Sunday, August 12, 2012

၅ဝဝဝ တန် ငွေစက္ကူအတုများ သိမ်းဆည်းရမိ


မုံရွာမြို့ ဘုရားကြီးရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ဒေါ်ဝင်းပပ ၄၃ နှစ် (ဘ) ဦးဝင်းမောင်ပိုင် ''ရွှေသဒေါင်း'' ကုန်မာဆိုင်သို့ သြဂုတ် ၈ ရက် ညနေ ၄ နာရီခွဲ က ကျော်စိုးဝင်း ၃၁ နှစ် (ဘ) ဦးညိုအေး ရွှေဘုံသာကျေးရွာ မြောင်မြို့နယ် နေသူသည် ကုန်ပစ္စည်းများကို မသင်္ကာဖွယ် ၅ဝဝဝ တန် ငွေစက္ကူများဖြင့် ဝယ်ယူနေကြောင်း သတင်းအရ မှုခင်းရဲတပ်ဖွဲ့မှ ဒုတိယရဲအုပ်လှကြ

ည်နှင့် ဒုတိယရဲအုပ် ခင်မောင်ဦးတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က စစ်ဆေးရာ ကျော်စိုးဝင်းထံမှ ၅ဝဝဝ တန် ငွေစက္ကူ အတု ၃၇ ရွက်ကို သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ ငွေစက္ကူအတုများသည် တစ်ရွာတည်းနေ ကိုဦး(ခ) ဝင်းမြင့်လွင် ၄၂ နှစ် (ဘ) ဦးကြီးဆောင်ထံက အကြွေးအဖြစ်ရရှိကြောင်းသိရသဖြင့
် ၎င်း၏ နေအိမ်ကို ထပ်မံဝင်ရောက်ရှာဖွေရာ ငွေစက္ကူအတုများတွေ့ရှိခြင်း မရှိကြောင်း သိရသည်။ ကိုဦး(ခ) ဝင်းမြင့်လွင်ကို စစ်ဆေးချက်အရ လွန်ခဲ့သော ၁၅ ရက် ခန့်က အမည်မသိလူသုံးဦး (စိစစ်ဆဲ)မှ ၎င်းပိုင်နွားတစ်ကောင်ကို ငွေကျပ် ငါးသိန်းဖြင့် လာရောက်ဝယ်ယူစဉ် ပေးချေသွားခြင်းဖြစ်ပြီး အဆိုပါကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာမှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ဘကြီးသက်
Unknown at 10:43 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.