Friday, July 27, 2012

မြစ်ဆုံဆည် တရုတ်နဲ့ ပေါင်းပြီ ဖြစ်အောင် တည်ဆောက်မယ် သမ္မတ နှုတ်မိန့် ကို ဆန့် ကျင်တဲ့ ဦးအောင်သိန်းလင်းကို အရေးရန်မရှိ


တရုတ် အပတ်စဉ်ထုတ် သတင်းစာတွင်ဖော်ပြခဲ့သည့်ဗဟိုအ လုပ်အမှုဆောင်ဦးအောင်သိန်းလင်း ၏အင်တာဗျုးနှင့် ပက်သက် ၍ပြည် ခိုင်ဖြိုးပါ တီအနေဖြင့်အရေးယူခြင်း ပြုလုပ်မည်မဟုတ်သကဲ့သို့ပါတီကို လည်း ထိခိုက်မှုမရှိကြောင်း ပြည်ခိုင်ဖြိုး ပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးကရန်ကုန်တိုင်းမ်ဂျာနယ် ၏ဆက်သွယ်မေးမြန်း ချက်အပေါ် ဖြေကြား ခဲ့သည်။

''ကိုအောင်သိန်းလင်းကို လည်းမေးပြီးပါပြီး သူအနေနဲ့ဒီလို ပြောခဲ့တာမျိုး မဟုတ်ဘဲ ဘာသာ ပြန်အဓိပ္ပါယ်လွဲမှား တာကြောင့်ဖြစ် တယ်လို့သိရပါတယ်။ ကိုအောင်သိန်း လင်းက ပါတီအနေနဲ့ အရေးယူမယ် ဆိုလည်း ခံယူဖို့အသင့် ပဲလို့ပြော ပါ တယ်။ဒါဟာ ပါတီနဲ့လည်းမဆိုင်ပါ ဘူး။ကိုအောင်သိန်းလင်းရဲ့သဘော ထားပဲဖြစ်တဲ့ အတွက်ပါတီကအရေး ယူတာတွေ၊ ဘာတွေ လုပ် သွားဖို့မရှိ ပါဘူး။ပါတီကိုလည်း ထိခိုက်စရာမ ရှိပါဘူး''ဟုပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ အထွေ ထွေ အတွင်းရေးမှူးဦးဌေးဦးကဆိုသည်။

ယင်းနှင့်ပတ်သက်၍ တရုတ်နိုင် ငံတွင် ထုတ်ဝေသည် Southern weekend အပတ်စဉ်ထုတ်သတင်း စာတွင် ပြည်ထောင် စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး ပါ တီ၏ဗဟိုအလုပ်အမှုဆောင်ဦးအောင်သိန်းလင်း၏အင်တာဗျူးဖော် ပြခဲ့ ခြင်းဖြစ်ပြီး နှင့်ပက်သက်၍ ဦးအောင်သိန်းလင်းကိုဆက်သွယ်မေးခြန်းခဲ့ ရာ ''မှတ်မိတာကတော့ မျက်စိခွဲစိတ်ဖို့လာတဲ့အခါမှာ ဒီလို ပဲ စကားပြောကြတဲ့အခါမှာ သူတို့ မေးတာတွေ ကိုပြန်ဖြေတာ တော့ရှိ တယ်။ဒါပေမယ့် အဲ့လိုအသုံးအနှုန်း တွေကိုတော့ မသုံးဘူး။အဲ့လိုအဓိ ပ္ပါယ်မျိုး လည်း မပြောခဲ့ ဘူး။ ပြည်သူ တွေက အရူးဆို တဲ့စကားဟာ တရုတ်စကားပြန် ကနေပြီး ပြန်ပြန်ရင်း လွဲမှားသွား တယ်လို့ ထင်တယ်။ ပြော လိုက်တာမှာ Crazy လို့ပြော တာကို သူတို့က အရူးလို့ပြန်တာ ထင်တယ်။ အရူးလို့ပြောခဲ့ တာလည်း မဟုတ်ဘူး ။အစွဲအလန်း ရှိတယ်လို့ ပြောလိုက်တာ ဘာသာပြန်လွဲချော်မှု လို့ ထင်တယ်။ နောက်ပြီးဒီလိုကိစ္စတွေ ပြော ကြဆိုကြတာ တော့ ၅လ ပိုင်းလောက် ကပဲပြောခဲ့ ကြတာရှိတယ်။ဒါကြောင့် တရုတ်သံရုံး ကတဆင့်အဲ့ဒီဂျာနယ် လား၊သတင်းစာလာမသိ ဘူး ဆက် သွယ်ပြီးတော့ စုံစမ်းဦး မယ်။အဲ့ဒီ တုန်းကလည်းဘယ်သူ က၊ဘယ်သ တင်းစာကမေးတယ်ဆို တာတောင် မသိဘူး။ မျက်စိခွဲစိတ် သူတွေနဲ့ ပါလာ တဲ့ သူတွေတော့ ရှိတယ်။ဒီလိုပဲအ လွတ်သဘောဆွေးနွေးကြတာပဲရှိ တယ်'' ဟု ရန်ကုန်တိုင်းမ်သို့ပြောသည်။

အဆိုပါ အင်တာဗျူး သည် နိုင်ငံရေး အသိုင်းအဝိုင်း၊ လွှတ်တော်အသိုင်း အဝိုင်းနှင့်ပြည်သူများ အကြားတွင် လှုပ်ခတ်သွား ခဲ့သည့် သတင်း တစ်ပုဒ်ဖြစ်ခဲ့ပြီး အင်တာ နက်စာမျက်နှာနှင့်ဖေစ့်ဘုတ်များတွင် ပျံနှံခဲ့သည့်သတင်းတစ်ပုဒ်ဖြစ်ခဲ့သည်။

အဆိုပါ အင်တာဗျူးအား http://www.infzm.com/content/78148 တွင် တရုတ်ဘာသာဖြင့် ဖော်ပြခဲ့ခြင်းဖြစ်ပြီး http://moemaka.blogspot.com/2012/07/aung-thein-lins-interview-in-southern.html တို့တွင်လည်း အင်္ဂလိပ်ဘာသာနှင့်ပြန်ဆိုထားပြီးသား ကိုတွေ့ရပါသည်။

ဝေမာသိမ့် - Yangon Media Group

ဘကြီးသက်
Unknown at 12:50 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.