Sunday, August 12, 2012
ကွန်ပြူတာစစ်ပွဲ (အပိုင်း-၁)
"--- သတင်းတွေကို ထုတ်ပြန်တဲ့အခါမှာ တယောက်နဲ့တယောက် လက်ဦးမှု အရင်လိုချင်ကြတယ်ပေါ့နော်။ အင်တာနက် စစ်ပွဲလို့ ခေါ်တယ်။ Cyber War ရဲ့ အဓိက ဦးတည်ချက်က အဲဒါပဲခင်ဗျ။"
မေး။     ။ "အင်တာနက် စစ်ပွဲတွေ ဘယ်တုန်းကလောက် စဖြစ်တာလဲ၊ အဲဒါလေး ပြောပြပေးပါအုံး။"
ဖြေ။      ။ "Cyber War တကယ်စဖြစ်တာက ၉၉ ခုနှစ် နောက်ပိုင်းလောက်မှာ ဖြစ်တာ။ ကိုရီးယားနဲ့ တရုတ်၊ နောက် အမေရိကန် တွေနဲ့ ပတ်သက်ပြီးတော့ cyber war စဖြစ်လာတာ ခင်ဗျ။ များသောအားဖြင့် ဖြစ်တာ နှစ်ခု ရှိတယ်။ တခုက သူတို့ အင်ဖော်မေးရှင်း (သတင်းအချက်အလက်တွေ)ကို ကိုယ်က သွားပြီးတော့ ဖျက်ဆီးချင်တာ။ နောက်တခုကျတော့ အဲဒီ imaformation တွေကို တခြားလူတွေ access လုပ်လို့ မရအောင်လုပ်တာ ဆိုပြီး နှစ်မျိုး ရှိတယ်ခင်ဗျ။"
မေး။     ။ "access လုပ်လို့ မရအောင် ဆိုတာက-"
ဖြေ။      ။ " ကျနော်တို့ သတင်းအချက်အလက်တွေကို တဘက်လူက ဖတ်လို့၊ သုံးလို့ မရတော့အောင်၊ ကျနော်တို့ရဲ့ ဆာဗာကို တဘက်လူတွေ ဖွင့်လို့မရအောင်၊ အလုပ်ရှုပ်သွားအောင် လုပ်တဲ့ဟာမျိုး တခုရှိတယ်။ နောက်တခုကျတော့ တချို့ရဲ့ web site ထဲကို ခွင့်ပြုချက်မရဘဲနဲ့ ဝင်ပြီးတော့မှ သူ့အထဲက information တွေကို ဝင်ပြင်တာ။ တရားဝင် မဟုတ်တဲ့နည်းနဲ့ ဝင်ပြင်တာဆိုပြီး နှစ်ခု ရှိတယ်။ "
မေး။     ။ "ကိုရီးယားတို့၊ အမေရိကားတို့၊ တရုတ်တို့ အစိုးရပိုင်းတွေက ဝင်ပြီး ပတ်သက်တာတွေ လည်း ရှိလာတယ်။ အဲဒီလို ရှိတဲ့အထဲမှာ ထင်ရှားတဲ့ ဥပမာလေးတခုလောက် နည်းနည်း ပြောပြပေးပါလား။"
ဖြေ။      ။ "အစိုးရပိုင်းက တရားဝင်ပါလား ဆိုတော့ တရားဝင် မပါဘူး ခင်ဗျ။ ဥပမာအားဖြင့်- အမေရိကန်က ပင်တဂွန်က ဆာဗာထဲကို တရုတ်ပြည်က ဖောက်ပြီးတော့ သတင်းအချက်အလက်တွေ ထုတ်ယူသွားတာတွေ ရှိတယ်။ ဒါပေမဲ့ အဲဒါမျိုးကို တရုတ်ပြည် အစိုးရက တရားဝင် လုပ်သွားတာလား ဆိုတော့ မဟုတ်ဘူး။ အစိုးရအတွင်းမှာ လျှို့ဝှက်ဖွဲ့စည်းထားတဲ့ cyber army group ဆိုတာမျိုးတွေ ရှိတတ်တယ်။ အဲဒါမျိုးတွေကတဆင့် သူတို့ ဝင်ပြီးတော့မှ သတင်းအချက်အလက်တွေ ယူတာ ရှိတယ်။  cyber war ဆိုတာ နိုင်ငံအချင်းချင်း တရားဝင် recognize လုပ်ထားတာမျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒါမျိုးကို  သူတို့က cyber war လို့ ခေါ်တာ ခင်ဗျ။"
မေး။     ။ "အစိုးရသုံးနေတဲ့ ဝဘ်ဆိုဒ်တွေထဲ ဝင်ပြီးတော့ နှောင့်ယှက်တာကျတော့ cyber war ထဲ ဝင်သွားပြီနော်။"
ဖြေ။      ။ "ဟုတ်ကဲ့၊ ဥပမာအားဖြင့်- ရခိုင်ကိစ္စမှာဆိုရင် ဗမာပြည်မှာကျတော့ ဗမာလူငယ်တွေ လုပ်ထားတဲ့ BHG ပေါ့။ Blink Hacker Group ပေါ့။ တော်တော် တော်ပါတယ်။ သူတို့ ဖွဲ့စည်းထားတာ။ သူတို့ကနေပြီးတော့ ရခိုင်မှာ ဖြစ်နေတဲ့အရေးကို အသိအမှတ်မပြုလို့ ဆိုပြီးတော့ ဘင်္ဂလားဒေ့ရှ် အစိုးရ ဝဘ်ဆိုဒ်ထဲ ဝင်ပြီးတော့မှ ဘယ်လို ဘယ်လိုတွေ ဖြစ်နေပါတယ် ဆိုပြီးတော့မှ တရားမဝင် ဝင်ပြီးတော့ ရေးတာပေါ့။ အဲဒီလို ဖြစ်ရင်းကနေပြီးတော့မှ ဘင်္ဂလားဒေ့ရှ်မှာ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေ ရှိတယ်။ ဘင်္ဂလားဒေ့ရှ် cyber army လို့ ခေါ်တယ်။ BCA ပေါ့။
ဒါပေမဲ့ အဲဒါမျိုးကို မေးရင် အစိုးရက support လုပ်နေတာလား ဆိုတော့ မဟုတ်ဘူး။ သူတို့ဖာသာ သူတို့ ရပ်တည်နေတာ။ သူတို့ရဲ့လူမျိုးရေးစိတ်ဓာတ်နဲ့ သူတို့ဖာသာသူတို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေ။
ဗမာ BHG ကနေသွားပြီးတော့ သူတို့ရဲ့ အစိုးရ ဝဘ်ဆိုဒ်တွေကို သွားလုပ်တဲ့အချိန်မှာ BCA ကနေပြီးတော့မှ ဒီက ဝဘ်ဆိုဒ်တွေကို ပြန်ပြီးတော့ လုပ်တာ။ အဲဒီတော့ ဘာဖြစ်သွားလဲဆိုတော့ မြန်မာပြည်က ဝဘ်ဆိုဒ် တော်တော်များများက အသက်မဝင်ဘူး။ အသက်မဝင်ဘူးဆိုတာက သတင်းအချက်အလက်တွေက အသေဖြစ်နေတယ်။ အဲဒီတော့ သူတို့မှာ လုံခြုံရေးအားနည်းတယ်။ ဆာဗာတွေက လုံခြုံမှု မရှိဘူး။ အဲဒီတော့ အလွယ်တကူ တိုက်ခိုက်လို့ ရသွားတယ်။
ဒါပေမဲ့ BHG ကနေ ပြန်တိုက်တဲ့အခါကျတော့ ဘင်္ဂလားဒေ့ရှ်က တော်တော် အထိနာသွားတယ်။"
မေး။     ။ "ဥပမာလေး တခုလောက် ပြောပြပေးပါနော်။ တိုက်ခိုက်တာ တခု။"
ဖြေ။      ။ "ဥပမာအားဖြင့် ဘင်္ဂလားဒေ့ရှ်က BCA က ဘာကို တိုက်ခိုက် သွားသလဲဆိုတော့ - myanmar.gov.mn အဲဒါကို သူက ဒိပြင်လူတွေ ဝင်လို့မရအောင် သူက ---- နဲ့ တိုက်သွားတယ်။  အဲဒီတော့ ဘာဖြစ်သွားလဲဆိုတော့ myanmar.gov.mn မှာ နေ့စဉ်သတင်းတွေ ထုတ်ပြန်ပေးနေတာ ရှိတယ်။ အဲဒီလို တိုက်ခိုက်သွားတဲ့အတွက် သတင်းအချက်အလက်တွေ ထုတ်ပြန်လို့ မရတော့ဘူး။ တကယ် အင်ဖော်မေးရှင်း လိုအပ်တဲ့နေရာတွေကို ထုတ်လို့ မရတော့ဘူး။ အဲဒါမျိုးတွေ ဖြစ်သွားတယ်။
နောက်တခုကျတော့ commercial ဆိုဒ်တွေ ရှိတယ်။ ဥပမာ aungmyanmaronline.com တွေရှိတယ်။ အဲဒီတွေမှာကျတော့ မဟုတ်က ဟုတ်က သတင်းတွေ လုပ်သွားတယ်။ အဲဒီမှာ သူတို့က ဆိုင်း (sign) လေးထားသွားတယ်။ ဒီဟာကို သူတို့ hack လုပ်သွားပါတယ်ဆိုတာကို။"
မေး။     ။ "ဒီဟာမျိုးတွေကို ခြေရာခံလိုက်မယ်ဆိုရင် လွယ်သလား။"
ဖြေ။      ။ "လွယ်ပါတယ် ခင်ဗျ။ များသောအားဖြင့် hacker တွေက လုပ်ပုံလုပ်နည်း နှစ်မျိုးရှိတယ်။ တချို့ လုပ်သွားတာကို လူမသိစေချင်တဲ့ သဘောမျိုးရှိတယ်။ တချို့က လုပ်သွားတာကို လူသိစေချင်တဲ့ သဘောမျိုးရှိတယ်။ ဥပမာအားဖြင့် ဘင်္ဂလားဒေ့ရှ် ကိစ္စမှာဆိုရင် BHG က လူသိစေချင်တဲ့ ဟာမျိုးနဲ့ လုပ်သွားတယ်။ သူတို့အဖွဲ့ကို ဘယ်လို ဆက်သွယ်လို့ရတယ်ဆိုတာပါ ထားသွားတယ်။ တချို့ hack လုပ်တဲ့ ဟာတွေကျတော့ cyber war  "
မး။     ။ ""
ဖြေ။      ။ ""မေး။     ။ ""
ဖြေ။      ။ ""မေး။     ။ ""
ဖြေ။      ။ ""မေး။     ။ ""
ဖြေ။      ။ ""မေး။     ။ ""
ဖြေ။      ။ ""မေး။     ။ ""
ဖြေ။      ။ ""
ဒေါ်ခင်မျိုးသက်
09.08.2012
သုတအဖြာဖြာ / သိပ္ပံနဲ့နည်းပညာ
VOA
(မှတ်ချက်။ ။ မူရင်း Page ၏စာသားများအတိုင်းသာဖြစ်ပြီး၊ images များသာဖြည့်စွက်ထားခြင်းဖြစ်ပါတယ်။)
ဘကြီးသက်
Unknown at 10:52 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ရှိသမျှေ၇ာဂါချွတ်ပစ်လိုက်သလိုပျောက်သွားရမယ်
အာရုံစူးစိုက်လို့ မရပဲ စိတ်ကစင့် ကလျားဖြစ်နေသလား...
ဆရာမကိုသေချာကြည့် နော်..." တစ် " လား...." နှစ် " လား...
အသက် ၂၆ နှစ်ရှိ စိတ်ကုပညာရှင် ( စိတ်ပညာရှင် ) ဆာရာဝှိုက်တစ်ယောက် သူမရဲ့ စိတ်ရောဂါဆိုင်ရာကု
သမှုကုထုံးများထဲတွင် အမျိုးသားစိတ်ရောဂါဝေဒနာသည်များအား စိတ်ဝင်စားမှု၊ အာရုံစူးစိုက်မှုရအောင်သူ
မရဲ့ အ၀တ်အစားများအား တစ်ဆင့် ချင်းချွတ်ပြမှု ပါဝင်အသုံးပြုခဲ့ ပါတယ်...
အပျော်တမ်းကွန်ပြူတာပရိုဂမ်မာတစ်ယောက်လည်းဖြစ်သည့် မစ္စ၀ှိုက်က သူမစိတ်ပညာဘာသာရပ်သင်
ကြားခဲ့ ရစဉ် အသုံးပြုခဲ့ ကြသည့် သီအိုရီနည်းစနစ်များအား စိတ်တိုင်းမကျ၊ သဘောမတွေ့ ခဲ့ တာကြောင့် 
ယခုကဲ့ သို့ အွန်လိုင်းမှတစ်ဆင့် ဖော်ချွတ်ပြပြီးကုသသည့် နည်းအားအသုံးပြုဖို့ ဆုံးဖြတ်ခဲ့ တာဖြစ်တယ်လို့ 
ပြောကြားခဲ့ ပါတယ်...
" စိတ်ပညာရှင် ဆစ်ဂမန်ဖရွိုက် ကလွတ်လပ်ပေါင်းစည်းမှုသဘောကိုအသုံးပြုခဲ့ တယ်...ကျွန်မတော့ လွတ်
လပ်ပြသမှုသဘောကိုသုံးတယ်ပေါ့ ရှင်....အမျိုးသမီးတွေထက် စိတ်ပိုင်းဆိုင်ရာကုသမှုကိုစိတ်မပါတဲ့ အမျိုး
သားထုကြီးအတွက် အခုလိုရင်သိမ့် တုံပြကွင်းပြကွက်တွေက သိပ်စိတ်ဝင်စားစေ၊ စိတ်လှုပ်ရှားစေတာပါပဲ "
လို့ သူမကဆိုခဲ့ ပါတယ်...
" ဒီလိုလုပ်တာဟာ ကုထုံးအပေါ်စိတ်ပါဝင်စား၊ အားကျမှုတွေပိုပြီးဖြစ်လာစေပါတယ်..." လို့ လည်းသူမကဆို
ပါတယ်...
ယခုလိုလုပ်တာဟာ ကောင်းပုံပေါ်ပေမယ့် အ၀တ်ဗလာဖြစ်နေတဲ့ အမျိုးသမီးအလှအပလေးတွေကြည့် ပြီး
ဘယ်သကောင့် သားက သူ့ တို့ ရဲ့ ရောဂါအကြောင်းကို အာရုံစူးစိုက်နိုင်မှာလည်းလို့ လည်းမေးခွန်းထုတ်စ
ရာဖြစ်လာပါတယ်...
တစ်ခါပြယင် ....အဲလေ...တစ်ခါကုယင် ဒေါ်လာ ၁၅၀ ထဲပါ...
ဆာရာဝှိုက်ရဲ့ ကုသမှုဟာ တစ်ကြိမ် ဒေါ်လာ ၁၅၀ ကျသင့် မှာဖြစ်ပြီး လူနာနှင့် သူမကို အင်တာနက်အွန်
လိုင်းမှတစ်ဆင့် သူမ၏ရုပ်ပုံကိုသာဗီဒီယိုကင်မရာဖြင့် ဆက်သွယ်ထားကာ စာရိုက်ပြောကြားနိုင်မှာဖြစ်ပါ
တယ်...
၎င်းနောက်မှ လူနာဖြစ်သူနှင့် ရင်းနှီးမှုရယူပြီး သူ့ ဖက်ကိုယ့် ဖက်နှစ်ဖက်မြင်နိုင်သည့် စကိုက်ပ် စကားပြော
အွန်လိုင်းဆိုဒ်မှတစ်ဆင့် ဆက်သွယ်ကာနောက်ဆုံး လူချင်းတွေ့ ဆုံနိုင်ကြမှာဖြစ်ပါတယ်...
သူမနှင့် စတင်ကုသမှုမှာတော့ အစပိုင်းမှာ သူမအနေနှင့် အ၀တ်အစားများစုံလင်စွာဝတ်ထားမှာဖြစ်ပြီး ၎င်း
နောက်မှာတော့ တစ်ခုမှမကျန်ရလေအောင် အကုန်ချွတ်ပြမှာဖြစ်ပါတယ်...
စိတ်ပညာရှင်ကြီး ဆစ်ဂမန်ဖရွိုက် ကိုသနားတယ်...
" အဲဒီနောက်ဆုံးအဆင့် မှာဆိုယင်တော့ ကျွန်မရဲ့ လူနာအမျိုးကောင်းသားအားလုံးနီးပါးဟာ မျက်တောင်မ
ခတ်၊ ပါးစပ်အဟောင်းသားနဲ့ တော်သလင်းခွေးလိုကြည့် နေကြမှာဖြစ်ပြီး သူတို့ ရဲ့ ရောဂါမပျောက်ပေမယ့် 
အနည်းဆုံးတော့ သူတို့ အနေနဲ့ စိတ်ချမ်းသာ၊ ပျော်ရွှင်ကြမှာဖြစ်ပါတယ်... " လို့ သူမကဆိုပါတယ်...
နယူယောက်မြို့ မှာအခြေစိုက်သည့် အဆိုပါ မျက်စေ့ အစာကျွေးကုထုံးဟာ တရားဝင်ခွင့် ပြုချက်ဖြင့်ကုသမှု
မျိုးမဟုတ်ပေမယ့် သူမအနေနှင့် ပုံမှန်လူနာ ၃၀ ခန့် တော့ အမြဲရရှိနေပါတယ်...
လူနာအများစုကလည်း နှာခေါင်းမီးတောက်တဲ့ ရောဂါ၊ ပြဿနာရှိတဲ့ ကောလိပ်ကျောင်းသားများ၊ အိမ်
ထောင်ရေး၊ အချစ်ရေးအဆင်မပြေသည့် သက်လတ်ပိုင်းရှိ အမျိုးသားများ ဖြစ်ပြီး တစ်ချို့ အမျိုးသမီးများက
တော့ကိုယ်လုံးတီး၊ အ၀တ်ဗလာနှင့် အမျိုးသမီးတစ်ယောက်နှင့် သက်သက်မျှစကားပြောချင်သူများလည်း
ပါဝင်ပါတယ်...
ပိုက်ဆံရနေလို့ ကတော့ ဘာဖြစ်လို့ ဒီလိုမျိုးမလုပ်နိုင်ရမှာလည်း ?  ဟုတ်တယ်နော်....
သူမရဲ့ ကိုယ်ပိုင်အင်တာနက်စာမျက်နှာလည်းရှိပါသေးတယ်...
ဘကြီးသက်
Unknown at 10:49 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
၅ဝဝဝ တန် ငွေစက္ကူအတုများ သိမ်းဆည်းရမိ
မုံရွာမြို့ ဘုရားကြီးရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ဒေါ်ဝင်းပပ ၄၃ နှစ် (ဘ) ဦးဝင်းမောင်ပိုင် ''ရွှေသဒေါင်း'' ကုန်မာဆိုင်သို့ သြဂုတ် ၈ ရက် ညနေ ၄ နာရီခွဲ က ကျော်စိုးဝင်း ၃၁ နှစ် (ဘ) ဦးညိုအေး ရွှေဘုံသာကျေးရွာ မြောင်မြို့နယ် နေသူသည် ကုန်ပစ္စည်းများကို မသင်္ကာဖွယ် ၅ဝဝဝ တန် ငွေစက္ကူများဖြင့် ဝယ်ယူနေကြောင်း သတင်းအရ မှုခင်းရဲတပ်ဖွဲ့မှ ဒုတိယရဲအုပ်လှကြ
ည်နှင့် ဒုတိယရဲအုပ် ခင်မောင်ဦးတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က စစ်ဆေးရာ ကျော်စိုးဝင်းထံမှ ၅ဝဝဝ တန် ငွေစက္ကူ အတု ၃၇ ရွက်ကို သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ ငွေစက္ကူအတုများသည် တစ်ရွာတည်းနေ ကိုဦး(ခ) ဝင်းမြင့်လွင် ၄၂ နှစ် (ဘ) ဦးကြီးဆောင်ထံက အကြွေးအဖြစ်ရရှိကြောင်းသိရသဖြင့
် ၎င်း၏ နေအိမ်ကို ထပ်မံဝင်ရောက်ရှာဖွေရာ ငွေစက္ကူအတုများတွေ့ရှိခြင်း မရှိကြောင်း သိရသည်။ ကိုဦး(ခ) ဝင်းမြင့်လွင်ကို စစ်ဆေးချက်အရ လွန်ခဲ့သော ၁၅ ရက် ခန့်က အမည်မသိလူသုံးဦး (စိစစ်ဆဲ)မှ ၎င်းပိုင်နွားတစ်ကောင်ကို ငွေကျပ် ငါးသိန်းဖြင့် လာရောက်ဝယ်ယူစဉ် ပေးချေသွားခြင်းဖြစ်ပြီး အဆိုပါကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာမှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ဘကြီးသက်
Unknown at 10:43 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ရန်ကုန် အမှိုက်များမှ လျှပ်စစ်ဓါတ်အား ထုတ်ရန် စီစဉ်
ရန်ကုန်မြို့မှ အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားစွန့်ပစ်၍ ထွက်ရှိလာသည့် အမှိုက်အစို တန်ချိန် ၆၀၀ ဖြင့် နေ့စဉ် လျှပ်စစ်ဓါတ်အား ထုတ်ရန် စီစဉ်နေကြောင်း ...ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်မြို့မှ အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားစွန့်ပစ်၍ ထွက်ရှိလာသည့် အမှိုက်အစို တန်ချိန် ၆၀၀ ဖြင့် နေ့စဉ် လျှပ်စစ်ဓါတ်အား ထုတ်ရန် စီစဉ်နေကြောင်းြ
မို့တော် စည်ပင်ယာရေးကော်မီ က ပြောသည်။ “အဲဒီအမှိုက်တွေကို မီးရှိုပြီး လျှပ်စစ်ထုတ်ဖို့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့အခြေစိုက် Nedo အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်” ဟု ကော်မတီ၏ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှူး ဦးသန်းလွင်ဦး က ပြောသည်။ အမှိုက်များကို မြေကြီးပေါ် စွန့်ပစ် စုပုံထားလိုက်ရာမှ ထွက်ရှိလာသည့် ဓါတ်ငွေ့များကြောင့် ပတ်ဝန်းကျင် ထိခိုက်မှု မဖြစ်ရန်မှာ ယင်းစီမံကိန်း၏ ရည်ရွယ်ချက်တခု ဖြစ်ကြောင်း ၎င်းက ပြောသည်။ အဆိုပါ လျှပ်စစ်ဓါတ်အားပေး စက်ရုံ တည်ဆောက်ရေး ကုန်ကျစရိတ်အားလုံးကို ဂျပန်အဖွဲ့က ထည့်ဝင် လှူဒါန်းသွားမည်ပြီး ဓါတ်အား ၄ ဒဿမ ၅ မဂ္ဂါဝပ် ထွက်ရှိမည်ဟု ပြောသည်။ စက်ရုံ တည်ဆောက်ရန် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့န
ယ်ရှိ ထားဝယ်ချောင် သုသာန်အနီးတွင် မြေနေရာ ရွေးချယ်ထားပြီး ဖြစ်သည်။ “အဲဒီလို လုပ်ခြင်းအားဖြင့် အမှိုက်ပုံတွေက ထွက်မယ့် ကာဗွန်ဒိုင်အောက်ဆိုက်တွေ၊ မီသိန်းဓါတ်ငွေ့တွေ လေထုထဲရောက်ရှိမှု လျော့ကျသွားနိုင်တယ်” ဟု ဌာနမှူးက ပြောသည်။ လျှပ်စစ်ဓါတ်အား၏ ၂၀ ရာခိုင်နှုန်းကို စက်ရုံအတွက် ပြန်လည်အသုံးပြုမည် ဖြစ်ကာ ကျန် ၈၀ ရာခိုင်နှုန်းအား စည်ပင်မှ ပိုင်ဆိုင်မည်ဖြစ်၍ စက်မှုဇုန်များနှင့် အများပြည်သူထံ ပြန်လည်ရောင်းချရန် အစီအစဉ်များရှိသည်ဟု ဦးသန်းလွင်ဦး က ပြောသည်။ မကြာသေးမီက ပြုလုပ်ခဲ့သည့် စစ်တမ်းတခုအရ ရန်ကုန်မြို့၌ တနေ့လျှင် အမှိုက် တန်ချိန် ၁,၇၀၀ ခန့် ထွက်ရှိနေသော်လည်း စည်ပင်ကော်မတီက တနေ့လျှင် အမှိုက်တန်ချိန် ၁,၅၀၀ ခန့်သာ နေ့စဉ် သိမ်းဆည်းပေးနိုင်ကြောင်း ဌာနမှူးက ပြောသည်။ အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားစွန့်ပစ်ရသည့် စနစ်ကို မြို့တော်စည်ပင်သာယာရေး ကော်မတီက ဧပြီလ ၁ ရက်နေ့မှ စတင်ကျင့်သုံးခဲ့ခြင်းဖြစ်ကာ အမှိုက်စိုများ ဖြစ်သည့် မီးဖိုချောင်ထွက် စားကြွင်းစားကျန် စွန့်ပစ်ပစ္စည်းများကို အိတ်အပြာရောင် ဖြင့်လည်းကောင်း၊ ပလတ်စတစ်၊ ကော်ဗူး၊ မီးကြိုး အစရှိသည်တို့ကို အိတ်အစိမ်းရောင် ဖြင့်လည်းကောင်း စွန့်ပစ်ရန် သတ်မှတ်ထားရှိသည်။ သတ်မှတ်အိတ်များဖြင့် စွန့်ပစ်ရန် ၁၆ လက်မ x ၃၂ လက်မ အရွယ် တအိတ်ကို ၅၅ ကျပ်၊ ၁၂ လက်မ x ၂၅ လက်မ တအိတ်ကို ၁၅ ကျပ်ဖြင့်သာ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်
။ ယခုလက်ရှိတွင် ရန်ကုန်မြို့၏ အမှိုက်သိမ်းစနစ်အား ခေါင်းလောင်းတီးအမှိုက်သိမ်း စနစ်နှင့် အမှိုက်ကန်များဖြင့် အမှိုက်သိမ်းနည်းစနစ်တို့ဖြင့် သိမ်းဆည်းလျက်ရှိကာ အမှိုက်ကား စီးရေ ၂၈၉ စီးနှင့် အမှိုက်သိမ်း နေ့စားဝန်ထမ်း ၃,၈၅၅ ဦးဖြင့် လုပ်ဆောင် လျက်ရှိသည်။ ရန်ကုန်မြို့တွင်း စွန့်ပစ်၍ ထွက်ရှိလာသည့် အမှိုက်များကို စည်ပင်က လှိုင်သာယာရှိ ထိန်ပင်သုသာန်သို့ တန် ၁,၀၀၀၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်ရှိ ထားဝယ်ချောင် သုသာန်သို့ တန် ၆၀၀ ကျော် နေ့စဉ် ကျင်းတူးစွန့်ပစ်လျက်ရှိသည်။ ဒလ၊ မြောက်ဒဂုံ၊ ရွေပြည်သာ မြို့နယ်များတွင် အမှိုက်ပုံမည့်နေရာများ တိုးချဲ့၍ စွန့်ပစ်သွားမည်ဟု သိရသည်။ ဧပြီလ ၁ ရက်နေ့က စတင်အကောင်အထည်ဖော်ခဲ့သော အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြား စွန့်ပစ်သည့် စနစ်သည် ဇူလိုင်လအထိ လေးလတာ ကာလအတွင်း လူထုပါဝင်မှု ၄၀ ရာခိုင်နှုန်း အောင်မြင်မှုရှိကာ ခြောက်လ ပြည့်သည်နှင့် ၅၀ ရာခိုင်နှုန်း အောင်မြင်မည်ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ မျှော်မှန်းထားသည်။ စက်တင်္ဘာ လဆန်းမှစ၍ အစိုအခြောက် ခွဲမပစ်သူများကို တဦးလျှင် ကျပ် ၁၀,၀၀၀ ဒဏ်တပ်မည်ဟု ဌာနမှူးကပြောသည်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း သန့်ရှင်းရေးဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်ရန် အတွက် ငွေကျပ်သိန်းပေါင်း ၅၆,၀၀၀ ကျော် သုံးရန် စည်ပင်မှ လျာထာချက်း ရှိကြောင်း သိရှိရသည်။
Source: Mizzima Burmese
ဘကြီးသက်
Unknown at 10:39 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
မြန်မာမိန်းကလေး ၁ ယောတ် living together လုပ်ခဲ့ မိလို့  ............(ဖြစ်ရပ်မှန်)
အစ်ကိုအောင်အောင်ရေ အစ်မမော်မော်ကတွေ့ ချင်လို့ အိမ်ကိုလာခဲ့ပါတဲ့မော်မော်ရဲသူငယ်ချင်းဖြစ်သူ
မောင်တေဇာကဖုန်းဆတ်ပြီးးကျွန်တော့်ကိုပြောပါသည်။တနယ်ထဲသား  ငယ်သူငယ်ချင်းတွေပါပဲ.....
မော်မော်နိုင်ငံခြားမှာအလုပ်လာလုပ်တာ၁ နှစ်နီးပါးကြာပြီးနောက် နေမကောင်းဖြစ်နေ တာကိုတော့ကြားသည်။တခေါက်မှမရောက်ဖြစ်သေး ။ ခုတော့သူကိုယ်တိုင်ခေါ်ခိုင်းနေပြီမို့  ညနေဖက်အိမ်မှထွက်ခဲ့သည်။ သူအိမ်ရောတ်တော့ 
သူလုပ်ဖေါ်ကိုင်တ်ေတွေ က သူအပေါ်ထပ်မှာရှိတယ်ပြောလို့  ကျွန်တော် အိမ်အပေါ်ထပ်သို
့တန်းတက်ခဲ့သည်။မော်မော်ကကခြေသံကြားသဖြင့်ခေါင်းထောင်ကြည့်သည်။ ကျွန်တော်အနားရောက်သွားသည်နှင့် ။
အကိုအောင်အောင် ကတော့ငါ့ညီမလေးဘယ်လိုဖြစ်နေသလဲလိုသတင်းတောင်လာမေးဖေါ်မရဘူး။
ခေါ်ခိုင်းမှပဲပေါ်လာတော့တယ်နော်။မဟုတ်ပါဘူးမော်မော်ရာ အကိုလည်း ဒီရက်မှာ
အလုပ်နဲနဲ များနေလို့ မလာဖြစ်သေးတာပါ။မော်မော်ကိုကြည့်ရတာ အသားအရေ ဖြုဖတ်ဖြုရော် နှင့်တော်တော်လဲပိန်သွားသည်။ ဟိုတုံးကမော်မော် နှင့်လုံးဝမတူတော့ ။မော်မော် နှင့်ကျွန်တော်က ၄ နှစ်ကွာသည် ။ ငယ်ငယ်ကတည်းကအိမ်နီးချင်းနေလာသည်မို့ မောင်နှမအရင်းကဲ့သို့ သံယောဇဉ်ရှိသည်။
တခုတော့ရှိသည် မော်မော် ကဘယ်တော့မှကျွန်တော့်ကို အကိုဟုမခေါ်။ကျွန်တော့်နာမည်ပါတွဲခေါ်သည်။
သူ့ ကိုယ်သူတော့ မော်မော်က ကညီိမလေးက ဟုပြောတတ်သည်။
တနေ့ တွင်အိမ်သို့ ကျွန်တော်ဖုန်းဆတ်ရာတွင် မော်မော် က ကျွန်တော့်အား။
အကိုအောင်အောင် ပြောစရာရှိလို့ ပြောလေညီမလေး ဘာပြောမလို့ လဲအစ်မ၀မ်းကွဲ မမိယဉ်ယဉ်ကိုသိတယ်မဟုတ်လားအင်းသိတယ်လေ သူကဒီမှာမဟုတ်လားဟုတ်တယ် သူခေါ်လို မော်မော် အဲဒီကို လိုက်လာပြီး အလုပ်သွားလုပ်မလို့ ဖြစ်ပါ့မလားမော်မော်ရယ် ခုချိန်ထိ ကျောင်းတက်တာကလွဲပြီး ဘာအလုပ်မှမလုပ်ဘူးတဲ့သူကနိုင်ငံခြားမှာတောင်အလုပ်လာလုပ်မယ်ဆိုတော့ ။
ဖြစ်ပါတယ် အကိုအောင်အောင်ကလဲ ဒီခောတ်မှာ လူတိုင်းပဲ တော်တော်များများသွားလုပ်နေကြတာ
အထူးအဆန်းမှမဟုတ်တာ။မော်မော် ပြောတာဟုတ်ပါတယ်ဒါပေမဲ့ ။
ဘာမှဒါပေမဲ့မနေနဲ့ အကိုအောင်အောင် အဖေက၀န်ထန်း အမေကဈေးထဲမှာဈေးရာင်းပြီး မော်မော်တို
့မောင်နှမ ၃ ယောက်ကိုလုပ်ကြွေးလာတာ သူတို့ ပင်ပန်းလှပါပြီ ။ဒီတစ်ခါ မော်မော်အလှည့် အောက်မှကလဲ
မောင်လေးနဲ့ ညီမလေးကလဲရှိသေးတယ်မော်မော်ဟိုမှာ ၃ နှစ် လောက်ကျိုးစားပြီးအလုပ်လုပ်မယ် ပိုက်ဆံစုမယ်။ပြီးရင်ဒီကိုပြန်လာပြီးစီးပွားရေး လုပ်ငန်းလုပ်မယ်မကောင်းဘူးလား။
မော်မော် ပြောစကားကအကြောင်းပြချက်ခိုင်လုံနေသည်မို့  ကျွန်တော်ဘာမှမပြောသာတော့။
အင်းလေ ညီမလေးကောင်းမယ်ထင်တာသာလုပ်ပါတော့ ။ ဒါနဲ့ ကုန်ကျစရိတ်ကရော။
အဲဒါဘာမှပူစရာမလိုဘူး မမိယဉ်ယဉ်သူစိုက်ပေးထားမှာ ဟိုရောက်တော့မှ အ လုပ်လုပ်ပြီးပြန်ဆပ်ရမှာ။
 မော်မော်ရောတ်းပြီး တပတ်အကြမှာ သူကိုကျွန်တော် သွားတွေ့ ပါတယ်။
မော်မော်  ညီမလေး အကိုတစ်ခုတော့ပြောချင်တယ်။တစ်ခုမပြောနဲ့ ဆယ်ခုပြော ။မော်မော်ကမျက်စောင်းထိုးယင်းပြောသည်။တကယ်ပြောမလို့ မနောက်နဲ့ ။
ကဲပါ အကိုအောင်အောင်ပြောတာ မော်မော် နားထောင်မယ်။ပြီးတော့ လိုက်နာပ့ါမယ်ဂတိပေးပါတယ်ရှင်။
အင်း ဒါဆိုလဲပြီးရော ။ညီမလေးဒီမှာအလုပ်ကိုကျိုးကျိုးစားစားလုပ်။ပိုက်ဆံကိုသေသေချာချာစု။
သူငယ်ချင်းပေါင်းရင်လဲသတိထားပြီးပေါင်း။အားရင်စာဖတ် ။ပြီိးတော့ဘုရားလဲရှိခိုး။
မိဘတွေကိုလည်း ညတိုင်းကန်တော့ပြီးမှအိပ်နော်။ဟုတ်ကဲ့ပါအစ်ကိုကြီး ဒါပဲလား ကျန်သေးလား။ မော်မော် ကငေါ့ပြီးမေးသည်ကျမ္မာရေးလဲဂရုစိုက်နော် ဒါပဲ##########
အကိုမောင်မောင် ဘာတွေစဉ်းစားနေတာလဲ ညီမလေးခေါ်နေတာ ဆယ်ခွန်းလောက်ရှိနေပြီ။
မော်မော်စကားသံကြားမှ ကျွန်တော်လည်းသတိပြန်လည်လည်လာပြီး။
သြော် ဘာမှမစဉ်းစားပါဘူးညီမလေးရယ်။ကျွန်တော်က ပိန်သွယ်နေသော မော်မော် လက်ဖမိုးလေးအားအုပ်ကိုင်ယင်း။ညီမလေးကဘာရောဂါဖြစ်တာလဲ လိုအပ်ရင်ဆေရုံတက်လိုက်ပါလား။
မော်မော်ကခေါင်းကိုခါရမ်းယင်း ။အကိုမောင်မောင် သန်းထွေးကြူ အဖေနဲ့ အမေကိုပြန်မပြောပါဘူးလို့ ဂတိပေးပါလား။ဘာတွေပြောမှာမို့ လို့ လဲညီမလေးရယ်။
မရဘူးအကိုမောင်မောင် ဂတိအရင်ပေးပြီးမှညီမလေးပြောမှာ။
ကဲပါညီမလေးရယ်ဂတိပေးပါတယ် ဘယ်သူ့ ကိုမှမပြောပါဘူး ကဲ ပြောတော့
ဒီလိုအကိုအောင်အောင်ဲဒီကိုရောက်တော့ စားသောက်ဆိုင်တစ်ဆိုင်မှာ စားပွဲထိုးလုပ်ရတယ်။
အားလုံးမိန်းကလေး ၆ ယောက်ရှိတယ်။အားလုံးကိုအုပ်ချုပ်တဲ့စူပါဗိုက်စာတရုပ်မလဲရှိတယ်။
မော်မော် ကရောက်ခါစဆိုတော့သူတို့ ဆီမှာပြောတဲ့စကားမတတ်သေးတော့အင်္ဂလိပ်လိုပဲပြောရတယ်။
ဒီလိုနဲ့  ၆ လလောက်ကြာလာတော့ စကားလဲတတ်လာပြီ ။လုပ်ငန်းလဲကျွမ်းကျင်လာပြီ။
ပြီးတော့ ဆိုင်ကိုအမြဲလာစားနေကျဖေါက်သယ်တွေနဲ့ လဲရင်းနှီးလာပြီ။ မော်မော် ကအလုပ်ကိုမခိုမကပ်လုပ်တော့
သူဌေးကလည်းသဘောကျတယ်။လာစားတဲ့ဖေါက်သယ်တွေကလဲခင်ကြတယ်။သူဌေးက မော်မော်ကိုတဖြည်းဖြည်းန့ဲ
လစာတိုးပေးတယ်ဒီလိုနဲ့ တစ်နှစ်လောက်ကြာတော့ ကိုထိုတ် လို့ ခေါ်တဲ့ မြန်မာတယောက်နဲ့ ခင်မိတယ်။ဆိုင်ကိုလာရင်လဲ
တခြားစားပွဲထိုးတွေကိုမခေါ်ပဲ  မော်မော်ကိုပဲခေါ်တယ်။အဲ ဒီကိုထိုတ် နဲ့ သူငယ်ချင်းတွေလာစားရင်
စကားကိုယဉ်ယဉ်ကျေးကျေးပြောပြီး ခိုင်းတတ်တယ်။စားပြီးလို့ ပြန်ရင်လဲ ငွေရှင်းလို
့ပိုတဲ့ပိုက်ဆံဆိုရင် မော်မော်ကို ကိုအမြဲပေးတယ်။ဒီလိုနဲ့ တနေ့  တော့မော်မော် နဲ့ အတုတူလုပ်တဲ့အစ်မ မငယ် ကမော်မော် နင့်ကို ကိုထိုတ်ကကြိုက်နေတယ် ငါ့ကိုပြောပေးပါလို့ ပြောတယ် နင်ဘယ်လိုသဘောရသလဲ။ဟာ အစ်မကလည်း ဘာဖြစ်လို့ ပြန်ကြိုက်ရမှာလဲ မော်မော် တို့ က ပိုက်ဆံလာရှာတာအချိန်တန်ရင်အိမ်ပြန်ကြရမှာ။အပူမရှာချင်ပါဘူး။
အေးလေစဉ်းစားပါဦးဟာအချိန်တွေရှိသေးတာပဲ။တနေ့ မော်မော်တို့ ဆိုင်ပိတ်လို့  မြို့ ထဲသွားဖို့ ကားစောင့်နေတုံး ကိုထိုတ် ကားနဲ့ ရောက်လာပြီး။မငယ် တို့ ပါလား ဘယ်သွားမလို့ လဲ။
ကျွန်မတို့ မြို့ ထဲသွားလို့ ပါ။မော်မော် လဲပါတာကိုး လာကျွန်တော်လဲမြို့ ထဲသွားမှာ လိုက်ခဲ့ပါလား။
ရပါတယ် ဘတ်စ်ကားနဲ့ ပဲသွားမယ် ကျေးဇူးတင်ပါတယ်။ မော်မော် ငြင်းလိုက်တယ် ။
ကိုထိုတ်က က မငယ် ကိုကြည့်လိုက်ပြီး ။လာပါဘာမှအားနာနေစရာမလိုပါဘူး လူရင်းတွေပဲ တစ်ခါတစ်လေ လမ်းကြုံ လို့ ကူညီရတာပါ။အေးလေ မော်မော်ကလဲ ကိုထိုတ်ကိုအားနာစရာကြီး လာပါဟာ။
မငယ် လဲ သူ့ ဘက်ပါသွားပြီမို့  မော်မော် လဲအားနာနာ နဲ့ ပဲ ကိုထိုတ်ကားနဲ့ မြို့ ထဲကိုလိုက်ခဲ့ပါတော့တယ်။
မြို့ ထဲရောက်တော့ကိုထိုတ် ကတစ်ခုခု ကျွေးပါရစေဆိုတာနဲ့  ဆိုင်တစ်ဆိုင်မှာဝင်စားကြပြန်ပါတယ်။
ပြီးတော့မှ ကိုထိုတ်လည်း နှုတ်ဆက်ပြီးထွက်သွားပါတော့တယ်။
အဲဒီနောက်ပိုင်း မော်မော် တို့ အပြင်ထွက်တိုင်း ကိုထိုတ် ရောက်ရောက်လာတာတွေ့ ရတယ်။
ကြည့်ရတာမငယ် နဲ့ ကိုထိုတ် အဆက်အသွယ်ရှိပုံရပါတယ်။
ဒီလိုနဲ့ နှစ်သစ်ကူးမှာ မော်မော် တို့ ဆိုင် ၅ ရက်ပိတ်ပါတယ်။
အဲဒီပိတ်ရက်မှာ ကိုထိုတ်က မော်မော်နဲ့ မငယ် ကို ဟန်းဖုန်း တစ်လုံးစီ ၀ယ်ပြီး လက်ဆောင်ပေးပါတယ်။
မော်မော်ကအတန်တန် ငြင်းပေမဲ့ မငယ် ကနှစ်သစ်ကူးလက်ဆောင်ဆိုတာ မငြင်းကောင်းဘူးဆိုတာနဲ
့ယူလိုက်ရပါတယ်ဟန်းဖုန်းလဲရရော ညဖက်ဆိုင်သိမ်းပြီးလို့ အိမ်ရောက်တာနဲ့  ကိုထိုတ်က
ကမော်မော်ဆီအကြောင်းမရှိအကြာင်းရှာပြီး ဖုန်းဆက်ပါတော့တယ်။မငယ် ကလည်း ပြောတယ်။
မော်မော်ကလဲ မြန်မာသူဌေး သားကကိုယ့်ကို ကြိုက်နေတာပဲ ပြန်ကြိုက်ပီး ချူစားပေါ့ ဟ။
ဟာ မငယ် ကလဲ ပြန်ကြိုက်ရုံ ကြိုက်လို့ ရမလား နောက်ပိုင်းမတော်တရော်တွေဖြစ်ကုန်ရင်ဘယ်လိုလုပ်မလဲ
့ကျွန်မပဲစိတ်ဆင်းရဲရမှာ။မော်မော် ကလဲအဲဒီအတွက်မပူပါနဲ့ ဟယ် ငါကူညီမှာပေါ့။အဲဒီအချိန်ကစပြီး မော်မော် လူပေါင်းမှားပြီဆိုတာ သတိမထားမိခဲ့ပါဘူး။ဒီလိုနဲ့ မော်မော်နဲ့ ကိုထိုတ်  ချစ်သူတွေဖြစ်သွားကြတယ်ဆိုပါတော့။ကိုထိုတ်ကားလေးနဲ့  မော်မော်တို့ သွားလေရာ မငယ် လဲပါတယ် ။မော်မော် ကိုဘာပဲဝယ်ပေးပေးမိုက်ကယ် က မငယ် ကိုလည်းဝယ်ပေးတယ်။မငယ် လဲပျော်နေတာပေါ့။
နားနဲ့ မနာ ဖ၀ါးနဲ့ နာပါအကိုအောင်အောင် ။နောက်ပိုင်းချစ်သူတို သဘာဝ လွတ် ၂ လပ် ၂တွေ့ ကြတော့...............လတိုင်း လဲ ကိုထိုတ် က လခ နီးပါးပဲ ပိုက်ဆံတွေပေး လိုချင်တာတွေဝယ်ပေးတော့ မော်မော်လဲ ကိုထိုတ် နဲ့ နေရတာပျော်လာတယ် အကိုအောင်အောင်။
အိမ်ကိုလဲ လတိုင်းပိုက်ဆံများများပို့ နိုင်တော့အမေတို့ လဲပျော်နေကြတာပေါ့။
ဒီလိုနဲ့ မော်မော်နဲ့ ကိုထိုတ်တွဲနေတာ ၁နှစ်လောက်ကြာတော့ မိန်မသဘာဝတွေ   သိပ်မပြတော့ ဘူး.....့
သူပေးတဲ့ ဆေးအစွမ်းတွေကို  ယုံကြည်လို့ လဲ  ဖြစ်မှာလို့  မထင်မိဘူး။အလုပ်က မအားလို့ 
ဆေးခန်းမပြဖြစ်တာလဲပါတာပေါ့ ......တစ်နေ့ တော့   မော်မော်နေတဲ့   တိုတ်ခန်းကို  ကိုထိုတ်ရဲ
မိန်းမရောတ်လာပြီး မော်မော်ကိုလာအသိပေးပါတယ်.....
ကိုထိုတ်မှာမိန်မနဲ့  ခလေး ၂ယောတ်ရှိကြောင်းပေါ့ ......ပြီးတော့ မော်မော် ခေါင်တွေအရမ်းမူပြီး
နေမကောင်ဖြစ်ပါတယ်..မော်မော်အဲဒီလိုဖြစ်တာ နိုင်ငံခြားမှာ အလုပ်လုပ်တာ ၁ နှစ်ကျော်ထဲကိုဝင်လာတဲ့အချိန်ပဲ ။အဲဒီလို မော်မော် နေမကောင်းဖြစ်စမှာပဲ မငယ် လဲ မြန်မာပြည်ကိုပြန်သွားတယ်။ ကိုထိုတ် လဲမော်မော်နေမကောင်းဖြစ်နေတော့  ပိုက်ဆံတွေလဲပေးတယ်ဂရုလဲစိုက်တယ်။ဲ့မော်မော်ဆေးခန်းတစ်ခုမှာသွားပြလိုက်တယ်။အဲဒီမှာဆရာဝန်က မော်မော် ကိုဆေးစစ် တယ်။အဲဒီလို စစ်လိုက်တဲ့အချိန်မှာပဲ မော်မော် ဘ၀ဆုံးသွားပြီဆိုတာ သိလိုက်ရတယ်အကိုအောင်အောင်။ဆရာဝန် ကအမျိုးသမီးဆရာဝန်ဆိုတော့ကောင်းပါတယ်။ မော်မော် ကိုမေးတယ်။ညီမလေးဘာအလုပ်လုပ်တာလဲ ။
စားသောက်ဆိုင်မှာ စားပွဲထိုးပါ ။ယောင်္ကျားရှိသလား ။လက်မထပ်ရသေးတဲ့ချစ်သူတော့ရှိပါတယ် ။
အတူတူ နေကြတာလား ။ဟုတ်ကဲ့ ။ ၂ရက်ခြား ၃ရက် ခြားတော့တွေ့ ဖြစ်ကြပါတယ် ။
အဲဒီလူနဲ့ အတူတူနေတာ ဘယ်လောက်ကြာပြီလဲ ။တစ်နှစ် လောက်ရှိပါပြီ ။သူ့ ကိုရော ဒီဆေးခန်း ကို ခေါ်လာလို့ ရမလား ။အဲ့ဒီလိုမေးတော့မော်မော် မျက်ရည်စို့ လာပြီးအင်းစိတ်မကောင်းပါဘူး ညီမလေးရယ် သေခြာပါပြီ ။ကျွန်မဘာဖြစ်တာလဲဒေါက်တာ ပွင့်ပွင့်လင်းလင်းပြောပါ ။ကျွန်မ လိုအပ်တာအားလုံးလုပ်ပါ့မယ်။ညီမမှာ ကိုယ်ဝန် ၃လကျော်နေပါပြီး
ရှင် မော်မော် မေ့လဲမတတ်ဖြစ်သွားတယ် ဒါဆိုကျွန်မကိုသူဆေးတွေကျွေးပါတယ်။ဆေးတွေသောတ်ရဲသားနဲ ဘယ်လိုဖြစ်တာလဲ။ ။ အငမ်းမရမေးလိုက်တယ် ။
ညီမကိုတိုတ်တဲ့ ဆေးတွေပြကြည့် လေ။ဖြစ်မှဖြစ်ရလေ  ညီမရယ်။သူဘယ်အချိန်မှာ ဒီဆေးတွေ သောတ်ခိုင်းတာလဲ။ညီမတို့  အတူတူ မနေခင်မှာ သောတ်ခိုင်းပါတယ်။
ညီမကိုသူအခုတိုတ်နေတာ ကာကွယ်ဆေး မဟုတ်ဘူး၊ကာမအားတိုးဆေးတွေပါ ။
အဲဒီလိုသိလိုက်ရတော့ မော်မော် လေ ဒေါက်တာရှေ့ မှာငိုနေတာ တော်တော်ကြာတယ်။
ဆရာဝန်ကမော်မော်ကိုသူပါမလာပဲ သူလတ်မှတ်မထိုးပေရင် ဒေါတ်တာတို့ ဘာမှလုပ်ပေိးု့ မရပါဘူး။
လုပ်မယ်ဆိုလဲညီမလေးအတွတ်အသတ်စိုးရိမ်ရပါတယ်။ နေမကောင်းဘူးလို့ ပြောပြီး မြန်မာပြည်ကို ပြန်လိုက်ပါညီမရယ်
အဲဒီလိုဖြစ်မှပဲ ရှေးလူကြီးတွေ ပြောခဲ့ကြတဲ့ ငါးစာသာမြင်ပြီး ငါးမျှားချိတ် မမြင်ဘူ ဆိုတဲ့ စကားပုံကို
သွားသတိယမိလိုက်တော့တယ်။
မော်မော်မှာ ကိုယ်ဝန်၃ လရှိတယ်ဆိုတာ သိပြီးတဲ့ နောတ်ပိုင်းသူကဖျတ်ဖို့ ပဲပြောတယ်လေ။မော်မော်က
ဖျတ်ချပြီးခုလိုဖြစ်နေတဲ့ အချိန်မှာ  သူကိုဆတ်သွယ်လို့ မရတော့ဘူး ...ဖုန်းခေါ်ရင်လဲ ဖုန်းပိတ်ထားတယ်....
မော်မော်ကကပြောလဲပြော ငိုလဲငို နှင့်မို့ ကျွန်တော်ကြည့်ရင်းတော်တော်စိတ်မကောင်းဖြစ်ရသည် ။
ဘယ်လိုအားပေးစကားပြောရမှန်းပင်မသိတော့။
မော်မော် ပြောခဲ့ချင်တာက မော်မော် ကိုငွေမက်ပြီးချူစားချင်လာအောင်မက်လုံးပေးပြီး
ကျွန်တော်ရေတစ်ခွက်ခပ်ပေးလိုက်ရင်းပြောလိုက်ပါတယ်။
မော်မော်လဲရေသောက်ပြီးမောသွားတာကြောင့်ဘာမှမပြောတော့ပဲကျွန်တော့်ကိုသာစိုက်ကြည့်နေပါတော့တယ်။
ယောင်္ကျားတစ်ယောက်နဲ့ တရားဝင်လက်မထပ်ပဲ သိုသို သိပ်သိပ် နေခဲ့ကြပြီး မော်မော်လို ဘဝ
ဆုံးသွားသောမိန်းကလေးများဘယ်လောက်ရှိနေဦးမည်ကိုလဲ မမှန်းတတ်တော့ပါ ။ ကျွန်တော်ကတော့ သြော် ။။။။။။။။။။။။။။ဒါလားဟေ့ living together ဟုပင် ငြီးတွားနေချင်ပါတော့သည် ။။
သူငယ်ချင်းအားလုံးကို
ချစ်ခင်လေးစားလျှက်
mraungmintun
ဘကြီးသက်
Unknown at 10:35 PM 1 မှတ်ချက်ကလေးရေးပေးနော်.
Share
ဆိုရေးရှိလို့ ဆိုရခြင်းဖြစ်တယ်
Nyein Chan Aye
ကျနော် ဒီလိုကိစ္စတွေ မရေးချင်၊ မပြောချင်ပါ..။ မြင်နေ တွေ့နေရပြန်တော့လည်း မပြောဘဲ မနေနိုင်ပါ..။ ဒီ အကျင့် မကောင်းမှန်းလည်း သိပါတယ်..။
လူပုဂ္ဂိုလ် နာမည် အရင်းလို့ မယူဆတဲ့ အတွက် ခု ဖေ့စ်ဘုတ် နာမည် ဒီမှာ ဖော် တပ်ပြီး ပြောပါ့မယ်..။
ခု ဒီမို ဖက်တီး ဆိုတဲ့ ဖေ့စ်ဘုတ် အကောင့်နဲ့ တင်တဲ့ တူရကီ ဝန်ကြီးချုပ်ကတော် ဓာတ်ပုံ ပါ စာ
သားနဲ့ ပတ်သက်လို့ပါ..။ 
သူက
"များမကြာမီက တူရကီကောင်မကြီး တက္ကသိုလ်ကျောင်းသူဘ၀မှာ အစ္စလမ်ဘာသာနှင့်အညီ အရက်သေစာ သောက်စားနေသည့် ဓါတ်ပုံ ထွက်ပေါ်လာသည့်အတွက် .... တူရကီကောင်မကြီးမှာ နိုင်ငံခြားခရီးစဉ်များ ထွက်ပြီး "ခဲပေါက်အသတ်ခံရမည့်" အခြေအနေမှ လွတ်မြောက်အောင် ပနာယူလုပ်ရပ်များ ပြုလုပ်နေခြင်းဖြစ်သည်။"
ဆိုပြီး တူရကီ ဝန်ကြီးချုပ် ကတော် ငယ်စဉ်ကလို့ ယူဆနိုင်တဲ့ ပါတီပွဲ ဓာတ်ပုံ ကို တင်ပါတယ်..။
သူ့စာသားပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး မသိသေးသူများ သိအောင် ရှင်းပါမယ်..။
တူရကီ (Turkey) u ဆီကူလာ စတိတ် လုံးလုံး ဖြစ်ပါတယ်..။ အဓိပ္ပာယ်က နိုင်ငံရဲ့ ဥပဒေပြုရေး ၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး စနစ် မှာ ဘာသာအယူဝါဒ တခုခု ရဲ့ ချုပ်ကိုင် လွှမ်းမိုးမှု မရှိတာကို ဆိုလိုတာပါ..။
ဒါဟာလည်း ခုမှ မရှိတာ မဟုတ်ပါ..။ သူတို့ရဲ့ ၁၉၂၄ အခြေခံဥပဒေကို ပြင်ဆင်ဖြည့်စွက်တဲ့ ၁၉၂၈ ကတည်းက နိုင်ငံတော် (State) နဲ့ ဘာသာရေး (Religion) ကို ခွဲထုတ်ခဲ့တာပါ..။ တူရကီ ဟာ အစ္စလ်ာမ်မစ် နိုင်ငံလည်း မဟုတ်ပါ..။ သူတို့နိုင်ငံမှာ တရားဝင် ကိုးကွယ်တဲ့ နိုင်ငံတော် ဘာသာဆိုတာလည်း မရှိပါ..။ သူတို့ နိုင်ငံရဲ့ တရားဝင် နာမည်က Republic of Turkey ပါ..။
ဆိုခဲ့သလို သူတို့ဟာ ဆီကူလာ စတိတ်ဖြစ်တဲ့အတွက် နိုင်ငံရဲ့ ဥပဒေ နဲ့ တရားစီရင်ရေးစနစ်မှာ ဘာသာရေးပြဋ္ဌာန်းချက်တွေဟာ အကျူံးမဝင်ပါ..။ ဆိုတော့ကာ အထက်စာပါ ပုဂ္ဂိုလ်ညွှန်းခဲ့သလို အရက်သေစာ သောက်စားလို့ ခဲပေါက်အသတ်ခံရမယ့် အခြေအနေဆိုတာ လုံးဝ မဟုတ်ပါ..။
အရက်သေစာ သောက်စားခြင်း နှင့် ရောင်းဝယ်ဖောက်ကားခြင်းဟာ တူရကီမှာ တရားဝင်ပါတယ်..။ သူတို့ဆီက လူအများစု ကိုးကွယ်တဲ့ ဘာသာ အစ္စလာမ် က အရက်သေစာ သောက်စားခြင်းကို တားမြစ်တာ မှန်ပါတယ်...။ ဒါပေမယ့် ဒါဟာ နိုင်ငံရဲ့ တရားဥပဒေနဲ့ ဘာမှ မသက်ဆိုင်ပါ..။
အရက်ကို တားတာဟာ သူတို့ ဘာသာ တခုတည်းလည်းမဟုတ်ပါ..။ ဘာသာတိုင်း က တားမြစ်ပါတယ်..။ ဗမာပြည်မှာလည်း အများစု ဖြစ်တဲ့ ဗုဒ္ဓ ဘာသာဝင်တွေဟာ အရက်ကို ရှောင် ရပါတယ်..။ ဒါပေမယ့် ဥပဒေ အရတော့ မတားမြစ်ဘူး..။ ဒီအတွက် သောက်ချင်တဲ့ သူ သောက်တယ်..။ မသောက်ချင်တဲ့ သူ မသောက်ဘူး..။ သူတို့ဆီမှာလည်း ဒီသဘောပါပဲ..။
သူတို့ဆီက ဒေသထွက် ရာကီ အရက်ဟာ ကမ္ဘာမှာ နာမည်ကျော်ပါ..။ သူတို့ဆီ သွားလည်တဲ့ နိုင်ငံခြားသား ဧည့်သည်တွေ အကြိုက်ပါ..။ ကျနော်တောင် ဒီလာ ကျောင်းတက်တဲ့ တူရကီ တယောက်တိုက်လို့ သောက်ဖူးပါတယ်..။ သူတို့ဆီက ထွက်တဲ့ ဝိုင်တွေဟာလည်း နာမည်ကြီးပါ..။
နောက်တခု အရက်နဲ့ ပတ်သက်လို့ နည်းနည်းထပ်ပြောရရင် မွတ်ဆလင် နဲ့ အရက် တလမ်းစီ ဆိုတာ လူတွေ (သူတို့ မွတ်ဆလင် တွေ ကိုယ်တိုင်) ထင်မှတ်မှားနေမှုပါ..။ ဘာသာက တားမြစ်တယ်..။ သူတို့က ဘာသာတရား အဆုံးအမ ကို ပို ကိုင်းရှိုင်းကောင်း ကိုင်းရှိုင်းလို့ အရက်သောက်သူ နည်းကောင်း နည်းမယ်..။ ဒါပေမယ့် မွတ်ဆလင် နဲ့ အရက် ဆက်နွယ်မှုဟာ ရှေး ပဝေသဏီ သမိုင်း အစဉ်အဆက် ကတည်းက ရှိခဲ့ပါတယ်..။ သာဓက ပြရရင် ပါရှန် နာမည်ကျော် ကဗျာဆရာကြီး (ဂီတစာဆို / အတွေးအခေါ် / သင်္ချာ / နက္ခတဗေဒ / အစ္စလာမ် အယူအဆ ပညာရှင်ကြီး) အိုမာခရမ် Omar Khayyám ရဲ့ ကဗျာ ရှည်ကြီးတွေကိုပဲ လေ့လာကြည့်ပါ..။
နောက်တခုက ဆက်စပ်တဲ့ အကြောင်း ဆိုရရင် မွတ်ဆလင် အများစု ရှိတဲ့ တိုင်းပြည်တိုင်းလည်း အစ္စလာမ် နိုင်ငံတော် မဟုတ်ပါ..။ ဘာသာရေးဥပဒေတွေကို အလုံးစုံ မသုံးပါ..။ ကမ္ဘာ့ မွတ်ဆလင်လူဦးရေ အများဆုံး တိုင်းပြည်ဖြစ်တဲ့ အင်ဒိုနီးရှားလည်း တစိတ်တပိုင်း ဆီကူလာ စတိတ်ပါပဲ..။ Technical term အနေနဲ့ ပြောရရင် Ambiguous states လို့ သူတို့လို တိုင်းပြည်တွေကို ခေါ်ပါတယ်..။ အဲ့လို ဘာသာရေး နဲ့ နိုင်ငံတော် တစိတ်တပိုင်း ရောယှက် ထွေပြားနေတဲ့ သဘောရှိတာဟာ သူတို့ အစ္စလာမ်ဘာသာ အများစု ကိုးကွယ်တဲ့ နိုင်ငံတွေတင်မဟုတ်ပါ..။ ခရစ်ယာန် ဘာသာ အများစု ကိုးကွယ်တဲ့ ဂျာမနီ၊အင်္ဂလန်၊ အာဂျင်တီးနား၊ တို့..၊ ဂျူးဘာသာဝင်တွေရဲ့ အစ္စရေး၊ ဗုဒ္ဓ ဘာသာဝင်အများစု ဖြစ်တဲ့ သီရိလင်္ကာ တို့ဟာလည်း ဒိလို Ambiguous states တွေပါပဲ..။ ဗမာပြည်ဟာလည်း ဒီအထဲမှာ အကျူံးဝင်ပါတယ်..။ ဟိုတလောက ဗုဒ္ဓဘာသာ နိုင်ငံတော်ဘာသာ တရားဝင်လုပ်ခြင်း နှစ်ပတ်လည် လုပ်တဲ့ ရူးပေါပေါ သတင်းတခုတောင် ဖတ်လိုက်ရသေးတယ်..။ သူတို့ ဘာကြောင့်လုပ်တယ်ဆိုတာ မသိပေမယ့် တကယ်က ဗမာပြည်ဟာလည်း technically secular state ပါ..။ ဒါပေမယ့် ခေတ်အဆက်ဆက် အစိုးရတွေ (အထူးသဖြင့် နောက်ပိုင်း စစ်အစိုးရခေတ်) သဘော၊ မူဝါဒ နဲ့ လုပ်ဆောင်ပုံတွေကြောင့် ဆီကူလာ ဖြစ်မှု အားနည်းခဲ့ပြီး Ambiguous states ထဲ ဝင်သွားရတာပါ..။
ခု လူပြောသူပြောများတဲ့ ဘင်ဂလားဒေ့ရှ်လည်း စတင်ထူထောင်စဉ်က ဆီကူလာ စတိတ်အနေနဲ့ တည်ထောင်ခဲ့တာပါ..။ (၈၀) ခုနှစ်များရောက်မှ အစိုးရအပြောင်းအလဲ (သူတို့ဆီမှာလည်း ဗမာပြည်လိုပဲ စစ်တပ် က အမြဲလိုလို ကြီးစိုးတယ်..) ကြောင့် အစ္စလ်ာမ် က နိုင်ငံတော်ဘာသာ ဖြစ်သွားခဲ့ပါတယ်..။ ဒါဟာလည်း ခုနှစ်ပိုင်း (လက်တမ်းဆိုရရင် ၂၀၁၀ လောက်) မှာ သူတို့ရဲ့ တရားလွှတ်တော်ရုံးချုပ်က အခြေခံဥပဒေပါ ဘာသာရေး လွှမ်းမိုးမှုအချက်တွေကို ရုတ်သိမ်းပြီး ဘာသာရေး တရားစီရင်ချက်တွေကို တားမြစ်ဆန့်ကျင်မှုတွေ စလုပ်နေပါပြီ..။
တူရကီ နဲ့ ပတ်သက်လို့ ထပ်ပြောရရင် ကျနော် သူတို့ရဲ့ လက်ရှိ ကမ္ဘာမှာ အရေးပါမှု..၊ သူတို့ သွားနေတဲ့ လမ်းကြောင်း..၊ အစ္စလာမ် ကမ္ဘာက နိုင်ငံတွေ နမူနာယူသင့်ပုံ စတာတွေနဲ့ ပတ်သက်လို့ ဆောင်းပါးအနေနဲ့ ရေးချင်ပါတယ်..။ ဒါပေမယ့် ကိုယ့်နိုင်ငံမဟုတ်လို့..၊ ကိုယ်နဲ့ တိုက်ရိုက်မပတ်သက်လို့ အလေးထား ရေးဖို့ မကြိုးစားမိတာပါ..။
ဟိုးတလောက ကိုမိုးသီးဇွန်က ပြင်သစ်တော်လှန်ရေးရဲ့ ခေတ်သစ် ကမ္ဘာ ကို အကျိုးပြုပုံ စာတိုလေးရေးတင်တော့ တပါတည်း တူရကီနိုင်ငံအကြောင်းပါ ရေးချင်ပါတယ်လို့ ဆိုဖူးတယ်..။ အဲ့တော့ ကျနော် စာပို့ပြီး ရေးဖို့တိုက်တွန်းခဲ့တယ်..။ သူတကယ် ဆက် ရေး ဖြစ် / မဖြစ်တော့ ခုနောက်ပိုင်း ဖေ့ဘုတ်က စာရှည်တွေ ဘာမှ မဖတ်တော့လို့မသိပါ..။
ဆက်စပ်လို့ ဆိုရရင် တူရကီ သမိုင်းက လူမျိုးတုန်း သတ်ဖြတ်မှုတွေအကြောင်း ခု ပြန်ပြောကြတယ်..။ ကောင်းပါတယ်..။ လက်လှမ်းမမီတဲ့သူတွေ ခု သိနိုင်တာပေါ့..။ ဒါပေမယ့် ဒီလို သာဓက ပြခြင်းဟာ သင်ခန်းစာ ယူ ရှောင်ကြဉ်ဖို့ အတွက် သက်သက်ပဲ ဖြစ်ရပါမယ်..။ သူတို့တောင် လုပ်သေးတာ ငါတို့က အဲ့လောက် မဆိုးပါဘူး ဆိုတဲ့ သဘော လုံးဝ မဖြစ်သင့်ပါ..။
နောက်တခုက အစ္စလာမ် ဘာသာ အမည်ခံ အကြမ်းဖက်သမားတွေရဲ့ ကမ္ဘာတဝှမ်း လုပ်ရပ် တွေကို အလားတူ သဘော ထောက်ပြပြီး ဆိုချင်ကြပါတယ်..။ ဒါဟာလည်း အထက်မှာ ဆိုခဲ့သလို ဘာသာရေးကို ခုတုံးလုပ် အသုံးချမှု မကောင်းမှု..၊ အစွန်းရောက်မှု ရဲ့ အပြစ်တွေကို သေချာ သိမြင်ခံစားနားလည် သင်ခန်းစာ ယူပြီး ကိုယ်နဲ့ သက်ဆိုင်တဲ့ ကိစ္စ..၊ အကြောင်းအရာ.. နဲ့ ကိုယ့်နိုင်ငံမှာ ရှောင်ကြည်ဖို့ပါ..။ ကိုယ့်လူ့အဖွဲ့အစည်းမှာ ဘာသာ၊ လူမျိုး အစွန်းရောက်စိတ်တွေ မကြီးထွားအောင် ကြိုးစားဖို့ပါ..။
နောင် အလျဉ်းသင့်ရင် အားလုံး နားလည်လွယ် မယ့် ဆီကူလာ ဖြစ်မှု ရဲ့ သဘောတွေကို ဆောင်းပါး အနေနဲ့ သေချာ ရေးနိုင်အောင် ကြိုးစားကြည့်ပါအုံးမယ်..။
နောက်တခု နိဂုံးမချုပ်ခင် ဖြည့်စွက် ဆိုရရင် ခုလို ဆီကူလာ စတိတ် ပါ လို့ရှင်းပြတော့ သိတယ်လူ တချို့က လာပြီး အဲ့နိုင်ငံတွေက ဆီကူလာ မဖြစ်တဲ့ အကြောင်းအရာ အဖြစ်အပျက် တချို့ကို လာပြောကြပါလိမ့်မယ်..။ လာပြောချင်တဲ့ မိတ်ဆွေတွေကို တခါတည်း ရှင်းလိုက်ပါ့မယ်..။ ဘယ် နိုင်ငံ..၊ လူ့အဖွဲ့အစည်း နဲ့ စနစ် မှာမှ ပြီးပြည့်စုံတယ်ဆိုတာ မရှိပါ..။ အငြင်းပွားဖွယ်ရာ အခြေအနေ..၊ အဖြစ်အပျက်ဆိုတာ ရှိစမြဲပါ..။
ဆိုခဲ့သလို ကျနော်တို့ဟာ တိုင်းပြည်သစ်တခုလို့ဆိုနိုင်တဲ
့ နိုင်ငံတခု ပြည်လည် တည်ထောင်နေချိန်မှာ ကိုယ့်သမိုင်း..၊ သူ့သမိုင်း (ကမ္ဘာ့အဝှမ်း ကနိုင်ငံတွေ) မှ အမှားတွေ..၊ အားနည်းချက်..၊ လိုအပ်ချက်တွေကို ပြန်လည် လေ့လာ သင်ခန်းစာ ယူဖို့ပါ..။ ထပ်မှားဖို့..၊ ကျင့်သုံးဖို့ မဟုတ်ပါ..။
အချုပ်အနေနဲ့ ဆိုရရင် ခု တူရကီဝန်ကြီးချုပ် ကတော် ဓာတ်ပုံ နဲ့ စာသားတင်တဲ့ ဒီမိုဖက်တီးဆိုသူကို သိလည်း မသိပါ..။ အလေးလည်းမထားပါ..။ သူ့ဘာသာ ဘာတင်တင် ဂရုလည်းမစိုက်ပါ..။ သူ့ပုံကို လူတွေ ရာချီ ပြန်ရှယ်ကြလည်း ကျနော် စိတ်မဝင်စားပါ..။ ပတ်လည်း မပတ်သက်ပါ..။ ဒါပေမယ့် ကျနော် သိတဲ့..၊ ကျနော်ခင်တဲ့ မိတ်ဆွေ တချို့ (ကျနော့် မိတ်ဆွေထဲက တကယ်ကို အနည်းစုပါ) ရှယ်တာတွေ့လို ဒီလို ရေးရခြင်းပါ..။
ခု အွန်လိုင်း အဆက်အသွယ်ရှိတဲ့ သူ (၃၀၀၀) ကျော်ထဲက ကျနော် ခင်တဲ့..၊ ကျနော့်ကိုလည်း ခင်တယ်လို့ ယူဆရတဲ့ မိတ်ဆွေ တချို့ကို တောင်းပန် အကြံပြုချင်ပါတယ်..။ ကျနော် သိပ်မကြာခင်ကလည်း ရေးဖူးပါတယ်..။
နိုင်ငံတကာ အကြောင်းအရာတွေ..၊ သမိုင်းတွေ စတာတွေဟာ ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်း နဲ့ မပတ်သက်လို့..၊ ကိုယ် စိတ်မဝင်စားလို့ လက်တမ်း တမ်းမသိနိုင်ဘူးဆိုရင် ဒီခေတ်ကြီး အင်မတန် ရှာရ ဖွေရ လွယ်ကူတဲ့ ခေတ်ကြီးပါ..။
ဒီခေတ်ဟာ ကလစ် တချက်နှိပ်တာနဲ့ ဒေတာ အချက်အလက်အမှန်ကို သိနိုင်စွမ်းတဲ့ ခေတ်ပါ..။ ဒီ ဒေတာ ကို အင်ဖော်မေးရှင်း (သတင်း) ဖြစ်အောင် လုပ်ဖို့က ကိုယ့်ရဲ့ အသိဥာဏ် ဦးနှောက်က လုပ်ရမှာပါ..။ ဒီလို ဒေတာ ရှာ..၊ အင်ဖော်မေးရှင်း ကို ကိုယ်ဘာသာ ကိုယ်ပိုင် ဆင်ခြင် ဥာဏ်လုပ်တဲ့ ဖြစ်စဉ် (Process) ပြီးမှ ကိုယ့်ရဲ့ ကိုယ်ပိုင် စာမျက်နှာမှာ တင်ပါ..၊ ရှယ်ပါ..။
ဒီကောင်က မလောက်လေး..၊ မလောက်စားနဲ့ ဆရာလုပ်တယ်ဆိုချင်လည်း ကိုယ့်သဘောပါ..။ (တကယ်က ကျနော် ဒီနေ့ ဘာစာမှ ထပ်မရေးချင်ပါ..။ ကျနော် မနေ့က ရေးဖြစ်တဲ့ အက်ဆေးလေး ကိုယ့်ဘာသ နှစ်သက်မိလို့ ဒီနေ့ ပို့စ် အသစ် တကယ်တော့ မတင်ချင်မိပါ..။)
ဆိုရေးရှိလို့ ဆိုရခြင်းဖြစ်တယ်ဆိုတာ နားလည် နိုင်မယ်လို့ မျှော်လင့်ပါတယ်..။
ငြိမ်းချမ်းအေး
၁၂ ၊ သြဂုတ်
  lu bo
ဘကြီးသက်
Unknown at 8:05 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ဦးတေဇကလယ်မြေ ဧကလေးသောင်းနိုင်ငံတော် သို့ ပြန်အပ်
ဧရာရွှေဝါကုမ္ပဏီမှ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ လယ်မြေ ဧက ၄၀၀၀၀ ကျော်အား တောင်သူများသို့ခွဲဝေပေးနိုင်ရန် နိုင်ငံတော်သို့တရားဝင်ပြန်အပ် လယ်မြေများစွာပိုင်သည့် ကုမ္ပဏီ အချို့မှ လက်ငုတ်လက်ရင်း တောင်သူဖြစ်ပါက အကျိုးတူလယ် ယာလုပ်ကွက်ပြန်ပေးရန်ရှိနေ ဧရာရွှေဝါကုမ္ပဏီမှ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ရေကြီးကွင်း ရေနက်ကွင်းများအား ပြုပြင်ထား သည့် လယ်မြေဧက ၄၀၀၀၀ကျော် အား ဒေသခံတောင်သူများသို့ ခွဲ ဝေလုပ်ကိုင်ခွင့်ပေးပြီး ကုမ္ပဏီ၏ မြေ လုပ်ပိုင်ခွင့်များအား နိုင်ငံတော် သို့ တရားဝင်ပြန်လည်အပ်နှံခဲ့ ကြောင်း သတင်းရရှိပါသည်။
ဇူလိုင်လ ၂၆ ရက်နေ့က ဧရာရွှေဝါကုမ္ပဏီလီမိတက်၏ ဥက္ကဋ္ဌဖြစ်သူဦးတေဇမှ လက်မှတ် ရေးထိုးကာ တင်ပြခဲခြင်းဖြစ်ပြီး ဧရာရွှေဝါကုမ္ပဏီအနေဖြင့် တောင်သူများသို့ခွဲဝေလုပ်ကိုင်ခွင့် ပေးရာတွင် ကုမ္ပဏီနှင့် အတူအကျိုး တူပူးပေါင်းကာ လယ်ယာမြေဖော် ထုတ်လုပ်ကိုင်ခဲ့သည့် ဒေသခံ တောင်သူများအား လယ်ယာသမ၀ါ ယမအသင်းများဖွဲ့စည်းကာခွဲဝေ ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Myanmar Express
ဘကြီးသက်
Unknown at 8:03 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
မြန်မာ့ အကြီးဆုံး မိုဘိုင်းဖုန်းဇုန် နိုင်ငံခြား ကုမ္ပဏီ သုံးခု ရင်းနှီး မြှုပ်နှံမည် ဟုဆို
From : The Voice
မြန်မာ့ ဒုတိယ အကြီးဆုံး မြို့တော် Great Wall Centre တွင် အသစ် ဖွင့်လှစ်မည့် မြန်မာ့ အကြီးဆုံး မိုဘိုင်းဖုန်းဇုံ၌ နိုင်ငံခြား ဖုန်း ကုမ္ပဏီ သုံးခု ပါဝင် ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း Mobile Trading Group မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးမင်းသန့်က The Voice Weekly သို့ ပြောကြားသည်။
တကယ်တမ်း ရင်းနှီး မြှုပ်နှံမှုတွေက ၂၀၁၄၊ ၂၀၁၅ လောက်မှ စကြမှာပေါ့၊ ဒါပေမဲ့ ကျွန်တော်တို့ က ခုကတည်းက စတင် ဖိတ်ခေါ်ပြီး လုပ်ထား ကြတာပါ ဟု ဦးမင်းသန့်က ဆိုသည်။
ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီ သုံးခုမှာ- တရုတ်ပြည်သူ့ သမ္မတ နိုင်ငံမှ U-Pad Company၊ I-Phone, Android ဖုန်းအမျိုးအစား သီးသန့် ရောင်းချမည့် ကုမ္ပဏီနှင့် ပြင်သစ် နိုင်ငံထုတ် ALCATEL One Touch ဖုန်းကုမ္ပဏီတို့  ဖြစ်ကြောင်း ဦးမင်းသန့်က ဆိုသည်။
တရုတ်နိုင်ငံရှိ နာမည်ကျော် ဖုန်းကုမ္ပဏီများ ဖြစ်သော China Telecom နှင့် China Mobile တို့ ကို ဖိတ်ခေါ်ရန် ကြိုးစားလျက် ရှိကြောင်း ဦးသန့်ဇင်မင်း ထံမှ သိရသည်။
ယနေ့ လူငယ်များ အကြိုက်ဆုံးနှင့် အသုံး အများဆုံး ဖုန်းအမျိုးအစားမှာ- Apple Brand မှ ထုတ်လုပ်သော iPhone အမျိုးအစားနှင့် Android ဖုန်းများ ဖြစ်ကြောင်း၊ တရုတ်ဖုန်း အမျိုးအစား များမှာ- ဈေးနှုန်း တစ်သောင်းကျော်ခန့်မှ အစားစား ရှိ၍ ပုံစံမျိုးစုံ ရှိကြကြောင်း၊ သုံးပျော်သည့် အတွက် ၀ယ်ယူ အသုံးပြုသူ များကြကြောင်း မန္တလေးမြို့ ဖုန်းအရောင်းဆိုင် များမှ သိရှိရသည်။
Myanmar Express
ဘကြီးသက်
Unknown at 8:01 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ရန်ကင်းကျွမ်းကျင်မူ့ လေ့ကျင့်ရေး သင်တန်းကျောင်းတွင် အဂတိလိုက်စားမှုနှင့် ငွေကြေးအလွဲသုံးစားလုပ်မှု များဖြစ်ပေါ်နေ
သင်တန်းကျောင်းအတွက် နိုင်ငံတော် အစိုးရသို့  တင်ပြတောင်းခံ ထားသော ဘက်ဂျက် ငွေကြေးနှင့် များစွာ ကွာဟစွာဖြင့် အ ပေါစား မြန်မာလုပ် ဂဟေစက်များ၊ သင်တန်းနှင့်လုပ်ငန်းသုံး ကရိယာများအား ငွေကြေး အလွဲသုံးစား လုပ်ကာ လျော့နည်း ၀ယ်ယူသုံးစွဲခြင်း၊ နိုင်ငံတော်သို့ တင်ပြတောင်းခံ ထားသော အမှန်တကယ် ပုံစံ(specification) နှင့် မကိုက်ညီခြင်း၊ ငွေကြေးတန်ဖိုးများစွာ လျော့နည်း ကွာဟနည်းပါးနေခြင်း-----
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
အထက်ပါ ဓါတ်ပုံမှာ သင်တန်းကျောင်းဧ။် နိုင်ငံတော်အစိုးရသို့  တင်ပြတောင်းခံ ထားသော ဘက်ဂျက် ငွေကြေးပမာဏနှင့် များစွာ လျော့နည်း ကွာဟစွာဖြင် ၀ယ်ယူထားသော  အပေါစား မြန်မာလုပ် ဂဟေစက်များ၊ သင်တန်းနှင့် လုပ်ငန်းသုံး ကရိယာများ
သစ်ထူးလွင်
ဘကြီးသက်
Unknown at 10:07 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ကမ္ဘာ့ ဖူဆယ် ဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်း ပထမဆုံး ပါဝင်ခွင့်ရပြီ
From : Pyi Myanmar Journal
ပေါ်တူဂီနိုင်ငံတွင် ကျင်းပမည်ဖြစ်သော ကမ္ဘာ့ ဖူဆယ် ဘောလုံးပြိုင်ပွဲကြီးကို မြန်မာနိုင်ငံမှ ACE ဖူဆယ် ဘောလုံးအသင်းဟာ ပထမဆုံးအကြိမ် ကမ္ဘာ့အဆင့် ပြိုင်ပွဲတစ်ရပ်အသွင်ဖြင့် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိသွားပြီဖြစ်ကြောင်း ၆-၈-၂၀၁၂ ရက်က သိရသည်။ နိုဝင်ဘာလတွင် ကျင်းပမည်ဖြစ်သော အဆိုပါပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရန်အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တစ်ဆင့် လျှောက်ထားခဲ့ရာ ပါဝင်ခွင့်ကို သြဂုတ်လ ပထမပတ်အတွင်းမှာ ရရှိသွားခဲ့ကြောင်း သိရသည်။ “ဘောလုံးအဖွဲ့ချုပ်က မေးတယ်။ ဒီပြိုင်ပွဲကို ဝင်ပြိုင်ခွင့်ရပြီ။ ဝင်ပြိုင်မှာလားလို့ မေးတယ်။ ကျွန်တော်တို့လည်း ဝင်ပြိုင်ဖို့အတွက် အားကစားသမားအားလုံးကို ပတ်စပို့စပြီး လုပ်ခိုင်းနေပါပြီ” ဟု ACE ဖူဆယ် ဘောလုံးအသင်းပိုင်ရှင် ဒေါက်တာဖြိုးကိုကိုတင့်ဆန်းက ပြောကြားသည်။ မြန်မာနိုင်ငံမှ ဖူဆယ် ဘောလုံးအသင်းတစ်သင်း အနေဖြင့် ကမ္ဘာ့အဆင့်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့ဘဲ ယခုကဲ့သို့ ယှဉ်ပြိုင်ခွင့်ရခြင်းမှာ မြန်မာအသင်း သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ဖြစ်ပြီး ဖူဆယ်အသင်း အနေဖြင့် အာရှအဆင့် ခြေစစ်ပွဲကိုသာ ဝင်ပြိုင်ခဲ့ဖူးကာ အာဆီယံအဆင့်တွင်မူ တတိယသာ ရရှိထားဖူးသည်ဟု သိရသည်။
Myanmar Express
ဘကြီးသက်
Unknown at 10:03 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
လူ့သမိုင်းအကြို သတ္တဝါ တစ်မျိုး၏ ရုပ်ကြွင်းတွေ့ရှိ
From : .MRTV4
နိုင်ငံတကာမှ သုတေသန ပညာရှင်များ ပါဝင်သည့် အဖွဲ့ တစ်ခုမှာ လူ့သမိုင်း အကြို သတ္တဝါ မျိုးစိတ် ၂ မျိုးတို့မှာ အာဖရိက တိုက်တွင် လွန်ခဲ့သည့်နှစ် ၂ သန်းခန့်က နေထိုင်ခဲ့ကြသည်ကို တွေ့ရှိခဲ့ပြီ ဖြစ်သည်။ အမေရိကန် ၊ ဂျာမန်နှင့် ဗြိတိန် နိုင်ငံသား လူသားဆင့်ကဲ ပြောင်းလဲ ဖြစ်တည်မှု ဗေဒ ပညာရှင်များမှ ယခုလို တွေ့ရှိခဲ့ခြင်း ဖြစ်ကာ ဗုဒ္ဓဟူး နေ့က ဗြိတိန် သိပ္ပံ မဂ္ဂဇင်း ဖြစ်သည့် Nature တွင် ရေးသား ဖော်ပြခဲ့သည်။
၎င်းတို့အဖွဲ့မှာ အဆိုပါ လူသားများ၏ သွားရိုး ကျောက်ဖြစ်ရုပ်ကြွင်း ၃ ခုကို ကင်ညာနိုင်ငံ မြောက်ပိုင်းတွင် တွေ့ခဲ့ရပြီးနောက် ယခုလို ရေးသားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အရိုးများမှာ သိပ္ပံအခေါ် Homo erectus ခေါ် ရှေးလူသားများ၏ အရိုးစု ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။ လေ့လာချက်များ အရ အဆိုပါ အရိုးထဲမှ ၂ ခုမှာ အစောပိုင်း Homo များထံမှ ဖြစ်ပြီး လွန်ခဲ့သည့် နှစ်သန်းပေါင်း ၁.၉၅ သန်းမှ ၁.၇၈ သန်းကြားတွင် ဖြစ်နိုင်ကြောင်း ဖော်ပြသည်။ ယခုလို တွေ့ရှိချက်ကြောင့် သမိုင်းဦး အကြို လူသားများမှာ အချင်းချင်း ကပ်ရက် နေထိုင်ခဲ့ပုံရကြောင်းလည်း ပြောကြားခဲ့သည်။ ယခုလို တွေ့ရှိမှုကြောင့် လူသားများ အကြား ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ်ကို ပိုမို သိရှိစေနိုင်မည် ဖြစ်ကြောင်း NHK သတင်းတွင် ဖော်ပြသွားခဲ့သည်။
Myanmar Express
ဘကြီးသက်
Unknown at 10:02 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
မြန်မာ့ မြန်မာ့ ရုပ်ရှင် ( ဒါရိုက်တာများထံ အိတ်ဖွင့်ပေးစာ
ဒိုင်း…!
ပစ္စတိုသေနတ်ကြောင့် ဝါး၂ ရိုက်စာ အကွာအဝေးမှ ရန်သူ နဖူးအားကျည်ဆံမှန်ပြီး လဲကျသေဆုံးသွား တယ်။ ရုပ်ရှင်တဲ့။ မြန်မာ့ရုပ်ရှင်တွေ ဒီလိုပဲရိုက်နေကြတော့မှာလား။ ပစ္စတိုဆိုတာ အရေးကြုံလာတဲ့အခါ အနီးကပ်ကာကွယ်ဖို့ ထားတဲ့အစောင့်သေနတ်။ ခုဟာက ရှေ့တန်းမှာ ပစ္စတိုကြီးတကားကားနဲ့။ ပစ်တော့လည်း နဖူးမှ မှန်တတ်ပါပေတယ်။ ပစ္စတိုဆိုတာ နားထင်ကို တေ့ပစ်ရင်တောင် ရှပ်ထိပြီး အသက်မသေတာမျိုးရှိတတ်တယ်။ ခုဟာက ဝါး၂ရိုက်စာကို နဖူးမှန်တယ်ဆိုတော့စဉ်းစားသာကြည့်ကြဦး။ ဒါတင်လားဆိုတော့ ဘယ်ဟုတ်ဦးမလဲ။ မြင်နေရတဲ့ဇာတ်လမ်းအများစုမှာ မင်းသမီးကို ကားတိုက်တာမျိုး။ သွေးတွေရဲပြီး မင်းသမီးက ကားရှေ့မှာ လဲကျနေရော။
အဲဒီမှာတင် မင်းသားကရောက်လာတယ်။ မင်းသမီးကို ပွေ့တယ်။ မင်းသမီးပြောသမျှစကားတွေကို နားထောင်တယ်။ စကားလည်းကုန် မင်းသမီးလည်းသေ။ မင်းသားက ဆေးရုံကားမခေါ်။ ထစ်ခနဲဆို ဆန္ဒထွက်ပြမယ်ဆိုတဲ့လူတွေကလည်း ဝိုင်းအုံကြည့်လို့ ဆေးရုံကားခေါ်ဖို့သတိမရကြ။ ကျွန်တော် မျက်စိရှေ့တင် ယဉ်တိုက်မှုဖြစ်တာမျိုးတွေမြင်ဖူးတယ်။ တိုက်ခံရတဲ့သူက အသက်ကလေးငင်လို့ ။ စကားပြောဖို့ဝေးရော။ ဒီတော့ ကားတိုက်ခံရပြီး စကားကောင်းကောင်းပြောနိုင်တဲ့သူတွေ မြန်မာ့ရုပ်ရှင်ထဲ မြင်ရနိုင်သည်လို့ ပြောရတော့မလို။ ကဲ မခက်ပေဘူးလား။
နောက်တစ်ခုက မှတ်မှတ်ရရ ကလေးဘဝက ကြည့်ခဲ့ဖူးတဲ့ “ဝေလည်းမွှေးကြွေလည်းမွှေး” ဆိုတဲ့ဇာတ်ကား။ ဇာတ်သိမ်းခန်းမှာ ကျော်ဟိန်းက လက်ပစ်ဗုံးစနက်တံသံကွင်းလေးကို သွားနဲ့ကိုက်ဖြုတ်လို့။ ထားဦး။ အတွင်းကျကျမပြောခင် လူပြိန်းတွေးနည်းလေးနဲ့ပဲ တွေးပြမယ်။ လူ့အသက်သေစေတဲ့လက်နက်ဖြစ်တဲ့ လက်ပစ်ဗုံးကို အဲလိုလွယ်လွယ်ဖြုတ်လို့ရတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ ဒါဆိုသွားရင်းလာရင်းနဲ့ သစ်ကိုင်းလေးနဲ့ငြိပြီး ပြုတ်သွားရင် သေမှာပေါ့။ လက်ပစ်ဗုံးဆိုတာ စနက်တံသံကွင်းကို ထိပ်ကနေပိတ်ပြီး ကွေးထားတယ်။ အဲဒါကို အရင်ပြန်ဆံ့ပြီးမှ ဆွဲထုတ်ရတယ်။ ဒါမှစနက်တံပြုတ်တယ်။ လက်တွေသင်ခန်းစာ တစ်ခုတုန်းက ဆရာက ရုပ်ရှင်ထဲကလို သွားနဲ့ကိုက်ပြီး စနက်တံမဖြုတ်နဲ့တဲ့။ သွားပဲကျိုးသွားမယ်တဲ့။ ကြည့်မိတော့လည်း ဟုတ်သား။ ဒီတော့သွားအကျိုးမခံဘဲ လက်နဲ့ပဲ အတော်လေးဆွဲဖြုတ်ခဲ့ရတယ်။ ဟော ဒါပဲလေ။ လက်ပစ်ဗုံးကို သွားနဲ့ကိုက်ဖြုတ်တာလည်း မြန်မာ့ရုပ်ရှင်များတွင်သာ တွေ့နိုင်ပါသည်လို့ ပြောရမလို။ (ကြည့်လို့တော့ အတော်လေးကောင်းသား)။
နောက်ပြီး ဒါရိုက်တာကြီးဇင်ယော်မောင်မောင်ရိုက်တဲ့ လျှို့ဝှက်သောနှင်း ဆိုတဲ့ရုပ်ရှင်ကားကြီး။ ဇာတ်သိမ်းခန်းမှာ လူမင်းသစ်လုံးပိလို့ လွင်မိုးအကူအညီသွားတောင်းတဲ့အခန်း။ ရယ်တော့ရယ်ရသား။ အပေါ်က ကျွန်တော်ပြောခဲ့သလို ကားတိုက်တာတောင် ဆေးရုံကားကိုဖုန်းမဆက်တဲ့ ဆေးရုံပို့ဖို့သတိမရတဲ့ မြန်မာဇာတ်လမ်းဟာ တောင်တက်သမားလူမင်းသစ်လုံးပိတာကို ကူညီဖို့ရောက်လာတာက ရဟတ်ယာဉ်။ ဘယ်လိုနားလည်ရမှန်းကို မသိတာ။ တကယ်ပါ။ ဒါကြောင့် မြန်မာဇာတ်လမ်းကြည့်ရင် ဖြည့်တွေး ဆိုတာမျိုးက ပြောစမတ်ကြီးကိုတွင်လို့။ အဲ့ဒီရုပ်ရှင်ကားလည်း နိုင်ငံခြားထိ ရုံတင်ပြသမယ်ဆိုလား ကြားလိုက်သေးတယ်။ သေချာပါတယ်။ ဝက်ဝက်ကွဲပါပဲ။
မြန်မာဇာတ်လမ်းတွေ ဘာကြောင့်ကမ္ဘာမကျော်သလဲ။ ကျော်ဟိန်းကားတစ်ကားကြည့်ဖူးတယ်။ အဲဒီ့တုန်းက G3 သေနတ်ခေတ်။ G3 သေနတ်ဆိုတာ အိပ်ပြီးထောက်ပစ်ရင်တောင် အနောက်ကိုတော်တော်ပြန်ကန်တဲ့ မောင်းပြန်ရိုင်ဖယ်ပါ။ မိုင်နှစ်ဆယ် တိုင်မကွယ်နဲ့ လို့တောင် ကြွေးကြော်ထားတဲ့သေနတ်မျိုးပါ။ အာနိုးလို ဗလကောင်းကောင်းနဲ့လူတောင် မခါအောင် အတော်ပစ်ယူရမယ့်သေနတ်မျိုး။ ခုဟာက ကျော်ဟိန်းက အဲ့ဒီသေနတ်ကြီး ဘယ်တစ်ဖက် ညာတစ်ဖက် G3 နှစ်လက်နဲ့ မတ်တပ်ကြီးရပ်ပစ်လို့။ ဟော ကမ္ဘာကျော်ပါလိမ့်မယ်လို့ပြောရရုံရှိတော့မပေါ့လေ။
(နောက်ဆုံးတစ်ခုက နိုင်ငံခြားဇာတ်လမ်းတွေမှာ ညဘက်ရိုက်တဲ့အခါ လူမျက်လုံးလောက်ပဲမြင်ရပါတယ်။ မြန်မာဇာတ်လမ်းတွေမှာတော့ မီးရောင်တွေနဲ့ထင်းခနဲ အဲဒါကြီးလည်းပွင့်ပွင့်လင်းလင်းပြောရရင် သဘောမကျချင်ပါဘူး။)
ဒါတွေ ဒါတွေကြောင့် ကျွန်တော်ပြောချင်တာက ဒါရိုက်တာများ သုံးသပ်ပြုပြင်ကြပါဦးလို့။ မဟုတ်ရင်တော့ ကမ္ဘာနဲ့ချီပြီး သွေးမထွက်ပြပါနဲ့စောပါသေးတယ်လို့ ဆန္ဒပြုပြောလိုပါတယ်။
နေပိုင်
၀၇.၀၈.၂၀၁၂
  lu bo
ဘကြီးသက်
Unknown at 9:47 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်
Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.