Saturday, September 1, 2012

ကျပ် ငွေ ၅၈၈ သိန်းတန် ဂစ်တာနဲ့ ၈၈ ရဲ့ ချက်ချင်း အလှူ

ဓာတ်ပုံ- Thiha Htwe

ကျပ်သိန်းပေါင်း ၅၈၈ နဲ့လေလံအောင်သွားတဲ့ ၈၈ ဂစ်တာဖြစ်ပါတယ်။

ဒီကနေ့ စက်တင်ဘာလ ၁ ရက်နေ့ ည MCC မှာ ကျင်းပတဲ့ ၈၈ မျိုးဆက်ကျောင်းသားများရဲ့ စေတနာ ၀သန် ဂီတ ရန်ပုံငွေပွဲမှာ SKY NET က နောက်ဆုံး လေလံ အောင်သွားတာဖြစ်ပါတယ်။

ဂီတာ လေလံပွဲကို ၈ သိန်း ၈ သောင်း ကျပ်ဖြင့် ဈေးစတင် ဖွင့်ခဲ့ပြီး ယခုနောက်ဆုံး Sky Net TV မှ ၅၈၈ သိန်းဖြင့် ရယူသွားခဲ့တာပါ။

"ဂစ်တာ လေလံဆွဲပွဲက ရရှိခဲ့တဲ့ ငွေကြေးထဲက သိန်း ၂၀၀ ကို ကချင် စစ်ဘေးဒုက္ခသည်များ၊ ကချင်ဒေသ ကလေးများ အတွက် နှင့် နောက် သိန်း ၁၀၀ ကို ရခိုင်ဒုက္ခသည်များအတွက် ၈၈မျိုးဆက်ကျောင်းသားများက (ထပ်မံ) လှူဒါန်းလိုက်ပါတယ်။ (ယနေ့ညတွင် ၈၈ မျိုးဆက်ကျောင်းသားများက ကချင် စစ်ဘေးဒုက္ခသည်များ အတွက် သိန်း ၃၀၀ နှင့်ရခိုင်ဒုက္ခသည်များအတွက် သိန်း ၂၀၀ လှူဒါန်းလိုက်ပြီး ဖြစ်ပါ တယ်။ ရေဘေး ဒုက္ခသည် များအတွက် သိန်း ၁၀၀ အပါအ၀င် စုစုပေါင်း သိန်း ၆၀၀ ကို ချက်ချင်း လှူဒါန်းခဲ့ပါသည်။) " လို့ ၈၈ မျိုးဆက်ကျောင်းသားများက သတင်းထုတ်ပြန်ထားပါတယ်။

ဘကြီးသက်
Unknown at 10:26 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.