ယနေ့ ဇူလိုင်လ ၂၆ ရက် နေ့လည် ၁း၃၀ နာရီခန့်က ကမ္ဘာအေးဘုရားလမ်းရှိ ဂမုန်းပွင့်ကုန်တိုက်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပါသည်။ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ ဂမုန်းပွင့်ကုန်တိုက် မီးလောင်ကျွမ်းမှုမှာ ကုန်တိုက်၏ ပထမထပ်တွင်ရှိသော ဖိနပ်ဆိုင်အနီးမှ ၀ါယာရှော့ဖြစ်ကာ စတင်လောင်ကျွမ်း ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ ယင်းကုန်တိုက်ရှိ ၀န်ထမ်းများကို တာဝန်ရှိသူများက ဘေးကင်းရာသို့ ဖယ်ရှားခဲ့ပြီး မီးငြှိမ်းသတ်မှုကို ဆက်လက်လုပ်ဆောင်လျက်ရှိရာ မီးလောင်ကျွမ်းမှုမှာ ယခုအခါ အပြီးသတ်မီးငြိမ်းသတ် နိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရပြီး ဆုံးရှုံးမှု တန်ဖိုး ကြီးကြီးမားမားမရှိကြောင်းလည်း သိရှိရသည်။
Eleven Media Group
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge