Sunday, August 12, 2012

ကွန်ပြူတာစစ်ပွဲ (အပိုင်း-၁)


"--- သတင်းတွေကို ထုတ်ပြန်တဲ့အခါမှာ တယောက်နဲ့တယောက် လက်ဦးမှု အရင်လိုချင်ကြတယ်ပေါ့နော်။ အင်တာနက် စစ်ပွဲလို့ ခေါ်တယ်။ Cyber War ရဲ့ အဓိက ဦးတည်ချက်က အဲဒါပဲခင်ဗျ။"

မေး။     ။ "အင်တာနက် စစ်ပွဲတွေ ဘယ်တုန်းကလောက် စဖြစ်တာလဲ၊ အဲဒါလေး ပြောပြပေးပါအုံး။"


ဖြေ။      ။ "Cyber War တကယ်စဖြစ်တာက ၉၉ ခုနှစ် နောက်ပိုင်းလောက်မှာ ဖြစ်တာ။ ကိုရီးယားနဲ့ တရုတ်၊ နောက် အမေရိကန် တွေနဲ့ ပတ်သက်ပြီးတော့ cyber war စဖြစ်လာတာ ခင်ဗျ။ များသောအားဖြင့် ဖြစ်တာ နှစ်ခု ရှိတယ်။ တခုက သူတို့ အင်ဖော်မေးရှင်း (သတင်းအချက်အလက်တွေ)ကို ကိုယ်က သွားပြီးတော့ ဖျက်ဆီးချင်တာ။ နောက်တခုကျတော့ အဲဒီ imaformation တွေကို တခြားလူတွေ access လုပ်လို့ မရအောင်လုပ်တာ ဆိုပြီး နှစ်မျိုး ရှိတယ်ခင်ဗျ။"

မေး။     ။ "access လုပ်လို့ မရအောင် ဆိုတာက-"

ဖြေ။      ။ " ကျနော်တို့ သတင်းအချက်အလက်တွေကို တဘက်လူက ဖတ်လို့၊ သုံးလို့ မရတော့အောင်၊ ကျနော်တို့ရဲ့ ဆာဗာကို တဘက်လူတွေ ဖွင့်လို့မရအောင်၊ အလုပ်ရှုပ်သွားအောင် လုပ်တဲ့ဟာမျိုး တခုရှိတယ်။ နောက်တခုကျတော့ တချို့ရဲ့ web site ထဲကို ခွင့်ပြုချက်မရဘဲနဲ့ ဝင်ပြီးတော့မှ သူ့အထဲက information တွေကို ဝင်ပြင်တာ။ တရားဝင် မဟုတ်တဲ့နည်းနဲ့ ဝင်ပြင်တာဆိုပြီး နှစ်ခု ရှိတယ်။ "


မေး။     ။ "ကိုရီးယားတို့၊ အမေရိကားတို့၊ တရုတ်တို့ အစိုးရပိုင်းတွေက ဝင်ပြီး ပတ်သက်တာတွေ လည်း ရှိလာတယ်။ အဲဒီလို ရှိတဲ့အထဲမှာ ထင်ရှားတဲ့ ဥပမာလေးတခုလောက် နည်းနည်း ပြောပြပေးပါလား။"

ဖြေ။      ။ "အစိုးရပိုင်းက တရားဝင်ပါလား ဆိုတော့ တရားဝင် မပါဘူး ခင်ဗျ။ ဥပမာအားဖြင့်- အမေရိကန်က ပင်တဂွန်က ဆာဗာထဲကို တရုတ်ပြည်က ဖောက်ပြီးတော့ သတင်းအချက်အလက်တွေ ထုတ်ယူသွားတာတွေ ရှိတယ်။ ဒါပေမဲ့ အဲဒါမျိုးကို တရုတ်ပြည် အစိုးရက တရားဝင် လုပ်သွားတာလား ဆိုတော့ မဟုတ်ဘူး။ အစိုးရအတွင်းမှာ လျှို့ဝှက်ဖွဲ့စည်းထားတဲ့ cyber army group ဆိုတာမျိုးတွေ ရှိတတ်တယ်။ အဲဒါမျိုးတွေကတဆင့် သူတို့ ဝင်ပြီးတော့မှ သတင်းအချက်အလက်တွေ ယူတာ ရှိတယ်။  cyber war ဆိုတာ နိုင်ငံအချင်းချင်း တရားဝင် recognize လုပ်ထားတာမျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒါမျိုးကို  သူတို့က cyber war လို့ ခေါ်တာ ခင်ဗျ။"

မေး။     ။ "အစိုးရသုံးနေတဲ့ ဝဘ်ဆိုဒ်တွေထဲ ဝင်ပြီးတော့ နှောင့်ယှက်တာကျတော့ cyber war ထဲ ဝင်သွားပြီနော်။"

ဖြေ။      ။ "ဟုတ်ကဲ့၊ ဥပမာအားဖြင့်- ရခိုင်ကိစ္စမှာဆိုရင် ဗမာပြည်မှာကျတော့ ဗမာလူငယ်တွေ လုပ်ထားတဲ့ BHG ပေါ့။ Blink Hacker Group ပေါ့။ တော်တော် တော်ပါတယ်။ သူတို့ ဖွဲ့စည်းထားတာ။ သူတို့ကနေပြီးတော့ ရခိုင်မှာ ဖြစ်နေတဲ့အရေးကို အသိအမှတ်မပြုလို့ ဆိုပြီးတော့ ဘင်္ဂလားဒေ့ရှ် အစိုးရ ဝဘ်ဆိုဒ်ထဲ ဝင်ပြီးတော့မှ ဘယ်လို ဘယ်လိုတွေ ဖြစ်နေပါတယ် ဆိုပြီးတော့မှ တရားမဝင် ဝင်ပြီးတော့ ရေးတာပေါ့။ အဲဒီလို ဖြစ်ရင်းကနေပြီးတော့မှ ဘင်္ဂလားဒေ့ရှ်မှာ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေ ရှိတယ်။ ဘင်္ဂလားဒေ့ရှ် cyber army လို့ ခေါ်တယ်။ BCA ပေါ့။


ဒါပေမဲ့ အဲဒါမျိုးကို မေးရင် အစိုးရက support လုပ်နေတာလား ဆိုတော့ မဟုတ်ဘူး။ သူတို့ဖာသာ သူတို့ ရပ်တည်နေတာ။ သူတို့ရဲ့လူမျိုးရေးစိတ်ဓာတ်နဲ့ သူတို့ဖာသာသူတို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေ။

ဗမာ BHG ကနေသွားပြီးတော့ သူတို့ရဲ့ အစိုးရ ဝဘ်ဆိုဒ်တွေကို သွားလုပ်တဲ့အချိန်မှာ BCA ကနေပြီးတော့မှ ဒီက ဝဘ်ဆိုဒ်တွေကို ပြန်ပြီးတော့ လုပ်တာ။ အဲဒီတော့ ဘာဖြစ်သွားလဲဆိုတော့ မြန်မာပြည်က ဝဘ်ဆိုဒ် တော်တော်များများက အသက်မဝင်ဘူး။ အသက်မဝင်ဘူးဆိုတာက သတင်းအချက်အလက်တွေက အသေဖြစ်နေတယ်။ အဲဒီတော့ သူတို့မှာ လုံခြုံရေးအားနည်းတယ်။ ဆာဗာတွေက လုံခြုံမှု မရှိဘူး။ အဲဒီတော့ အလွယ်တကူ တိုက်ခိုက်လို့ ရသွားတယ်။
ဒါပေမဲ့ BHG ကနေ ပြန်တိုက်တဲ့အခါကျတော့ ဘင်္ဂလားဒေ့ရှ်က တော်တော် အထိနာသွားတယ်။"


မေး။     ။ "ဥပမာလေး တခုလောက် ပြောပြပေးပါနော်။ တိုက်ခိုက်တာ တခု။"
ဖြေ။      ။ "ဥပမာအားဖြင့် ဘင်္ဂလားဒေ့ရှ်က BCA က ဘာကို တိုက်ခိုက် သွားသလဲဆိုတော့ - myanmar.gov.mn အဲဒါကို သူက ဒိပြင်လူတွေ ဝင်လို့မရအောင် သူက ---- နဲ့ တိုက်သွားတယ်။  အဲဒီတော့ ဘာဖြစ်သွားလဲဆိုတော့ myanmar.gov.mn မှာ နေ့စဉ်သတင်းတွေ ထုတ်ပြန်ပေးနေတာ ရှိတယ်။ အဲဒီလို တိုက်ခိုက်သွားတဲ့အတွက် သတင်းအချက်အလက်တွေ ထုတ်ပြန်လို့ မရတော့ဘူး။ တကယ် အင်ဖော်မေးရှင်း လိုအပ်တဲ့နေရာတွေကို ထုတ်လို့ မရတော့ဘူး။ အဲဒါမျိုးတွေ ဖြစ်သွားတယ်။


နောက်တခုကျတော့ commercial ဆိုဒ်တွေ ရှိတယ်။ ဥပမာ aungmyanmaronline.com တွေရှိတယ်။ အဲဒီတွေမှာကျတော့ မဟုတ်က ဟုတ်က သတင်းတွေ လုပ်သွားတယ်။ အဲဒီမှာ သူတို့က ဆိုင်း (sign) လေးထားသွားတယ်။ ဒီဟာကို သူတို့ hack လုပ်သွားပါတယ်ဆိုတာကို။"

မေး။     ။ "ဒီဟာမျိုးတွေကို ခြေရာခံလိုက်မယ်ဆိုရင် လွယ်သလား။"

ဖြေ။      ။ "လွယ်ပါတယ် ခင်ဗျ။ များသောအားဖြင့် hacker တွေက လုပ်ပုံလုပ်နည်း နှစ်မျိုးရှိတယ်။ တချို့ လုပ်သွားတာကို လူမသိစေချင်တဲ့ သဘောမျိုးရှိတယ်။ တချို့က လုပ်သွားတာကို လူသိစေချင်တဲ့ သဘောမျိုးရှိတယ်။ ဥပမာအားဖြင့် ဘင်္ဂလားဒေ့ရှ် ကိစ္စမှာဆိုရင် BHG က လူသိစေချင်တဲ့ ဟာမျိုးနဲ့ လုပ်သွားတယ်။ သူတို့အဖွဲ့ကို ဘယ်လို ဆက်သွယ်လို့ရတယ်ဆိုတာပါ ထားသွားတယ်။ တချို့ hack လုပ်တဲ့ ဟာတွေကျတော့ cyber war  "

 

မး။     ။ ""
ဖြေ။      ။ ""မေး။     ။ ""
ဖြေ။      ။ ""မေး။     ။ ""
ဖြေ။      ။ ""မေး။     ။ ""
ဖြေ။      ။ ""မေး။     ။ ""
ဖြေ။      ။ ""မေး။     ။ ""
ဖြေ။      ။ ""

ဒေါ်ခင်မျိုးသက်
09.08.2012
သုတအဖြာဖြာ / သိပ္ပံနဲ့နည်းပညာ
VOA

(မှတ်ချက်။ ။ မူရင်း Page ၏စာသားများအတိုင်းသာဖြစ်ပြီး၊ images များသာဖြည့်စွက်ထားခြင်းဖြစ်ပါတယ်။)

ဘကြီးသက်
Unknown at 10:52 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.