Saturday, September 1, 2012

Cisco Networking Academy Program ကို မြန်မာနိုင်ငံတွင်ဖွင့်လှစ်မည်


မြန်မာနိုင်ငံတွင် Cisco ၏ Network Academy Program (CNAP) ကို နည်းပညာရှင်များ တက်ရောက်နိုင်ရန်အတွက် Myanmar Inspirations, CompuTech နှင့် MST Training Center တို့ပူးပေါင်း၍ မကြာမီဖွင့်လှစ်မည်ဖြစ်ကြောင်း Myanmar Inspirations မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

Cisco Networking Academy တွင်သင်ကြားပို့ချမည့် သင်ခန်းစာအရေအတွက် ၈ ခုရှိပြီး ပထမနှစ်ဝက် သင်တန်းတွင် သင်ခန်းစာ ၄ ခုပါဝင်ကာ CCNA (Cisco Certified Network Associate) ဘာသာရပ်ကို အဓိကထားသင်ကြားမည်ဖြစ်ကြောင်း သိရသည်။ ပထမနှစ်ဝက်သင်တန်းတွင် computer networking ဆိုင်ရာ အခြေခံကျွမ်းကျင်မှုများကို သင်ကြားပို့ချပေးမည်ဖြစ်ပြီး၊ သင်တန်းပြီးဆုံးပါက CCNA စာမေးပွဲကို ဖြေဆိုနိုင်ကြောင်း သိရသည်။ ဒုတိယနှစ်ဝက်သင်တန်းတွင် ပိုမိုအသေးစိတ်ကျ၍ အဆင့်မြင့်သော Networking သင်ခန်းစာများကို CCNP (Cisco Certified Network Professional) စာမေးပွဲများ ဖြေဆိုနိုင်သည်အထိ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။ Myanmar Inspirations နှင့် CompuTech ၊ MST တို့ပူးပေါင်းဖွင့်လှစ်သည့် Cisco Networking Academy တွင်တက်ရောက်ပြီး တစ်ပြိုင်တည်း Cisco အသိအမှတ်ပြု အောင်လက်မှတ်များကို တစ်ချိန်တည်း တစ်နေရာတည်းတွင် ရယူနိုင်မည်ဖြစ်သည်။ ထို့အပြင် Myanmar Inspirations နှင့်ပူးပေါင်း၍ Cisco Networking Academy သင်ရိုးညွှန်းတမ်းများအတိုင်း သင်ကြားလိုသည့် အခြား Training Center များမှ ဆရာ/ဆရာမများကိုလည်း လိုအပ်သည့် သင်ရိုးညွှန်းတမ်းများနှင့် သင်တန်းများရရှိနိုင်ရန် ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။ Myanmar Inspirations သည် အိုင်တီနယ်ပယ်တွင် ထင်ရှားကျော်ကြားသည့် Cisco နှင့် အခြားစာမေးပွဲများ စစ်ဆေးပေးနေသော Pearson VUE အသိအမှတ်ပြု မြန်မာနိုင်ငံအတွက် တစ်ခုတည်းသော အွန်လိုင်းစာစစ်ဌာနဖြစ်၍ မြန်မာနိုင်ငံမှ အိုင်တီပညာရှင်များအတွက် အွန်လိုင်းစာမေးပွဲပေါင်းများစွာကို ကောင်းစွာဖြေဆိုနိုင်ရန် ကူညီပေးလျက်ရှိကြောင်း သိရသည်။ ထို့အပြင် Myanmar Inspirations သည် Cisco, IBM, HP, 3Com, Symantec, Oracle, Dell, Microsoft, VMWare နှင့် Novell စသည့်ကုမ္ပဏီများနှင့်လည်း ပူးပေါင်းချိတ်ဆက်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ အသေးစိတ်အချက်အလက်များကို၊ ဖုန်း ၆၅၂ ၃၂၁၊ ၆၅၂ ၃၁၆ Email: kyaw.thu@myanmarinspirations.com သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

ရေးသားသူ -ကိုအောင်

အင်တာနက်ဂျာနယ်
ဘကြီးသက်
Unknown at 10:43 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.