Sunday, August 12, 2012

ရန်ကုန် အမှိုက်များမှ လျှပ်စစ်ဓါတ်အား ထုတ်ရန် စီစဉ်


ရန်ကုန်မြို့မှ အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားစွန့်ပစ်၍ ထွက်ရှိလာသည့် အမှိုက်အစို တန်ချိန် ၆၀၀ ဖြင့် နေ့စဉ် လျှပ်စစ်ဓါတ်အား ထုတ်ရန် စီစဉ်နေကြောင်း ...ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်မြို့မှ အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားစွန့်ပစ်၍ ထွက်ရှိလာသည့် အမှိုက်အစို တန်ချိန် ၆၀၀ ဖြင့် နေ့စဉ် လျှပ်စစ်ဓါတ်အား ထုတ်ရန် စီစဉ်နေကြောင်းြ
မို့တော် စည်ပင်ယာရေးကော်မီ က ပြောသည်။ “အဲဒီအမှိုက်တွေကို မီးရှိုပြီး လျှပ်စစ်ထုတ်ဖို့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့အခြေစိုက် Nedo အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်” ဟု ကော်မတီ၏ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှူး ဦးသန်းလွင်ဦး က ပြောသည်။ အမှိုက်များကို မြေကြီးပေါ် စွန့်ပစ် စုပုံထားလိုက်ရာမှ ထွက်ရှိလာသည့် ဓါတ်ငွေ့များကြောင့် ပတ်ဝန်းကျင် ထိခိုက်မှု မဖြစ်ရန်မှာ ယင်းစီမံကိန်း၏ ရည်ရွယ်ချက်တခု ဖြစ်ကြောင်း ၎င်းက ပြောသည်။ အဆိုပါ လျှပ်စစ်ဓါတ်အားပေး စက်ရုံ တည်ဆောက်ရေး ကုန်ကျစရိတ်အားလုံးကို ဂျပန်အဖွဲ့က ထည့်ဝင် လှူဒါန်းသွားမည်ပြီး ဓါတ်အား ၄ ဒဿမ ၅ မဂ္ဂါဝပ် ထွက်ရှိမည်ဟု ပြောသည်။ စက်ရုံ တည်ဆောက်ရန် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့န
ယ်ရှိ ထားဝယ်ချောင် သုသာန်အနီးတွင် မြေနေရာ ရွေးချယ်ထားပြီး ဖြစ်သည်။ “အဲဒီလို လုပ်ခြင်းအားဖြင့် အမှိုက်ပုံတွေက ထွက်မယ့် ကာဗွန်ဒိုင်အောက်ဆိုက်တွေ၊ မီသိန်းဓါတ်ငွေ့တွေ လေထုထဲရောက်ရှိမှု လျော့ကျသွားနိုင်တယ်” ဟု ဌာနမှူးက ပြောသည်။ လျှပ်စစ်ဓါတ်အား၏ ၂၀ ရာခိုင်နှုန်းကို စက်ရုံအတွက် ပြန်လည်အသုံးပြုမည် ဖြစ်ကာ ကျန် ၈၀ ရာခိုင်နှုန်းအား စည်ပင်မှ ပိုင်ဆိုင်မည်ဖြစ်၍ စက်မှုဇုန်များနှင့် အများပြည်သူထံ ပြန်လည်ရောင်းချရန် အစီအစဉ်များရှိသည်ဟု ဦးသန်းလွင်ဦး က ပြောသည်။ မကြာသေးမီက ပြုလုပ်ခဲ့သည့် စစ်တမ်းတခုအရ ရန်ကုန်မြို့၌ တနေ့လျှင် အမှိုက် တန်ချိန် ၁,၇၀၀ ခန့် ထွက်ရှိနေသော်လည်း စည်ပင်ကော်မတီက တနေ့လျှင် အမှိုက်တန်ချိန် ၁,၅၀၀ ခန့်သာ နေ့စဉ် သိမ်းဆည်းပေးနိုင်ကြောင်း ဌာနမှူးက ပြောသည်။ အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားစွန့်ပစ်ရသည့် စနစ်ကို မြို့တော်စည်ပင်သာယာရေး ကော်မတီက ဧပြီလ ၁ ရက်နေ့မှ စတင်ကျင့်သုံးခဲ့ခြင်းဖြစ်ကာ အမှိုက်စိုများ ဖြစ်သည့် မီးဖိုချောင်ထွက် စားကြွင်းစားကျန် စွန့်ပစ်ပစ္စည်းများကို အိတ်အပြာရောင် ဖြင့်လည်းကောင်း၊ ပလတ်စတစ်၊ ကော်ဗူး၊ မီးကြိုး အစရှိသည်တို့ကို အိတ်အစိမ်းရောင် ဖြင့်လည်းကောင်း စွန့်ပစ်ရန် သတ်မှတ်ထားရှိသည်။ သတ်မှတ်အိတ်များဖြင့် စွန့်ပစ်ရန် ၁၆ လက်မ x ၃၂ လက်မ အရွယ် တအိတ်ကို ၅၅ ကျပ်၊ ၁၂ လက်မ x ၂၅ လက်မ တအိတ်ကို ၁၅ ကျပ်ဖြင့်သာ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်


။ ယခုလက်ရှိတွင် ရန်ကုန်မြို့၏ အမှိုက်သိမ်းစနစ်အား ခေါင်းလောင်းတီးအမှိုက်သိမ်း စနစ်နှင့် အမှိုက်ကန်များဖြင့် အမှိုက်သိမ်းနည်းစနစ်တို့ဖြင့် သိမ်းဆည်းလျက်ရှိကာ အမှိုက်ကား စီးရေ ၂၈၉ စီးနှင့် အမှိုက်သိမ်း နေ့စားဝန်ထမ်း ၃,၈၅၅ ဦးဖြင့် လုပ်ဆောင် လျက်ရှိသည်။ ရန်ကုန်မြို့တွင်း စွန့်ပစ်၍ ထွက်ရှိလာသည့် အမှိုက်များကို စည်ပင်က လှိုင်သာယာရှိ ထိန်ပင်သုသာန်သို့ တန် ၁,၀၀၀၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်ရှိ ထားဝယ်ချောင် သုသာန်သို့ တန် ၆၀၀ ကျော် နေ့စဉ် ကျင်းတူးစွန့်ပစ်လျက်ရှိသည်။ ဒလ၊ မြောက်ဒဂုံ၊ ရွေပြည်သာ မြို့နယ်များတွင် အမှိုက်ပုံမည့်နေရာများ တိုးချဲ့၍ စွန့်ပစ်သွားမည်ဟု သိရသည်။ ဧပြီလ ၁ ရက်နေ့က စတင်အကောင်အထည်ဖော်ခဲ့သော အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြား စွန့်ပစ်သည့် စနစ်သည် ဇူလိုင်လအထိ လေးလတာ ကာလအတွင်း လူထုပါဝင်မှု ၄၀ ရာခိုင်နှုန်း အောင်မြင်မှုရှိကာ ခြောက်လ ပြည့်သည်နှင့် ၅၀ ရာခိုင်နှုန်း အောင်မြင်မည်ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ မျှော်မှန်းထားသည်။ စက်တင်္ဘာ လဆန်းမှစ၍ အစိုအခြောက် ခွဲမပစ်သူများကို တဦးလျှင် ကျပ် ၁၀,၀၀၀ ဒဏ်တပ်မည်ဟု ဌာနမှူးကပြောသည်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း သန့်ရှင်းရေးဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်ရန် အတွက် ငွေကျပ်သိန်းပေါင်း ၅၆,၀၀၀ ကျော် သုံးရန် စည်ပင်မှ လျာထာချက်း ရှိကြောင်း သိရှိရသည်။
Source: Mizzima Burmese

ဘကြီးသက်
Unknown at 10:39 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.