Friday, July 27, 2012

NLD အမတ် ၂ ဦး လွှတ်တော်တွင် သတိပေးခံရ



အစိုးရသစ် လက်ထက် ကျင်းပနေတဲ့ လွှတ်တော် မြင်ကွင်း (ဓာတ်ပုံ – ဧရာဝတီ)
ယမန်နေ့က ကျင်းပသည့် ပြည်သူ့ လွှတ်တော်တွင် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အမတ် ၂ ဦး၏ ဆွေးနွေးချက်များကို ထောက်ပြ၍ လွှတ်တော်တွင်း သက်ဆိုင်ရာကိုသာ ဆွေးနွေးကြရန် ၂ ကြိမ် တိုင်တိုင် သတိပေးခဲ့သည်။
NLD ပြည်သူ့လွှတ်တော် အမတ် ဦးအုန်းကြိုင်နှင့် ဦးမင်းသူတို့က ကွတ်ခိုင် မဲဆန္ဒနယ်မှ ဦးတီခွန်မြတ်၏ “တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပြဌာန်းရေး” အဆိုကို ထောက်ခံ ဆွေးနွေးရာ မဆိုင်သည့် အချက်များ မဆွေးနွေးရန် ပြည်သူ့လွှတ်တော်  ဥက္ကဋ္ဌက သတိပေးခြင်း ဖြစ်သည်။
ယင်းအဆိုကို ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအုန်းကြိုင်၊ ဦးမင်းသူတို့ အပါအဝင် လွှတ်တော် အမတ် ၅ ဦးတို့ ထောက်ခံ ဆွေးနွေးခဲ့ကြသည်။
ဦးအုန်းကြိုင်က မြန်မာလူမျိုး စရိုက်သည် ခေါင်းဆောင်ကို အားကိုးကြောင်း၊ ထို့ကြောင့် လွတ်လပ်ရေး တိုက်ပွဲကာလ ဗိုလ်ချုပ်အောင်ဆန်းကို အမျိုးသား ခေါင်းဆောင် အဖြစ်ရခဲ့ကြောင်း၊ သို့သော် ကံဆိုးစွာနှင့် ဗိုလ်ချုပ် အောင်ဆန်း သည် အသက်ဆုံးရှုံးခဲ့ရ၍ နှစ်ပေါင်း ၄၀ ကျော် ခေါင်းဆောင် လိုအပ်ချက်၊ ဟာကွက်ကြီး ဖြစ်ပေါ် နေခဲ့ရာမှ ယခုအခါ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားခေါင်းဆောင်ကြီး၏ ကိုယ်စား၊ ကိုယ်ပွား အဖြစ် ကံကောင်းစွာ ရသည့်အတွက် တိုင်းပြည် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အသုံးချရန်ပင် စသဖြင့် ဆွေးနွေးခဲ့သည်ဟု ယနေ့ထုတ် အစိုးရ သတင်းစာ များတွင် ဖော်ပြထားသည်။
အဆိုပါ ပြောဆိုဆွေးနွေးမှုကို သူရ ဦးရွှေမန်းက လွှတ်တော် လုပ်ထုံးလုပ်နည်း၊ နည်း ဥပဒေများ တိကျစွာ လိုက်နာရန် ပြောဆိုပြီး ပုဂ္ဂိုလ် တဦးတယောက်နှင့် ပတ်သက်၍ လွှတ်တော် ဥပဒေများအရ ဆွေးနွေးခွင့် မရှိဟု ထောက်ပြ သတိပေးခဲ့သည်။
ဦးအုန်းကြိုင်၏ လွှတ်တော်တွင်း ဆွေးနွေးမှုများနှင့် ပတ်သက်၍ ရန်ကုန် နိုင်ငံရေး လောကတွင် ဝေဖန်သံ အမျိုးမျိုး ပေါ်ထွက်နေကြောင်း သိရသည်။
ဝါရင့်နိုင်ငံရေး သမားကြီးတဦးဖြစ်သူ ဦးချန်ထွန်းက လွှတ်တော်အတွင်း၌ ပါတီရေးရာ ကိစ္စများ ဟောပြော သကဲ့သို့ မဆွေးနွေး သင့်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်အဖြစ် နိုင်ငံနှင့် အဝန်း အသိအမှတ် ပြုထားပြီး ဖြစ်သောကြောင့် လွှတ်တော်တွင် ဆွေးနွေးရန် မလိုအပ်ကြောင်း ဧရာဝတီကို ပြောသည်။
“လွှတ်တော်ထဲမှာ ကျတော့ ဒီလိုမျိုးပြောရင်၊ အကုန်လုံးက ကိုယ့်ပါတီ ကောင်းကြောင်းတွေပဲ ပြောကြရင်  လွှတ်တော်က လွှတ်တော်နဲ့ တူမှာ မဟုတ်တော့ဘူး၊ နိုင်ငံရေး စင်မြင့်နဲ့ တူသွားမှာပေါ့” ဟု သူက ဆိုသည်။
ရန်ကုန် နိုင်ငံရေး အသိုင်းအဝန်းကလည်း NLD အမတ် ဦးအုန်းကြိုင်သည် တရားဥပဒေ စိုးမိုးရေးကို အမြဲပြောဆို နေသည့် ပြောသည့် ပါတီကြီးတခုမှ ပြည်သူ့ လွှတ်တော်အမတ် တဦးဖြစ်သော်လည်း တရားဥပဒေ ဆိုင်ရာ လွှတ်တော် လုပ်ထုံးလုပ်နည်းကို မကျွမ်းကျင်သူ၊ ဆွေးနွေးသည့် ခေါင်းစဉ်အစား ပုဂ္ဂိုလ်ရေး အမွှန်းတင်ပြီး ပြောဆိုသူ၊ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ လိုတိုရှင်း ကောင်းမွန်သည့် ဆွေးနွေးချက်များကို မှေးမှိန်စေသူ စသဖြင့် ပြောဆို ဝေဖန်နေကြောင်း သိရသည်။
လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) ခေါင်းဆောင် တဦးဖြစ်သည့် ဦးအေးသာအောင်ကမူ ဦးအုန်းကြိုင်၏ ပါတီခေါင်းဆောင်ကိစ္စ ပုဂ္ဂိုလ်ရေး ဆွေးနွေးချက်ကို သီးခြား မှတ်ချက် မပေးလိုကြောင်း၊ သို့သော်  ဒီမိုကရေစီ နည်းကျသည့် လွှတ်တော်သည် လွှတ်တော် ကိုယ်စားလှယ်များအတွက် လွတ်လပ်စွာ ဆွေးနွေးခွင့် ရှိသည့် နေရာ ဖြစ်သင့်ကြောင်း ထောက်ပြသည်။
“လွှတ်တော် ကိုယ်စားလှယ် တယောက်အနေနဲ့ သူ့ရဲ့ အမြင်၊ သူ့ရဲ့ သဘောထားကိုတော့ လွတ်လွတ်လပ်လပ် ပြော ခွင့်ရှိဖို့တော့ လိုတာပေါ့။ ကျနော်တို့ ကလည်း NLD ကြားဖြတ်ရွေးကောက်ပွဲ မ၀င်ခင်ကတည်းက တကယ်တမ်းကော လွှတ်တော်ထဲမှာ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရှိမလား၊ မရှိဘူးလားဆိုတာကိုလည်း စဉ်းစားခဲ့ပါတယ်” ဟု သူက ဆိုသည်။
သို့သော် နိုင်ငံရေး အကျဉ်းသားဟောင်းတဦး ဖြစ်ပြီး ယခုအခါ အလုပ်သမားများ အရေးအတွက် ဥပဒေ အကြံပေး လုပ်ဆောင် နေသည့် ရှေ့နေ ဦးဌေးက လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို လွှတ်တော်နှင့် သက်ဆိုင်သူ အားလုံး လေးစား လိုက်နာရန် လိုအပ်ကြောင်း၊ ၁၉၆၂ ခုနှစ် နောက်ပိုင်းကတည်းက ဒီမိုကရေစီ ဘောင်အတွင်း လွှတ်တော် မကျင်းပ နိုင်ခဲ့ကြောင်း၊ ၂၀၁၀ နောက်ပိုင်းမှ လွှတ်တော် ပြန်လည် ပေါ်ပေါက်လာသည့် အတွက် လွှတ်တော် အတွေ့အကြုံ နည်းပါးကာ ပြောဆို ဆွေးနွေးရာတွင် အားနည်းချက်များ ရှိနေသေးကြောင်း ဧရာဝတီကို ပြောသည်။
“ပုဂ္ဂိုလ်ရေး အနေအထားအပေါ်မှာ ပြောတာဆိုတာကတော့ သူ့စည်းကမ်း သတ်မှတ်ချက်နဲ့အညီ ထိမ်းထိမ်း သိမ်းသိမ်း ဆောင်ရွက်သင့်တယ်လို့ ယူဆပါတယ်။ လွှတ်တော် ကိုယ်စားလှယ် တယောက်က ကိုယ့်ပါတီ ခေါင်းဆောင်၊ ကိုယ်လေးစားတဲ့ ပုဂ္ဂိုလ်နဲ့ ပတ်သက်လို့ ပြောဆိုတယ်ဆိုရင် ကျန်တဲ့ ပါတီတွေနဲ့ ပုဂ္ဂိုလ်ရေး ဆိုင်ရာ အငြင်းပွားမှုမျိုး ဖြစ်လာနိုင်တယ်” ဟု သူက ဆိုသည်။
တိုင်းပြည်တွင် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖော်ဆောင်ပြီး အားလုံး လက်တွဲ လုပ်ဆောင်နေချိန်တွင် ပုဂ္ဂိုလ်ရေး ဆိုင်ရာ ပြောဆိုဆွေးနွေးမှုများကို အဘက်ဘက်က ထိမ်းသိမ်းသင့်ကြောင်းလည်း သူက ဆက်ပြောသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဦးအုန်းကြိုင်အပြင် တခြား NLD အမတ် ဦးမင်းသူ၏ ဆွေးနွေးချက်ကိုလည်း သတိပေး ခဲ့သေးသည်။ သို့ရာတွင် ဦးမင်းသူ၏ ဆွေးနွေးချက်မှာ သင့်လျော်သည့်အတွက် သူရဦးရွှေမန်း၏ သတိပေးမှုကို ရန်ကုန် နိုင်ငံရေး အသိုင်းအဝန်းက ဝေဖန်ကြသည်။
ဦးမင်းသူက လွှတ်တော်ထဲရှိ တိုင်းရင်းသား ကိုယ်စားလှယ်များသည် နည်းဥပဒေ အချက်အလက် ဆွေးနွေးရာတွင် ပွင့်လင်း သင့်သလောက် မပွင့်လင်းဟု ပြောဆို ဆွေးနွေးခဲ့ရာ သူရ ဦးရွှေမန်းက လွှတ်တော်တွင်း မည်သူမဆို လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးခွင့် ရှိကြောင်း၊ လွှတ်တော်တွင်း ဆွေးနွေးရာတွင် မဆိုင်သည့် အချက်အလက်များကို ထည့်သွင်း မဆွေးနွေးရန် သတိပေးခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အဆိုကို မဆွေးနွေးမီ ပြည်သူ့လွှတ်တော် နည်းဥပဒေ ၁၃၀၊ ပုဒ်မခွဲ (စ) ကို အားလုံး သတိပြု ဆွေးနွေးစေလိုကြောင်း၊ နည်းဥပဒေ (င) တွင် သာမန်အားဖြင့် ပုဂ္ဂိုလ်တဦး၏ အကျင့်စာရိတ္တ၊ အပြု အမူနှင့် စပ်လျဉ်း၍  ဖော်ပြချက်များ မပါရှိစေရ၊ ပုဒ်မခွဲ (စ) တွင် အဆိုတရပ်ကို ဆွေးနွေးရာ၌ ပြောဆိုချက်များသည် လွှတ်တော်တွင် ဆွေးနွေးဆဲ အဆိုများနှင့်သာ အတိအကျ သက်ဆိုင်စေရမည် ဆိုသည့် နည်းဥပဒေကို လွှတ်တော် ကိုယ်စားလှယ်များ သိရှိလိုက်နာရန် လိုအပ်ပါကြောင်း သို့ဖြစ်ပါ၍ ရှေ့ဆက် ဆွေးနွေးရာတွင် ဆွေးနွေးမည့် ကိစ္စအား လွှတ်တော် ဥပဒေ နည်းဥပဒေများအပေါ် တိကျစွာ လိုက်နာဆွေးနွေးကြရန် တိုက်တွန်း အသိပေးလိုကြောင်း သူရ ဦးရွှေမန်းက ပြောဆို သတိပေးသည်ကို ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
 ဧရာဝတီ
ဘကြီးသက်
Unknown at 11:36 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြစ်ဆုံဆည် ဆက်ဆောက်နိုင်ရန် ကချင်အစိုးရအဖွဲ့ကို CPI ချဉ်းကပ်



ဧရာဝတီ မြစ်ဆုံဒေသ မြင်ကွင်းတခု (ဓာတ်ပုံ – Reuters)
ဧရာဝတီ မြစ်ဆုံဆည် ဆက်လက် တည်ဆောက်ခွင့် ရနိုင်ရန်အတွက် တရုတ်ကုမ္မဏီ CPI (China Power Investment) က ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်များကို စည်းရုံး ပြောဆိုမူများရှိကြောင်း အင်ဂျန်းယန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောသည်။
မြစ်ဆုံဆည် စီမံကိန်းသည် ပြည်သူများကို အကျိုးရှိစေမည်ဖြစ်ကြောင်း လူထုအား ပြောပေးရန် တရုတ်ကုမ္ပဏီက ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်များကို စည်းရုံးကြောင်း ၎င်းက ဆိုသည်။
“CPI အနေနဲ့ လူထုဆက်ဆံရေး (PR) အားနည်းခဲ့လို့ စီမံကိန်းရပ်လိုက်ရတယ် ထင်ပြီး စီမံကိန်း ရပ်ဆိုင်းလိုက်ရတဲ့ နောက်ပိုင်း PR ဆက်တိုက် လုပ်လာတာ တွေ့ရတယ်” ဟု Eco Dov. သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်အဖွဲ့၏ စီမံခန့်ခွဲမှု ဒါရိုက်တာ ဦးဝင်းမျိုးသူက ပြောသည်။
စီမံကိန်း ရပ်ပြီးသည့်နောက်ပိုင်းတွင် CPI ကုမ္ပဏီသည် ဒုတိယ သမ္မတ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ အပါအ၀င် အရေးပါ သူများနှင့် ဆက်တိုက်တွေ့ဆုံပြီး မြစ်ဆုံစီမံကိန်း ပြန်လည်စတင်နိုင်ရန် နည်းအမျိုးမျိုးဖြင့် ကြိုးစားခဲ့သည့် အပြင် ယခုလ အစောပိုင်းတွင်လည်း မြစ်ကြီးနားရှိ စစ်ပြေးဒုက္ခသည် စခန်းများသို့ ငွေကြေးလှူဒါန်းမှုများ ပြုလုပ်ခြင်း ပြည်တွင်း ဂျာနယ်များနှင့် အဆက်အဆံ ပြုလုပ်ခဲ့ခြင်းများ ရှိကြောင်း သိရသည်။
စီမံကိန်း ရပ်ဆိုင်းလိုက်ပြီ ဖြစ်သော်လည်း စီမံကိန်းတွင် အသုံးပြုမည့် စက်ပစ္စည်းများ ပြန်လည် သယ်ဆောင် သွားရန်မှာ ပြည်ထောင်စု မြန်မာနိုင်ငံ ဗဟိုအစိုးရ အမိန့် မရသေးသောကြောင့် သယ်ဆောင်သွားခြင်း မပြုနိုင်သေးကြောင်း ဒေါ်ဒွဲဘူ ကပြောသည်။
“စက်ပစ္စည်း တွေပြန်သယ်သွားဖို့ အခွင့်ကတော့ ကချင်ပြည်နယ် အစိုးရအနေနဲ့ ပေးလို့မရဘူး။ ဗဟိုအစိုးရ တာဝန် ဖြစ်တာကြောင့် ဗဟိုနဲ့ပဲ ဆက်သွယ်ပါလို့ ပြောထားတယ်။ ဗဟိုကလည်း ဘာမှမပြောသေးဘူး ဆိုတော့ ပစ္စည်းတွေ ဒီအတိုင်း ရှိနေသေးတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
မြစ်ဆုံ အပါအ၀င် မေခမြစ်တွင် ၁ ခု၊ မလိခ မြစ်တွင် ၅ ခု တည်ဆောက်သွားမည့် ဆည်စီမံကိန်းများအနက် မြစ်ဆုံ၌ တည်ဆောက်မည့် ရေကာတာသည် အရေးအကြီးဆုံးဖြစ်ကြောင်း၊ မြစ်ဆုံတွင် ရေကာတာ တည်ဆောက်နိုင်ပါမှ စီမံကိန်း အမြတ်ထွက်နိုင် မည်ဖြစ်သောကြောင့် CPI အနေနှင့် လက်လွတ်မခံနိုင်ဘဲ ကြိုးစားနေခြင်း ဖြစ်ကြောင်း မြစ်ဆုံအရေး လှုပ်ရှားသူ ကိုမော်ထွန်းအောင်က ပြောသည်။
“မြစ်ဆုံမှာ လုပ်မယ့် ရေကာတာကပဲ Peak load (လျှပ်စစ်ဓာတ်အား တရှိန်ထိုးလိုအပ်မှု) ကို ဖြည့်ဆည်းပေး နိုင်ပါတယ်။ လျှပ်စစ်ဓာတ်အား အတင်အချကို မြစ်ဆုံမှာ ဆောက်မယ့် ရေကာတာကပဲ လုပ်နိုင်စွမ်းရှိတယ်။ ဒါကြောင့် တခြားဟာတွေ မဆောက်ခင် မြစ်ဆုံကို အရင်ကိုင်တာပါ။ ချီဖွေငယ် ကတော့ စီမံကိန်းအတွင်းမှာ သုံးစွဲမယ့် လျှပ်စစ်ထုတ်ဖို့ပါ” ဟု သူက ရှင်းပြသည်။
မြစ်ဆုံအထက်ဘက် လာဆာ ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်မည့် မလိခ မြစ်ဝှမ်းဒေသသည် သစ်တော ဖုံးအုပ်မှု ၈၃ ရာခိုင်နှုန်း ရှိနေပြီး အဆိုပါ သစ်တောများသည် အစိုးရက ထိန်းသမ်းပါမည်ဟု ကတိပြုထားသော နေရာများဖြစ်သည် ဟု ဦးဝင်းမျိုးသူက ပြောသည်။
“မြစ်ဆုံရဲ့ အထက်ဘက်မှာတော့ ပူတာအို၊ ချီဖွေ၊ ဆော့လောဆိုတာ လျှပ်စစ် စီမံကိန်းလုပ်မှ ဖွံဖြိုးတိုးတက်မယ့် နေရာတွေ ရှိတယ်။ မလုပ်သင့်တဲ့အရာမှာ ခွင့်မပြုဖို့ တာဝန်ရှိသလို၊ လူထုကို မထိခိုက်စေဘဲ အကျိုးဖြစ်နိုင်မယ့် နေရာတွေမှာ မြစ်ဆုံလောက်မကြီးတဲ့ ခပ်သေးသေး ဆည်တွေ လုပ်သွားရင် လူထုအတွက်လည်း သင့်တော်မယ့် အရာတွေ ဖြစ်တယ်လို့ ထင်တယ်၊ ဒါက လွှတ်တော်အမတ် တယောက်အနေနဲ့ ပြောတာပါ” ဟု ဒေါ်ဒွဲဘူက ဆိုသည်။
ဧရာဝတီမြစ် ရှင်သန်ရေးအတွက် ထိန်းသိမ်းရမည့် မြစ်ဝှမ်းဒေသများတွင် မေခ၊ မလိခ မြစ်နှစ်သွယ်သည် အရေးအကြီးဆုံး နေရာမှ ပါဝင်နေသည်။
ရေကာတာ ၅ ခု တည်ဆောက်မည့် မေခ မြစ်ဝှမ်းတလျှောက် သည်လည်း ဧရာဝတီ ရေဝေရေလဲ ဒေသ၏ အထူးအရေး ပါသော ဒေသဖြစ်ပြီး ဗဟိုအစိုးရ အာဏာစက် သက်ရောက်ရန် ခက်ခဲသော နေရာဖြစ်သည်။ ၁၉၉၀ မှ ၂၀၀၅ ခုနှစ် အတွင်း ယင်းဒေသမှ သစ်တော ဧက ၇ သိန်း လျော့သွားခဲ့ပြီး ယခင် သမပိုင်းသစ်တောများမှ တောမီးလောင်သည် အထိ ခြောက်သွေ့ သွားခဲ့သဖြင့် အထူး ထိန်းသိမ်းရမည့်နေရာဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင် ပညာရှင်များ၏ အဆိုအရ သိရသည်။
“ဧရာဝတီကို ထိပါးခြင်းဟာ ပြည်ထောင်စုကို ထိပါးခြင်းလို့ သတ်မှတ်ပါတယ်။ နောင် ရွေးကောက်ပွဲကြီး ကျင်းပမယ့် ဆိုရင်တောင်မှ ဧရာဝတီမြစ်နဲ့ ပတ်သတ်လို့ ကတိပေးနိုင်တဲ့ သူမျိုးကိုသာ ရွေးကောက်ပွဲတင်မှာ တင်မြှောက်ဖို့ တိုက်တွန်း ပါမယ်” ဟု ၈၈ မျိုးဆက်ကျောင်းသား ကိုဂျင်မီက ပြောသည်။
ဧရာဝတီ
ဘကြီးသက်
Unknown at 11:34 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ငယ်ပါ ကို သူခိုး က ဖြတ်ယူသွား


Stolen Member
 
တရုတ် ပြည် ဇီကျန်း ပြည်နယ် ၀န်လင်း မြို့  အနီး ရှိ နိုင်ကွေယို ရွာကလေး မှ အသက် ၄၁ နှစ်
အရွယ် ရှိ ဖိလင် အမည်ရှိ အမျိုး သား တစ်ဦး သည် ၎င်း အိပ် ပျော်နေ စဉ် အတွင်း သူ၏ 
ဦးခေါင်း ကို အိတ်ဖြင့် စွပ် ပြီး နောက် ၊ ငယ်ပါ ကို ဖြုတ် ခိုး သွား ကြောင်း ဒေသဆိုင်ရာ ရဲ
တပ် ဖွဲ့  သို့  တိုင်ကြား မှု ကို ဗြိတိသျှ သတင်းစာ တစ်စောင်ဖြစ်သည့်
Daily Star  သတင်းစာ တွင် ဖော်ပြထား သည်။

” သူတို့  ကျွန်တော် အိပ်နေစဉ် မှာ အိမ်ထဲ ကို ရောက်လာ တယ် ၊ ကျွန်တော့် ဦးခေါင်း ကို
ဂုံနီ အိတ်လို ဟာ နဲ့  စွပ် လိုက် ပြီး ၊ ကျွန်တော့် ဘောင်းဘီ ကို ဆွဲ ချွတ်လိုက်တယ်။ နောက်
တော့ ဖြတ်တော့ တာ ပဲ ဗျာ ၊ ပြီး တော့ သူ တို့  ထွက် ပြေး သွား တယ် ၊ ကျွန်တော့် ငယ်ပါ
မရှိ တော့ ပါ ဘူး ဟု ဖိလင် က ငိုကြီးချက် မ ဖြင့် CEN သတင်း သို့  ပြောသည်။

အတိတ် ကာလ က  ဖိလင် ချစ်ထွဋ်တင် ခဲ့ ဖူးသည့် အမျိုးသမီး တစ်ဦးဦးက  ပြန်လည် လက်
စာချေခြင်း ဟု ၀န်လင်း ရဲ့  အဖွဲ့  က ယုံကြည် သောလည်း သူက ” မဟုတ် ရပါဗျာ ” ဟု
တွင်တွင် ငြင်းသည် ဟု Austrian Times သတင်းစာ တွင် ဖော်ပြထား သည်။

အိမ်ထောင်ရှိ သော ဖိလင် ကို အချစ် ဟောင်း က ရက် စက် ပြ ခြင်း ဖြစ်သည် ဟု လည်း
သူ ၏ အိမ်နီးချင်း တို့  က ယုံကြည် ကြ သည်။

နံနက် ၄ နာရီ တွင် ငယ်ပါ ဖြုတ် ခိုး ခံရ ပြီး နောက် ၊ ဖိလင် က ရဲ အဖွဲ့  သို့  တိုင်ကြားမှု
ပြု ခဲ့ သည်။ ရဲ နှင့် ဆေးဝန်ထမ်းများ သည် ဖိလင် ၏ အိမ် အနီး တစ်ဝိုက် ဉ် ငယ် ပါ
တွေ့ လို တွေ့ ငြား ပြန်ရှာ ကြ သော်လည်း လုံးဝ ရှာမတွေ့  တော့ ဟု သိရသည်။

ဖိလင် က ဆေးရုံ ဉ် တရုတ် သတင်းစာ များ ကို ” သွား ပြီ မရှိတော့ ဘူး ” ဟု ပြောသည်။
သူ့ ကို အများ စု က ဂရုဏာ သက်ကြ သော်လည်း မည် သို့  ကူညီရမှန်း မသိ ဖြစ် နေ ကြ
ပြီ မည် သူမှ လည်း စွန့် စား ပြီး မကူညီလို ဟု တရုတ် သတင်း စာ များ က ရေးသား ထား
သည်။

တရုတ် ပြည် တွင် ထို ကဲ့ သို့  သော အဖြစ် အပျက် များ သည် ယခင် က ရှိ ခဲ့ ဖူးပြီး လွန်
ခဲ့ သည့် တစ်နှစ် ကျော် က ကုန်တွင်း ပိုင်း ဇင်းကျန်း  ပြည်နယ် တွင် အမျိုးသမီး တစ်ဦး
၏ အရှက် ကို  မီးပူပေး ထား သည့် သံပြား ဖြင့် ကပ် ကာ လက်စား ချေခဲ့ မှု လည်း ရှိ
ခဲ့သည်။
 FNG
ဘကြီးသက်
Unknown at 11:30 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲ မြန်မာ ၂၀၀ ဝင်ပြိုင်မည်

ရန်ကုန် (မဇ္ဈိမ) ။        ။ ၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာလတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် သတ္တမ အကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစား ပြိုင်ပွဲတွင် မြန်မာ အားကစားသမား ၂ဝဝ ဦးက အားကစားနည်း ၁၂ မျိုးတွင် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်နေလင်း က နေပြည်တော်တွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားသွားသည်။

အဆိုပါ အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲကို ၂၇ ကြိမ် မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲများနှင့် အတူ မြန်မာနိုင်ငံတွင် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး မြို့များတွင် ကျင်းပသွားမည် ဖြစ်သည်။

“ဝင်ရောက်ယှဉ်ပြိုင်မယ့် အားကစားနည်းတွေက ပြေးခုန်ပစ်၊ ရေကူး၊ စားပွဲတင် တင်းနစ်၊ ထိုင်လျက် ဘော်လီဘော၊ မျက်မမြင် စစ်တုရင်၊ သေနတ်ပစ်၊ မျက်မမြင် ဘောလုံး၊ အလေးမ၊ ဘိုးလင်း၊ ဂေါက်သီးရိုက်၊ မြှားပစ်နဲ့ သုံးယောက် တဖွဲ့ ဘက်စကက်ဘော ပြိုင်ပွဲတွေ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်နေလင်း က ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော ဆဋ္ဌမ အကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစား ပြိုင်ပွဲကို
မြန်မာနိုင်ငံမှ အားကစားသမား ၃၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဆုတံဆိပ်ပေါင်း ၃၄ ခု ရရှိခဲ့သည်ဟု ဆိုသည်။

“မသန်စွမ်း အားကစား ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အားကစား သမားတွေကို စခန်းသွင်း လေ့ကျင့်ဖို့ ငွေကျပ် သိန်းပေါင်း ၄,၄၂ဝ ခန့် ကုန်ကျဖွယ် ရှိပါတယ်” ဟု ဗိုလ်ချုပ်နေလင်း က ဆိုသည်။

ထို့အပြင် နိုင်ငံတကာမှ ပြိုင်ပွဲဝင် အားကစားသမားများအတွက် သယ်ယူပို့ဆောင်ရေး ယာဉ်များ၊ တည်းခိုဆောင်များ၊ ပြိုင်ပွဲကျင်းပရေး အားကစားရွာများ ကြိုတင် ဆောင်ရွက်ထားရန်နှင့် စေတနာ့ဝန်ထမ်း အထောက်အပံ့များလည်း လိုအပ်မည် ဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲများကို အိမ်ရှင်အဖြစ် ကျင်းပခွင့် ရရှိရေးအတွက် စင်္ကာပူ
နိုင်ငံနှင့် အပြိုင်ကြိုးပမ်းခဲ့ရပြီး ကစားကွင်း တည်ဆောက်မှု မပြီးပြတ်ခြင်းကြောင့် စင်္ကာပူအနေဖြင့် အိမ်ရှင်ကျင်းပခွင့်
လျှောက်ထားမှုအား ရုတ်သိမ်းခဲ့သည်။

ဘကြီးသက်
Unknown at 11:21 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာသံရုံးနှင့် အကျိုးစီးပွားများကို တိုက်ခိုက်သွားမည်ဟု တာလီဘန် အကြမ်းဖက် အဖွဲ့ ခြိမ်းခြောက်

မန်မာနိုင်ငံတွင်းရှိ ရိုဟင်ဂျာ မွတ်စလင်များ အပေါ် အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းကို လက်စားခြေ သည့် အနေဖြင့် ပါကစ္စတန် နိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် မြန်မာ့ အကျိုးစီးပွားများကို တိုက်ခိုက်သွားမည်ဟု ပါကစ္စတန်တာလီဘန် လက်နက်ကိုင် စစ်သွေးကြွ အဖွဲ့ Tehreek-e-Taliban(TTP) က ခြိမ်းခြောက်---

သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ



သစ်ထူးလွင်
ဘကြီးသက်
Unknown at 9:56 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

"ဆေးကျောင်းသူ ဝင်ခွင့်အချိုး ၁ဝ ရာခိုင်နှုန်းတိုး"


ဆေးတက္ကသိုလ်၌ တက်ရောက်ပညာ သင်ကြားခွင့်ပြုမည့် ကျောင်းသူအချိုး ကို ယခုပညာသင်နှစ်မှစ၍ တိုးမြှင့်သွားမည်ဟု ကျန်းမာရေး ဝန်ကြီးဌာန အကြီးတန်းအရာရှိက ပြောသည်။
ယခင်က ဆေးတက္ကသိုလ်မှ လက်ခံရာတွင် ကျောင်းသူ ဦးရေ အား ၄ဝ ရာခိုင်နှုန်းအထိသာ ခွင့်ပြု ပေးခဲ့သော်လည်း ယခုနှစ်တွင် ၅ဝ ရာခိုင်နှုန်းသို့ တိုးမြှင့်လိုက်သည်ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
''ဝင်ခွင့်ရတဲ့ ယောက်ျားလေးနဲ့ မိန်းကလေးဦးရေကို တန်းတူ ပေးလိုက်တာ ပါ''ဟု ကျန်းမာရေး ဝန်ကြီးဌာန အကြီးတန်းအရာရှိက ဆက်လက်ပြော သည်။
ယခုပညာသင်နှစ်တွင် ဆေးတက္ကသိုလ်အသီးသီးတို့၌ ဝင်ခွင့်ရကျောင်း သား ကျောင်းသူဦးရေ ၁၂ဝဝ ကိုသာ လက်ခံပေးမည်ဖြစ်ရာ ပညာရေး ဝန်ကြီးဌာနက လျှောက်ထားသူများ၏ အမှတ်အလိုက် စီတန်းကာ ရွေးချယ် သွား မည်ဖြစ်သည်။
ပညာရေးဝန်ကြီးဌာန၏ သဘောတူညီမှုဖြင့် ကျောင်းသား ၆ဝဝ နှင့် ကျောင်း သူ ၆ဝဝ လက် ခံသွားမည့်အထဲတွင် နယ်စပ်ဒေသ နှင့် ဝေးလံခေါင် ပါးသောဒေသမှ ဆေးကျောင်းတက်ရန် ယခုနှစ် တက္ကသိုလ် ဝင်တန်းအောင် လျှောက်ထားသူ ကျောင်းသား၊ ကျောင်းသူ သုံးရာခိုင်နှုန်း ပါဝင်မည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
ဝင်ခွင့်ရ ကျောင်းသား၊ကျောင်းသူများ လျှောက်ထားသည့်ဒေသနှင့် နီးကပ် သည့် ဆေးတက္ကသိုလ်တို့တွင်သာ တက်ရောက်ခွင့်ပြုသည့် စနစ်ကိုပါ ယခုနှစ်တွင် ပူးတွဲကျင့်သုံးတော့မည်ဖြစ်သည်။ သွားဘက်ဆိုင်ရာ ဆေး တက္ကသိုလ်များ၌ ယခုနှစ် ပညာသင်နှစ်တွင် အပြောင်းအလဲပြုလုပ်မည် မဟုတ်ဟု အထက် ပါဝန်ကြီးဌာန အကြီးတန်းအရာရှိက ဆက်လက်ပြော သည်။
''သွားဆေးတက္ကသိုလ်က အမျိုးသမီး လက်ခံတဲ့ ဦးရေကို နဂိုကတည်းက သတ်မှတ်ထားတာ ရှိထားပြီးသားပါ။ ကျောင်းသား အတိုးအလျှော့ ဒါတွေလည်း ဒီနှစ်မှာလုပ်ဖို့ ဘာမှ မကြားထားမိပါဘူး''ဟု ပြောသည်။
၂ဝ၁၁-၂ဝ၁၂ တက္ကသိုလ်ဝင်ခွင့်တွင် ဆေးတက္ကသိုလ်အတွက် ကျောင်းသူ ဦးရေ ၄ဝ ရာခိုင်နှုန်း၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၌ ကျောင်းသူ ဦးရေ ၂ဝ ရာခိုင်နှုန်း၊ သူနာပြုတက္ကသိုလ်တွင် ကျောင်းသား ဦးရေ ၁ဝ ရာခိုင်နှုန်းနှင့် အခြေခံကျန်းမာရေး တက္ကသိုလ်တွင် ကျောင်းသူဦးရေ ၂ဝ ရာခိုင်နှုန်း လက်ခံခဲ့သည်။

Popular Myanmar News Journal
ဘကြီးသက်
Unknown at 1:42 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အောက်ခြေက မပြောင်းဘူးတဲ့လား ( ၂ )

 
မေး ။      ။ ခုဆရာပြောတာတွေကလဲ ပြင်ရဆင်ရမယ့်အရာတွေပါဘဲ ၊ ဒါတွေ ပြောင်းလာဘို့အတွက် လိုအပ်ချက်တွေ အများကြီး ဆိုတာတော့ ထားပါတော့လေ ၊ ဒါပေမယ့်တစ်ခုရှိတာက ခုဌာနဆိုင်ရာရုံးတွေကို သွားလိုက်ရင် ပြည်သူကို တန်းတူမဆက်ဆံဘူးဆရာ ၊ အာဏာပြချင်တယ် ၊ အော်ချင်ငေါက်ချင်တယ် ၊ မျက်နှာ ရှစ်ခေါက်ချိုး သူ့လုပ်စာစားနေတဲ့ပုံစံမျိုးနဲ့ ဆက်ဆံတယ် ဒါကတော့ ခုန ဆရာပြောသလို မလိုဘူးမဟုတ်လားခင်ဗျာ ချက်ချင်းပြင်လိုက်ရင် ရနိုင်တာပဲ ခုတော့မပြင်ဘူးဆရာ ဒါကို ဆရာဘယ်လိုပြောမလဲ.......။

ဒေါက်တာဆိတ်ဖွား ။      ။ (ရယ်လျှက်) မောင်ရင် အဲဒါအခက်ဆုံးပေါ့ကွာ....... ဒါပြင်ဘို့ဆိုတာက သိပ်ခက်တယ် ၊ သူက အချိန်ပိုယူရလိမ့်မယ် မထင်ရင် ဂျန်နရေးရှင်း ၂ ဆက်လောက်ကြာသွားနိုင်တယ် ၊ မင်းတို့ ကိုယ်တို့ သက်တမ်း မှာ မမီနိုင်တော့ဘူး ထင်တာပဲ ...။

မေး ။     ။ ဟာ.. မဟုတ်တာပဲဆရာရယ် ချက်ချင်းပြင်လို့ ရရမှာပေါ့ဗျာ ....။

ဒေါက်တာဆိတ်ဖွား ။      ။ ဒါက ခုနပြောခဲ့သလို mindset ကွ .....၊ ခေါက်ရိုးကျိုးနေတဲ့ မြန်မာတွေရဲ့အကျင့် နှစ်ပေါင်းများစွာ ခေါက်ရိုးကျိုးလာတာ သိပ်ပြင်ရခက်တယ် ၊ ဥပမာဆိုပါတော့ မြန်မာတွေ အိမ်မွေးတိရစ္ဆာန် မွေးတာကိုကြည့် ဒီအထဲမှာ သခင်ကိုတုန့်ပြန်မှုအကောင်းဆုံးဆိုတဲ့ ခွေးမွေးတာကိုပဲကြည့် ၊ အနောက်နိုင်ငံတွေမှာ ခွေးကိုဘယ်လိုမွေးလဲ မောင်ရင်လဲသိတယ် ၊ ခွေးကိုလူနဲ့တန်းတူထားတယ် ၊ ကောင်းကောင်းကျွေးတယ် ၊ကောင်းကောင်းထားတယ် ရေချိုးပေးတယ် ဖျားရင်နာရင် ဆရာဝန်နဲ့ကုပေးတယ် ၊ ခွေးနံ့မနံအောင် အမွှေးနံ့သာတွေဘာတွေ သုံးပေးတယ် ခွေးစာကိုတောင် အစာဆိုင်မှာ ခွေး ၁ လသားကနေ ၆ လသားကဘယ်အစာ ၆လက ၁ နှစ်က ဘာကျွေး ဆိုတာမျိုးထိ ရှိတယ် ၊ ပြောချင်တာက ခွေးကိုတောင် ဒီလိုဆက်ဆံတဲ့ လူ့ပတ်ဝန်းကျင်ဟာ လူအချင်းချင်းဆို ဘယ်လို စိတ်ထားမလဲ မောင်ရင်တွေးကြည့်ပေတော့ အများစုက ဒီလိုစိတ်ရှိကြတယ် ချွင်းချက်နဲနဲပါးပါးကလွဲရင် ဒီအတိုင်းပဲ ရှိတယ် ။

မြန်မာပြည်မှာတော့ ခွေးကို ဒီလိုဆက်ဆံဘို့နေနေသာသာ အိမ်ပေါ်တက်ရင်ရိုက်ချတယ် ၊ လူတွေထမင်းစားရင်ခွေးက မျက်နှာငယ်လေးနဲ့ အမြီးနံ့ပြီးစောင့်နေရတယ် ၊ ကျန်မှကျွေးတယ် ၊ ကိုယ်ကျွေးမှ စားရမယ်မှန်းသိရက်နဲ့ အကုန်စားပစ်ပြီး အရိုးပဲကျွေးတယ် ၊ဒီတော့ခွေးခမျာ ဗိုက်ဆာလို့ တွေ့တာလေးစားမိရင် ခွေးသူခိုးဆိုပြီး ရိုက်တယ် တွေ့တာနဲ့ကောက်ပေါက်တယ် နောက်ဆုံးခွေးတွေဟာ လူတွေစွန့်တဲ့ မစင်ကို စားရတဲ့အဖြစ်ရောက်သွားတယ် ၊ ခွေးဖျားရင် သြော် ... သတ္တ၀ါတခု ကံတခုပေါ့လေ ဖျားရှာပြီ ဆိုပြီး ဒီတိုင်းကြည့်နေလို့ သေသွားတဲ့ မြန်မာခွေးတွေ မရေမတွက်နိုင်တော့ဘူး ၊ တော်တော့ကိုနေနိုင်ကြတယ် ၊ အိမ်ပေါ်တက်တဲ့ လှေခါးအောက်ဆုံးထစ်ကလေးမှာ ကလေးတစ်ယောက်ယောက်ကများ ထိုင်နေမိရင် ခွေးကတစ်မှာ ထိုင်ရကောင်းလားဆိုပြီး ခလေးဖင်ကို ရိုက်တဲ့အမေတွေလဲ တပြုံကြီးရှိတယ် ကိုယ့်မြန်မာခွေးတွေ မရေမတွက်နိုင်ရှိပါရက်နဲ့  ပြည်ပကခွေးကို ဈေးကြီးပေးဝယ်ပြီး မွေးတယ် ၊ ခွေးနဲ့လမ်းလျောက်တယ် ၊ မြန်မာ ခွေးကို လက်ကဆွဲပြီးလမ်းလျှောက်တဲ့သူများ မောင်ရင်တွေ့ဘူးလား မြန်မာပြည်မှာ ခွေးဖြစ်ရတာ ခွေးဖြစ်ရှုံးတယ် ဒီထက်ရှင်းအောင်ပြောရရင် ခွေးအခွင့်အရေးချိုးဖေါက်ခံနေရတယ် ပြောချင်တာက မြန်မာတွေဟာ ကိုယ်ကကျွေးမှစားရတဲ့ခွေး ကိုယ်ပြုသမျှနုရတဲ့ခွေးလေးတွေကိုတောင် ဒီလိုဆက်ဆံရင် ကိုယ့်ဖာသာရပ်တည်နိုင်တဲ့ လူအချင်းချင်းကျတော့ ပိုဆိုးတော့တာပေါ့ကွာ ဒီအကျင့်ကြီးက ကလေးလူကြီးအကုန်စွဲနေတာကွ .... သိပ်ပြင်ရခက်တယ် ။

မေး ။     ။ ဒါကတော့ခွေးကိုး... ဆရာရယ် 

ဒေါက်တာဆိတ်ဖွား ။     ။ ခွေးမှမဟုတ်ဘူးမောင်ရင် .... လူအချင်းချင်းလဲ ဒီအကျင့်ကြီးကပါနေတယ် ၊ ဥပမာပြောရရင် အိမ်ဖေါ်လုပ်တဲ့ကလေးတွေကို အိမ်ရှင်ကဘယ်လိုဆက်ဆံလည်း ၊ လူလိုမအိပ်ရဘူး ကြမ်းပြင်လိုဟာမျိုး ၊  မီးဖိုချောင်နောက်ကအခန်းလို ဟာမျိုးမှာအိပ်ရတယ် စားတော့လဲဒီအတိုင်းပဲ အိမ်ရှင်စားပြိး အကျန်တွေစုကျွေးတယ် ၊ရုပ်ရည်ကလေးသနားကမားရှိတဲ့ အရွယ်မရောက်တရောက် အိမ်ဖေါ်ကလေးတွေကို " ဒီရုပ်မျိုးပေါ့ လင်ထောင်တယ်ဆိုတာ " " ညီးကိုဒီအတိုင်းထားလို့မဖြစ်ပါဘူးအေ အိမ်ကဟာကြီးကလည်းညီးကို မျက်နှသာပေးကပေးနဲ့ ဒီတော့ ညီး ကတုံးတုန်းရမယ် ကတုံးမတုန်းရင် အိမ်ပေါ်က ခုမြန်မြန်သာကြွပေတော့ " ဆိုလို့ အိမ်ဖေါ်လေးတွေခမျှာ ကတုံးတုံးရရှာတယ် ပြီးတော့ ဒီအတိုင်းမနေသေးဘူး " ကတုံးမ " လို့ပါခေါ်လိုက်သေးတယ် သူဒီလို နှိမ့်နှိမ့်ချချခေါ်ချင်သလိုခေါ်လိုက်တာကိုပဲ ကလေးက " ဟုတ်ကဲ့မေမေကြီး " " ဟုတ်ကဲ့မမလေး " ဆိုပြီးထူးရရှာတယ် ၊စိတ်ပျက်စရာမကောင်းဘူးလား ၊ နောက်ပြီးမနက်မိုးမလင်းခင် ထရတယ် ၊ အိမ်ရှင်အိပ်ပြီး ည ၁၁ ကျော်မှ အိပ်ရတယ် ၊ တနေ့အလုပ်ချိန်ဟာ ၁၈ နာရီလောက်ဖြစ်နေတယ် ၊ ဒီကြားထဲ သူတို့စိတ်နဲ့မတွေ့ရင် ရိုက်တယ် နှက်တယ် ၊ တွေ့တာနဲ့ ကောက်ပေါက်တယ် ၊အိမ်ဖေါ်ကလေးတွေဖျားရင် ဆရာဝန်တို့ဘာတို့မပြဘူး ဆရာမောင်ဆေးနီမှုန့်လောက်နဲ့ပဲ ကုတယ် ဒီကြားထဲ "  အမလေးတော် ကိုယ်ကအကူရမလားဆိုပြီး ခေါ်ထားပါတယ် တကထဲ ဒင်းကို ပြန်ပြုစုနေရတယ် မြန်မမြန်ပျောက်ကင်းတော်မူပါ သခင်မလေးရယ် " ဆိုပြီး ရွဲ့တာလိုလို စောင်းတာလိုလိုနဲ့ ဟိုဖျားနေတဲ့ကလေးကို စိတ်မဆင်းရဲ ဆင်းရဲအောင်လုပ်တယ် ၊အိမ်ကကလေးတွေက အိမ်ဖေါ်နဲ့ဆော့ရင် မတူတဲ့မတန်တဲ့ဟာနဲ့ ဆော့ရကောင်းလားဆိုပြီး ပိုးစိုးပက်စက်ပြောတယ် ခုန ခွေးနဲ့ ဘာထူးလဲ ၊ ဒီလိုအဆက်ဆံခံနေရတယ် ၊ တနေကုန် ၁၈ နာရီလောက်အလုပ်လုပ်နေပါလျှက် ဒီလိုဆက်ဆံခံနေရတယ် ၊ သြော်သူ့ခမျာ ပင်ပင်ပန်းပန်း လုပ်နေရရှာတာပါလား ၊ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေရှာတာပါလားဆိုပြီး လူရာသွင်းဆက်ဆံတဲ့သူ မရှိသလောက်ကိုရှားတယ် ၊  ခွေးနဲ့ ဘာထူးတော့လည်း ..... သိပ်ကိုရင်နာဘို့ကောင်းတယ် မောင်ရင် ...

ဒါဥပမာတစ်ခုပြောတာနော် လ္ဘက်ရည်ဆိုင်ပိုင်ရှင်နဲ့စားပွဲထိုး ၊ ကုမ္ပဏီပိုင်ရှင်နဲ့ သူ့ဝန်ထမ်း ၊ ဒရိုင်ဘာနဲ့စပယ်ယာ ၊ ၀ပ်ရှော့ဆရာနဲ့အလုပ်သမား ခြုံပြောရရင် အလုပ်ရှင်နဲ့အလုပ်သမား ဆက်ဆံရေးအကုန်လိုလိုမှာ ဒီအတိုင်းပဲ  နေရာအကုန်လုံးလိုလို ဒီအတိုင်းဖြစ်နေတယ် အထက်စီး အသာစီးရတဲ့သူတိုင်းလိုလိုက သူတို့အောက်ကလူတွေကို အထက်စီးကနေ ဆက်ဆံတာ ခုန မောင့်ရင့်စကားနဲ့ပြောရရင် အာဏာပြနေတာ နေရာတိုင်းလိုလို ဖြစ်နေတယ် ၊ ဒါကိုမောင်ရင်က အစိုးရ၀န်ထမ်းတွေပဲရွေးပြင်ရမယ်ဆိုတော့ ဘယ်တရားပါ့မလဲကွာ .....

မြန်မာတပြည်လုံးမှာရှိတဲ့ မြန်မာတိုင်း မြန်မာတိုင်းက ဒီနေ့ကစပြီး တက်ညီလက်ညီပြင်ကြပါမှ နောက် အနှစ် ၂၀ လောက်ကြာရင် အပြောင်းအလဲဖြစ်လာနိုင်မယ့်ကိစ္စကြီးကို တွေးပြီး စိတ်ပူနေရင် မောတာပဲရှိမယ် ... လောကကြီးဟာသူဖြစ်ချင်သလို ဖြစ်နေတယ်လို့နားလည်ထားလိုက်စမ်းပါမောင်ရင်ရာ......
 
http://mgthetnaing.blogspot.com/2012/07/blog-post_5567.html

 Voice Of  Myanmar

ဘကြီးသက်
Unknown at 1:18 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပြည်ပတွင် သွားရောက် အလုပ် လုပ်ကိုင်မည့် သူများမှာ သက်ဆိုင်ရာ နိုင်ငံအလိုက် ဥပဒေများ သိရှိထားရန် လိုအပ်



ပြည်ပ အလုပ် လုပ်ကိုင်မှု ကြီးကြပ်မှု ကော်မတီရဲ့ ကြီးကြပ်မှုနဲ့ ထိုင်းနိုင်ငံသို့ မြန်မာ လုပ်သားများ စေလွှတ်ခြင်း လုပ်ငန်း ဆိုင်ရာ သုံးသပ်ရေးနဲ့ ထိုင်းနိုင်ငံရောက်
မြန်မာ အလုပ်သမား ရေးရာ ကိစ္စရပ်များ ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲမှာ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ မြန်မာနိုင်ငံမှ လုပ်သား တွေဟာ ပြည်ပနိုင်ငံ တွေမှာ သွားရောက် အလုပ် လုပ်ကိုင်ပါက သက်ဆိုင်ရာ နိုင်ငံတွေရဲ့ ဥပဒေ တွေကို သိရှိထားဖို့ လိုအပ်တယ်လို့ သိရပါတယ်။

အဲ့ဒီလို သိရှိထားဖို့ လိုအပ်တဲ့ အချက်တွေ ကတော့ အခြေခံ အလုပ်သမား အခွင့်အရေးနဲ့ သက်ဆိုင်တဲ့ ဥပဒေများ၊ လုပ်ငန်းခွင် အတွင်း မတော်တဆ ဖြစ်မှုကြောင့် ထိခိုက် ဒဏ်ရာနဲ့ ရောဂါရခြင်း၊ သေဆုံးခြင်းများ အတွက် နစ်နာကြေး၊ လျော်ကြေးများ ရရှိခံစား နိုင်ဖို့အတွက် ဥပဒေများ စတဲ့ ဥပဒေတွေကို သိရှိထား သင့်တာ ဖြစ်ပါတယ်။ အဆိုပါ ပွဲမှာ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ  ဥပဒေများကို မသိရှိတဲ့ အတွက် မြန်မာလုပ်သား တွေဟာ ပြည်ပနိုင်ငံ တွေမှာ အလုပ်ရှင်များရဲ့ လူမှုရေး ချိုးဖောက်ခံရမှု တွေကို တွေ့ကြုံနေရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ယခု လက်ရှိမှာ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ သွားရောက် လုပ်ကိုင်နေတဲ့ လုပ်သား တွေမှာ အလုပ်ခေါ်တဲ့ အေးဂျင့်များနဲ့ ပွဲစားအချို့ရဲ့ ခေါင်းပုံဖြတ်မှုကို ကြုံတွေ့ နေရတယ်လို့ သိရပါတယ်။ ၂၀၀၃ ခုနှစ်မှာ မြန်မာ-ထိုင်း နှစ်နိုင်ငံ တာဝန်ရှိသူများ ချုပ်ဆိုခဲ့တဲ့ အလုပ်သမား ခေါ်ယူရေး ဆိုင်ရာ စာချုပ်မှာ အလုပ်သမား ခေါ်ယူသူ ကုမ္ပဏီ အနေနဲ့ မိမိ ခေါ်ယူမယ့် လုပ်သားရဲ့ ကုန်ကျစရိတ် များကို ကုမ္ပဏီမှ ပေးဆောင်ဖို့ ပြဋ္ဌာန်းထား ပေမယ့်လည်း ယခုလက်ရှိမှာ မြန်မာ လုပ်သားတွေဟာ ထိုင်းနိုင်ငံသို့ သွားရောက် လုပ်ကိုင်ပါက ကုန်ကျစရိတ် များကို မိမိတို့ဘာသာ ကုန်ကျခံနေ ရတယ်လို့ သိရပါတယ်။
 MRTV 4
ဘကြီးသက်
Unknown at 1:13 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကမ္ဘာ့ဘဏ် အကြီးတန်း အရာရှိ မြန်မာခေါင်းဆောင်များနှင့် တွေ့မည်

ကမ္ဘာ့ဘဏ် ရုံးသစ်ကို မြန်မာနိုင်ငံတွင် ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဒုတိယ ဥက္ကဋ္ဌ Pamela Cox ကြီးမှူး၍ ဇူလိုင်လ ၃၀ ရက်နေ့တွင် စတင် ဖွင့်လှစ်မည် ဖြစ်သည်။

ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဒုတိယ ဥက္ကဋ္ဌ Pamela Cox
ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဒုတိယ ဥက္ကဋ္ဌ Pamela Cox (ဓာတ်ပုံ - World Bank)
Pamela Cox အနေဖြင့် မြန်မာနိုင်ငံတွင် ရှိနေစဉ်အတွင်း မြန်မာအကြီးတန်း အရာရှိများအပြင် ဖွံ့ဖြိုးရေး လုပ်ဖော်ကိုင်ဘက်များနှင့် တွေ့ဆုံမည် ဖြစ်ပြီး
မြန်မာ့ စီးပွါးရေး တိုးတက်စေရေး၊ အထူးသဖြင့် ဆင်းရဲသားများနှင့် အခြေခံလူတန်းစားများ ချောင်လည်လာစေရေးအတွက် ကမ္ဘာ့ဘဏ်အနေဖြင့်
ချေးငွေများနှင့် အစီအစဉ်များ ရေးဆွဲရေးနှင့် ပတ်သတ်သည့် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်မည် ဖြစ်သည်။

ဤသည်မှာ ၂၀၁၀ ခုနှစ်တွင် အစိုးရသစ် စတင်တာဝန်ယူစဉ်ကတည်းက
မြန်မာနိုင်ငံသို့ ကမ္ဘာ့ဘဏ်၏ အကြီးတန်း အရာရှိတဦး ပထမဆုံး အကြိမ် လာရောက်ခြင်းလည်း ဖြစ်သည်။

ကမ္ဘာ့ဘဏ်၏ ပထမ ဦးစားပေးများမှာ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး စနစ်အား အကဲဖြတ်ရင်း မြန်မာနိုင်ငံ၏ ကြွေးကျန်များ
အပေါ် ဆုံးဖြတ်ပြဋ္ဌာန်းခြင်းနှင့် တိကျမှန်ကန်သော စီးပွါးရေးဆိုင်ရာ အချက်အလက်များ ရရှိရေးတို့ ဖြစ်ကြောင်း Cox က ပြောခဲ့သည်ဟု ဧပြီလတွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာများတွင် ဖော်ပြခဲ့သည်။

မြန်မာအစိုးရ၏ ခြေလှမ်းများအပေါ် ကမ္ဘာ့ဘဏ် အနေဖြင့် အားရကျေနပ်မိကြောင်း Cox က ပြောဆိုခဲ့ပြီး အဖွဲ့ဝင်
နိုင်ငံများနှင့် အခြား အေဂျင်စီများပေါ် မူတည်၍ တဆင့်ချင်း တုံ့ပြန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ပြောခဲ့
သည်။

“ကျမတို့ အနေနဲ့ ကျမတို့ရဲ့ ဆက်ဆံရေးတွေ ရှေ့ကိုတိုးတက်သွားဖို့  ကျမတို့ရဲ့ ဘုတ်အဖွဲ့ဝင်တွေ၊ ကျမတို့ရဲ့ ရှယ်ယာရှင်တွေ၊ တခြား လုပ်ဖော်ကိုင်ဘက်တွေ၊ IMF နဲ့ တကွ မြန်မာအစိုးရနဲ့ပါ နီးနီးကပ်ကပ် အလုပ်လုပ်နေပါတယ်” ဟု သူက ဝါရှင်တန်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ 

၁၉၈၀ ခုနှစ်၊ နောက်ပိုင်း ကာလများအတွင်း မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ်မှ ချေးယူခဲ့သည့် ဒေါ်လာ ၃၉၃ သန်း
ကြွေးတင်နေသည်ဟု Cox က ဆိုသည်။ ထို့ပြင် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) သို့လည်း ဒေါ်လာ သန်း ၅၀၀ ခန့်
ကြွေးတင်နေသည်။

မြန်မာနိုင်ငံသည် နိုင်ငံ၏ ဆက်ဆံရေး အခြေအနေများ ပုံမှန်ပြန်ဖြစ်ရန် ကြိုးစားနေချိန်တွင် မည်မျှ အကြွေးများဖြင့် ဝန်ပိနေပြီး နိုင်ငံ၏ အကြွေးမည်မျှအား လျှော်ပေးသင့်သည်ကို သိရှိရန်အတွက် အကြွေးအခြေအနေနှင့် ပတ်သတ်သည့်
လေ့လာသုံးသပ်မှု တရပ်အား ကမ္ဘာ့ဘဏ်အနေဖြင့် အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) နှင့် ပူးပေါင်း
ဆောင်ရွက်ကာ လုပ်ဆောင်ရန် ရှိနေသည်ဟု Cox က ဆိုခဲ့သည်။

ထို အခြေခံ လေ့လာသုံးသပ်မှုတွင် “အစိုးရတွင် ထိထိရောက်ရောက် လည်ပတ် လုပ်ကိုင်နိုင်မည့် ဘဏ္ဍာရေး စနစ်တရပ် ရှိပါသလား?” “အစိုးရတွင် ထိရောက်သည့် ဘတ်ဂျတ် စနစ်တရပ် ရှိပါသလား?” “အမှန်တကယ် အလုပ်လုပ်နေသည့် အစိုးရ အဖွဲ့တရပ် ရှိပါသလား?” စသည့် မေးခွန်းများ ပါဝင်သည်ဟု Cox က ဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ချေးငွေ အစီအစဉ်များ ပြန်လည်မစတင်ခင်၌ ဘဏ်အနေဖြင့် ကြွေးကျန်များ၊ စီးပွါးရေးအခြေအနေနှင့် လိုအပ်ချက်များအပေါ် စီးပွါးရေး အကဲဖြတ်မှု တရပ် ပြုလုပ်သွားမည်ဟု ဆိုသည်။

“ပြုပြင်ပြောင်းလဲရေးတွေဟာ ထိရှလွယ်တယ်ဆိုတာ ကျမတို့ အသိအမှတ်ပြု လက်ခံပါတယ်။ ပြီးတော့ စွန့်စားလုပ်ဆောင်ရမှာတွေကိုလည်း ကျမတို့ ကောင်းကောင်း သတိပြုမိပါတယ်။ ကျမတို့ရဲ့ မြန်မာနိုင်ငံအတွင်း
ဆောင်ရွက်ချက်တွေရဲ့ အရှိန်အဟုန်ဟာ မြန်မာနိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ဆက်လက် ထိန်းသိမ်းထားနိုင်စွမ်း ရှိ/မရှိ ဆိုတဲ့ အချက်ပေါ်မှာ မူတည်နေပါတယ်” ဟု Cox က ဆိုသည်။ 

ADB အနေဖြင့်လည်း ဇူလိုင်လ ၃၀ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံတွင် ရုံးခန်းတခု ဖွင့်လှစ်မည် ဖြစ်သည်။

မြန်မာနိုင်ငံ ADB ရုံးအား လောလောဆယ်ကာလတွင် ကမ္ဘာဒီးယားနိုင်ငံဆိုင်ရာ ADB ဒါရိုက်တာ Putu Kamayana က ကြီးကြပ်ညွှန်ကြားမည် ဖြစ်ပြီး ရည်ရွယ်ချက်မှာ ချေးငွေများ မပေးအပ်သေးခင်နှင့် အခြား ဖွံ့ဖြိုးရေး လုပ်ငန်းများ မလုပ်ကိုင်သေးမီအတွင်း မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ပြန်လည်ထူထောင်ရန် ဖြစ်သည်။
 မဇ္ဈိမသတင်းဌာန
ဘကြီးသက်
Unknown at 1:08 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကမ္ဘာ့မူဆလင်အဖွဲ့ကြီးက သမ္မတ ဦးသိန်းစိန်ထံ စာပို့

နယူးဒေလီ (မဇ္ဈိမ) ။        ။ အဖွဲ့ဝင်နိုင်ငံပေါင်း ၅၇ နိုင်ငံရှိသည့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)၏ အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu က မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတို့ထံသို့ မြန်မာနိုင်ငံအတွင်း မူဆလင်များအပေါ် အကြမ်းဖက်မှုများ အဆုံးသတ်ရေးအတွက် ကူညီပေးပါ ရန် ဗုဒ္ဓဟူးနေ့က စာရေးသား တောင်းဆိုလိုက်သည်။

OIC အတွင်းရေးမှူးချုပ် Dr. Ekmeleddin Ihsanoglu ဓာတ်ပုံ - oic-oci.org
OIC အတွင်းရေးမှူးချုပ် Dr. Ekmeleddin Ihsanoglu ဓာတ်ပုံ - oic-oci.org
ရိုဟင်ဂျာ မူဆလင်များ၏ လုံခြုံရေးအတွက် ဆောင်ရွက်ပေးပါရန် သမ္မတ ဦးသိန်းစိန်အား OIC အတွင်းရေးမှူးချုပ်က တောင်းဆိုထားခြင်းဖြစ်သည်။

ဦးသိန်းစိန်ထံ ပေးပို့လိုက်သော Dr. Ihsanoglu ၏ စာတွင် မြန်မာနိုင်ငံ
အတွင်း မူဆလင်များအပေါ် ဖိအားပေးနေမှုများ အဆုံးသတ်ရန်အတွက်
ရေးသားထားကြောင်း OIC က ကြေညာချက်ထုတ်ပြန်ထားသည်။

“ဤကိစ္စနှင့်ပတ်သက်ပြီး OIC အနေဖြင့် မြန်မာနိုင်ငံအား မည်သည့်အကူ
အညီမျိုးမဆို ပေးအပ်ရန် အဆင်သင့် ဖြစ်နေပါသည်” ဟု ဦးသိန်းစိန်ထံ
ရေးသားပေးပို့လိုက်ပြီး မစ္စတာ ဘန်ကီမွန်းထံသို့ ပေးပို့လိုက်သော စာတွင်လည်း “ဤကိစ္စနှင့်ပတ်သက်ပြီး OIC အနေဖြင့် ကုလသမဂ္ဂအား မည်သည့်အကူအညီမျိုးမဆို ပေးအပ်ရန် အဆင်သင့် ဖြစ်နေပါသည်” ဟူ၍ အလားတူ ပါရှိသည်။ ထို့ပြင် ကုလသမဂ္ဂအနေနှင့် မြန်မာအစိုးရအပေါ် ပိုမိုသြဇာညောင်းပါစေကြောင်းလည်း ရေးသားထားသည်ဟု ဆော်ဒီ အာရေးဗျနိုင်ငံ Jaddah မြို့မှလာသည့် Anadolu Agency သတင်းတရပ် တွင် ဖော်ပြပါရှိသည်။

ရိုဟင်ဂျာ မူဆလင်များအပေါ် တိုက်ခိုက်မှုများအား လျှင်မြန်စွာ စုံစမ်းဖော်ထုတ်ပြီး တာဝန်ရှိသူများအား တရားရုံးတင်စစ်ဆေးမှုအတွက် ဆောင်ရွက်ပေးပါရန် ဦးသိန်းစိန်ကို OIC အတွင်းရေးမှူးချုပ် Dr. Ekmeleddin Ihsanoglu က တောင်းဆိုထားသည်။

၁၉၆၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် OIC အဖွဲ့သည် ကုလသမဂ္ဂတွင် အမြဲတမ်း ကိုယ်စားလှယ်တဦး ထားခွင့်ရရှိထားပြီး မူဆလင်ကမ္ဘာ၏ စုပေါင်းအသံ ဖြစ်စေရန်နှင့် မူဆလင်များ၏ အကျိုးစီးပွား ကာကွယ်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

မူလ အမည်ဖြစ်သည့် Organisation of the Islamic Conference ကို ၂၀၁၁ ခုနှစ်တွင်မှ Organisation of Islamic Cooperation သို့ ပြောင်းလဲလိုက်သည့် OIC တွင် အရှေ့တောင်အာရှ နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ ဘရူနိုင်းနှင့် မလေးရှားတို့ ပါဝင်သလို မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိဆက်နေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံလည်း အဖွဲ့ဝင်အဖြစ် ပါဝင်နေသည်။
ဘကြီးသက်
Unknown at 1:01 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကောင်မချေ / ရှည် ဝေနှင်းပွင့်သုံ သို့  မှာတမ်း


Mwe Soe

ဟယ်....... ကောင်မရှည်ငယ် ဝေနှင်းပွင့်သုံ

ရိုင်းတယ်မထင်ပါနဲ့ ကောင်မရှည် ဝေနှင်းရေ --- ဒါဟာ နင်အသေအချာ မသိတဲ့ နင်ထမင်းစားပြီး ကြီးပြင်းလာခဲ့တဲ့ နိုင်ငံရဲ့ အနောက်ဖက်က (ရကောက် + ခခွေး လုံးကြီးတင် တစ်ချောင်းင် ငသတ်) ရခိုင်ဆိုတဲ့ နင့်နိုင်ငံသားတွေရဲ့ ချစ်စဖွယ် အသုံးအနှုန်းပါလေ။


ဟယ် --- ကောင်မရှည်ငယ် ဝေနှင်းပွင့်သုံ

ငရို့ ရခိုင်ပြည်နယ်ဆိုတာ စစ်အစိုးရလက်အောက်မှာ စီးပွား၊ ပညာ၊ ဗဟုသုတ အားလုံးပိတ်ဆို့ နေခဲ့တယ် ဆိုတာ နင်သိပါလေစ --- ကောင်မငယ်။ ငရို့ဟာ ကောင်မရှည် ကိုးကွယ်တဲ့ ဘာသာနဲ့  မတူတဲ့ ဘာသာကို ကိုးကွယ်ကြတယ် ကောင်မရှည်။

ဟယ် --- ကောင်မရှည်ငယ် ဝေနှင်းပွင့်သုံ

ငရို့တစ်ချိန်က ကောင်မရှည်ကို သိပ်ချီးကျူးမိတယ် --- တစ်ကိုယ်ကျိုး မဖက်တဲ့ စွန့် လွှတ်လိုသူ ဒေါ်စုလက်သစ်ပေါ့လေ... ဒါပေမယ့် ကောင်မရှည်ငယ် --- နင်လှည့်မကြည့်ချင်တဲ့ အနောက်ဖက်က ပြည်နယ်ဟာ နင်ကိုးကွယ်တဲ့ ဘာသာနဲ့ တူတဲ့ ရိုဟင်ဂျာဆိုတဲ့ တပြည်သားတွေ ပိုင်ဆိုင်တဲ့ ပြည်နယ် မဟုတ်ခဲ့ဘူး ကောင်မရှည်ရယ်။ အခု အဲ့သည် ပြည်နယ်ဟာလေ နင်သိပ်သနားတဲ့ --- နင်အတင်းကာကွယ်ပေးချင်နေတဲ့ --- နင့်ဘာသာကို အတင်းပြန်ပွားစေချင်နေတဲ့ --- နင့်ပါးစပ်က ရိုဟင်ဂျာ အခွင့်အရေးလို့  အော်အော် ပေးနေတဲ့ တပြည်သား တွေရဲ့ အောက်မှာ ပြားပြားဝပ်ခါနီးနေပီ ကောင်မရှည်ငယ်။ ဒါပေမယ့် နင်ဟာ နင်မွေးတဲ့ မြေက သွေးချင်းတွေကို မချစ်လို့ လား၊ နင့်အမေနဲ့  နင့်အဖေ ကိုမြအေးကို မချစ်လို့ ပေလား --- ရိုဟင်ဂျာ့လက် ဓါးရိုးကမ်းခဲ့ပေတယ် ကောင်မရှည်။

ဟယ် --- ကောင်မရှည်ငယ် ဝေနှင်းပွင့်သုံ

ကမ္ဘာမှာ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံလို့  လူသိများပေမယ့် --- ခရစ်ယာန်ဘာသာလည်း ကိုးကွယ်နိုင်တယ် ကောင်မရှည်ငယ်၊ နင်တို့  ဗလီဆိုလည်း ဟီးထနေအောင် ဆောက်ထားကြတယ် ကောင်မရှည်ငယ် --- ရန်ကုန်က ခွာလာတဲ့ နင့်မျက်စိမှာ ဟီးဟီးထနေတဲ့ဗလီတွေနဲ့ ၊ သောကြာနေတိုင်း ဗလီဝတ်စုံတွေနဲ့  ပေါ်ပေါ်တင်တင်သွားလာနေနိုင်တဲ့ မွတ်စလင် ဘာသာဝင်တွေကို နင်မြင်နေဦးမှာပါ ကောင်မရှည်ငယ်။

ဒါပေမယ့်လေ........ လူ့ အခွင့်အရေးလို့  ဖင်ပေါက်ပြဲအောင် အော်နေကြတဲ့ နင့်အနောက်က မွတ်စလင်နိုင်ငံတွေမှာလေ သိလား ---- မွတ်စလင် ဘာသာကလွဲလို့  ကျန်တဲ့ ဘာသာဝင်တွေဟာ --- ဘုန်းကြီးကျောင်း၊ ချာ့ရှ်ကျောင်း ဆောက်ဖို့  မပြောနဲ့  ရုပ်ထုထား ကိုးကွယ်တာတောင် မကြိုက်ကြဘူး ကောင်မငယ်....။ ဒါဟာ ရော လူ့ အခွင့်အရေး ချိုးဖောက်တာ မဟုတ်ရပေဘူးလား ကောင်မငယ်။

ဟယ် ---- ကောင်မရှည်ငယ် ဝေနှင်းပွင့်သုံ

နင့်ခြေနဲ့  နင်းနင်းခြေနေတဲ့ နိုင်ငံအလံဟာလေ ---- နင့်အဖေ ကိုမြအေးနေသေးသကွဲ့ ၊ နင့်အဖေ ကိုမြအေးလေ --- သူလည်း ဗုဒ္ဓဘာသာမဟုတ်ပေမယ့် --- နိုင်ငံကို ချစ်သကွဲ့  ။ သူပေးဆပ်တာ --- လူ့ အခွင့်အရေး ဘန်းပြ - ဘာသာပြန့် ပွားဖို့  လုပ်တဲ့ နင့်ရဲ့ လုပ်ရပ်နဲ့  တစ်ခြားစီပဲကွယ့်။

နင့်အဖေ ဆန္ဒကိုမေးကြည့်ပါဦးလား ကောင်မရှည်၊ နင်လုပ်သမျှ သွေးထွက်သံယို၊ ပေါက်ကြပြဲကြ ကွဲကြဖို့ လေမှ နင်က ပရိုပိုဇာယ်လေး တင်ပြီး လန်ဒန်မှာ ငြိမ့်နေဖို့ လား ---- နင့်အဖေနင့် ပါးမရိုက်ရင် ကံကောင်းဆိုတာ နင်သိထားစေချင်တယ်။

ဟယ်---- ကောင်မရှည်ငယ် ဝေနှင်းပွင့်သုံ

ငါတို့ ဟာ မြတ်စွာဗုဒ္ဓလို့ ခေါ်တဲ့ ဘုရားရှင်ကို ဦးညွတ်ဖို့ ရာ အခွင့်တော့ နောင်နှစ်ပေါင်းများစွာ ရနေချင်သေးတယ်ကွဲ့ ။ လက်အုပ်ချီ၊ ပဆစ်တုတ်ရာက --- နင်နဲ့  အတူ အာလာ အော်ရဖို့ တော့ အတင်း စွတ်မသွင်းစေချင်ဘူး ကောင်မငယ်။ မွတ်စလင်ဘာသာ ပြန်ပွားအောင် နင်လုပ်နေသလား ဆိုတာတော့ နင့်ရင်ဘတ်ထဲမှာပဲ ရှိနေမှာပါ ကောင်မငယ်။

နောက်ဆုံးပြောချင်တာက --- ကောင်မငယ် ---- ခုကာလဟာ လူသန်းပေါင်းများစွာ --- စစ်မက်ဘေးက ကင်းဝေးပြီး ငြိမ်းချမ်းတဲ့ ကာလကို ကူးပြောင်းဖို့ ပါ ကောင်မငယ်။ ခုနင်လုပ်သမျှဟာ -- ငါတို့ ရောက်ရမယ့် ပန်းတိုင်ကို ဖနောင့်နဲ့  ပေါက်နေသလို ခံစားမိပါရဲ့လေ.........။ ကဲ...... ငါတို့ နိုင်ငံ မချမ်းသာတာ နင်လက်ခံတယ်ဟုတ်။ လက်ရှိ သန်း ၆၀ သော ပါးစပ်ပေါက်တောင် မလောက်ငတဲ့ဘ၀၊ နင်က လူလေးသိန်းသော (တစ်နှစ်အတွင်း ၈ သိန်းဖြစ်မယ့်) လူအုပ်စုကို အတင်း စွတ်တင်ကျွေးခိုင်းနေတာ ဒါတရားရဲ့လား ကောင်မရှည်။ နင့်မှာ ပြောပိုင်ခွင့်ရှိတဲ့နောက် နင် ------ နင်မွေးခဲ့တဲ့၊ နင်ထမင်းစားခဲ့တဲ့၊ နင်အီးပါခဲ့တဲ့ ဒီမြေပေါ်က လူတွေ (ဘာသာမတူသော်လည်း) အတွက် နင်ပြောပြလိုက်ပါ၊ ဒီလူ ၄ သိန်း ကို လူ့ အခွင့်အရေး အော်ခေါ်နေကြတဲ့ နိုင်ငံ ၅၀ က မျှတပြီး ယူလိုက်ကြပါလို့ ။

ဒါပါပဲ ကောင်မရှည်ရယ်။ ငရို့ ငြိမ်းချမ်းချင်တယ်။
POSTED BY ...အလင်းစက်များ
  lu bo

ဘကြီးသက်
Unknown at 12:52 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြစ်ဆုံဆည် တရုတ်နဲ့ ပေါင်းပြီ ဖြစ်အောင် တည်ဆောက်မယ် သမ္မတ နှုတ်မိန့် ကို ဆန့် ကျင်တဲ့ ဦးအောင်သိန်းလင်းကို အရေးရန်မရှိ


တရုတ် အပတ်စဉ်ထုတ် သတင်းစာတွင်ဖော်ပြခဲ့သည့်ဗဟိုအ လုပ်အမှုဆောင်ဦးအောင်သိန်းလင်း ၏အင်တာဗျုးနှင့် ပက်သက် ၍ပြည် ခိုင်ဖြိုးပါ တီအနေဖြင့်အရေးယူခြင်း ပြုလုပ်မည်မဟုတ်သကဲ့သို့ပါတီကို လည်း ထိခိုက်မှုမရှိကြောင်း ပြည်ခိုင်ဖြိုး ပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးကရန်ကုန်တိုင်းမ်ဂျာနယ် ၏ဆက်သွယ်မေးမြန်း ချက်အပေါ် ဖြေကြား ခဲ့သည်။

''ကိုအောင်သိန်းလင်းကို လည်းမေးပြီးပါပြီး သူအနေနဲ့ဒီလို ပြောခဲ့တာမျိုး မဟုတ်ဘဲ ဘာသာ ပြန်အဓိပ္ပါယ်လွဲမှား တာကြောင့်ဖြစ် တယ်လို့သိရပါတယ်။ ကိုအောင်သိန်း လင်းက ပါတီအနေနဲ့ အရေးယူမယ် ဆိုလည်း ခံယူဖို့အသင့် ပဲလို့ပြော ပါ တယ်။ဒါဟာ ပါတီနဲ့လည်းမဆိုင်ပါ ဘူး။ကိုအောင်သိန်းလင်းရဲ့သဘော ထားပဲဖြစ်တဲ့ အတွက်ပါတီကအရေး ယူတာတွေ၊ ဘာတွေ လုပ် သွားဖို့မရှိ ပါဘူး။ပါတီကိုလည်း ထိခိုက်စရာမ ရှိပါဘူး''ဟုပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ အထွေ ထွေ အတွင်းရေးမှူးဦးဌေးဦးကဆိုသည်။

ယင်းနှင့်ပတ်သက်၍ တရုတ်နိုင် ငံတွင် ထုတ်ဝေသည် Southern weekend အပတ်စဉ်ထုတ်သတင်း စာတွင် ပြည်ထောင် စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး ပါ တီ၏ဗဟိုအလုပ်အမှုဆောင်ဦးအောင်သိန်းလင်း၏အင်တာဗျူးဖော် ပြခဲ့ ခြင်းဖြစ်ပြီး နှင့်ပက်သက်၍ ဦးအောင်သိန်းလင်းကိုဆက်သွယ်မေးခြန်းခဲ့ ရာ ''မှတ်မိတာကတော့ မျက်စိခွဲစိတ်ဖို့လာတဲ့အခါမှာ ဒီလို ပဲ စကားပြောကြတဲ့အခါမှာ သူတို့ မေးတာတွေ ကိုပြန်ဖြေတာ တော့ရှိ တယ်။ဒါပေမယ့် အဲ့လိုအသုံးအနှုန်း တွေကိုတော့ မသုံးဘူး။အဲ့လိုအဓိ ပ္ပါယ်မျိုး လည်း မပြောခဲ့ ဘူး။ ပြည်သူ တွေက အရူးဆို တဲ့စကားဟာ တရုတ်စကားပြန် ကနေပြီး ပြန်ပြန်ရင်း လွဲမှားသွား တယ်လို့ ထင်တယ်။ ပြော လိုက်တာမှာ Crazy လို့ပြော တာကို သူတို့က အရူးလို့ပြန်တာ ထင်တယ်။ အရူးလို့ပြောခဲ့ တာလည်း မဟုတ်ဘူး ။အစွဲအလန်း ရှိတယ်လို့ ပြောလိုက်တာ ဘာသာပြန်လွဲချော်မှု လို့ ထင်တယ်။ နောက်ပြီးဒီလိုကိစ္စတွေ ပြော ကြဆိုကြတာ တော့ ၅လ ပိုင်းလောက် ကပဲပြောခဲ့ ကြတာရှိတယ်။ဒါကြောင့် တရုတ်သံရုံး ကတဆင့်အဲ့ဒီဂျာနယ် လား၊သတင်းစာလာမသိ ဘူး ဆက် သွယ်ပြီးတော့ စုံစမ်းဦး မယ်။အဲ့ဒီ တုန်းကလည်းဘယ်သူ က၊ဘယ်သ တင်းစာကမေးတယ်ဆို တာတောင် မသိဘူး။ မျက်စိခွဲစိတ် သူတွေနဲ့ ပါလာ တဲ့ သူတွေတော့ ရှိတယ်။ဒီလိုပဲအ လွတ်သဘောဆွေးနွေးကြတာပဲရှိ တယ်'' ဟု ရန်ကုန်တိုင်းမ်သို့ပြောသည်။

အဆိုပါ အင်တာဗျူး သည် နိုင်ငံရေး အသိုင်းအဝိုင်း၊ လွှတ်တော်အသိုင်း အဝိုင်းနှင့်ပြည်သူများ အကြားတွင် လှုပ်ခတ်သွား ခဲ့သည့် သတင်း တစ်ပုဒ်ဖြစ်ခဲ့ပြီး အင်တာ နက်စာမျက်နှာနှင့်ဖေစ့်ဘုတ်များတွင် ပျံနှံခဲ့သည့်သတင်းတစ်ပုဒ်ဖြစ်ခဲ့သည်။

အဆိုပါ အင်တာဗျူးအား http://www.infzm.com/content/78148 တွင် တရုတ်ဘာသာဖြင့် ဖော်ပြခဲ့ခြင်းဖြစ်ပြီး http://moemaka.blogspot.com/2012/07/aung-thein-lins-interview-in-southern.html တို့တွင်လည်း အင်္ဂလိပ်ဘာသာနှင့်ပြန်ဆိုထားပြီးသား ကိုတွေ့ရပါသည်။

ဝေမာသိမ့် - Yangon Media Group

ဘကြီးသက်
Unknown at 12:50 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သတင်းများက ပြောတဲ့ မြန်မာ့လယ်ယာကဏ္ဍ (မောင်ဝံသ)

ပြည်သှူုခေတ်ဂျာနယ်၊ ၁၉ ဇူလိုင် ၂၀၁၂မှာဖော်ပြခဲ့တဲ့ မောင်ဝံသ ပြောချင်လွန်းလို့ဆောင်းပါး။

 မြန်မာဂျာနယ်လစ် ကွန်ရက် MJN လူငယ်သတင်းသမားတွေရဲ့ တာဝန်ပေး ချက်အရ သည်ရက်ပိုင်းအတွင်း ကျွန်တော့်မှာ သတင်းဖြတ်ပိုင်းစာမျက်နှာတွေနဲ့ လုံးထွေးပြီး အိမ်စာတွေ လုပ်နေရတယ်ဗျ။ ရှင်းအောင် ပြောရရင်ဖြင့်  မြန်မာ့လယ်ယာ ကဏ္ဍနဲ့ ပတ်သက်တဲ့ သတင်းဆောင်းပါးတွေထဲက အကောင်းဆုံး သတင်း/ဆောင်းပါး သုံးပုဒ်စီကို မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းက ဆုပေး ချင်တယ်၊ မြန်မာဂျာနယ်လစ် ကွန်ရက်ဆိုပြီး ဖွဲ့စည်းထားတဲ့ လူငယ် သတင်းသမားများရဲ့ အဖွဲ့ကို အဲဒီကိစ္စ အကူအညီတောင်းတယ်။ လူငယ်တွေက ကျွန်တော်တို့ဆီ ပြေးလာပြီး အကောင်းဆုံး သတင်း/ ဆောင်းပါးများ ရွေးပေးပါလို့ ခိုင်းတာပါပဲ။ သူတို့ဘာသာ ရွေးရင် အဂတိပါတယ်လို့ အထင်ခံရမှာစိုးလို့ ကျွန်တော်တို့ကို ဒိုင်လုပ်ခိုင်းတာပါ။
    မနှစ်က အမျိုးသားသတင်းဆု ရွေးချယ်ရေးမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံရှိခဲ့တာမို့ ကျွန်တော်လည်း မငြင်းဘဲ တာဝန်ယူလိုက်ပါတယ်။ လူငယ်များက ချက်ချင်းပဲ ဂျာနယ်စာမျက်နှာတွေ အထပ်လိုက် လာပို့ပါ တော့တယ်။ ကျွန်တော့်မှာ အချိန်မီ ဖတ်ပြီး အမှတ်ပေးနိုင်ဖို့ နေ့ညဆက်ပြီး အလုပ်လုပ်ရပြန်ပါတယ်။
    ဂျာနယ်တွေမှာ ပါပြီး ဖြစ်တဲ့ လယ်ယာကဏ္ဍ သတင်းတွေဖတ်ရင်း အမှတ်ပေးဖို့ စဉ်းစားရင်း ကျွန်တော်ဟာ လယ်ယာသတင်းတွေထဲမှာ နစ်မျော ဈာန်ဝင်သွားတယ်ဗျာ။
    တကယ်က ကျွန်တော်ဟာ စာရေးနေသူတစ်ယောက် ဖြစ်တဲ့အပြင် ဂျာနယ်တစ်စောင်ထုတ်ဝေနေသူဖြစ်လို့ ဂျာနယ်အတော်များများကို ဖတ်နေတာပါပဲ။ တာဝန်အရကို ဖတ်နေရတာပါ။ သို့ပေမယ့် သတင်းအားလုံးကို ခေါင်းထဲ စွဲမှတ်နေအောင်တော့ မဖတ်ဖြစ်ခဲ့ဘူးဗျာ။ အခုလို အမှတ်ပေးရွေးချယ်ဖို့အတွက် စူးစူးစိုက်စိုက် ဖတ်တော့မှ တိုင်းပြည်အတွက် အင်မတန်မှ အရေးကြီးတဲ့ ကဏ္ဍကြီးတစ်ခုဆိုတာ ပိုပြီး သဘောပေါက်မိတယ်ဗျ။ ခေါင်းစဉ်အချို့ကိုပဲ ကျွန်တော် ဖော်ပြပါမယ်။ မြန်မာတိုင်းရင်းသားအားလုံးအတွက် စိတ်ဝင်စားစရာ အချက်အလက်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။
    ၁။ စက်မှုဇုန်နယ်မြေ ဖော်ထုတ်မှုကြောင့် လယ်သမားများ အခက်ကြုံ။  (ပြည်သူ့ခေတ်၊ ၃ မေ ၂၀၁၂)
    ၂။ မြေယာသိမ်းဆည်းမှုကြောင့် တောင်သူမိသားစုများ လူမှုဒုက္ခခံစားနေရကြောင်း တွေ့ရှိရ။ (မြန်မာပို့စ်၊ ၁၁ ဇူလိုင် ၂၀၁၂)
    ၃။ လယ်ယာမြေ သိမ်းဆည်းခံရခြင်းအား စုံစမ်းလေ့လာဖော်ထုတ်ပြီး တောင်သူလယ်သမားများ နစ်နာမှုမရှိစေရန် ဖြေရှင်းဆောင်ရွက်ပေးရန်အဆို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း။ (မြန်မာပို့စ်၊ ၁၁ ဇူလိုင် ၂၀၁၂)
    ၄။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး လယ်မြေအသိမ်းခံရ။ (7 Day ၁၂ ဇူလိုင် ၂၀၁၂)
    ၅။ လယ်ယာစီးပွားရေးကဏ္ဍ အကျပ်အတည်းကြောင့် ဆန်စပါး အထူးပြု ကုမ္ပဏီများ လုပ်ငန်း ရပ်ဆိုင်းရလုနီးပါး အခက်ကြုံနေ။ (ရန်ကုန်တိုင်းမ် ၇-၁၃ ဇွန် ၂၀၁၂)
    ၆။ ဥတုဖျက်၍ အပူပိုင်းဒေသ စပါးအထွက် ၇၀% အထိကျ၊  နှမ်းနှင့်နေကြာ မစိုက်ရဲလောက်အောင် ထိုးကျ)
    ၇။ ကမ္ဘာ့ဆန်ဈေးကွက်သို့  အိန္ဒိယ ဆန် တန်ချိန် ရှစ်သန်းအထိ တင်ပို့လာနေမှု တုံ့ဆိုင်းလာနေသော မြန်မာ့ ပြည်ပဆန်ဈေးကွက် ထပ်မံအကျပ်အတည်းကြုံလာနိုင်။ (ရန်ကုန်တိုင်းမ်၊ ၃၁မေ- ၆ဇွန် ၂၀၁၂)
    ၈။ မြန်မာဆန် တရုတ်လက်မခံ။ (င်္ူFlower News ၁၉ ဇွန် ၂၀၁၂)
    ၉။ မြန်မာ့လယ်ယာထွက်ကုန် တရုတ် ဖမ်းဆီးနေမှု စီးပွား/ကူးသန်း သွားရောက်ဖြေရှင်းမည်။ (ပေါ်ပြူလာနယူးစ်၊ ၇ ဇွန် ၂၀၁၂)

သတင်း/ဆောင်းပါး ပုဒ်ရေအမြောက်အမြားဖတ်ပြီးတဲ့အခါ မြန်မာနိုင်ငံရဲ့ လူဦးရေအများစုဖြစ်တဲ့ တောင်သူလယ်သမားတွေ လက်ငင်း ကြုံတွေ့နေရတဲ့ ပြဿနာတွေထဲမှာ လယ်ယာမြေ အသိမ်းခံရတဲ့ပြဿနာ သို့မဟုတ် အသိမ်းခံရနိုးနိုး စိုးရိမ်ပူပန်နေရတဲ့ ပြဿနာဟာ မသေးငယ် လှဘူးဆိုတာ တွေ့ရတယ်ဗျ။တချို့နေရာတွေမှာ အတော့်ကို လက်ရဲ ဇက်ရဲ သိမ်းဆည်းတာတွေ၊ လယ်သမားတွေကို အတင်းအဓမ္မမောင်းထုတ် တာတွေ ရှိနေတာ တွေ့ရတယ်။ ခုလို ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နေချိန်မှာတောင် ဒီလိုမျိုး မတရားသဖြင့် လုပ်ရဲသူတွေဟာ ဘယ်လိုလူတွေလဲ၊ ဥပဒေအထက်ကလူတွေလားလို့ အတွေးခေါင်စရာပဲဗျ။
    သတင်းဆုပေးဖို့ ဖတ်ရတဲ့ထဲက သတင်းတစ်ပုဒ်မှာ စစ်တမ်း တစ်ခုအရ  တောင်သူလယ်သမား ၄၆ ရာခိုင်နှုန်းဟာ ဆင်းရဲနွမ်းပါးနေ တယ်ဆိုတာရယ်၊ လယ်သမား အိမ်ထောင်ဦးစီး ၅၀ရာခိုင်နှုန်းကျော်ဟာ စာရေးစာဖတ်နိုင်ရုံအဆင့်သာ ရှိတယ်ဆိုတာရယ်တွေ့ရတယ်။ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းက သုတေသန စစ်တမ်းကောက်ချက်အရ တွေ့ရှိထားတာ ဖြစ်ပါသတဲ့။ ကျေးဇူးရှင် ဆရာတော်ကြီး အရှင် ဇနကာဘိဝံသရဲ့ အနာဂတ်သာသနာရေးကျမ်းမှာ မြန်မာနိုင်ငံရဲ့ လူများစုကြီး ဖြစ်တဲ့ တောင်သူလယ်သမားတွေ ဆင်းရဲနေသေးသမျှ တိုင်းပြည်ဟာလည်း ဆင်းရဲနေ ဦးမှာပဲ လို့ ရေးထားတာ ပြေးသတိရမိတယ်ဗျာ။
    မြန်မာ့လယ်ယာကဏ္ဍမှာ ဗီယက်နမ်က အမေရိကန်ဒေါ်လာ သန်း ၁၀၀ လာရောက်ရင်းနှီးမြှုပ်နှံမယ်ဆိုတဲ့ သတင်းတစ်ပုဒ်ကိုလည်း စိတ်ဝင်စားမိတယ်ဗျ။ ပြီးတော့ မြန်မာ့ဆန်ကို တရုတ်နိုင်ငံက လက်မခံဘူးလို့ ငြင်းပယ်တဲ့သတင်း ဖတ်ကြည့်တော့ မြန်မာနိုင်ငံဆန်စပါး အသင်းရဲ့ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာစိုးထွန်း ပြောပြတာကို တွေ့ရတယ်။ ]]သူတို့ လာကြောင့်လက်မခံရသလဲဆိုတာက အကြောင်းရင်း အများကြီး ရှိမှာပါ။ သူတို့ရဲ့ ထုတ်ကုန်တိုင်းနီးပါးကို မြန်မာက တင်သွင်းခွင့်ပြုထားတယ်။ မြန်မာနိုင်ငံရဲ့ အဓိက ပို့ကုန် ဖြစ်တဲ့ ဒီဆန်စပါး ပြောင်း စတဲ့ သီးနှံတွေ တင်ပို့ခွင့်ကိုတော့ စဉ်းစားသင့်တယ်လို့ မြင်ပါတယ်။ နောက်တစ်ခုက သူတို့အနေနဲ့ ဒီလို ဆက်ဆံရင်တော့ ကိုယ်ကလဲ သူတို့ရဲ့ သွင်းကုန်တွေကို ပိတ်ပစ်သင့်တယ်။ နောက် အခွန်တွေ ပိုတိုးကောက်ရမယ်။ ဒီလိုနည်းလမ်းတွေပဲ အသုံးပြုရလိမ့်မယ်}}
    လယ်ယာမြေကိစ္စ အစိုးရသစ် ဘယ်လို ကိုင်တွယ် ဖြေရှင်းမလဲဆိုတဲ့ သတင်းတစ်ပုဒ်ကိုလည်း စိတ်ဝင်စားမိတယ်။ တောင်သူလယ်သမားတွေရဲ့ ဘ၀ဟာ ဆိုးသည်ထက်ဆိုးဝါးလာနေတာကို အချက်အလက်များနဲ့ ပေါ်လွင်အောင် တင်ပြထားပါတယ်။ စိုက်ပျိုးစရိတ်တွေ တက်လာတာနဲ့အမျှ ကုန်ကျစရိတ်တွေများလာပုံဟာ ကြောက်ခမန်းလိလိပါပဲ။ ပိုဆိုးတာက မိုးကဖျက်၊ ရာသီဥတုက ဖောက်ပြန်တော့ လယ်တွေပျက်၊ ဒီကြားထဲ စပါးဈေးက ထိုးကျ။
    ``မည်သို့ဆိုစေ၊ အသိမ်းခံထားရသည့် လယ်ယာမြေများကို တောင်သူလယ်သမားများ ပြန်လည်ရရှိရန် နိုင်ငံတော် အစိုးရသစ်အနေဖြင့် မည်သို့ အကောင်အထည်ဖော် ဖြေရှင်းမည်နည်းဆိုသည့်မေးခွန်း၏ အဖြေသည် သန်း ၃၀ ခန့် ရှိသော တောင်သူလယ်သမားများ၏ မျှော်လင့်ချက် ဖြစ်သည်။  တောင်သူလယ်သမားများ ဘ၀ဖွံ့ဖြိုးတိုးတက်လာစေရန်နှင် လက်ရှိမြေယာများ ရေရှည်တည်တံ့နိုင်ရေးသည်လည်း အရေးပါသည်။ ယင်းကြောင့် ဥပဒေအရ တောင်သူလယ်သမားများကို အကာအကွယ်ပေးမည့် ဥပဒေများ၊ တောင်သူလယ်သမားများကို ကိုယ်စားပြုမည့် အဖွဲ့အစည်းများနှင့် သမဂ္ဂများ၊ အစုအဖွဲ့များသည် တောင်သူလယ်သမားများ ရှိသော ဒေသမျာားတွင် ရှိသင့်ရှိအပ်နေပြီဖြစ်သည်။ သို့မှသာ မတရားလယ်မြေအသိမ်းခံရခြင်းမျိုး ထပ်မံပေါ်ပေါက်လာနိုင်မည် မဟုတ်ပေ။ ကျူးကျော်ခံထားရသည့် လယ်ယာမြေများကို ပြန်လည် ရရှိရန် ၀ိုင်းဝန်း ပံ့ပိုး တောင်းဆို နိုင်မည် ဖြစ်သည်´´(Flower News ၅ ဇွန် ၂၀၁၂)

    အထက်ပါသတင်း/ဆောင်းပါးများကို ဖတ်ရှုရွေးချယ်ရင်း ပြည်သူများရဲ့ ဘ၀အခြေအနေအမှန်ကို ဓမ္မဒိဋ္ဌာန် ကျကျ တင်ပြနိုင်တဲ့ သတင်းသမားများရဲ့ တာဝန်ကျေပွန်မှုကို ဂုဏ်ပြုမိကြောင်းပါဗျာ။

၁၃၊ ၀၇၊ ၂၀၁၂
maungwuntha@gmail.com

ဘကြီးသက်
Unknown at 12:49 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ထွန်စက်အောက်သို့ ၀င်ရောက်၍လယ်ယာမြေအတွက်အသက်ပေးထွန်တုံးတိုက်ပွဲဝင်သော လယ်သမား



မြန်မာပြည်အလယ်ပိုင်းဒေသ မိတ္ထီလာခရိုင်မှာ လယ်ယာမြေဆုံးရှုံးမှုတွေနဲ့ပါတ်သက်ပြီး အငြင်းပွားမှုတွေ ၊ ပြဿနာဖြေရှင်းမှုတွေဖြစ်နေတယ်။ ဖြစ်နေတာတွေက သိရသလောက်ဆိုရင် လယ်သမားတွေဟာ သူတို့ရဲ့ ဘိုးဘွားပိုင်မြေ ၊ ဓါးမဦးချပိုင်မြေ ၊ မူလလက်ငုတ်လက်ရင်းပိုင်မြေ ဆိုတာတွေနဲ့ သူတို့လယ်ယာမြေတွေကို သူတို့ရပိုင်ခွင့်အတွက် သက်ဆိုင်ရာသို့ ၇-လပိုင်းမှာ စာတင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီတိုင်ကြားမှုတွေကို သက်ဆိုင် ရာက အကြောင်းပြန်မှု ဖြေရှင်းပေးမှုမရှိတဲ့အတွက် မိတ္ထီလာ ၊ သာစည် ၊ ၀မ်းတွင်း ၊ မလှိုင် လေးမြို့နယ်စလုံး ပူးပေါင်းပြီးတော့ လယ်သမားများသည် သူတို့ရဲ့လယ်ယာမြေများကို တရားမျှတစွာနဲ့ ပြန်လည်ရရှိရေးအတွက်

၁၁.၇.၂၀၁၂. ရက်နေ့မှာ စပြီးတော့ ထွန်တုံးတိုက်ပွဲ စတင်ခဲ့ပါတယ်။
 

လယ်သမားတွေဟာ သူတို့ရဲ့လယ်ယာမြေပြန်လည်ရရှိရေးအတွက် ကူညီဖြေရှင်းပေးဖို့ လယ်သမား ၅၀-ကျော် က လက်မှတ်ရေးထိုးပြီး ကျွန်ုပ်တို့ မိတ္ထီလာပြည်သူ့အကျိုးဆောင်ကွန်ယက်ကို မေတ္တာရပ်ခံပြီး အကူ အညီတောင်း ခဲ့ပါတယ်။ မိမိတို့အနေနဲ့ ဒီလယ်ယာမြေပြဿနာ ဟာ ရေရှည်သဘောဆောင်ပြီး ငြိမ်းချမ်းစွာဖြင့် တရားနည်းလမ်းကျကျ ဖြေရှင်းရမယ်ဆိုတဲ့ ပြဿနာဖြစ်တယ် ဆိုတာကို တွေ့ရှိရပါတယ်။
ထွန်တုံးတိုက်ပွဲကို ဆင်နွှဲနေတဲ့အချိန် - ၁၄.၇.၂၀၁၂. ရက်နေ့မှာ မိတ္ထီလာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိန်အုပ် အပါအ၀င် ခရိုင်အဆင့် မြေစာရင်း ၊ သစ်တော ၊ ဆည်မြောင်း စတဲ့ အရာရှိအစုံအလင်နဲ့ မိတ္ထီလာ ပြည်သူ့အကျိုးဆောင်ကွန်ရက်အဖွဲ့ဝင်တွေကို ခေါ်ယူဆွေးနွေးပါတယ်။ ၎င်းဆွေးနွေးမှုရဲ့အဖြေက ၄၅-ရက်အတွင်းကိုတော့ ဒီလိုမျိုး အင်နဲ့အားနဲ့ ထွန်တုံးတိုက်ပွဲ မလုပ်ပါနဲ့။ ပြေလည်ရာပြေလည်ကြောင်း အဖြေရှာဖို့ စေ့စပ်ဆွေးနွေးနေတဲ့ကာလမှာ ပြဿနာ မတက်ရအောင် ၂ဖက်လုံးကညှိနှိုင်းပြီးသွားဖို့ပြောခဲ့ပါတယ်။ လယ်သမားတွေဖက်က လူကြီးတွေရဲ့ကတိစကား ကို လေးစားသောအားဖြင့် သူတို့ရဲ့လှုပ်ရှားမှုကို ရပ်တန့်လိုက်ပါတယ်။ ဒါပေမယ့် တဖက်က သိမ်းပိုက်ထား တယ်ဆိုတဲ့ ကုမ္ပဏီ ၊ ဆောက်လုပ်ရေးဝန်ကြီးဋ္ဌာနနဲ့ လူတဦးတယာက်ချင်းစီတို့က လက်ဦးမှုရယူတာတွေ လုပ်ပါတယ်။ ၁၈.၇.၂၀၁၂. ရက်နေ့က တောင်သူ ၁၉-ဦးကို ပုဒ်မ ၄၂၇ ၊ ၄၄၇ ဖြင့် တရားစွဲခြင်း ၊ ၂၁.၇.၂၀၁၂. ရက်နေ့မှာ ကံကောင်းရွာမှ ထွန်တုံးတိုက်ပွဲမှာပါဝင်တဲ့ တောင်သူတွေကို သက်ဆိုင်ရာရဲက ၅ဦးစီခေါ်ပြီး ချိန်းခြောက်မှုများပြုခြင်း ၊၂၄.၇.၂၀၁၂.ရက်နေ့မှာတော့ ဆောက်လုပ်ရေးက ပြန်မပေးဘဲ သိမ်းထားတဲ့ မြေ ၁၀ဧကကို ခြံစည်းရိုးသံဇကာ ကာရံခြင်း ၊ ကောင်းကင်ကုမ္ပဏီက သူတို့သိမ်းထားတဲ့အကွက်ကို ထွန်စက်နဲ့ တက်ထွန်တာတွေကို ပြုလုပ်ခဲ့ကြပါတယ်။
လူကြီးလူကောင်းဆန်ဆန်ထားရှိခဲ့တဲ့ ကတိစကားအရ ၄၅-ရက်အတွင်းမှာ တဖက်နဲ့တဖက် ပြဿနာဖြစ် စေမယ့် ထိပ်တိုက်ရင်ဆိုင်မှုတွေ မလုပ်ဘဲနဲ့ ပြေလည်ရေးကိုဘဲဆွေးနွေးမယ်ဆိုတဲ့ စကားကို လယ်သ္မားတွေ ဘက်က တာဝန်ယူခဲ့ပေမယ့် တဖက်က သိမ်းပိုက်ထားတဲ့သူတွေကတော့ အတင့်ရဲစွာနဲ့ချိုးဖောက်ပြီး လုပ်လာ ပါတယ်။ ဒါတွေကို သက်ဆိုင်ရာ တာဝန်ရှိသူများက ၀င်ရောက်ပြီး ဟန့်တားပေးခြင်း ၊ ခင်ဗျားတို့ မလုပ်နဲ့ဦးလို့ ဆွေးနွေးပေးခြင်း မရှိခဲ့ပါ။ လယ်သ္မားတွေဖက်က ဒီ၄၅-ရက်ကြားကာလမှာ သူတို့ ပိုင်ဆိုင်သင့်ပါတယ်ဆိုတဲ့ အထောက်အထားစာရွက်စာတမ်းများဖြင့် သက်ဆိုင်ရာကို စာတင်ဖို့လုပ်ရာမှာ ၂၀.၇.၂၀၁၂. ရက်နေ့မှာ ဗိုလ်ချုပ်ပြည့်စုံသိမ်းထားတဲ့ မလှိုင်ကလယ်သမားတွေက စာတင်ခဲ့ပါတယ်။ တောင်သူတွေဖက်က ဒီလိုမျိုးလုပ်နေတဲ့အချိန်မှာ သိမ်းပိုက်ထားသူတွေဖက်က မတရားလုပ်လာတာကိုတော့ တာဝန်ရှိသူတွေက ထိန်းသိမ်းပေးဖို့လိုပါတယ်။
လယ်ယာမြေပြဿနာဆိုတာ နှစ်ရှည်လများဖြစ်ခဲ့တဲပြဿနာ။ ကြီးလေးတယ် ၊ နက်ရှိုင်းတယ် ၊ သိမ်းပိုက်ခံရမှု ပုံသဏ္ဍန် အမျိုးမျိုးရှိတယ် ၊ ဆုံးရှုံးနစ်နာမှု အမျိုးမျိုးရှိနေပါတယ်။ ဒါတွေကို ဖြေရှင်းဖို့ဆိုရင် စိတ်ရှည်ဖို့ ၊ သီးခံဖို့ တရားနည်းလမ်းကျကျဖြေရှင်းဖို့ လိုပါတယ်။ ဥပမာအားဖြင့် - မြေလွတ် မြေလပ် နဲ့ မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ ဆိုတာ ပေါ်ထွက်လာပါပြီ။ ၎င်းဥပဒေ၏ အခန်း(၈) ပုဒ်မ ၂၅ ပိုဒ်ခွဲ က.ခ.ဂ ဆိုပြီးရှိရာမှာ

အပိုဒ်(ခ)အရဆိုလျှင်
 

မြေလွတ် မြေလပ် နှင့် မြေရိုင်းများလုပ်ပိုင်ခွင့် ၊ အသုံးပြုခွင့်ပေးထားသော မြေဧရိယာပေါ်တွင် ယခင်ကတည်း က လက်ရှိစိုက်ပျိုးလုပ်ကိုင်နေသော ဒေသခံတောင်သူလယ်သ္မားများ၏ စိုက်ပျိုးမြေများပါဝင်နေပါက တရားဝင် လုပ်ကိုင်ခွင့် ရရှိထားခြင်းမရှိသည့်တိုင် နစ်နာမှုမရှိစေရန် ယင်းတို့၏ဆန္ဒအပေါ် ညှိနှိုင်းဆောင်ရွက်ပေးရမည်။
စသည့် ညှိနှိုင်းရေးဆိုင်ရာ အချက်များပြဌာန်းထားသော်လည်း ညှိနှိုင်းရေးအတွက် စောင့်ဆိုင်းနေတဲ့ကာလမှာ သိမ်းပိုက်သူများက တဖက်သတ်လုပ်လာတဲ့အတွက် လယ်သ္မားများသည် မခံမရပ်နိုင်ဖြစ်လာပြီး ၊ မိုးကလည်း ကျလာပြီဖြစ်တဲ့အတွက် သူတို့လယ်ကွက်များကို ပြန်လည်ထွန်ယက်မှု ဒီကနေ့မှာဘဲ စတင်ခဲ့ကြ ပါတယ်။ ကောင်းကင်ကုမ္ပဏီကသိမ်းထားသော ၀မ်းတွင်းမြို့နယ် အိုးပြွန်ကန်ကျေးရွာမှ တောင်သူဦးကျော်ဝင်းရဲ့ အကွက်မှာ ကုမ္ပဏီက မနေ့ကတည်းက ထွန်စက်နဲ့ထွန်နေတာဖြစ်ပြီး ဒီမနက်မှာလည်းထွန်စက်နဲ့ထွန်နေတာ ကို ဦးကျော်ဝင်းနဲ့ ဦးသိန်းအောင်တို့သည် ထွန်စက်ရှေ့မှာ လှဲအိပ်ပြီးအသေခံတိုက်မယ်ဆိုတာထိဖြစ်ခဲ့ပါတယ်။

ဒီဖြစ်ရပ်မှာ ကုမ္ပဏီဘက်က တာဝန်ရှိသူ ကိုဋ္ဌေးလွင်ဆိုသူက ထွန်စက်ကို ဆက်မောင်းဖို့ပြောခဲ့ပေမဲ့ ထွန်စက်မောင်းသူက မမောင်းရဲလို့ ထွန်စက်ကိုရပ်လိုက်ပါတယ်။
ဒီလို လယ်သ္မားတွေ ထွန်နေတာဟာလည်း အုံကြွဆူပူနေတာ မဟုတ်ပါဘူး။ သူတို့အခွင့်အရေးအတွက် လုပ်တတ်သလို ဆောင်ရွက်နေတာဖြစ်ပါတယ်။ တရားနည်းလမ်းတကျ ပြေလည်ရေးလမ်း ကြောင်းဖြစ်ဖို့ဆိုရင် နှစ်ဖက်ညှိနှိုင်းရေးဆောင်ရွက်ကာလဖြစ်တဲ့ ၄၅-ရက်အတွင်းမှာ အပြန်အလှန် သဘော တူညီချက်များဖြစ်တဲ့အတိုင်း ညှိနှိုင်းရေး ၊ စာရင်းဇယားတွေပြုစုရေး ၊ လေ့လာရေးတွေနဲ့ ညှိနှိုင်းမှသာ အဆင် ပြေမှာဖြစ်ပါတယ်။ အဲဒီလိုမလုပ်ဘဲ သိမ်းပိုက်ထားတဲ့ ပုဂ္ဂိုလ်များရဲ့ အတင်းအဓမ္မ လှုပ်ရှားဆောင်ရွက်မှုတွေ လုပ်လာမယ်ဆိုရင် ဖြစ်ပေါ်လာမယ့် ပြဿနာအရပ်ရပ်သည် ဆုံးရှုံးနစ်နာသူ တောင်သူလယ်သ္မားတွေအပေါ်မှာ တာဝန်ရှိတာမဟုတ်ဘဲ ညှိနှိုင်းဆောင်ရွက်ဖို့အတွက် ကတိစကားတွေပေးထားတဲ့ တာဝန်ရှိသူတွေနဲ့ သိမ်းပိုက်ထားတယ် ဆိုတဲ့ ပုဂ္ဂိုလ်များရဲ့ အတင်းအဓမ္မ ဆောင်ရွက်မှုကြောင့်သာဖြစ်ပေါ်လာတဲ့ အကျိုးဆက်များဖြစ်တယ်လို့ ကျွန်ုပ်တို့ ကွန်ရက်က သဘောထားပါတယ်။ တောင်သူလယ်သ္မားတွေရဲ့ဘ၀ လုံခြုံမှုမရှိဘဲ တိုင်းပြည်ဟာ မငြိမ်းချမ်းနိုင်တဲ့အတွက် စာနာထောက်ထားစွာဖြင့် ၀ိုင်းဝန်းကူညီကြဖို့ တိုက်တွန်းအပ်ပါသည်။

မိတ္ထီလာမြို့ပြည်သူ့အကျိုးဆောင်ကွန်ယက်

သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ

(၂၅.၇.၂၀၁၂)

ဆက်သွယ်ရန်လိပ်စာ

maythanmyint@gmail.com

4u.jokerman@gmail.com freedom.of.kaungmyatlay@gmail.com dhrmp.22@gmail.com
 

ဘကြီးသက်
Unknown at 12:25 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အံ့သြဖွယ်ရာ အမှတ်တရ လက်ဆောင်ပေးမှု



တရုတ်မော်ဒယ်တယောက်ရဲ့ အမှတ်တရ လက်ဆောင်ပစ္စည်းပေးပုံတရုတ်နိုင်ငံ အင်တာနက်စာမျက်နှာ တခုက အံ့အားသင့်စေတဲ့ အမှတ်တရ လက်ဆောင် ပစ္စည်းပေးခြင်း မြင်ကွင်း ဖြစ် ပါတယ်။ အသက် ၃၁ နှစ်အရွယ် Gloria ရဲ့ မြင်ကွင်းတွေပါ။
သူ့ဟာ ကျော်ကြားတဲ့ မော်ဒယ်တဦးဖြစ်ပြီး အမှတ်တရ ပစ္စည်းတောင်းတဲ့အခါ သူက ပါလာသမျှ အခုလို ချွတ်ပေးနေတာပါ တဲ့။



Gloria ကတော့ အခုလို သူ့ရဲ့ အမှတ်တရ ပစ္စည်းကို အဆိုပါအမျိုးသားကို ပေးရင်းနဲ့ သူကတော့ အပြုံးမပျက်ခဲ့ပါဘူး။ ပရိတ်သတ်တွေကတော့ လက်ဆောင်ရတဲ့သူကို ပြုံးပြီးကြည့်နေကြပါတယ်တဲ့။

Gloria ဟာ လူအများကြား ကောလဟလ အများဆုံးဖြစ်စေတဲ့ မော်ဒယ်တဦးလည်းဖြစ်ပါတယ်တဲ့။
 သံလွင် (Blog)
ဘကြီးသက်
Unknown at 12:20 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဂွမြို့အနီးစက်လှေပျက်မြောလာသော ဘင်္ဂါလီများကို ထောင်ဒဏ်ချမှတ်


ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အနီးတွင် ဇွန်နောက်ဆုံးပတ်က စက်လှေပျက်၍ဆိုက်ကပ်လာသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများအား သံတွဲမြို့နယ်တရားရုံးမှ ထောင်ဒဏ် ငါးနှစ်စီချမှတ်ပြီးနောက် ၎င်းတို့နှင့်အတူပါလာသူ ကလေးတစ်ဦးအား သံတွဲမြို့ သစ္စာဗလီမှ ခေါ်ယူစောင့်ရှောက်ထားကြောင်း ဒေသခံတစ်ဦးကပြောသည်။

အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများမှာ စက်လှေဖြင့် မလေးရှားနိုင်ငံသို့သွားရောက်စဉ် စက်ပျက်ပြီး ဂွမြို့အနီးရှိ
ကျွန်းတစ်ခုတွင် သောင်တင်လာခြင်းဖြစ်ကာ စုစုပေါင်း ၈၈ ဦးဖြစ်ကြောင်း သံတွဲအကျဉ်းထောင်မှ အရာရှိ တစ်ဦးကပြောသည်။

၎င်းတို့အား ဖမ်းဆီးခဲ့စဉ်က သံတွဲမြို့နယ်၊ လ.၀.က ဦးစီးမှူးက ယင်းဘင်္ဂါလီများနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရနှင့် ဘင်္ဂလားဒေ့ရှ် သံရုံး တို့ညှိနှိုင်းနေကြောင်း၊ လက်ခံပါက ပြန်ပို့မည်ဖြစ်ကြောင်းနှင့် ၎င်း
တို့ ဦးအား လ.၀.က ဥပဒေအရ အရေးယူ သွားရမည် ဖြစ်ကြောင်းပြောခဲ့သည်။

ထို့နောက် ဇူလိုင် ၄ ရက်တွင် သံတွဲမြို့နယ် တရားရုံး၌ ဂွမြို့နယ် လ.၀.ကဦးစီးမှူးက တရားလိုလုပ်ကာ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး(လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၁၃(၁) ဖြင့်
စွဲဆိုစစ်ဆေးခဲ့ပြီး  ဇူလိုင် ၁၆ ရက်တွင် ထောင်ဒဏ် ငါးနှစ်စီချမှတ်ခဲ့ကြောင်း သံတွဲဒေသခံရှေ့နေတစ်ဦးက ပြောသည်။

၎င်းတို့နှင့်အတူ အသက် ၁၂ နှစ်ခန့် အရွယ်ယောက်ျားလေးတစ်ဦးပါခဲ့ရာ ထောင်ဒဏ်ချမှတ်ပြီးနောက်တွင် အဆိုပါကလေးငယ်အား သံတွဲ မြို့နယ် လ.၀.က ရုံးတွင်ခေါ်ယူထားခဲ့သည်။ ထို့နောက် မြို့နယ်ဦးစီးမှူးက ဗလီတွင်ခေါ်ယူစောင့်ရှောက်ထားရန် ပြောသောကြောင့် သစ္စာဗလီမှ ခေါ်ယူစောင့်ရှောက်ခဲ့သည်။

“ဒါမျိုးက ခဏခဏ ကြုံရတယ်၊ လ.၀.က ကဖမ်းပြီး ထောင်ကလွတ်လာတဲ့ ဒေသအသီးသီးက
မွတ်စလင်တွေကို နေရပ်ပြန်မပို့ခင် ဗလီတွေမှာခေါ်ထားပြီး ကျွေးမွေးထားရတယ်၊
သူတို့က တာဝန်မယူဘူး၊ လူသားချင်းစာနာမှုနဲ့ ခေါ်ထားခဲ့ရတာ ပေါ့”  ဟု အကူအညီ
ပေးခဲ့သူ တစ်ဦးကပြောသည်။

တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မလေးရှား၊ ထိုင်း စသည့်နိုင်ငံများသို့ တရားမ၀င်သွားရောက်သူများမှာ သဘာဝ ဘေးအန္တရာယ်နှင့် တာဝန်ယူပို့ဆောင်ပေးသူများ၏ မသမာမှုကြောင့် သံတွဲခရိုင်အတွင်း မကြာခဏ
သောင်တင် ဖမ်းမိလေ့ရှိကြောင်း သံတွဲဒေသခံတစ်ဦးက ပြောသည်။        ။
Yangon Press International
ဘကြီးသက်
Unknown at 12:17 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒီမိုကရေစီစစ်ရင် အာဏာရှင်ဆိုတာ မရှိပါဘူး

ရန်ကုန် (မဇ္ဈိမ) ။       ။ တနှစ်ကျော်ကြာ သက်တမ်းရှိပြီဖြစ်သည် ပြည်ထောင်စု လွှတ်တော်အတွင်း ဆွေးနွေးသည့် အကြောင်းအရာများအနက် ဆွေးနွေးသူ အမတ်ဦးရေ ၄၅ ဦးဖြင့် စံချိန်တင် အဆိုတခုဖြစ်သော “လယ်ယာမြေ သိမ်းဆည်းခံရခြင်းများအား စုံစမ်းလေ့လာ ဖော်ထုတ်ပြီး တောင်သူလယ်သမားများ နစ်နာမှု မရှိစေရေး တရားမျှတစွာ
ဖြေရှင်းဆောင်ရွက်ပေးရန်” အဆိုကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပထမဆုံးအကြိမ် ဝင်ရောက်ဆွေးနွေး စဉ် ဒီမိုကရေစီ အာဏာရှင် မဖြစ်ရေး ထိန်းကျောင်းသင့်သည်ဟု ပြောဆိုသွားသည်။



ဇလွန်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွတ် တင်သွင်းခဲ့သည့် တောင်သူလယ်သမားအရေး အဆိုကို လွှတ်တော်တွင် ဆွေးနွေးဆဲဖြစ်ပြီး ကြာသပတေးနေ့တွင် ဆွေးနွေးရန် အလှည့်ကျသည့် ဦးရွှေမန်းက ဆွေးနွေးမှုအတွင်း ထိုသို့ ပြောသွားခြင်း ဖြစ်သည်။

“ဒီမိုကရေစီဟာ အများကြိုက်တဲ့ အများပိုင်ပါ။ ပြည်သူများ ပိုင်တယ်လို့ ပြောလို့ ရနိုင်ပါတယ်။ တဦးတယောက် တဖွဲ့ပိုင် မဟုတ်ပါ။ ဒီမိုကရေစီကို အကြောင်းပြကာ စည်းမဲ့ကမ်းမဲ့ လုပ်၍ မရနိုင်ပါ။ စနစ်မကျစွာ ဆောင်ရွက်၍ မဖြစ်နိုင်ပါ။ ဒီမိုကရေစီမှာ စည်းစနစ်ရှိပါတယ်။ ဒီမိုကရေစီ အနိုင်ကျင့်ခြင်း၊ ဒီမိုကရေစီ အာဏာရှင် မဖြစ်ရေးကိုလည်း သတိပြု ထိန်းကျောင်းသွားရမှာ ဖြစ်ပါတယ်” ဟု ထည့်သွင်း ပြောသွားခဲ့သည်။

ဦးတင်ထွဋ်၏ အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးရာတွင် လယ်သမားများပိုင် လယ်ယာမြေများကို ကုမ္ပဏီအချို့နှင့် စစ်တပ်မှ သိမ်းပိုက်မှုများအား အဓိကထား ဆွေးနွေးခဲ့ကြသည်။

ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများကို ဦးရွှေမန်းက ခြုံငုံသုံးသပ်ပြရာတွင် မြေပုံ၊ စာရင်းဇယား တိကျမှန်ကန်မှု ရှိ/မရှိ၊ စီမံကိန်းနှင့် မူဝါဒများ ချမှတ်ရာတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများက အကောင်ထည်ဖေါ်ရာတွင် တရားဥပဒေနှင့် ညီ/မညီ၊ ပွင့်လင်းမြင်သာမှု ရှိ/မရှိ၊ အပြန်အလှန် ထိန်းကျောင်းမှု ရှိ/မရှိ ဆိုတာတွေဟာ ပြဿနာ ရှိခြင်း/မရှိခြင်း စသည်တို့ ဖြစ်ပေါ်နေသည်ဟုလည်း ဆွေးနွေးသွားခဲ့သည်။

ထိုသို့သော အခြေအနေများကို သင်ခန်းစာယူကာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် နောက်တွန့်ရန် မဖြစ်ကြောင်း ကို “ဒါတွေကို ကျနော်တို့အားလုံးက သတိနှင့်ဆင်ခြင်ကာ သင်ခန်းစာယူပြီး ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးခရီးကို ရဲရဲတင်းတင်း ဆက်လက် ချီတက်ရမှာ ဖြစ်ပါတယ်။ နောက်တွန့်နေလို့ မဖြစ်ပါဘူး” ဟုလည်း ပြောသွားခဲ့သည်။

ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်အား အကောင်အထည်ဖော်ရာတွင် တာဝန်ရှိလာမည့် ပုဂ္ဂိုလ်အသီးသီးမှာ
ဒေါသ၊ အာဃာတ၊ ရန်ငြိုးများ ကင်းကင်းဖြင့် တောင်သူ လယ်သမားများ နစ်နာမှု မရှိစေရေးအတွက် ဘက်ပေါင်းစုံမှ
ဆောင်ရွက်ပေးကြပါရန်လည်း သူရဦးရွှေမန်း က တိုက်တွန်းပြောဆိုသွားသည်။ 
ဘကြီးသက်
Unknown at 12:16 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဂမုန်းပွင့်ကုန်တိုက်မီးလောင်







ယနေ့ ဇူလိုင်လ ၂၆ ရက် နေ့လည် ၁း၃၀ နာရီခန့်က ကမ္ဘာအေးဘုရားလမ်းရှိ ဂမုန်းပွင့်ကုန်တိုက်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပါသည်။ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ ဂမုန်းပွင့်ကုန်တိုက် မီးလောင်ကျွမ်းမှုမှာ ကုန်တိုက်၏ ပထမထပ်တွင်ရှိသော ဖိနပ်ဆိုင်အနီးမှ ၀ါယာရှော့ဖြစ်ကာ စတင်လောင်ကျွမ်း ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ ယင်းကုန်တိုက်ရှိ ၀န်ထမ်းများကို တာဝန်ရှိသူများက ဘေးကင်းရာသို့ ဖယ်ရှားခဲ့ပြီး မီးငြှိမ်းသတ်မှုကို ဆက်လက်လုပ်ဆောင်လျက်ရှိရာ မီးလောင်ကျွမ်းမှုမှာ ယခုအခါ အပြီးသတ်မီးငြိမ်းသတ် နိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရပြီး ဆုံးရှုံးမှု တန်ဖိုး ကြီးကြီးမားမားမရှိကြောင်းလည်း သိရှိရသည်။

Eleven Media Group 
ဘကြီးသက်
Unknown at 12:14 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တရုတ်ကျောထောက်နောက်ခံရှိသည့် ၀ တပ်မတော်အကြောင်း..။

ယနေ့ခေတ် လူငယ်များဟာ ကိုယ့်မြန်မာနိုင်ငံထဲမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာ တပ်မတော်နဲ့ တိုက်ပွဲဖြစ်လေ့ရှိတဲ့ ကေအင်ယူ၊ ကေအိုင်အေ အက်စ်အက်စ်အေ နဲ့ အခြား လက်နကိုင်
တပ်ဖွဲ့အများစုကိုသာ သတိထားမိကြမှာပါ..။  မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးစုများပြားသလို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များလည်း များပြားပါတယ်။ အဲဒီအထဲမှာ ငြိမ်းချမ်းရေးအရ ညှိလို့ရတဲ့ တပ်ဖွဲ့တွေ ရှိသလို တိုက်ပွဲဖြစ်နေတဲ့ လက်နက်ကိုင်တွေလည်း အများကြီးပါ။

ဒါပေမယ့် အခြားတိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ လုံးဝမတူပဲ တရုတ်ကြီးအားကိုးနဲ့ ဘယ်လောက်ညှိညှိ လက်မခံတဲ့ အဖွဲ့ကတော့ ၀ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ပဲဖြစ်ပါတယ်..။

၁၉၈၈ အပြီးမှာ န၀တ/နအဖ အစိုးရရဲ့ စစ်ရေး မဟာဗျူဟာနဲ့ ငြိမ်းချမ်းရေးပေါ်လစီတွေအားနည်းချက်ကြောင့် အပစ်အခတ်ရပ်စဲတာကို ငြိမ်းချမ်းရေးရခဲ့တယ်ဆိုတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ တစ်ဖြည်းဖြည်းနဲ့ အင်အားကြီးထွားလာကြပါတယ်.။ အဲဒီတုန်းက ငြိမ်းချမ်းရေးကို ဖော်ဆောင်သူဖြစ်တဲ့ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ ပေါ်လစီဟာ တကယ်တော့ နားလည်မှုရှိစွာ နိုင်ငံရေး၊ တိုင်းရင်းသားရေး အရ ငြိမ်းချမ်းရေးယူထားတာမဟုတ်ဘဲ သေနတ်မပစ်ရင်ပြီးရောမူဝါဒချပြီး အခွင့်အရေးများစွာပေးကာ ပြည်တွင်းမှာ စီးပွားရေးကို လုပ်ချင်သလို လုပ်ခွင့်ပေးခဲ့တာဖြစ်ပါတယ်..။ အဲဒါကြောင့် ၀ တပ်မတော် (USA) အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများစုဟာ ခေတ်မီတောင့်တင်းတဲ့ လက်နက်ကိုင်များအဖြစ် အင်အားကြီးထွားလာကြပါတယ်.။

လက်ရှိအချိန်မှာ ကေအိုင်အေနဲ့ အခြားတိုင်းရင်းသားအဖွဲ့အစည်းတွေဟာ ဒီမိုကရေစီနည်းလမ်းကျစွာ ငြိမ်းချမ်းသောဖြေရှင်းမှု၊ ကို လက်ခံဆွေးနွေးခဲ့ကြပေမယ့် တရုတ်ရဲ့အထောက်အပံ့ကို ပေါ်တင် ရရှိခဲ့တဲ့ ၀ တပ်မတော်ကတော့ အားလုံးထဲမှာ အင်အားအကြီးမားဆုံးဖြစ်ပြီး တရုတ်ရဲ့ တရားဝင်ပံ့ပိုးမှုမှုကြောင့် ယခုထက်ထိ အစိုးရကို လုံးဝ ဂရုမစိုက်ခဲ့ပါဘူး။

ထူးခြားတာက ၀တပ်မတော် အဲဒီလို အင်အာကြီးမားလာတာ တရုတ်ကြောင့်ဖြစ်ပေမယ့် တရုတ်ဟာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာကို ၀င်ရောက်စွက်ဖက်တယ်ဆိုတဲ့စကားလုံးကို ယခင်/ယခုအစိုးရကကော တပ်မတော်ကပါ မသုံးစွဲဝံ့တာက အံ့သြစရာဖြစ်ပါတယ်။ ထို့အတူ   ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းဆိုပြီ မြို့နယ် (၆) မြို့နယ် နဲ့ ဖွဲ့စည်းခွင့်ပေးလိုက်ရပါတယ်..။ အဆိုးဆုံးတစ်ချက်က ပြည်ထောင်စုအစိုးရရဲ့ ပေါ်လစီနဲ့ ညွှန်ကြားချက်မပါပဲ ၀ ပြည်နယ်အစိုးရနဲ့ တရုတ်နဲ့ တိုက်ရိုက် ဆက်ဆံခွင့် ပေးလိုက်ရတာဖြစ်ပါတယ်..။ အမေရိကန်မှာတောင် ဖက်ဒရယ်ပြည်နယ်အစိုးရအဆင့်က အခြားနိုင်ငံအစိုးရနဲ့ တိုက်ရိုက်ဆက်ဆံခွင့် မရှိပါဘူး။

ဝ ပြည်နယ် (၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း) နှင့် UWSA ၀ တပ်မတော် ဖြစ်ပေါ်လာပုံ..။ 

ဝ တောင်ပိုင်း မြောက်ပိုင်း။




ငြိမ်းချမ်းရေး နှစ် နှစ်ဆယ်ပြည့် အခမ်းအနားတွင် ၀ တပ်မတော် ဦးစီးချုပ် တပ်စစ်နေပုံ.. ပြည်ထောင်စုမြန်မာနိုင်ငံတွင်း ရှိသော်လည်း (ကားတွင် မြန်မာ-တရုတ်) အလံနှစ်ခု ထောင်ထားသည်။




ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ဟာ ၁၉၇၀ နောက်ပိုင်း ရှမ်းပြည်အရှေ့ပိုင်းမှာ တရုတ်ရဲ့အထောက်အပံ့နဲ့ တပ်မတော်ကို ကြီးကျယ်စွာတိုက်ခိုက်ရင်ဆိုင်ခဲ့ပါတယ်.။ ၁၉၇၈ ကစပြီး တရုတ်က ထောက်ပံ့မှု ရပ်ဆိုင်းခဲ့တဲ့အတွက် ဗကပအင်အားချည့်နဲ့လာပါတယ်..။ နောက်ပိုင်းမှာ ဘိန်းစိုက်ဘိန်းရောင်းပြီး ရပ်တည်ခဲ့ပါတယ်။ ၁၉၈၉ မေလမှာ ရှမ်းအရှေ့ဒေသက ကိုးကန့်နဲ့ ၀တွေဟာ ဗကပကို တော်လှန်ခွဲထွက်ခဲ့တာ သီးခြားရပ်တည်ခဲ့ပါတယ်..။ ဘိန်းလုပ်ငန်းကို ကိုးကန့်နဲ့ ၀ နှစ်ဖွဲ့စလုံး အကြီးအကျယ်လုပ်ခဲ့ကြပါတယ်.။ အဲဒီနှစ်မှာပဲ အစိုးရနဲ့ ငြိမ်းချမ်းရေး ရခဲ့တဲ့အတွက် ပြည်တွင်းက စီးပွားရေးလုပ်ငန်းတွေကို နှစ်ရှည်လများ  ကြီးမားစွာ ရင်းနှီးမြုပ်နှံမှု ရရှိခဲ့ကြသလို ကိုယ်ပိုင်အုပ်ချုပ်ခွင့်လည်း ပေးခဲ့ပါတယ်..။  အဲဒီလိုတွေ အခွင့်အရေးတွေပေးပြီး နိုင်ငံရေးနည်းနဲ့ မဖြေရှင်းပဲ အပစ်အခတ် ရပ်စဲခဲ့ခြင်းဟာ တစ်ချိန်မှာ ကြီးမားတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ အမေရိကန်အပါအ၀င် ကမ္ဘာ့နိုင်ငံအများစုက သုံးသပ်ခဲ့ကြပါတယ်..။
တကယ်လည်း ဒီအတိုင်းဖြစ်လာခဲ့ပါတယ်.. အခုအချိန်မှာ ၀ (UWSA) ဟာ စီးပွားရေးလုပ်ငန်းပေါင်းစုံ၊ နည်းလမ်းပေါင်းစုံက ရတဲ့ ၀င်ငွေများစွာနဲ့ အင်အားကြီးမားတောင့်တင်းတဲ့ တပ်မတော်တစ်ရပ် ဖွဲ့စည်းနိုင်ခဲ့ပါတယ်။
အဲဒါကြောင်  “ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၂၀၀၈ ” မှာ ဝ ဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အဖြစ် ထည့်သွင်း ပြဌာန်းခဲ့ပါတယ်..။
ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ် နဲ့ ပန်ဆန်း(ပန်းခမ်း) မြို့နယ်များကို ခရိုင်နှစ်ခရိုင်ဖွဲ့ပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း” အဖြစ် ဖော်ပြထားပါတယ်။  အဲဒီမြို့အားလုံးဟာ သံလွင်အရှေ့ဘက်ခြမ်း တ၇ရုတ်နယ်စပ်မှာ ရှိပါတယ်..။

အစိုးရက အခြေခံဥပဒေအတိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးခဲ့ပေမယ့် အခြေခံဥပဒေပါ ပြဌာန်းချက်နောက်တစ်ခုအရ အပစ်ရပ် အဖွဲ့များသည် ရွေးကောက်ပွဲ ပြီးသည့်အခါ လက်နက်ချရမည် ဆိုတဲ့ စကားကို တရုတ်အားကိုးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့၊ နယ်ခြားစောင့်တပ်ဖွဲ့စည်းဖို့ကို လုံးဝ ဂရုမစိုက်တဲ့ တစ်ခုတည်းသော အဖွဲ့ဖြစ်ပါတယ်..။ ကျန်တဲ့ အဖွဲ့များက ငြိမ်းချမ်းရေးကို ညှိနှိုင်းလို့ရပေမယ့်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်ပြီး ကြိုးစားခဲ့ကြပေမယ့်  ၀ ဟာ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ပြည်နယ်တစ်ခုမဟုတ်သလိုပုံစံမျိုးနဲ့ရပ်တည်နေတာကို ထူးခြားစွာပဲ အစိုးရက ဘယ်လို့မှ မတုန့်ပြန်ခဲ့ပါဘူး.။


ခေါ်ဝေါ်ပုံ
ဝပြည် သွေးစည်းရေး တပ်မတော်
ဝပြည် သွေးစည်းရေး တပ်ဖွဲ့ဝင်များ

    ရှမ်းပြည်တောင်ပိုင်း (UWSA)အဖွဲ့ခေါင်းဆောင် ဝေရှောက်ခန်း
    ရှမ်းပြည်မြောက်ပိုင်း (UWSA) ခေါင်းဆောင် ပေါက်ယူချန်း

အမျိုးသား သွေးစည်း ညီညွတ်ရေး ပါတီ (MYANMAR NATIONAL SOLIDARITY PARTY - MNSP) မှ ယခုအခါ ဝပြည်နယ် သွေးစည်း ညီညွတ်ရေး ပါတီ/ တပ်မတော် (UWSP/ UWSA) အမည်သို့ ပြောင်းလဲထားပြီးပါတယ်။


ဝ တပ်မတော်၏ စစ်အင်အားနှင့် စီးပွားရေး

တရုတ်မှ ၀ယ်ယူထားသော သံချပ်ကာကားများ..။


တရုတ်တပ်မတော် ဒီဇိုင်းနှင့် ၀ တပ်မတော် ရဲမေများ..။


တရုတ်မှ ၀ယ်ယူထားသော ခေတ်မှီ သံချပ်ကာကား တစ်မျိုး


ငြိမ်းချမ်းရေး နှစ် ၂၀ ပြည့်အခမ်းအနားတွင် တရုတ်မှ စက်ရုံတည်ပေးသော AK 47 အသစ်စက်စက်များကို ကျွန်တော်တို့ ဗိုလ်ချုပ်ကြီးများ မချိပြုံးဖြင့် ကြည့်နေခဲ့ရသည်။


၂၀၀၉ ခုနှစ်က ပြုလုပ်သော အခမ်းအနားသို့ ပါဝင်တက်ရောက်သူ မြန်မာ စစ်အရာရှိကြီးများ


ဝမြို့တော် ပန်ဆန်း



တရုတ်မှ ၀ယ်ယူထားသော စစ်သည်တင်ယာဉ်များ

၂၀၁၀ ၀န်းကျင်က လေ့လာချက်အရ ၀ ပြည်သွေးစည်းရေးပါတီရဲ့ ၀ တပ်မတော် UWSA ဟာ တပ်မဟာ ၈ ခု၊ တပ်ရင်း ၄၄ ရင်း၊ (မြောက်ပိုင်း ၀ နယ်တွင် တပ်မဟာ ၃ ခုနှင့် တပ်ရင်း ၂၂ ရင်း၊ တောင်ပိုင်း ၀ နယ်တွင် တပ်မဟာ ၅ ခု နှင့် တပ်ရင်း ၂၂ ရင်း ) ရှိပါတယ်။ စစ်သည်တင်မော်တော်ယာဉ် အစီး ရာကျော်၊ သံချပ်ကာ ကားများ၊ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များ ပိုင်ဆိုင်ထားပါတယ်.။  စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လုပ်ပြီးတဲ့ နောက်ပိုင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်း များစွာမှာ ဒေါ်လာ ဘီလီယံနှင့် ချီပြီး ရင်းနှီး မြုပ်နှံထားတဲ့ လက်နက်ကိုင် အဖွဲ့ ဖြစ်ပါတယ်။ ဘိန်းစိုက်ပျိုးမှုကို ရပ်ဆိုင်းခဲ့ကြောင်း ၂၀၀၉ မှာ တရားဝင်ကြေညာခဲ့ပါတယ်။ ၂၀၁၁ စက်တင်ဘာလမှာ ထွက်ပေါ်လာတဲ့ ၀ီကီလိ သတင်းဖွင့်ထုတ်ချက် အရ ဆိုရင် UWSA က ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုငွေ ဒေါ်လာ ၂ ဘီလီယံ ရှိပါတယ်။ တရုတ်လက်နက်ကုန်သည်များနဲ့ တခြားနိုင်ငံက သူပုန်များအကြားကို ပွဲစားလုပ်ပေးတဲ့အတွက် မျိုးမျိုးမြက်မြက် ရရှိခဲ့တယ်လို့ သိရပါတယ်.။
ဝမြို့တော် ပန်ဆိုင်းဆိုဟာ ကာစီနို လောင်းကစားရုံတွေ၊ ကမ္ဘာ့အဆင့်မီ ဆောက်လုပ် ထားတဲ့ ဟိုတယ်တွေနှင့် စည်ကားနေတဲ့ မြို့တော် ဖြစ်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ လက်အောက်မှ ခွဲထွက်တုန်းက လက်နက်ကိုင် အရေအတွက် ထောင်ဂဏန်းသာ ရှိခဲ့ပေမယ့် အခုချိန်မှာတော့ တပ်မဟာ (၈)  ခု ရှိတဲ့ အင်အားကြီး တပ်မတော်တရပ် ဖြစ်နေပါပြီ။

ကျနော်တို့ သိခဲ့တဲ့ “၀” လူမျိုးဆိုတာ အသားနီစပ်စပ် တောင်ပေါ်သားတွေ အဖြစ်သာ သိခဲ့ပါတယ်။ အခုအချိန်မှာတော့ တရုတ်ကြီးရဲ့ ပံ့ပိုးမှုနဲ့ လက်နက်ငယ် ထုတ်လုပ်တဲ့စက်ရုံတွေ၊ မြေပြင်မှ ဝေဟင်ပစ် ဒုံးလက်နက်တွေ ပိုင်ဆိုင် ထားတဲ့ “၀” တပ်မတော် ဖြစ်နေပါပြီ။  သေချာတာကတော့ သူ့ကို မညှိနှိုင်း မကိုင်တွယ်နိုင်ရင် ဆိုးကျိုးတွေ များလာပါလိမ့်မယ်..။ ရှမ်းပြည် အရှေ့ခြမ်းတစ်ခုလုံး မီးလောင်သွားမယ့် မီးတုတ်ကို တရုတ်က လောင်စာပေးတာခြင်းပါ..။


ဝ UWSA နှင့် မြန်မာအစိုးရသစ်၏ ပေါ်လစီ
ဝ” ရဲ့ အချုပ်အခြာပိုင်မှုကို ကြည့်ရင် လက်ရှိ အခြေအနေမှာ အစိုးရရဲ့ ထိန်းချုပ်မှု အောက်က လုံးဝ လွတ်ကင်းနေတာကို တွေ့ရပါတယ်။ ဗဟို အစိုးရကို အဓိကစိန်ခေါ်မှုလုပ်တဲ့ ထင်ရှားတဲ့ ဖြစ်ရပ်ကတော့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လုံးဝ လက်မခံခြင်းနှင့် (၂၀၁၀) ရွေးကောက်ပွဲ ကို “၀” ဒေသမှာ လုံးဝ လုပ်ခွင့် မပေးခြင်းတို့ ဖြစ်ပါတယ်။ ခြုံကြည့်လိုက်ရင် “၀” ဒေသဟာ သီးခြားလွတ်လပ်တဲ့ နိုင်ငံတခုလို ဖြစ်နေပါတယ်။
အစိုးရဟာ ၀ (UWSA) ကို ဖိအားပေးနေခဲ့တဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို စွန့်လွတ်ခဲ့ကြောင်း တွေ့ရပါတယ်။ နောက်ပြီး တရုတ်အစိုးရနဲ့ ၀ပြည်နယ်အစိုးရတို့ တိုက်ရိုက် ဆက်ဆံဖို့ တောင်းဆိုတာကို ခွင့်ပြုပေးခဲ့ရပါတယ်..။ ဒါတွေကို ကြည့်ရင် ယခင်စစ်အစိုးရဟာ (UWSA) ကို သွယ်ဝိုက်သောနည်းဖြင့် မြန်မာနိုင်ငံထဲက သီးခြားနိုင်ငံတခုအဖြစ် အသိအမှတ် ပြုပေးလိုက်တာ ဖြစ်ပါတယ်။  မြန်မာ့တပ်မတော်ရဲ့ အင်အားဟာ UWSA လို လက်နက်ကိုင် တပ်တွေကို လက်ရှိအချိန်မှာ ချေမှုန်းနိုင်ပါတယ်။ ဒါပေမယ့် မြန်မာစစ်ခေါင်းဆောင်တွေဟာ “၀” ကို ကေအိုင်အေလို မတို့မထိရဲ ဖြစ်နေတာကို ကြည့်ရင် သူရဲ့ နောက်ကွယ်မှာ ဘယ်သူရှိနေလဲဆိုတာ ခန့်မှန်းနိုင် ပါတယ်။

၁၉၆၇ က တရုတ်သံရုံးကိုထိခိုက်ခဲ့တဲ့ တရုတ်မြန်မာ အရေးအခင်းအပြီးမှာ ရှမ်းပြည်အရှေ့ပိုင်းက ဗကပများကို တိုက်ထုတ်နေတဲ့ မြန်မာ့တပ်မတော်ဟာ တစ်ဖက်နိုင်ငံက၀င်လာတဲ့ ဗကပ အမည်ခံ တရုတ်တပ်မတော်ရဲ့ တိုက်ခိုက်မှုကို ပြင်းထန်စွာခုခံခဲ့ရတာကို မမေ့သင့်ပါ။ အဲဒီနောက်ပိုင်း ဆယ်နှစ်ကျော်လောက်အထိ တရုတ်ရဲ့အထောက်အပံ့နဲ့ တိုက်ခိုက်လာတဲ့ ဗကပအမည်ခံတွေကို မနည်းတွန်းလှန်ခဲ့ရတာကလည်း သာဓကပါ..။

မြန်မာနှင့် တရုတ်ကြားက ၀ ဒေသ နှင့် UWSA ၀ တပ်မတော်..
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံများကို ကြည့်မယ်ဆိုရင် တရုတ်နိုင်ငံရဲ့ အနေအထားဟာ စစ်အစိုးရ အပေါ်မှာ နိုင်ငံရေး၊ စီးပွားရေးအရ လိုက်လျောပြီး အမြတ်ထုတ်ဝါဒနှင့် ပေါင်းနေပေမဲ့ တဖက်မှာ “UWSA” ကို အင်အား တောင့်တင်းတဲ့ လက်နက်ကိုင် တပ်မတော် တရပ် ပေါ်ပေါက် လာအောင် ကူညီခဲ့တယ်။ ဒီနေရာမှာ ကျနော်တို့ အနေနဲ့ တူညီတဲ့ အမျိုးသားရေးနဲ့ အမှတ်အသားသရုပ် လက္ခဏာဟာ ပေါင်းစည်းမှု သဘောကို ဆောင်တယ်လို့ မှတ်ချက်ချနိုင်ပါတယ်။ “၀” တွေဟာ တရုတ် စကားပြောတဲ့လူမျိုး ဖြစ်နေပြီး၊ တရုတ်ထုံးတမ်း အစဉ်အလာကို နှစ်သက်မြတ်နိုးတဲ့ တိုင်းရင်းသား လူမျိုးစု ဖြစ်လေတော့ တရုတ်ရဲ့ သြဇာကို တည်ထောင်လို့ ကောင်းတဲ့ လူမျိုးစု အဖြစ် တည်ရှိနေပါတယ်။ “၀” လက်နက်ကိုင်တပ်ဟာ သဘောအရ ပြောရရင် နဂါးကြီးရဲ့ “ကုတ်တံ” ဖြစ်နေပါတယ်။

“၀” နယ်မြေဆိုတာ မြန်မာနှင့် တရုတ်ကြားမှာ ရှိတဲ့ ပြဿနာတွေ ပေါ်ပေါက်နိုင်တဲ့ အထိမခံတဲ့ နယ်မြေကော မဖြစ်နိုင်ပေဘူးလား။
“၀” ဒေသဟာ မြန်မာနိုင်ငံရဲ့ အက်ကြောင်းတခု မဖြစ်နိုင်ဘူးလား။

ကေအိုင်အေနှင့် အခြား တိုင်းရင်းသားလက်နက်ကိုင်များကို စုတ်ပြတ်စွာ ဝေဖန်နေကြသော အွန်လိုင်းသူရဲကောင်းများကကော  ကိုယ့်နိုင်ငံ အချုပ်အခြာ အာဏာအတွက် အရေးကြီးသည့် ၀ တပ်မတော်အား တရုတ်ကြီးမှ ၀င်ရောက်စွက်ဖက် လက်နက်ထောက်ပံ့ထားခြင်း မဟာဗျူဟာအရ မွေးထားခြင်းတို့ကို စစ်ရေးအမြင်၊ နိုင်ငံရေးအမြင်ဖြင့် ဘာ့ကြောင့် ဝေဖန်ဆွေးနွေးခြင်း ဗဟုသုတပေးခြင်းကို မလုပ်ဝံ့ကြတာပါလဲ..။

အိမ်နီးချင်း ပြည်ပနိုင်ငံကြီး တခုက မြန်မာပြည်တွင်းရေးကို ကစားလိုတဲ့အချိန် ဘယ်အချိန်မဆို ကစားလို့ရတဲ့ အနေအထားမျိုးကို ရောက်နေပါပြီ။  ပြည်ပနိုင်ငံကြီး တခုက အစိတ်အပိုင်း အနည်းငယ်လောက် ၀င်ရောက် စွက်ဖက်လိုက်ရုံနှင့် လက်ရှိ မြန်မာနိုင်ငံရဲ့ အနေအထားဟာ အာရှရဲ့ ဘော့စနီးယားလို ဖြစ်လာနိုင်ကြောင်း။

ရန်အောင်..
မည်သူမဆို ရှဲနိုင်ပါတယ်..။

ကိုးကား
Photo http://mmmilitary.blogspot.com
ပဋိပက္ခကြားက မြန်မာနိုင်ငံ - အာရှရဲ့ ဘော့စနီးယား ဖြစ်နိုင်သလား (ဆောင်းပါးရှင် -လှရွှေ)

ဘကြီးသက်
Unknown at 12:03 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.