ့စည်းသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ဖြစ်မြောက်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ ကြောင်း သိရသည်။ မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်းဖြစ်မြောက်ရေး ကော်မတီတွင် ဦးဆောင် နာယကများအဖြစ် ဦးစိုးသိမ်း(မောင်ဝံသ)၊ ဦးကိုကိုလှိုင်(ကိုကိုလှိုင်)၊ ဦးဝင်းငြိမ်း (၀င်းငြိမ်း)၊ ဥက္ကဋ္ဌအဖြစ် ဖိုးသောကြာ (ခေတ်၊ မိုး)၊ အတွင်းရေးမှူးအဖြစ် ဦးကိုကို(ကိုကို-စက်မှုတက္ကသိုလ်) တို့က ဆောင်ရွက်ကြမည်ဖြစ်ပြီး ကော်မတီဝင် ၂၃ ဦးပါဝင်ကြမည် ဖြစ်ကြောင်း သိရသည်။




အဆိုပါအသင်း သုံးသင်းအနက် မြန်မာနိုင်ငံ စာရေးဆရာများ အသင်းနှင့် မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း တို့ကို ပြန်လည်ဖွဲ့စည်းမည် ဖြစ်ပြီး မြန်မာနိုင်ငံ ပုံနှိပ်ထုတ်ဝေ ဖြန့်ချိသူများ အသင်းကို စွယ်စုံမီဒီယာဂရုမှ ဒေါက်တာတင်ထွန်းဦး ဦးဆောင်ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ ပုံနှိပ် ထုတ်ဝေဖြန့်ချိသူများ အသင်းနှင့် ပူးပေါင်းဖွဲ့စည်းသွားမည် ဖြစ်ကြောင်းလည်း သိရသည်။ မြန်မာနိုင်ငံ စာရေးဆရာများ အသင်းဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းနှင့် မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်းဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းတို့ကို ထုတ်ပြန်ခဲ့ပြီး အဆိုပါအသင်းသုံးသင်းစလုံးကို သုံးလအတွင်း ဖွဲ့စည်း သွားမည်ဖြစ်ကြောင်း သိရှိရသည်။




မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၏ ပထမဆုံးအကြိမ် ညီလာခံကြီးကို သြဂုတ်လ ၁၁ ရက်နေ့ (စနေနေ့) နံနက် ၉ နာရီတွင် စတင်၍ ရန်ကုန်မြို့ ယုဇနဂါးဒင်း ဟိုတယ်တွင် ကျင်းပခဲ့ပြီး ပြည်နယ်နှင့် တိုင်း အသီးသီးမှ ကိုယ်စားလှယ် ၁၁၀ ဦးခန့် တက်ရောက် ခဲ့ကြကာ ဗဟိုအလုပ်အမှုဆောင် ရွေးချယ်ခြင်းကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

Myanmar Express

ဘကြီးသက်
Unknown at 9:22 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.