Monday, July 23, 2012

MCPA Days ကျင်းပမည်


ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှုး၍ အိုင်တီလူ့စွမ်းအား အရင်းအမြစ်များနှင့် IT Industry ရှိ အိုင်တီကုမ္ပဏီများအား ချိတ်ဆက်ပေးရန်အတွက် MCPA Day အား ၂၀၁၂ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့တွင် ရန်ကုန်ကွန် ပျူတာတက္ကသိုလ်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
MCPA Day တွင် နည်းပညာဆိုင်ရာ ဟောပြောဆွေးနွေးပွဲများ၊ အိုင်တီပညာရှင်များမှ Career Dev-elopment ဆိုင်ရာ စာမေးပွဲများအကြောင်းအား ဟောပြောမည့်အပြင် ၄င်းနေ့တွင် အိုင်တီနည်းပညာအား အသုံးပြုနေသော ကုမ္ပဏီများမှ မိမိတို့၏ လုပ်ငန်းများကို ကျောင်းသား၊ ကျောင်းသူများသိရှိစေရန်နှင့် မိမိတို့ကုမ္ပဏီအတွက် လိုအပ်လျက်ရှိသော အိုင်စီတီ လူ့စွမ်းအား အရင်းအမြစ်များကို Recruit ပြုလုပ်နိုင်စေရန်အတွက် Career Fair ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။
ပါဝင်ရန် စိတ်ဝင်စားသည့် အဖွဲ့အစည်းများအနေဖြင့် အဆိုပြုလွှာများကို မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းရုံးခန်းသို့ ကုမ္ပဏီအမည်နှင့် Registration Fees အား ဇူလိုင်လ ၃၀ နောက်ဆုံးထား ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
Unknown at 11:31 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဦးဘရန်ရှောင် အမှု တရားလိုပြသက်သေ စစ်ဆေး

ချင်းမိုင်(မဇ္စျိမ) ။       ။ ဖောက်ခွဲရေးဆိုင်ရာပုဒ်မ ၃ ဖြင့် ကချင်ဒုက္ခသည် စခန်းအတွင်းမှ ဦးလထော် ဘရန်ရှောင်အား ဖမ်းဆီးခဲ့သူ ခရိုင် ဒုစရိုက် နှိမ်နင်းရေးအဖွဲ့ ဒု-ရဲအုပ် ကျော်မျိုးနိုင်အား တနင်္လာနေ့ တတိယ အကြိမ်မြောက် ရုံးချိန်းတွင် တရားလိုပြသက်သေအဖြစ် စစ်ဆေး မေးမြန်းခဲ့သည်ဟု သိရသည်။

“ထူးထူးခြားခြား သိပ်မပြောဘူး။ ဖမ်းတဲ့အချိန်သူပါတယ်။ ဗုံးခွဲမှုနဲ့ ပတ်သက်လို့ လာဖမ်းတဲ့အကြောင်း၊ အဲဒီည သူဖမ်းသွားတယ်။ အဲဒီနောက်ပိုင်း စစ်ဆေးတဲ့နေရာမှာ သူ မပါဝင်တော့ဘူးလို့ ပြောတယ်” ဟု ဦးဘရန်ရှောင်၏ ရှေ့နေ ဦးမာခါးက ပြောသည်။

ဦးဘရန်ရှောင်အား ဖမ်းဆီးစဉ်က ဒဏ်ရာများ မတွေ့ရဘဲ ယခု ရရှိထားသည့် ဒဏ်ရာများမှာ စရဖ မှ နှိပ်စက်သည်ဟု ဒု-ရဲအုပ် ကျော်မျိုးနိုင်က ဝန်ခံသည့် သဘော သက်ရောက်နေသည်ဟု ဦးမာခါး က မဇ္စျိမကို ပြောသည်။

“သူက ဟုတ်ပါတယ်လို့ ဝန်ခံတဲ့ သဘောပဲ။ ကျနော်က သူ့ကို ဦးဘရန်ရှောင်ရထားတဲ့ ဒဏ်ရာတွေ ပြတယ်။ ဒီဒဏ်ရာတွေက စရဖ တွေက နှိပ်စက်လို့ ရတဲ့ဒဏ်ရာ ဟုတ်လားလို့ မေးတော့ သူက စစ်တဲ့အခါ သူ မပါလို့ မသိဘူးဆိုပြီး ပြောတယ်” ဟု ပြောသည်။

အတင်းအဓမ္မ ဝန်ခံမှု ပြုလုပ်လာစေရန် ဦးဘရန်ရှောင်အား နှိပ်စက်ညှဉ်းပန်းကြရာတွင် သူ၏ ပါးနှစ်ဘက်အား မီးဖုတ်ထားသည့် ဓါးများဖြင့် လောင်ကျွမ်းစေကာ သူ၏ ပေါင်များကိုလည်း ဓားများဖြင့် ထိုးဖောက်ခဲ့ပြီး သူ၏ ခြေသလုံး အရေပြား ဧရိယာ တော်တော်များများ လန်နေ ကွာနေခြင်းကလည်း အနှိပ်စက်ခံရကြောင်းကို သက်သေပြနေသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP က ဆိုထားသည်။

ဦးဘရန်ရှောင်အား ဖောက်ခွဲမှုဖြင့် ဖမ်းဆီးခဲ့သော်လည်း နောက်ပိုင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဝန်ထမ်းဟု စွပ်စွဲ၍ မတရားအသင်း ဆက်သွယ်မှုဖြင့် တရားရင်ဆိုင်နေရခြင်း ဖြစ်သည်။

တနလာင်္လာနေ့ ပြည်နယ်တရားခွင်သို့ ဦးဘရန်ရှောင်အား လက်ထိပ်ခတ်၍ တရားဝင်သို့ ခေါ်ဆောင်လာကာ ကျန်းမာရေးဆေး ကုသခွင့် မရသေးသလို၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ရှိနေသေးကြောင်း ရှေ့နေ ဦးမာခါးက ပြောသည်။

ဘကြီးသက်
Unknown at 9:35 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ထန်းခြောက်ပင်ကွေ့ မှာ အိမ်ခြေ ၂၉ လုံး ဖျက်ဆီးခံရ

 ရန်ကုန်တိုင်း၊ရွှေပြည်သာမြို့နယ်၊ ထန်းခြောက်ပင်ကွေ့ ကျေးရွာက အိမ်ခြေ ၂၉ လုံးကို နယ်မြေခံ ရဲနဲ့ စည်ပင်ဌာန ဝန်ထမ်းတွေက ဒီကနေ့ မနက် လင်းအားကြီး ၃ နာရီမှာ ဖျက်ဆီးခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော် ကတည်းက ရှိခဲ့တဲ့ ဒီအိမ်တွေဟာ သချိုင်းမြေနေရာ
မှာ ပါဝင်တယ် ဆိုပြီး အခုလို ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

အိမ်တွေ ဖျက်ဆီးခံရတဲ့ နေရာကို ဒီကနေ့ နေ့လည်ပိုင်းမှာ ရွှေညဝါ
ဆရာတော် သွားရောက်ပြီး ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက် စတဲ့ အစားအသောက်တွေ သွားရောက်လှူဒါန်းခဲ့ပါတယ်။

အခုလို ဖျက်ဆီးလိုက်တဲ့အတွက် လူပေါင်း ၁၃ဝ လောက် အိုးမဲ့အိမ်မဲ့ြ
ဖစ်ခဲ့ရပြီး အဲဒီထဲက တချို့ဟာ ညအိပ်ဖို့ အခက်အခဲ တွေ့နေကြတယ်လို့
၈၈ မျိုးဆက်ကျောင်းသား ကိုကိုကြီး (စမ်းချောင်း) က ပြောပါတယ်။

အိမ် အဖျက်ခံရသူတွေရဲ့ အဆိုအရ ဒီနေရာမှာ နေထိုင်ခွင့်ရဖို့နဲ့ တရားဝင် အိမ်ထောင်စု စာရင်းတွေရရှိဖို့ အတွက် သက်ဆိုင်ရာကို အခွန်ငွေ ၅ သောင်း ပေးဆောင်ထားရတယ်လို့ သိရပါတယ်။

RFA Burmese 
ဘကြီးသက်
Unknown at 9:31 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ခေတ်သစ် အဇာတသတ်.........


ကျနော် အိမ်ဘေးနားကို မိသားစုတစ်စုပြောင်းလာတယ်။ သူတို့ကဆိုင်ကယ်အပို ပစ္စည်းရောင်းတဲ့ ဆိုင်ဖွင့်ထားကြတယ်။ သူတို့နဲ့အတူ အိမ်ပြောင်းလာတော့ အဘွားအိုတစ်ယောက်ပါလာတယ်။ ကျနော် ရေခပ်တိုင်း၊ ခြံကကပ်နေတော့ သူတို့ အိမ်ဘက်ကိုမြင်နေရတယ်လေ။ ကျနော်ကြည့်လိုက်တိုင်း အဘွားအို ကိုပဲအိမ်နောက်ဘက်မှာ တုန်တုန်ချည့်နဲ့ နေတဲ့လက်တွေနဲ့ အ၀တ်တွေလျှော်နေတာကိုပဲ တွေ့ရတာများတယ်။ တစ်နေ့တော့ ကျနော်မနေနိုင်တော့ဘူး “ အဘွား အိမ်မှာ အ၀တ်လျှော်မယ့် သူတွေမရှိဘူးလားလို့” မေးတော့ “ ငါမြေးရယ် အိမ်မှာ သမီးနဲ့ သားမက် ပဲရှိတယ် သူတို့ကမအားကြဘူးလေ” လို့ပြောတော့ “ကျနော် အဘွား အ၀တ်တွေကို ကူလျှော်ပေးပါရစေလို့” ပြောပြီးကျနော် လျှော်ပေးခဲ့ပါသေးတယ်။
နောက်ပိုင်းတော့ ကျနော် သင်တန်း(၁)နှစ်လောက်၊ သွားတတ်ရပါတယ်။ ကျနော် ရန်ကုန်ပြန်ရောက်တော့ အိမ်ဘေးနားက အဘွားအို ကိုမတွေ့ရတော့ပါဘူး။ ကျနော် အမတွေကိုမေးကြည့်တော့ အဘွားအိုဆုံးသွားပြီးတဲ့လေ....။ကျနော် စိတ်ထဲမကောင်းဖြစ်သွားလိုက်တာ။ အမတွေကိုမေးကြည့်တော့ သူ့သမီးနဲ့ သားမက် နှိပ်စက်လို့ သေသွားတာတဲ့။ ကျနော် အရမ်းအံ့သြသွားတယ်။ ကျနော်ရှိနေတဲ့ အချိန်တုန်းက အဘွားအိုကို နှိပ်စက်တာမှမတွေ့ရတာ။ ဘယ်လိုတွေနှိပ်စက်လို့ သေသွားတာလဲလို့ အမကိုမေးတော့၊ အမကပြောပြတယ်။ အဘွားအို ဟာနေ့တိုင်း သမီးနဲ့ သားမက် မရှိတဲ့ အချိန်တွေမှာမှ သူ့ရဲ့ အင်္ကျီတွေကို မသိအောင်လျှော်ရတာတဲ့၊ အသက်ကြီးတော့ ဆီး၊၀မ်း မနိုင်တာတွေဖြစ်တော့ အ၀တ်တွေမှာပေတတ်တာပေါ့။ ဒါကို သမီးနဲ့ သားမက်က အိမ်မှာ ညစ်ပတ်လို့ကတော့ အိမ်ပေါ်မှာမနေနဲ့ အိမ်အောက်မှာနေလို့ပြောတယ်တဲ့၊ အဘွားအိုဟာ သမီးနဲ့ သားမက်မသိအောင်လို့ သူတို့သွားချိန်မှ အ၀တ်လေးတွေကို တိတ်တိတ်လေးလျှော်ခဲ့တာ။ နောက်တော့ ကျမ်းမာရေးမကေင်းဖြစ်လာတယ်တဲ့၊ အဲ့ဒီအချိန်တွေမှာ ဆေးမကုပေးတဲ့ အပြင် အမေကို ဆဲဆိုကြိမ်းမောင်းပြီး အိမ်နောက်ဘေးက ဂိုထောင်အပျက်လေးထဲမှာ ပြစ်ထားကြတယ်တဲ့၊ ထမင်းစားချိန်ဆို ကော်ဗလုံထဲမှာ ထည့်ပြီး ဂိုထောင်ပေါက်ဝမှာ သွားချထားတယ်။ အဘွားအိုဟာ ၀ါးကွပ်ပြစ်လေးပေါ်မှာ ဝေဒနာကို ခံစားနေခဲ့ရတယ်။ အဲ့အချိန်ကဆို အိမ်နီးနားတွေက မနေနိုင်လို့ သွားပြီးပြုစုကြရင် အဘွားအို ကိုပိုနှိပ်စက်လို့နောက်ပိုင်း ဘယ်သူမှ မသွားရဲကြတော့ဘူးတဲ့။ ညဘက်ဆို ချမ်းတော့ အဘွားအိုက ညည်းရင်တောင် အိမ်ပေါ်ကနေ ရေနဲ့လှမ်းပတ်ပါတယ်။ နောက်တော့ အဘွားအို ဟာအိပ်ယာပေါ်မှာ အချိန်ကြာကြာနေရတော့ ကျောမှာ အပူနာတွေပေါက်တော့ အနာတွေဖြစ် အရမ်းစိုးဝါးတဲ့ဝေဒနာတွေကို ခံစားရပြီးသေသွားခဲ့ရတာတဲ့။ အမပြောတာတွေကိုနားထောင်ရင်း ကျနော် မျက်လုံးကထွက်တဲ့မျက်ရည်ထက် ရင်ထဲမှာမကောင်းတာကပိုတယ်ဗျာ။အရမ်းခံစားရတယ်။ ရက်စက်လိုက်ကြတာဗျာ၊ ကိုယ့်ကို ဖ၀ါးလက်နှစ်လုံး၊ ပခုံးလက်နှသစ် လူဖြစ်အောင်ကျွေးမွေးခဲ့တဲ့ အမေကို အခုလိုမျိုးလုပ်ရက်တဲ့ သားသမီးတွေကို ကျနော်အရမ်းအံ့သြသွားတယ်။ နောက်ပြီး မိဘအပေါ် မကောင်းတာတောင်မှ သား၊သမီးတွေကို အပြစ်မမြင်ခဲ့ရှာဘူး။ ပတ်ဝန်းကျင်က အပြစ်မမြင်အောင် အပြုံးမပျက်ကာကွယ်ပြောသွားခဲ့တယ်။ အဘွားအိုတစ်ယောက် ဝေဒနာထက် နှလုံးသားမှာ ဘယ်လောက်အထိခံစားသွားရမလဲ ဆိုတာတော့ ကျနော် တွေးကြည့်တာတော့ ရင်ထဲမှာ မခံစားနိုင်အောင်ဖြစ်ရပါတယ်။
ကျနော် တို့ မိဘတွေကို မသေခင်အချိန် အထိကျနော်တို့ မောင်နှမ ကောင်းကောင်းပြုစုနိုင်ခဲ့ပါတယ်။ ဒါတောင်ကျနော်တို့ မိဘကျေးဇူးကို ကျေပြီလို့ မဟစ်ကြွေးရဲခဲ့ပါဘူး။ ကျနော်ပြောချင်တာတော့
မိဘ သက်ရှိထင်ရှားရှိချိန်တွေ မှာမိဘကျေးဇူးကို ဆပ်နှိုင်သော သားသမီးကောင်းတွေဖြစ်အောင် နေနိုင်ကြပါစေလို့ ..................။

Ps. (ကိုယ်တွေ့ အဖြစ်မှန်လေးပါ)

Facebook  မှ
ဘကြီးသက်
Unknown at 9:25 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကျောင်းဆောင်ပြိုကျ၍ ကျောင်းသူ၊သား ၃၀ဦး ဒဏ်ရာရ



သက်ပြည့် ပင်စင်ယူမည့် ကျောင်းအုပ် ဆရာကြီးကိုနှုတ် ဆက်စဉ် ကျောင်းဆောင်
 ပြိုကျ၍ ကျောင်းသူ၊ သား ၃၀ဦး ဒဏ်ရာရ

မုံရွာ- ဇူလိုင် ၂၃
မုံရွာမြို့ ၊ဒေါနခြံရပ်ကွက်၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်
ဆရာကြီး ဦးဝင်းဖေသည် ပင်စင်(သက်ပြည့်) ယူမည်ဖြစ် သဖြင့် ကျောင်းသားကျောင်းသူ
များနှင့်ဆရာဆရာမများ ကျောင်းအုပ်ဆရာကြီးရုံးခန်းသို့အသွား ပင်မဆောင် အနောက်
ထိပ်န၀မတန်းအဆောင်ရှေ့အရောက်တွင်ကျောင်းဝရံတာပြိုကျသဖြင့်ကျောင်းသား
 ကျောင်းသူ(၃၀)ခန့်နှင့်ကျောင်းဆရာတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်းသိရှိရသည်။

“ပုံမှန်ရက်တွေမှာဒီဝရံတာကလူအများသွားလာတာမရှိပါဘူး။ဒီနေ့ကျောင်းအုပ်ဆရာ
ကြီးနှုတ်ဆက်ဖို့ကျောင်းသားကျောင်းသူတွေအသွားများတော့ပြိုကျသွားတယ်။ဝရံတာ
မှာခြပုန်းတွေတက်နေတာကြာပြီဆိုတော့ဆွေးမြေ့ပြီးပြိုကျသွားတာပါ။

ထိခိုက်ဒဏ်ရာရတဲ့ကျောင်းသားကျောင်းသူတွေအားလုံးဆေးဝါးကုသမှုခံယူနေပါ
တယ်”ဟုအ.ထ.က(၂) မှကျောင်းဆရာမတစ်ဦးကပြောသည်။

အဆိုပါပင်မကျောင်းဆောင်ဝရံတာပြိုကျပျက်စီးမှုကြောင့်ကျောင်းဆရာတစ်ဦးနှင့်
 ကျောင်းသားကျောင်းသူ၃၀ခန့်ဒဏ်ရာရရှိပြီးမုံရွာပြည်သူ့ဆေးရုံကြီးတွင်းအတွင်း
လူနာအဖြစ်ကျောင်းသားကျောင်းသူ(၂၉)ဦးပြင်ပလူနာ အဖြစ်(၂)ဦးဆေးဝါးကုသမှုခံယူလျက်ရှိကြောင်းသတင်းရရှိပါသည်။

မုံရွာမြို့တွင် အထက်တန်းကျောင်း ၃ကျောင်းရှိပြီး အထက ၂သည် ဒေါနခြံရပ်ကွက်၊ မုံရွာပြည်သူ့ဆေးရုံကြီး ဘေးကပ်လျှက်တွင် တည်ရှိသည်။

ဓာတ်ပုံ- မျိုးမင်းဦး

7Day News Journal  Myanmar New Now

ဘကြီးသက်
Unknown at 9:21 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မောက်မာမှုကင်းသည့် ဆက်ဆံရေးမှသည် ထိရောက်သည့်အနာဂတ်အစိုးရဆီသို့


အခုတလော ရက်ဆက် ခရီးသွားနေရတော့ အင်တာနတ်ပေါ် ဖင်ပူအောင် မထိုင်ဖြစ်ဘူး။ ဟိုသွား၊ ဒီသွားနဲ့ ကားပေါ်မှာပဲ ဖြစ်ပျက်နေတာလေးတွေကို ဖုန်းထဲကနေ အကျဉ်းချုပ်ဖတ်နေခဲ့ရတယ်။ အကြာကြီးဖတ်လို့ကလည်း မကောင်းဘူးလေ။ ဘေးနားမှာ ကားမောင်းနေတဲ့ အရာရှိကိုလည်း အားနာရတာကိုး။
ကိုယ့်အရာရှိ ကားမောင်းတာမပျင်းအောင်လည်း ကိုယ်က အာလူးလေး ဘာလေး ဖုတ်ပေးရသေးတယ်လေ။

ဒီမှာက (ကျနော့်အလုပ်မှာ… တခြားနေရာတွေမှာတော့ မပြောတတ်) ခရီးသွားကြပြီဆိုရင် မြန်မာပြည်နဲ့ ပြောင်းပြန်ဗျ။ အရာရှိနဲ့ သူ့လက်အောက်ဝန်ထမ်းတွေ သွားကြရင် အရာရှိတွေက ကားမောင်းတတ်တယ်။ ဥပဒေရယ် ဘာရယ်ကြောင့်မို့လို့တော့ မဟုတ်ဘူးပေါ့။ ကိုယ်မောင်းသူမောင်းတော့ ရှိတာပေါ့။ ဒါပေမယ့် များသောအားဖြင့်တော့ ပိုကြီးတဲ့အရာရှိတွေက မောင်းတတ်တယ်။ ဒီတော့ သူ့လက်အောက်အရာရှိတွေ၊ ၀န်ထမ်းတွေက အသာလေး ငြိမ်ထိုင်လိုက်ရုံပဲ။ အတူတူသွားတဲ့လူများတယ်ဆိုရင် တစ်ယောက်က စကားပြောပေး၊ ကျန်တဲ့ လူတွေက မှေးပြီးတော့ လိုက်ရုံပဲ။ အာရှနိုင်ငံတို့၊ အာဖရိကနိုင်ငံတို့မှာလို အရာရှိက ဇိမ်ခံလိုက်ရတာတော့ မဟုတ်ဘူးဗျ။

တခါတောင် တရုတ်နိုင်ငံက ဘလော့်ဂါစဖီးယားမှာတောင် သောသောညံကုန်တဲ့ အပြစ်အပျက်လေးတစ်ခုကို မှတ်မိနေသေးတယ်။ တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးနဲ့ပတ်သက်တဲ့ ဇာတ်လမ်းလေးပေါ့။

အများသိကြတဲ့အတိုင်း တရုတ်နိုင်ငံမှာလည်း အရာရှိတွေဟာ အရမ်းဟိတ်ဟန် များကြတာကိုး။ လာဘ်ပေးလာဘ်ယူမှုတွေကလည်း များတော့ ပိုက်ဆံတွေ အသကုန်ဝင်ပြီး အကောင်းစားတွေ သုံးဖြုန်းနိုင်ကြတယ်။ ဘာမဟုတ်တဲ့ မြို့နယ်အဆင့် အရာရှိတွေတောင် လက်အောက်ငယ်သားတွေ မွှေးထားတတ်ကြတယ်။ ခရီးသွားကြပြီဆိုရင်လည်း အခြွေအရံတွေက တယ်များသား။ တစ်နေ့တော့ တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟာ ကော်ဖီဆိုင်တစ်ဆိုင်မှာ ကျောပိုးအိတ်လေးလွယ်ပြီး သူ့သမီးလေးနဲ့အတူ ကော်ဖီဝယ်နေတယ် တဲ့။ အဲဒါကို တစ်ယောက်က တွေ့သွားပြီး ဓာတ်ပုံရိုက်ပြီးတော့ အဲဒီဓာတ်ပုံကို ဘလော့ဂ်တစ်ခုပေါ်တင်လိုက်တာကနေ ချက်ချင်းပြန့်နှံ့သွားပါလေရော။


တရုတ်နိုင်ငံသို့ မသွားမီ ဆီယက်တယ်လေဆိပ်၊ စတားဘက်ကော်ဖီဆိုင်တွင် သမီးငယ်နှင့်အတူ ကော်ဖီဝယ်နေသော တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်သစ် ဂယ်ရီလော့


အမေရိကန်နဲ့ တရုတ်နိုင်ငံဆိုတာကလည်း ကမ္ဘာမှာ ကုန်သွယ်စီးပွားစီးဆင်းမှု အများကြီးရှိနေတဲ့ နှစ်နိုင်ငံဆိုတော့ သူတို့ သံတမန်တွေဆိုတာက အရမ်းသြဇာကြီး၊ တန်ဖိုးကြီးတဲ့ လူတွေလေ။ ဒါတောင် အမေရိကန်သံအမတ်ကြီးက ကိုယ့်ဘာသာကိုယ် ကော်ဖီလာဝယ်တယ်ပေါ့။ ဟိတ်ဟန်ကြီးပြီး မောက်မာတဲ့ တရုတ်အရာရှိတွေနဲ့ ကွာပါ့ ဆိုပြီး အင်တာနတ်ဘလော့ဂ်ဂါအသိုင်းအ၀ိုင်းမှာ ပွဲဆူကုန်တယ်။ လွတ်လပ်စွာပြောဆိုခွင့်ကင်းမဲ့နေတဲ့ တရုတ်လူထုကလည်း သူတို့ရဲ့ ပေါက်ကွဲသံတွေကို ဘလော့ဂ်တွေကနေတဆင့် ဖွင့်ချလိုက်ကြတယ်။ နောက်ဆုံး အထင်ကရ သတင်းဌာနတွေကတောင် သတင်းလုပ်ပြီးတော့ တင်ကြကုန်ပါတယ်။


အခုလိုရေးလိုက်တော့ မြန်မာပြည်က အထက်အရာရှိတွေ အကုန်လုံး ကိုယ့်ကားကိုကိုယ် ကားမောင်းသွားကြရမယ်၊ ကိုယ့်လက်ဖက်ရည်ကိုယ်ဝယ်သောက်ကြရမယ်လို့ ဆိုချင်တာမဟုတ်ပါဘူး။ လက်အောက်အရာရှိတွေကိုပဲ ဖြစ်ဖြစ်၊ ၀န်ထမ်းတွေကိုပဲ ဖြစ်ဖြစ် မောက်မောက်မာမာ မဆက်ဆံဖို့ ပြောချင်တာပါ။ ကြီးသူကိုရိုသေ ငယ်သူကို လေးစား ဆိုတဲ့စကား မြန်မာ့ယဉ်ကျေးမှုမှာ ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် လေးစားတဲ့ စိတ်ဓာတ်၊ သက်ညှာတဲ့ စိတ်ဓာတ်၊ နားလည်ပေးတတ်တဲ့ စိတ်ဓာတ်တွေ မွေးနိုင်ဖို့ ပြောတာပါ။ ဗုဒ္ဓဘာသာယုံကြည်မှုအရ သိစရာမှန်သမျှ တစမကျန် အမှန်အတိုင်း သိတော်မူတာဟာ ဗုဒ္ဓရှင်တော်မြတ်ပဲ  ရှိပါတယ်။ အဲဒီလိုပဲ ခရစ်ယာန်ဘာသာမှာလည်း အရာရာကို သူတို့ရဲ့ဘုရားက ဖန်ဆင်းပေးတယ်လို့ ယုံကြည်ကြတယ်။ မွတ်စလင်တွေမှာလည်း အလ္လာရှင်မြတ်ဟာ အမွန်မြတ်ဆုံး ဆိုပြီးတော့ ကြွေးကြော်မှုတွေကို နေရာအတော်များများမှာ ထည့်သွင်းသုံးနှုန်းတတ်ကြတယ်။ သာမာန်လူတွေဟာ ဘုရားရှင်လို သယမ္ဘူဥာဏ်ရှိတဲ့ လူတွေမဟုတ်ကြလေတော့ နားလည်ညာတာထောက်ထားမှုတွေဟာ လူ့အသိုင်းအ၀ိုင်းမှာ မရှိမဖြစ် လိုအပ်လာပါတယ်။


ဝန်ထမ်းတွေဟာ Civil Servant ဖြစ်နေတော့ ပြည်သူ့ဝန်ထမ်းတွေသာ ဖြစ်တယ်။ ပြည်သူနဲ့ နိုင်ငံ့အကျိုးစီးပွားကို ထမ်းရွက်ရမယ့် သူတွေပဲ။ ၀န်ထမ်းတွေ သူတို့တာဝန်ကို သေသေချာချာ ထမ်းဆောင်နိုင်ဖို့အတွက် လိုအပ်တဲ့ အရင်းအမြစ် resource တွေကို ပံ့ပိုးပေးရမှာကတော့  ပြည်သူ့တာဝန်ပေါ့။


လုပ်ရည်ကိုင်ရည်ထက် အမိန့်နာခံတတ်မှုကို အလေးထားတဲ့ စစ်အစိုးရလက်ထက်မှာ အလုပ်လုပ်လာခဲ့ကြတဲ့ ၀န်ထမ်းတွေဟာ အာဏာရှင်စစ်ခေါင်းဆောင်တွေရဲ့ ဟိန်းဟောက်မှု၊ ရိုင်းပျစွာ ဆက်ဆံမှု၊ အသလွတ်ကြိမ်းဝါးမှု၊ ခြိမ်းခြောက်မှု စတဲ့ အနိုင်ကျင့်ခံရမှု အမာရွတ်တွေ ရှိနေကြတယ်။ အထက်က အလယ်ကိုထောင်း၊ အလယ်က အောက်ကိုထောင်းနဲ့ “ငြိမ်ဝပ်ပိပြားစွာ”
ကြီးပြင်းလာကြရလေတော့ အဲဒီစရိုက်တွေက ပျောက်ကင်းဖို့ထက် လျော့နည်းဖို့တောင် အချိန်အတော်ယူကြရအုံးမှာ ဖြစ်တယ်။


ဥပမာ - ဒီနှစ်အစောပိုင်းမှာ ဒေါ်စု မကွေးတိုင်းကို စည်းရုံးရေးခရီးသွားတုန်းက လူထုနဲ့တွေ့ဆုံမယ့် နေရာတစ်ခုသတ်မှတ်ဖို့ကိစ္စနဲ့ ပတ်သက်ပြီးတော့ မကွေးတိုင်းဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေက ဘယ်သင်္ချိုင်းမှာပဲ လုပ်လုပ်ကွာ လို့ ရိုင်းပျစွာ ပြောဆိုခဲ့တာတွေ ရှိပါတယ်။


အဲဒီလိုပဲ အစိုးရအဖွဲ့ လယ်ယာဆည်မြောင်းပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က Hot News ဂျာနယ်နဲ့ အင်တာဗျူးမှာ  လက်ရှိလွှတ်တော်အမတ်များဟာ စာမတတ်ပေမတတ်များ ဖြစ်တယ် လို့ ပြောခဲ့တာကိုလည်း မှတ်မိကြမှာပါ။


"အခြေခံဖြစ်တဲ့ ဒေသအသီးသီးက လွှတ်တော်ကိုယ်စားလှယ်ဆိုပြီးရောက်လာတဲ့လူက စာမှမတတ် ဆယ်တန်းမှ မအောင်ဘဲ လွှတ်တော်ထဲလာထိုင်တော့ သူများထဆိုမတ်တပ်ထနေတယ် သူများထိုင်ဆိုထိုင်နေတယ်။ သူများခလုပ်နှိပ်ဆိုနှိပ်တယ်။ သူ့မှာဘာမှ မှမသိတာ။ ဘာတွေပြောနေလဲ သူနားလည်တာ မဟုတ်ဘူး။" (ဦးမြင့်လှိုင်) 


ပြည်ခိုင်ဖြိုးပါတီ ရခိုင်ပြည်တာဝန်ခံ ယခင်ပြည်ထဲရေးဝန်ကြီးဟောင်းနဲ့ ရခိုင်ပြည်နယ်တိုင်းမှူးဟောင်း မောင်ဦးဆိုရင် မောက်မာရိုင်းစိုင်းမှု၊ ပညာမဲ့မှုနေရာမှာ သရဖူဆောင်းရမယ့် လူလို့ လူပြောများပါတယ်။ တိရစ္ဆာန်လောက်တောင် ဂရုဏာတရားမရှိတဲ့ လူခန္ဓာကိုယ်နဲ့မို့လို့သာ လူလို့ ခေါ်ရမဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် မေလတုန်းက ရခိုင်ပြည်နယ် ပေါက်တောမြို့ကို လာတုန်း မြို့မိမြို့ဖတွေကို ဖိတ်ကြားပြီး “ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ RNDP က အနိုင်ရပေမယ့် ကြံ့ခိုင်ရေးပါတီဘဲ နိုင်တယ်။ တောင်ပိုင်းသားတွေဟာ ရခိုင်အစစ်တွေ မဟုတ်ဘူးလား။ ခင်ဗျားတို့ ရခိုင်တွေဟာ ၂၀၀၈ အခြေခံဥပဒေကို ထောက်ခံကြတယ်။ စာတွေ မဖတ်ကြဘူးလား။ ရခိုင်တွေမကဘူး ချင်းတွေကလည်း ပြည်ထောင်စုဝန်ကြီးအဖြစ် တောင်းကြတယ်။ ချင်းတွေဟာ ဘာစာမှ မတတ်ဘူး။ ဘာဘွဲ့မှလည်း မရဘူး။ ဘာနိုင်ငံရေးမှ မသိဘဲနဲ့ ၀န်ကြီးပေးလို့ရမှာလား” ဆိုပြီး ပရိသတ်ကို လက်ညှိုးထိုးပြီး ပြောခဲ့တဲ့ သူပါ။


 
ရခိုင်ပြည်နယ်တိုင်းမှူးဟောင်းနှင့် ပြည်ထဲရေးဝန်ကြီးဟောင်း မောင်ဦး


ပြည်ထဲရေးဝန်ကြီးမဖြစ်ခင် ရခိုင်ပြည်နယ် တိုင်းမှူးဘ၀တုန်းကလည်း ရသေ့တောင်မြို့ကို ရောက်တုန်း ဘုရားပွဲတစ်ခုမှာ
ရခိုင်သူလေးတစ်ယောက် ရွှေဆွဲကြိုးဆွဲပြီး ပွဲလာတာကို “ငါ ရခိုင်ကို ရောက်တာ နောက်ကျသွားတယ်ကွာ။ မဟုတ်ရင် ဒီကောင်မတွေ ရွှေဆွဲကြိုးဘယ်တော့မှ မဆွဲစေရဘူး” ဆိုပြီး လူအများရှေ့မှာ ရခိုင်တမျိုးသားလုံးကို စော်ကား၊ အနိုင်ကျင့်ခဲ့သူပါ။ (ရခိုင်ပြည်မှာ ကျဖူးသမျှ တိုင်းမှူးတွေထဲမှာ အဆိုးရွားဆုံးနဲ့ ဘင်္ဂလီကုလားတွေနဲ့ပေါင်းပြီး ရခိုင်ပြည်သူတွေရဲ့ စီးပွားရေးကို ချွတ်ခြုံကျစေခဲ့သူလို့ အများက ယုံကြည်နေကြသူပါ။)


ဝန်ထမ်းလို့ ပြောတဲ့အထဲမှာ လွှတ်တော်အမတ်ရော၊ နိုင်ငံရေးခေါင်းဆောင်တွေပါ ပါတယ်ဆိုတာကို မေ့ထားလို့ မရပါဘူး။ ပြည်ခိုင်ဖြိုးကို ဝေဖန်သလို နိုင်ငံတိုးတက်ရေးအတွက် အကုန်လုံးကို သုံးသပ်ရမှာပါပဲ။ တခြားပါတီဝင်တွေကရော ပါတီအကျိုး၊ ပုဂ္ဂလိက အကျိုးထက် မိမိရွေးကောက်တင်မြှောက်လိုက်တဲ့ မဲဆန္ဒနယ်နဲ့ နိုင်ငံ့အမျိုးသားအကျိုးစီးပွားကို ဘယ်လောက်ကျေကျေပွန်ပွန် ထမ်းဆောင်ကြလဲဆိုတာကိုလည်း သုံးသပ်ရမှာပါ။


လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ပြည်သူ့အသံကို လွှတ်တော်ထဲမှာ တင်ပြရမယ့် ကိုယ်စားလှယ်ပဲ။ အခုလက်ရှိအနေအထားအရ လုပ်ပိုင်ခွင့်နည်းပါးတာကို နားလည်ပေမယ့် မိမိတာဝန်ကိုတော့ မမေ့သင့်ဘူး။ အဲဒီလိုထမ်းဆောင်ဖို့အတွက် ပြည်သူ့အသံကို
အမြဲတမ်းနားစွင့်နေဖို့လိုတယ်။ တချို့သော လွှတ်တော်အမတ်တွေဟာ လစာ၊ ကား စသည့် ခံစားခွင့်များကို ပိုင်ဆိုင်နေပေမယ့်
မိမိမဲဆန္ဒနယ်များကို အရောက်နည်းကြောင်း စိတ်မကောင်းစွာ ကြားသိနေရတယ်။ မိမိကို ရွေးချယ်တင်မြှောက်လိုက်တဲ့ မဲဆန္ဒနယ်ကို ဥပေက္ခာပြုခြင်းဟာလည်းပဲ မောက်မာရိုင်းပျခြင်း၊ တစ်ပွဲထိုးနိုင်ငံရေးလုပ်ကွက် တစ်ခုပဲ ဖြစ်တယ်။ ဝေးလံသီခေါင်တဲ့ ဒေသက အမတ်တွေကို နားလည်ပေးလို့ ရပေမယ့် တတ်နိုင်သလောက် သွားရောက်နိုင်ဖို့ ကြိုးစားရမှာက ပြည်သူ့ဝန်ထမ်းတာဝန်ပဲ ဖြစ်တယ်။


ထိရောက်တဲ့ အစိုးရ ဖြစ်လာဖို့အတွက် အချိန်ယူရမှာပါ။ အထက်အောက်အရာရှိတွေ အချင်းချင်းရော၊ ၀န်ထမ်းနဲ့ ပြည်သူတွေကြားရော ဆက်ဆံတဲ့ နေရာမှာ ဒီမိုကရေစီနည်းလမ်းကျကျ နှစ်ဦးနှစ်ဘက်အခွင့်အရေးကို လေးစားရမှာပါ။ လုပ်ပိုင်ခွင့်အတိုင်းအတာထက် ကျော်လွန်ပြီး အလွဲသုံးစားလုပ်မှုတွေကိုလည်း သတင်းဌာနတွေအပါအ၀င်၊ လွှတ်တော်ကိုယ်စားလှယ်၊ နိုင်ငံသား သတင်းသမား၊ အလွတ်သတင်းသမား စတဲ့ ပြည်သူတွေကလည်း ၀ိုင်းဝန်းထိန်းကျောင်းပေးကြရမှာပါ။

ဟောင်ကောင်ဒေသဟာ ယခင်ဗြိတိန်အစိုးရလက်ထက်မှာ ဒီမိုကရေစီကျကျ ရပ်တည်လာခဲ့ရာက အခုဆိုရင် တရုတ်ကွန်မြူနစ်လက်ထဲ ပြန်ရောက်သွားပါပြီ။ ဒါပေမယ့် တရုတ်နိုင်ငံရဲ့ တစ်နိုင်ငံမူဝါဒနှစ်ခု ပေါ်လစီအရ သူ့ငွေကြေးစနစ်၊ သူ့မီဒီယာ စတဲ့ နိုင်ငံအင်္ဂါရပ်တွေနဲ့ သီးသန့်ရပ်တည်နေပါတယ်။ ဟောင်ကောင်အုပ်ချုပ်ရေးမှုး ခန့်အပ်တာဝန်ပေးအပ်ခြင်းကို တရုတ်ကွန်မြူနစ်ပါတီက အတည်ပြု၊ မပြု အာဏာကို လက်ဝယ်ကိုင်ထားပေမယ့် ဒီမိုကရေစီဓလေ့စရိုက်တွေက ဟောင်ကောင်ဒေသကို လွှမ်းခြုံထားဆဲပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီလူမှု့အဖွဲ့အစည်းမှာ ကြီးပြင်းလာခဲ့ကြတဲ့ ဟောင်ကောင်ပြည်သူတွေဟာ သူတို့ရဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို အသုံးချကြတယ်၊ ကာကွယ်ဖို့ အမြဲကြိုးစားနေကြရတယ်။ ဟောင်ကောင်သတင်းစာကြီးတွေဆိုရင် ပြည်မဗဟိုအစိုးရကို ပြင်းပြင်းထန်ထန်ဝေဖန်ရေးသားတာကို အံ့သြဖွယ်ရာ တွေ့ရတယ်။ ကွန်မြူနစ်အစိုးရရဲ့ လက်ထဲကို ရောက်သွားပေမယ့် ဒီမိုကရေစီသွေးအပြည့်လျှံနေတဲ့ ဟောင်ကောင်ယဉ်ကျေးမှုနဲ့၊ ဟောင်ကောင်ပြည်သူတွေရဲ့ စိတ်ဓာတ်ကို မပြောင်းလဲနိုင်ခဲ့ပါဘူး။


ဟောင်ကောင်နဲ့ ထိုင်ဝမ်တို့ရဲ့ ကွာဟချက်ကို အဲဒီနှစ်နိုင်ငံမှာ သတင်းစာနဲ့ မီဒီယာလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ သူဌေးကြီးတစ်ယောက်က တီဗွီအင်တာဗျူးတစ်ခုမှာ ပြောသွားတာကို အမှတ်ရနေမိတယ်။ သူပြောတာက ဟောင်ကောင်ဟာ သူရဲ့ရှည်လျားတဲ့ ဒီမိုကရေစီအစဉ်အလာအရ တရုတ်ပြည်ကြီးထဲကို ပါသွားပေမယ့် ပြည်သူတွေရဲ့ စိတ်ဟာ မပြောင်းလဲပဲ ဒီမိုကရေစီအနှစ်သာရတွေကို ကိုးကွယ်နေတုန်းပဲတဲ့။ တဘက်မှာ ထိုင်ဝမ်နိုင်ငံဟာ ဒီမိုကရေစီယဉ်ကျေးမှုသက်တမ်းအရ ဟောင်ကောင်ထက်နုလေတော့ အခုလက်ရှိဒီမိုကရေစီစနစ်မှာ ပြည်သူတွေဟာ နေထိုင်နေကြပေမယ့် ဒီမိုကရေစီနည်းမကျတဲ့ အပြုအမူတချို့ကို နေရာတော်တော်များများမှာ တွေ့နေရတုန်းပဲတဲ့။


စနစ်တစ်ခုက အချိန်တိုအတွင်း ပြောင်းလို့ရပေမယ့် အမြစ်တွယ်နေတဲ့ အကျင့်စရိုက်၊ ယုံကြည်မှုစံနှုန်း၊ တုန့်ပြန်မှုပုံစံ စတဲ့ စိတ်ပိုင်းဆိုင်ရာတွေရော၊ လုပ်ထုံးလုပ်နည်းတွေပါ ပြောင်းလဲဖို့က အချိန်ယူရမှာပါ။ အမေရိကန်နိုင်ငံမှာ အကုန်လုံး ချောမွေ့တယ်လို့ မဆိုနိုင်ဘူး။ မော်တော်ကားလိုင်စင်ရုံးဖြစ်တဲ့ DMV ရုံးတွေဆိုရင် သဘောထား မောက်မာတဲ့ ၀န်ထမ်းတွေ ရှိကြောင်း နာမည် အရမ်းကြီးတယ်။ အဲဒီလိုပဲ နိုင်ငံတကာမှာ အခြေစိုက်နေတဲ့ နိုင်ငံအသီးသီးရဲ့ သံရုံးဗီဇာဝန်ထမ်းတွေဟာ အပေါက်ဆိုးကြောင်း နာမည်ကြီးကြတယ်။ တိုးတက်ပြီးနိုင်ငံတွေမှာ တချို့ရုံးလုပ်ငန်းတွေကို အင်တာနတ်ကနေ တဆင့် ပြီးမြောက်အောင်မြင်အောင် လုပ်ခြင်းအားဖြင့် ကုန်ကျစရိတ်ကို လျှော့ချနိုင်ခြင်း၊ လုပ်ငန်းဆောင်တာများကို ပိုမိုလျင်မြန်ပြီးမြောက်နိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေအပြင် ၀န်ထမ်းတွေနဲ့ ဆက်ဆံရတဲ့ အချိန်တွေဟာလည်း နည်းပါးလာနေပါပြီ။ ဒါပေမယ့် မြန်မာပြည်လို ဖွံ့ဖြိုးမှုနည်းပါးနေသေးတဲ့ နိုင်ငံမှာတော့ လျှောက်လွှာလေးတစ်စောင်ကိုတောင် အောက်ခြေ၀န်ထမ်းဆီက အောက်ကျို့တောင်းယူနေရတဲ့ သာဓကတွေက ရုံတွေအများအပြားမှာ စိတ်မကောင်းဖွယ် တွေ့နေရတုန်းပါပဲ။


နိုင်ငံ့ဝန်ထမ်းအချင်းချင်းရော၊ ၀န်ထမ်းနဲ့ ပြည်သူအချင်းချင်းရော ဆက်ဆံမှုတွေဟာ ထိရောက်တဲ့ အစိုးရ၊ သန့်ရှင်းတဲ့အစိုးရဆီ ဦးတည်ဖို့အတွက် လိုအပ်တဲ့ အချက်ပေါင်းများစွာထဲက တစ်ချက်ဖြစ်တယ်။ သန့်ရှင်းတဲ့အစိုးရဖြစ်ဖို့ လာဘ်ပေးလာဘ်ယူမှုတွေကို တိုက်ဖျက်ဖို့လိုသလို ထိရောက်တဲ့အစိုးရဖြစ်ဖို့ ၀န်ထမ်းအချင်းချင်းဆက်ဆံရေး၊ ဌာနအချင်းချင်းဆက်ဆံရေး၊ မတူဌာနအချင်းချင်း အပြန်အလှန်ဆက်ဆံရေး၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ ဆက်ဆံရေး စတဲ့အရာတွေဟာ အင်မတန်မှ အရေးကြီးတယ်။ လုပ်ငန်းဆောင်တာ ချောမွေ့အောင်မြင်ဖို့၊ အလုပ်သမား အလုပ်ခွင်ပျော်ဖို့၊ ရင်းနှီးမြှုပ်နှံချင်သူများအဆင်ပြေဖို့နဲ့ ထိရောက်တဲ့အစိုးရဖြစ်ဖို့ အချိန်ယူကြရမှာဖြစ်တယ်။ ဒါကြောင့် အမြန်ဆုံးစတင်အကောင်အထည်ဖော်နိုင်ဖို့၊ အထူးသဖြင့် ထိပ်ပိုင်းကလူကြီးများပိုင်းက စတင်ပြောင်းလဲကြဖို့ လိုအပ်နေပါကြောင်း…

Posted by lu bo

ဘကြီးသက်
Unknown at 9:15 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

 ခုနစ်လအတွင်း (၁၀)ကြိမ်မြောက် ကားခိုးမှုအဖြစ် ကျပ်သိန်း ၆၀၀ကျော် တန်ဖိုးရှိ မော်ဒယ်မြင့် ကားသစ်တစ်စီး ထပ်မံခိုးယူခံရ


ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလမှ ဇူလိုင်လ ၂၁ ရက်နေ့အတွင်း(၁၀)ကြိမ်မြောက် ကားခိုးမှုအဖြစ်ကျပ် သိန်း ၆၀၀ ကျော်တန်ဖိုးရှိ မော်ဒယ်မြင့်ကား သစ်တစ်စီး ထပ်မံခိုးယူခံရခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ဖြစ်စဉ်များအနက် သုံးမှုကို ဖော်ထုတ်အရေးယူခဲ့ပြီး ကျန်အမှုများကို စစ်ဆေးစုံစမ်းနေဆဲ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

တိုက်ခန်းတွေမှာ ကားရပ်ဖို့ နေရာမရှိတာက အခုလိုမျိုး ကား ခိုးခံရတဲ့ အကြောင်းရင်းတစ်ရပ်လို့ ကျွန်မမြင်ပါတယ်။ တိုက်ခန်း နေသူတွေ ကိုယ့်ကားကို လုံခြုံစွာထားနိုင်ဖို့ ကားပါကင်နေရာလည်း မရှိတော့ ဆိုးတာပေါ့။ အိမ်ရှေ့လမ်းမတိုက်အောက်မှာပဲ ဖြစ်သလို ရပ်နေကြရတာပါပဲ  . . .
ဖြစ်စဉ်မှာ ဇူလိုင်လ ၁၉ ရက် နေ့ နံနက် ၁၁ နာရီ အချိန်တွင် ဒေါ်စန်းစန်းမြင့်(၅၈)နှစ်၊ ပျဉ်းမမြိုင်လမ်း၊ (၃၄)ရပ်ကွက်၊ ဒဂုံမြောက်ပိုင်းမြို့နယ် နေသူသည် နေအိမ်ရှိ ကားဂိုဒေါင် အတွင်း ၅ယ/....  Mark-X ငွေမင်ရောင်ယာဉ်အား ရပ်ထားပြီး ခြံဝန်းတံခါးပိတ်ကာ ယာဉ်အမှတ် ၄က/.... Harrier အမျိုးအစား အနက်ရောင်ယာဉ်ဖြင့် မင်္ဂလာဒုံသို့ သွားရောက် ခဲ့ပြီး ညနေ ၄ နာရီအချိန်ခန့် နေအိမ်သို့ ပြန်ရောက်စဉ်ခြံဝန်းတံခါး သော့ပျက်နေပြီ ဂိုဒေါင်အတွင်း ထားရှိခဲ့သော ၅ယ/...... Mark-X ငွေမင်ရောင်ယာဉ်၊ တန်ဖိုးကျပ်(၆၀၀)သိန်းမှာ ပျောက်ဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် နေအိမ်အနောက်ဘက်ရှိ မီးဖိုတံခါးမှာ ပွင့်နေသဖြင့် နေအိမ်အတွင်းရှိပစ္စည်းများအား စစ်ဆေးရာ ဧည့်ခန်းအတွင်း ထားရှိသော Sony အမျိုးအစား(၄၂)လက်မ ဖလက်တီဗွီ၊ တန်ဖိုး(၁၀)သိန်း၊ စုစုပေါင်းတန်ဖိုး ကျပ်(၆၁၀)သိန်းမှာ ပျောက်ဆုံးနေသဖြင့် ဒဂုံမြောက်ရဲစခန်းတွင်(ပ) ၄၇၄/၂၀၁၂၊ပုဒ်မ-၃၈၀ ဖြင့် အမှုဖွင့် ပြီးစုံစမ်းလျက်ရှိကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်အတူ ကားခိုးခံရမှုဖြစ်စဉ်အချို့မှာ ၂၀၁၂ ခုနှစ် ဧပြီလ ၂၉ ရက်နေ့ ည ၈ နာရီအချိန် တွင် ဒေါ်ခင်ရီ တာမွေမြို့နယ်နေသူ ပိုင်ဆိုင်သည့် ၃က/ ၇၈၂၀ စူပါရုဖ် အဖြူရောင်ယာဉ်အား ဒဂုံသီရိလမ်း နှင့် အောင်မင်္ဂလာလမ်းထောင့်တွင် ရပ်ထားခဲ့ကာ အိပ်ရာဝင်ခဲ့ပြီး ၃၀ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် အပြင်သွားရန်ကားကို ကြည့်ရာရပ်ထားသည့် နေရာတွင် မတွေ့ရှိတော့ဘဲ ပျောက်ဆုံးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ပျောက်ဆုံးသွားသဖြင့်  ခိုးယူသွားသူအား စုံစမ်းအရေးယူပေးရန် တိုင်တန်းမှုအပေါ် တာမွေ ရဲစခန်း(ပ) ၄၈၀/၂၀၁၂၊ ပုဒ်မ ၃၇၉ (ကား)ဖြင့် အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
ကားခိုးခံရသူ တာမွေမြို့နယ်နေ ဒေါ်ခင်ရီက “နံနက် ၉ နာရီ လောက်မှ ကားဒက်ရှ်ဘုတ်ထဲက ပိုက်ဆံသွားယူတော့မှ ကားခိုးခံရတာကို သိရတယ်။ ကားကို ကျွန်မက တိုက်ခန်းရှေ့မှာပဲ ရပ်ထားနေကျပါ။ ကျွန်မကားကို  ကုက္ကိုင်းမှာပြန်တွေ့တယ်။ ဒါပေမဲ့ ကားက ပျက်စီးနေတယ်။ ကျူးလွန်သွားတဲ့သူတွေကို တော့ အခုထိ မမိသေးဘူး။ တိုက်ခန်းတွေမှာ ကားရပ်ဖို့နေရာ မရှိတာက အခုလိုမျိုး ကားခိုးခံရတဲ့ အကြောင်းရင်းတစ်ရပ်လို့ ကျွန်မမြင်ပါတယ်။ တိုက်ခန်းနေသူတွေ ကိုယ့်ကားကို လုံခြုံစွာထားနိုင်ဖို့ ကားပါကင်နေရာလည်းမရှိတော့ ဆိုးတာပေါ့။ အိမ်ရှေ့လမ်းမ တိုက်အောက်မှာပဲ ဖြစ်သလို ရပ်နေကြရတာပါပဲ”ဟု ကားခိုးခံရသည့် ဖြစ်စဉ်များနှင့် ပတ်သက် ၍ သုံးသပ်ပြောကြားခဲ့သည်။
အလားတူ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့နံနက် ၈ နာရီခွဲအချိန် ဦးမောင်မောင်မြင့် သင်္ဃန်းကျွန်းမြို့နယ် နေသူသည် ၎င်းပိုင် ၃က/၅၅၆၅ တိုယိုတာ(ကိုယိုလာ) SE Limited အဖြူရောင်ယာဉ်အား တာမွေမြို့နယ် နတ်မောက်ရပ်ကွက် နတ်မောက်လမ်း UNDP ရုံးရှေ့တွင် သော့ခတ်ရပ်ထားခဲ့ပြီး ရုံးတက်ခဲ့ရာ ညနေ ၅ နာရီခွဲ အချိန်ရုံးဆင်းပြီး အိမ်ပြန်ရန်ရပ်ထားသော နေရာ၌ ကားအားကြည့်ရာ ပျောက်ဆုံးနေကြောင်း သိရှိရသည်။
ပျောက်ဆုံးခဲ့မှုကြောင့် အရေးယူ ပေးရန်တိုင်တန်းမှုအား တာမွေရဲ စခန်း(ပ)၇၄၉/၂၀၁၂၊ ပုဒ်မ၃၇၉(ကား) ဖြင့်အမှုဖွင့်ပြီး အရေးယူရန် စစ်ဆေး စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။
ထို့အတူ ၂၀၁၂ ခုနှစ်၊ မေလ ၈ ရက်နေ့က ကိုစည်သူ၊ ၂၉ နှစ်၊ ကျွန်းတောတောင်ရပ်ကွက်၊ စမ်းချောင်း မြို့နယ်နေသူသည် နေအိမ်ရှေ့၌ ၎င်းပိုင် ၈ည/၄၂၈၁ စူပါကာစတန် မီးခိုးရောင်၊ တန်ဖိုးကျပ် ၂၃၅ သိန်းအား သော့ခတ်ရပ်ထားခဲ့ပြီး ဧပြီလ ၁၀ ရက်နေ့ နံနက် ၇ နာရီခွဲအချိန် ကားအားကြည့်ရှုရာ ပျောက်ဆုံးနေသည် ကိုတွေ့ရှိခဲ့ရ၍ စမ်းချောင်းရဲစခန်း (ပ) ၁၅၀/၂၀၁၂ ပုဒ်မ ၃၇၉(ကား) ဖြင့် အမှုဖွင့်ပြီး အမှုစစ်မှ တရားခံ ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုစည်သူက “ ကျွန်တော်က စမ်းချောင်းမြို့နယ် ရှမ်းလမ်းဘက် မှာနေတာပါ။ ဒါပေမဲ့ အိမ်ရှေ့မှာ ကားရပ်ဖို့ နေရာမရှိလို့ မအူပင်လမ်းမှာ သွားရပ်ထားရင်းနဲ့ ဖြစ်ခဲ့တာပါ။ ကားက ၀ယ်ထားတာ နှစ်လကျော်ပဲ ရှိသေးပါတယ်။ အရင်ကျွန်တော်စီးတဲ့ လော့စိတ်မချရတဲ့ စက်မှုဇုန်ကားတွေတုန်းကတောင် မပျောက်ခဲ့ဘူး။ အခုစူပါကာစတန်ကားကျမှပဲ ခိုးခံရပါတော့တယ်။ အခုဆိုရင် အိမ်ရှေ့ မှာ စီစီတီဗွီ ကင်မရာ တပ်ထားရပါတယ်။ ကားတော့ အခုထိပြန်ရှာ မတွေ့သေးပါဘူး”ဟု ပြောကြားခဲ့သည်။
ကားခိုးခံရမှုဖြစ်စဉ်များနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦး က “ဒီ၂၀၁၂ ခုနှစ်အတွင်းမှာ  ပုဒ်မ-၃၇၉(ကား)နဲ့ အမှုဖွင့်ထားတာ ကိုးမှုရှိတယ်။ ပုဒ်မ-၃၈၀ အမှုဖွင့်ထားတာ တစ်မှုရှိပါတယ်။ အဲဒီအမှုတွေထဲမှာ သုံးမှုကတော့ သက်သေပစ္စည်းတွေမိတယ်။ ပြီးတော့ကျူးလွန်တဲ့သူတွေ ကို တရားစွဲဆို တင်ပို့ပြီးသွားပြီ။ ကျန်တဲ့ဖြစ်စဉ်အချို့မှာတော့ သက်သေခံတွေ ပစ္စည်းတွေမိပြီးတော့ ကျူးလွန် တဲ့ သူတွေကို မမိသေးပါဘူး။ အမြန်ဆုံးမိအောင် စုံစမ်းစစ်ဆေးနေပါတယ်” ဟု ပြောကြားခဲ့သည်။
ကားခိုးခံရသည့် ဖြစ်စဉ်များမှာ စူပါရုဖ်၊ စူပါကာစတန်၊ ချယ်ရီကြူ ကြူသရီး၊ Mark-X စသည့် ကားအမျိုးအစားများ ပါဝင်ကြောင်း သိရသည်။
EMG

ဘကြီးသက်
Unknown at 2:00 AM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

Apple မှ မြန်မာနိုင်ငံသို့ တရားဝင် အရောင်းကိုယ်စားလှယ်ပေးရန် ပြည်တွင်းသာမက ပြည်ပကုမ္ပဏီများကိုပါ ဖိတ်ခေါ်


Apple မှ မြန်မာပြည်အတွက် တရားဝင် အရောင်းကိုယ်စားလှယ်အဖြစ် ပေးအပ်ရာတွင် ပြည်တွင်းရှိ နည်းပညာကုမ္ပဏီများသာမက ထိုင်းနှင့် စင်ကာပူနိုင်ငံရှိ နည်းပညာကုမ္ပဏီများကိုလည်း ကိုယ်စားလှယ်အဖြစ် လျှောက်ထားရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။
Apple Asia Pacific မှ ပြည်တွင်းရှိ နည်းပညာပစ္စည်းရောင်းချသည့် ကုမ္ပဏီများအား ဇူလိုင်လ ၁၇ ရက်နေ့တွင် ဘန်ကောက်မြို့၌ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ၎င်းတွေ့ဆုံဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံရှိ ကုမ္ပဏီအချို့နှင့် စင်ကာပူနိုင်ငံရှိ ကုမ္ပဏီအချို့လည်း ပါဝင်ကြောင်း သိရသည်။
''မြန်မာပြည်အတွက် ကိုယ်စားလှယ်ပေးဖို့ကို မြန်မာတွေကိုပဲ ခေါ်တာမဟုတ်ပါဘူး။ စင်ကာပူတို့၊ ထိုင်းတို့လည်း ပါတယ်။ သူတို့ဆီက ကုမ္ပဏီ ဘယ်နှခုလောက်ပါလဲဆိုတာတော့ သေချာမသိရဘူး။ သူတို့ပါ ပါလာမယ်ဆိုရင်တော့ သူတို့နဲ့ပြည်တွင်းက ကုမ္ပဏီတွေ ယှဉ်ပြိုင်ရမယ့်သဘောရှိပါတယ်''ဟု အဆိုပါဆွေးနွေးပွဲ တက်ရောက်ရာတွင် ပါဝင်ခဲ့သည့် KMD ကုမ္ပဏီမှ CEO ဖြစ်သူ ဦးသောင်းတင်က  ပြောကြားခဲ့ပါသည်။
 EMG
ဘကြီးသက်
Unknown at 1:56 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မှတ်တမ်းတင်ရုပ်ရှင် အိပ်မက်

ရန်ကုန် ရုပ်ရှင်ပညာသင်ကျောင်းမှ သင်တန်းသားများ ကင်မရာ ကိုင်တွယ်နည်း လေ့လာနေကြစဉ် (ဓာတ်ပုံ – YFS)
အချိန်က ၂၀၀၀ ခုနှစ် ဝန်းကျင်ပါ။ မှတ်တမ်းရုပ်ရှင် (Documentary) ရိုက်ကူးသူ အင်္ဂလိပ်-မြန်မာကပြား တယောက်နဲ့ အဖွဲ့ဟာ နတ်ကတော်တွေ အကြောင်း ရိုက်ကူးဖို့ဆိုပြီး မြန်မာပြည်အလယ်ပိုင်းက ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားရာ နေရာတခုဖြစ်တဲ့ ပုပ္ပါးတောင်ကို ခရီးထွက်ခဲ့ ကြပါတယ်။ ဒီခရီးစဉ်မှာ သူတို့ကို မေးခွန်းတွေ အများကြီးမေးဖို့ စိတ်အားထက်သန်နေကြတဲ့ မြန်မာလူငယ်တစုနဲ့ နောက်ဆုံးတွေ့ရလိမ့်မယ်လို့လည်း မျှော်လင့်ထားခဲ့ကြတာပါ။ သွားရည်ကျစရာ ကောင်းလှတဲ့ သူတို့ရဲ့ ၆၀ မီလီမီတာ ကင်မရာကြီးကိုကိုင်လို့ အိုက်စပ်စပ် နေရောင်အောက်မှာ တနေကုန်ခြေကျင်လျှောက်ပြီး မောလို့ထိုင်နေကြတဲ့ နိုင်ငံခြား သားတွေအနားကို ကပ်လာကြပြီး တယောက်က သူတို့ကို လှမ်းအော်မေးလိုက်ပါတယ်။ “ခင်ဗျားတို့ ဒီကင်မရာကြီးနဲ့ ဘာလုပ်နေကြတာလဲ” တဲ့။
မေးခွန်းကို ဖြေတောင် မဖြေရသေးခင် နောက်မေးခွန်းတခု ထပ်အမေးခံရပြန်ပါတယ်။ “ကင်မရာကို ဘယ်လိုသုံးသလဲ” တဲ့။ အဲ့ဒါပြီးတဲ့နောက် မေးခွန်းတွေ တရစပ် လာတော့တာပါပဲ။
“မေးခွန်းတွေက ရာနဲ့ချီတယ်” လို့ အဲဒီအဖွဲ့ရဲ့ခေါင်းဆောင် လင်ဆေး မဲရစ်ဆင် (Lindsey Merrison) က လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် အတွေ့အကြုံကို ပြန်ပြောပြပါတယ်။
အဲ့ဒီအချိန်တုန်းက “ဘယ်လိုလဲ”၊ “ဘာလဲ” ဆိုတဲ့ မေးခွန်းတွေကို မဖြေနိုင်တော့တဲ့ နောက်ဆုံးမှာ သူက “ဒီပစ္စည်းတွေ ဘယ်လိုသုံးရတယ် ဆိုတာကို တညတည်းနဲ့ ဘယ်လိုမှ ရှင်းပြလို့ ရမယ်မထင်ဘူး။ ရှင်တို့ လေ့လာဖို့ စိတ်ဝင်စားတယ်ဆိုရင် ကျမတို့ပြန်လာပြီး ဆွေးနွေးပွဲ (Workshop) တခု လုပ်ပေးမယ်” ပြောခဲ့ရတယ်လို့ ဆိုပါတယ်။
“အဲ့ဒီတုန်းကတော့ စဉ်းစားတဲ့အဆင့်ပဲ ရှိတာပါ” လို့ ရန်ကုန် ရုပ်ရှင်ပညာသင်ကျောင်း (Yangon Film School – YFS) စထောင်ဖို့ ဘယ်အရာတွေက သူ့ကို လှုံ့ဆော်ခဲ့တယ်ဆိုတာ ရှင်းပြရင်း သူက ဆက်ပြောပါတယ်။ မြန်မာပြည်မှာက ထိုးထွင်းဥာဏ်ရှိတဲ့လူငယ်တွေ အပြည့်ရှိတယ်၊ ဒါပေမယ့် သူတို့ရဲ့ အနုပညာအရည်အသွေးကို တိုးတက်အောင်လုပ်ဖို့ မျှော်လင့်ချက်မဲ့နေကြတာလို့လည်း သူက ပြောပါသေးတယ်။
လင်ဆေး မဲရစ်ဆင်ဟာ သူ ကတိပေးခဲ့တဲ့အတိုင်း ၂၀၀၄ ခုနှစ်မှာ မြန်မာပြည်ကို ပြန်လာခဲ့တာပါ။ ပြီးတော့ မိတ်ဆွေတွေ အကူအညီနဲ့ ဘယ်သူတွေ မှတ်တမ်းရုပ်ရှင်ရိုက်တာကို တကယ်စိတ်ဝင်စားသလဲလို့ စပြီး လိုက်မေးပါတယ်။ လူအ တော်များများနဲ့ (အထူးသဖြင့် ရန်ကုန်က အနုပညာသည်တွေ ကျက်စားရာ လက်ဖက်ရည်ဆိုင်တွေမှာ) ပြောဆိုဆွေးနွေးပြီးတဲ့ အခါမှာတော့ ရုပ်ရှင်ပညာသင်ကျောင်း ထောင်မယ့် သူ့ရဲ့စဉ်းစားချက်က စတင် အကောင်အထည် ပေါ်လာပါတော့တယ်။
ကျောင်းထောင်တဲ့အခါ ကျောင်းသားရှာရတဲ့ အခက်အခဲအပြင် တခြား အခက်အခဲတွေလည်း ကြုံရတယ်လို့ သူက ဆိုပါတယ်။
“အဆိုးဆုံးကတော့ အစိုးရဆီက ခွင့်ပြုချက် ယူရတာပါပဲ။ ခွင့်ပြုချက်ရဖို့ ၃ လ ၄ လ ကြာတဲ့အပြင် စာရွက်စာတမ်းလည်း အကုန်တင်ရတယ်။ အခုထိ စာရွက်စာတမ်းတွေ တင်နေရတုန်းပဲ” လို့ လင်ဆေး မဲရစ်ဆင်က ပြောပါတယ်။
“ကျမတို့ကို သူတို့ (အစိုးရ) ဘာလို့ ခွင့်ပြုတာလဲဆိုတဲ့ အချက်တချက်က ဒီက ရုပ်ရှင်လုပ်ငန်းမှာ နည်းပညာ အားနည်းနေတယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက သဘောပေါက်မိတာရယ်၊ ပြီးတော့ ကျမတို့အနေနဲ့ ရုပ်ရှင်လုပ်ငန်းကို တိုးတက်အောင် တစုံတရာ လုပ်ပေးနိုင်လိမ့်မယ်လို့ သူစဉ်းစားမိတာရယ်ကြောင့်လို့ ကျမထင်တယ်” လို့လည်း သူက ဖြည့်ပြောပါတယ်။
တခြား အခက်အခဲတခုကတော့ ငွေရှာရတာပါတဲ့။
“မြန်မာပြည်က တကယ့်ဘဝတွေအကြောင်း ရိုက်ကူးဖို့ ဆွေးနွေးပွဲ လုပ်ချင်တယ်၊ ဟုတ်လား။ လက်ရှိ အစိုးရအောက်မှာ မဖြစ်နိုင်ဘူးလို့ အလှူရှင်တွေ အကုန်လုံးက ကျမကို ပြောပါတယ်။ လုပ်နိုင်တဲ့နည်းလမ်းတွေ တွေ့မှာပါဆိုတာကို သူတို့လက်ခံအောင် ကျမ တကယ် နားချခဲ့ရတာ” လို့ YFS တည်ထောင်သူက ပြောပါတယ်။
နောက်တနှစ်အကြာမှာတော့ မှတ်တမ်းရုပ်ရှင် ရိုက်ကူးမှုနဲ့ပတ်သက်တဲ့ အခြေခံ ဆွေးနွေးပွဲတခုကို ရန်ကုန်မှာ သူ စီစဉ်ကျင်းပနိုင်ခဲ့ပြီး ၃ ပတ်ကြာခဲ့တဲ့ ဒီသင်တန်းကို “အတော်လေး မယုံနိုင်စရာကောင်းမှန်း” သူ တွေ့ရှိခဲ့ရပါတယ်။
ကိုမျိုးမင်းခင်ဟာ အမျိုးသား ၆ ယောက်နဲ့ အမျိုးသမီး ၆ ယောက်ပါတဲ့ အဲ့ဒီဆွေးနွေးပွဲကို တက်ခဲ့သူတယောက် ဖြစ်ပါတယ်။
သူက “ဟိုတယ်မှာ အခန်း ၁၅ ခန်းကနေ အခန်း ၂၀ လောက် တလငှားပြီး ကျောင်းသားတွေရော၊ ဆရာရော အတူနေကြတာ။ ဆွေးနွေးပွဲမှာ မှတ်တမ်းရုပ်ရှင် ရိုက်ကူးမှုနဲ့ ပတ်သက်တဲ့အခြေခံတွေ၊ သီအိုရီပိုင်း လက်တွေ့ပိုင်း စသဖြင့် လေ့လာရတယ်။ တကယ်ကို အားစိုက်ရတဲ့ သင်ခန်းစာမျိုးတွေပါ” လို့ ပြောပါတယ်။ သူက ထုတ်လုပ်ရေး နောက်ဆုံးအဆင့် အယ်ဒီတာ (Post-production editor) အဖြစ်နဲ့ YFS မှာ လောလောဆယ် အလုပ်လုပ်နေသူပါ။
“ဒီ့ထက်ပိုလေ့လာချင်သေးရင်တော့ အခုဆို ဇာတ်ညွှန်းရေးတာ၊ တည်းဖြတ်တာ၊ လေ့လာဆန်းစစ်တာ (Film analysis)၊ အသံဒီဇိုင်းနဲ့ တခြားသင်ခန်းစာတွေပါ ရှိနေပြီ” လို့လည်း သူက ဖြည့်ပြောပါတယ်။
ကာကွယ်ရေးအသုံးစရိတ်က အခြားကဏ္ဍတွေရဲ့ ဘတ်ဂျက်တွေထက် ထိပ်ဆုံးမှာရှိပြီး စစ်အုပ်ချုပ်ရေးအောက်မှာ နှစ် ၅၀ နီးပါးနေခဲ့ရတဲ့ နိုင်ငံတခုမှာ တီထွင်ဖန်တီးရတဲ့ လုပ်ငန်းတွေဟာ အစိုးရအထောက်အပံ့မရှိဘဲ ညှိုးနွမ်းခဲ့ရတာပါ။
ရုပ်ရှင်ရိုက်ကူးသူအများစုက နှစ် ၄၀၊ ၅၀ ကြာနေပြီဖြစ်တဲ့ ကင်မရာအိုကြီးတွေကို ချော့မော့သုံးပြီး အလုပ်လုပ်ရတယ်။ ခေတ်မီရိုက်ကူးရေးနည်းပညာနဲ့ အကျွမ်းတဝင်ရှိတဲ့ အရည်အချင်း ပြည့်ဝသူတွေလည်း ရှားပါးတယ်လို့ မြန်မာ့ရုပ်ရှင် လုပ်ငန်း (Myanmar Motion Picture Enterprise) ရဲ့ အငြိမ်းစား ဒါရိုက်တာ ဦးမြင့်သိန်းဖေက ဆိုပါတယ်။ သူက လောလောဆယ် ရန်ကုန် ယဉ်ကျေးမှုတက္ကသိုလ်မှာ ရုပ်ရှင်ရိုက်ကူးရေးပညာ (Cinematography) နဲ့ ပတ်သက်ပြီး အချိန်ပိုင်း ပါမောက္ခအဖြစ် တာဝန်ထမ်းနေသူဖြစ်ပါတယ်။
“နည်းပညာနဲ့ သီအိုရီ အပိုင်း ၂ ခုစလုံးမှာ YFS က အတော်လေး အထောက်အကူပေးပါတယ်။ ဒီလို အကူအညီပေးတာဟာ ကျောင်းသားတွေအတွက် သိပ်ကောင်းပါတယ်။ စဖွဲ့ကတည်းက စောင့်ကြည့်နေခဲ့တာဆိုတော့ YFS အကြောင်း ကောင်းကောင်းသိပါတယ်” လို့လည်း သူက ပြောပါသေးတယ်။
ပထမဆုံး ဆွေးနွေးပွဲ ပြီးတဲ့အခါမှာ ဒါနဲ့ မလုံလောက်ဘူးလို့ မြန်မြန်ဆန်ဆန်ပဲ လင်ဆေး မဲရစ်ဆင် သဘောပေါက်မိခဲ့ပါ တယ်။ ဒါကြောင့် မြန်မာပြည်ကို နောက်တခေါက်ပြန်လာဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ သူနဲ့ သူ့အဖွဲ့မှာရှိတဲ့ အရည်အသွေးတွေကို ရေရှည်ကာလတခုကြာအောင် လက်ဆင့်ကမ်းနိုင်မှပဲ သူတို့ရဲ့ အားထုတ်မှုက အရာရောက်မယ်ဆိုတာ သိတာကိုး။
“ဒါကြောင့် ကျမတို့ အမြဲတမ်း ပြန်လာနေတာပေါ့။ အရင်ကဆိုရင် အခြေခံဆွေးနွေးပွဲတွေကို ၂ နှစ် တခါလုပ်တယ်။ ဒါပေမယ့် သင်တန်းသားအရေအတွက်က အဆနဲ့တက်လာတာမို့ ဒီနှစ်ကစပြီး အခြေခံဆွေးနွေးပွဲကို နှစ်တိုင်း လုပ်သွားမယ်” လို့ သူက ပြောပြပါတယ်။
မီဒီယာနဲ့ပတ်သက်ပြီး အရင်က နည်းနည်း ဒါမှမဟုတ် လုံးဝ အတွေ့အကြုံ မရှိခဲ့သူတွေကိုတောင်ပဲ YFS က ကြိုဆိုလျက် ရှိပါတယ်။ ဒါပေမယ့် သင်တန်းသားအဖြစ် လက်ခံဖို့အတွက်တော့ သတ်မှတ်ချက် (Criteria) တွေ ထားထားပါတယ်။
“ကျမတို့ တကယ်လိုချင်တာက စိတ်အားထက်သန်မှု (Passion) ရှိသူတွေပါ။ ဒါကြောင့် ရိုက်ကူးသူ တကယ် ဖြစ်လာနိုင်တယ်၊ သင်ခန်းစာတွေကနေ တစုံတရာ ဆက်လုပ်နိုင်တယ်လို့ ယူဆသူတွေကိုပဲ ကျမတို့ ရွေးပါတယ်။ အခြားသူတွေ ထက်စာရင် အခွင့်အလမ်းပိုနည်းပါးသူတွေ၊ စီးပွားရေးအရ မချောင်လည်သူတွေ၊ ပြီးတော့ ဒီနိုင်ငံမှာပဲနေမယ်လို့ စိတ်ပိုင်းဖြတ်ထားသူတွေကို ကျမတို့ ရှာနေပါတယ်” လို့ လင်ဆေး မဲရစ်ဆင်က ပြောပါတယ်။
ဘာဖြစ်လို့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးမှုက YFS ရဲ့ အခရာဖြစ်ရတာလဲလို့ မေးကြည့်တော့ သူက ချက်ချင်းပဲ “မှတ်တမ်း ရုပ်ရှင်က သိပ်စစ်မှန်တာကိုး” လို့ ပြောပါတယ်။
“ဇာတ်ညွှန်းရေးတာ၊ ထုတ်လုပ်တာတွေနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးပွဲတွေ၊ သင်တန်းတွေ ကျမတို့ လုပ်ပါတယ်။ ဒါပေမယ့် မှတ်တမ်းရုပ်ရှင်ကတော့ ကျမတို့အတွက် အဓိကအရင်းခံ တွန်းအားပါ။ မှတ်တမ်းရုပ်ရှင် ဆိုတာဟာ တကယ့်ဘဝ၊ တကယ့်လူတွေနဲ့ တကယ့်လူတွေရဲ့အကြောင်းတွေဖြစ်ပါတယ်။ စိတ်ခံစားမှုနဲ့ဆိုင်တယ်၊ ကဗျာဆန်တယ်၊ အားလုံးပဲလေ။ ရှင်ဟာ မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူဆိုရင် ဘဝကို မှတ်တမ်းတင်ရုံ သက်သက်မဟုတ်ဘဲ ဘာသာပြန် ပုံဖော်နေတာဖြစ်ပါတယ်။ လူတိုင်းနီးပါးမှာ သူတို့ဘဝအကြောင်းနဲ့ ပတ်သက်ပြီးတော့ဖြစ်စေ သူတို့လေ့လာခဲ့ရတဲ့ သင်ခန်းစာတွေနဲ့ ပတ်သက်ပြီးတော့ဖြစ်စေ ဝေငှစရာ တစုံတရာ ရှိကြတာပါပဲ။ ဒါပေမယ့် မှတ်တမ်းရုပ်ရှင်ရိုက် ကူးသူက သူ့အလုပ်သူလုပ်ပြီး အဲ့ဒါတွေကို သိရအောင်မကြိုးစားသရွေ့ အဲ့ဒီဝေငှစရာတွေကို သူတို့ သိချင်မှ သိပါလိမ့်မယ်” လို့လည်း သူက ရှင်းပြပါတယ်။
YFS ရဲ့ ကျောင်းသူဟောင်းဖြစ်ပြီး ဝဿန်ဖလင်ပွဲတော်ကို တည်ထောင်သူတယောက်ဖြစ်တဲ့ မသူသူရှိန်ကတော့ မှတ်တမ်းရုပ်ရှင် ယဉ်ကျေးမှုအပေါ် ပြည်သူလူထုရဲ့အသိက အတော်လေး နုနယ်သေးတယ်လို့ ဆိုပါတယ်။
“မနှစ်က ကျမတို့ ပထမဆုံးကျင်းပတဲ့ ဖလင်ပွဲတော်မှာ မြန်မာတွေရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်နဲ့ ဇာတ်လမ်းတို ၂၀ ကျော်ကို ပြသခဲ့ပါတယ်။ လူထုရဲ့ စိတ်ဝင်စားမှုကိုလည်း ရရှိခဲ့ပါတယ်။ အရင်တုန်းကဆိုရင် သူတို့ရဲ့ မှတ်တမ်း ရုပ်ရှင်တွေကို လူထုက ကြည့်ခွင့်ရနိုင်တဲ့ နေရာမရှိဘူးလေ” လို့ မသူသူရှိန်က ပြောပါတယ်။ သူက နိုင်ငံတကာဆု ရထားတဲ့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူပါ။
ကွန်ပျူတာနည်းပညာတွေ၊ ၁၉၉၀ ခုနှစ်တွေမှာ အနောက်နိုင်ငံတချို့က တခါတရံ ကမကထပြု စီစဉ်ပေးခဲ့တဲ့ မှတ်တမ်း ရုပ်ရှင်ရိုက်ကူးမှုဆိုင်ရာ သင်တန်းတိုတွေ၊ ပြီးတော့ YFS ရဲ့ ဆွေးနွေးပွဲတွေက လူငယ်တွေ သူ့တို့ကိုယ်တိုင် မှတ်တမ်း ရုပ်ရှင်ရိုက်ကူးနိုင်တဲ့ အခွင့်အလမ်းရလာအောင် အထောက်အကူ ဖြစ်စေခဲ့တယ်လို့လည်း ဦးမြင့်သိန်းဖေက ပြောပါတယ်။
မှတ်တမ်းရုပ်ရှင်တွေက ယနေ့ မြန်မာပြည်မှာ သိပ်လူကြိုက် မများသေးပေမယ့် မြန်မာတွေကတော့ မှတ်တမ်းရုပ်ရှင်နဲ့ မစိမ်းတော့ဘူးလို့ သူက ဆိုပါသေးတယ်။
“မြန်မာရုပ်/သံဌာနတွေက ကနေ့ ထုတ်လွှင့်တာ အများစုဟာ သတင်းတွေ သက်သက်ပါပဲ။ ၁၉၇၀ ခုနှစ်တွေ အစောပိုင်းတုန်းကတော့ အစိုးရက မှတ်တမ်းရုပ်ရှင်တွေ ရိုက်ကူးထုတ်လွှင့်ခဲ့ဖူးတယ်။ အဲ့ဒါတွေထဲမှာ မြန်မာ့မီးရထား နှစ် ၁၀၀ ပြည့်အကြောင်း၊ ပြီးတော့ ကျန်းမာရေး၊ မူးယစ်ဆေးဝါးနဲ့ အခြား အကြောင်းအရာတချို့ ပါတယ်” လို့ ဦးမြင့်သိန်းဖေက ထပ်ပြောပါတယ်။ သူက တချို့ကိစ္စတွေ ရိုက်ကူးထုတ်လုပ်မှုမှာ ပါဝင်ပတ်သက်ခဲ့သူပါ။
သူက ဆက်ပြီး “ဝမ်းနည်းစရာကောင်းတာကတော့ နောက်ပိုင်းမှာ ဘတ်ဂျက်တွေ အလျှော့ခံရပြီး ဖလင် မဝယ်နိုင်တော့တာပါပဲ။ ဒီလိုနဲ့ မှတ်တမ်းရုပ်ရှင် စီမံကိန်းတွေ ရပ်ဆိုင်းခဲ့ရပြီး ကျနော်တို့ လုပ်နိုင်တာဆိုလို့ နိုင်ငံတော် အကြီးအကဲတွေရဲ့ ခရီးစဉ်တွေကို ကင်မရာနဲ့ မှတ်တမ်းတင်တာပဲ ရှိပါတယ်” တဲ့။
မှတ်တမ်းရုပ်ရှင်တွေဟာ စီးပွားရေးအရ အကျိုးအမြတ် မရှိတဲ့အတွက် ပုဂ္ဂလိကကဏ္ဍမှာဆိုရင် အဲ့ဒီရုပ်ရှင်တွေ ရိုက်ကူး ဖို့ စိတ်ဝင်စားတဲ့သူ အနည်းငယ်ပဲ ရှိတယ်လို့လည်း သူက ဖြည့်ပြောပါသေးတယ်။
“ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတောင်မှပဲ မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူတွေက သူတို့အလုပ်တွေ လုပ်နိုင်ဖို့ ငွေကြေး အကူအညီတွေအပေါ် မှီခိုနေရတာပါ။ ဆိုတော့ အရင်းအမြစ်အရ သိပ်အကန့်အသတ်ရှိပြီး စိတ်ကူးယဉ်ဇာတ်လမ်း ရိုက်ကူးမှုက အရမ်းကို ပိုပြီးလူကြိုက်များနေတဲ့ မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာ တိုးတက်အောင်မြင်တဲ့ မှတ်တမ်းရုပ်ရှင် ယဉ်ကျေးမှုတခု ဖန်တီးဖို့ အချိန်ယူရမှာကတော့ အသေအချာပါပဲ” လို့ ဦးမြင့်သိန်းဖေက ဆိုပါတယ်။
ထူးဆန်းတာကတော့ YFS ကျောင်းသားတွေ ရိုက်ကူးခဲ့တဲ့ မှတ်တမ်းရုပ်ရှင်အများစုကို မြန်မာပြည်မှာ လူအများကြီး မသိကြပေမယ့် တချို့ရုပ်ရှင်တွေကို ကမ္ဘာတလွှားက နိုင်ငံတကာ ဖလင်ပွဲတော်တွေမှာ ပြသခဲ့ပြီး ဇာတ်လမ်း ၃ ခုက ဆုတွေ ရခဲ့တယ်ဆိုတာပါပဲ။ အဲ့ဒီဆုတွေထဲမှာ ၂၀၀၈ ခုနှစ် အကောင်းဆုံးဇာတ်လမ်းတိုအတွက် National Geographic Allroads Award လည်း ပါဝင်ပါတယ်။
၂၀၀၉ ခုနှစ်အကုန်မှာ YFS က ပထမဆုံး မှတ်တမ်းရုပ်ရှင် ဇာတ်လမ်းရှည်ကို ထုတ်လုပ်ခဲ့ပါတယ်။ “ပင့်သက် မရှုနိုင်ချိန် (When Time Stops Breathing)” လို့ အမည်ရတဲ့ ပြသချိန် ၁ နာရီခွဲကြာတဲ့ ဒီဇာတ်လမ်းဟာ ၂၀၀၈ ခုနှစ်တုန်းက ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ လူအနည်းဆုံး ၁၃၈၀၀၀ သေစေခဲ့တဲ့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း နောက်ဆက်တွဲ အကြောင်းကို ရိုက်ကူးထားတာပါ။ ဒီဇာတ်လမ်းဟာ မြန်မာတွေ မြန်မာပြည်မှာ ရိုက်ကူးတဲ့ ပထမဆုံး မှတ်တမ်းရုပ်ရှင် ဇာတ်လမ်းရှည်လည်း ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်ကစလို့ (မြန်မာပြည်မှာ မပြရသေးပေမယ့်) ဒီဇာတ်ကားကို နိုင်ငံတ ကာမှာ ပြသခဲ့ပြီး လောလောဆယ် ဆု ၆ ဆု ရရှိထားပြီးပါပြီ။
“ဒီဇာတ်ကားက ဆုတဆု ထပ်ရပြန်ပြီလို့ သိရတိုင်း ကျမ ကြေကွဲရတယ်” လို့ ရှင်ဒေဝီက ဆိုပါတယ်။ သူက YFS ရဲ့ သင်တန်းဆရာနဲ့ မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူတယောက်ဖြစ်ပြီး “ပင့်သက် မရှုနိုင်ချိန်” ရိုက်ကူး ရေးအဖွဲမှာ ပါခဲ့သူပါ။
“ကျနော်လည်း ဒီအတိုင်းပဲ ခံစားရတယ်” လို့ ကိုမျိုးမင်းခင်ကလည်း ပြောပါတယ်။
သူတို့နာမည်တွေ ဒါမှမဟုတ်လည်း တခြားအဖွဲ့သားတွေရဲ့ နာမည်တွေကို ဒီဇာတ်ကားကို ဘယ်သူတွေ ရိုက်ကူးတင် ဆက်တယ်ဆိုတဲ့စာရင်းမှာ ရှာလို့ရမှာ မဟုတ်ပါဘူး။
“ဘယ်လောက်ထိ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ခဲ့တယ်ဆိုတာကို ထုတ်ဖော်တဲ့အတွက် အစိုးရက အရေးယူမှာကို ကြောက်တာမို့ ကျမတို့အားလုံး နာမည်အတုတွေ သုံးခဲ့ပါတယ်” လို့ ရှင်ဒေဝီက ဆိုပါတယ်။
“ဒီဇာတ်ကားက ကျမတို့ ကျောင်းကိုလည်း ထိခိုက်နိုင်သေးတယ်လေ။ အစိုးရက ကျမတို့ကို ဆက်ခွင့်မပြုတော့ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ ဆွေးနွေးမှုတွေကို ပိတ်လိုက်တယ်ဆိုရင်ရော။ ကျမတို့ကို အနုပညာရှင်တွေပါ၊ ကျမတို့ဖန်တီးတဲ့အရာတွေမှာ ကျမတို့နာမည်တွေကို မြင်ချင်တာပေါ့။ ဒါပေမယ့် ကျောင်းရှေ့ရေးကို အသေအချာ ထည့်သွင်းစဉ်းစား ပြီး နာမည်ဝှက်တွေသုံးဖို့ ဆုံးဖြတ်လိုက်တာပါ” လို့ သူက ရှင်းပြပါသေးတယ်။
ကိုမျိုးမင်းခင်ကတော့ အခုအချိန်ဟာ ဒီဇာတ်ကားနောက်ကွယ်မှာ ဘယ်သူတွေပါတယ်ဆိုတာကို ထုတ်ပြောသင့်တဲ့ အချိန်ဖြစ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံမှာ မီဒီယာနဲ့ပတ်သက်ပြီး ထိန်းချုပ်မှုတွေကို လျှော့ချခဲ့တဲ့ အစိုးရသစ် ရှိနေပြီလေလို့ ပြောပါတယ်။ ရှေ့လ ရန်ကုန်မှာကျင်းပမယ့် ဝဿန်ဖလင်ပွဲတော်မှာ ဒီဇာတ်ကားကို ပထဆုံးအကြိမ် ပြသမှာဖြစ်ပါတယ်။
ဒါပေမယ့် လင်ဆေး မဲရစ်ဆင်အတွက်တော့ အစိုးရအနေနဲ့ အခုထိ ရုပ်သံဆင်ဆာဥပဒေကို မပြဌာန်းသေးတာမို့ နိုင်ငံမှာ စစ်မှန်တဲ့တိုးတက်မှု တစုံတရာ မြင်ရပြီလို့ အသေအချာပြောဖို့ ခက်လှပါတယ်။
“အစိုးရ ကိုယ်စားလှယ်တွေနဲ့ ရုပ်ရှင်လုပ်ငန်းက ကိုယ်စားလှယ်တွေပါတဲ့ ဆင်ဆာဘုတ်အဖွဲ့ဖွဲမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်က ကျမကို ပြောပြပါတယ်။ စည်းမျဉ်းစည်းကမ်းတွေကို ပုံနှိပ်မီဒီယာလိုပဲ လျှော့ချသွားမယ်လို့ ပြောပေမယ့် ဘယ်လို လျှော့ချသွားမယ်ဆိုတာကိုတော့ သူမပြောနိုင်ပါဘူး။ အကြမ်းဖက်မှုတွေ၊ လိင်ပိုင်းအသားပေးဖော်ပြမှုတွေ (Pornography) ကိုတော့ ဆင်ဆာလုပ်ကို လုပ်ရမှာပေါ့။ ဒါပေမယ့် အခြားကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကျမ မသိဘူး” လို့ သူက ဆိုပါတယ်။
အစိုးရအနေနဲ့ အခုဆိုရင် ဆင်ဆာလုပ်တာတွေကို စတင်လျှော့ချနေပါပြီလို့ အရင်က အချိန်အကြာကြီး တားမြစ်ခဲ့တဲ့ သရဲကားတွေ ပြန်ရိုက်ခွင့်ပြုတာကို ဥပမာပေးပြီး ဦးမြင့်သိန်းဖေက ပြောပါတယ်။
“အခုဆိုရင် အစိုးရက အရင်ကထက် ပိုပျော့ပြောင်းနေပါပြီ၊ အရင်ကလောက် မတင်းကျပ်တော့ပါဘူး။ ဒါပေမယ့် တီထွင်ဖန်တီးမှုကို အားပေးအားမြှောက်ပြုဖို့အတွက် ကိုယ့်တီထွင်မှုက အမျိုးသားစည်းလုံးညီညွတ်မှု၊ ယဉ်ကျေးမှုနဲ့ ဘာသာတရားကို မထိခိုက်သရွေ့ ဆင်ဆာလုပ်တာတွေကို အတတ်နိုင်ဆုံး မလုပ်ဖို့လိုတယ်။ တဖက်မှာလည်း တခုခု လုပ်မယ်ဆိုရင် လုပ်တဲ့သူက ကိုယ့်အလုပ်အပေါ် တာဝန်ယူရမှာဖြစ်တယ်” လို့ သူက ဆိုပါတယ်။
၂၀၀၇ ခုနှစ်မှာ YFS က အစိုးရဖက်စပ် တီဗီလိုင်းတခုနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး YFS ရဲ့ ဇာတ်ကား ၂ ကား မြန်မာပြည်မှာ ထုတ်လွှင့်ခဲ့ပါတယ်။ YFS အနေနဲ့ ဇာတ်ကားတွေကို အစိုးရက လက်ခံလာအောင် ဆွဲဆောင် စည်းရုံမှုတွေ ပိုလုပ်ရမှာဖြစ်တယ်လို့ လင်ဆေး မဲရစ်ဆင်က ပြောပါတယ်။
“ဒါကတော့ ကိုယ်နေရာရလာအောင် ဖန်တီးတာပါပဲ။ အပြုသဘောဆောင်တဲ့ အရာပါ။ ပူးပေါင်းဆောင်ရွက်မှုဟာ အရေးကြီးတယ်လို့ ကျမထင်တယ်။ အထူးသဖြင့် အခုလို အသွင်ကူးပြောင်းချိန်ကာလမှာ ပိုထိထိရောက်ရောက် ဖြစ်အောင် ပူးပေါင်းအားထုတ်ကြဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်” လို့ သူက ဆိုပါတယ်။
သူရဲ့ ကြိုးပမ်းအားထုတ်မှုတွေဟာ မြန်မာပြည်မှာ မှတ်တမ်းရုပ်ရှင်ယဉ်ကျေးမှု ပြန့်ပွားလာအောင် နည်းလမ်းတွေ ရှာနေကြတဲ့ သူ့ကျောင်းသားတွေအတွက် သတင်းကောင်းဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
“မှတ်တမ်းရုပ်ရှင်က ရုပ်ရှင်ကြီးလောက် လူကြိုက် မများတာတော့ အမှန်ပါပဲ။ ဒါပေမယ့် တကယ့်ဘဝအကြောင်း အရှိကို အရှိအတိုင်းတင်ပြတာမို့ မှတ်တမ်းရုပ်ရှင်ကလည်း အရေးပါပါတယ်။ တဖက်မှာ စီးပွားအရေးအရ တွက်မယ်ဆိုရင် မှတ်တမ်းရုပ်ရှင်က လက်တွေ့မကျပါဘူး။ တကယ်လို့ တီဗီလိုင်းတွေက မှတ်တမ်းရုပ်ရှင်တွေလွှင့်ဖို့ စိတ်ဝင်စားတယ် ဆိုရင်တော့ ကျမတို့မှာ ပိုပြီးရိုက်ကူးနိုင်တဲ့ အခွင့်အလမ်းတွေ ရှိလာမှာ အသေအချာပါပဲ” လို့ မကြည်ဖြူသျှင်က ပြောပါတယ်။ သူက ရုပ်ရှင်ဒါရိုက်တာတယောက်ဖြစ်ပြီး YFS ရဲ့ National Geographic Award ဆုရှင်ပါ။
“လူတွေက မှတ်တမ်းရုပ်ရှင်တွေကို ကိုရီယားဇာတ်လမ်းတွဲတွေလောက် စိတ်မဝင်စားကြတာတော့ သိပ်သိသာတယ်။ မှတ်တမ်းရုပ်ရှင်ဆိုတာက ဗီဒီယိုအခြေခံ ထုတ်ကုန်တခုပါ။ ကျနော့်အမြင်ကို ပြောရရင်တော့ လူတွေက မှတ်တမ်းရုပ်ရှင်တွေ တီဗီမှာ ပိုကြည့်ခွင့်ရလာမယ်ဆိုရင် အဲ့ဒါတွေကို တောင့်တလာမှာ အသေအချာပါပဲ” လို့ စိုင်းခွန်းခမ်က ဆိုပါတယ်။ သူက မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူဖြစ်ပြီး YFS ရဲ့ ဝဿန်ဖလင်ပွဲတော်ဆုရှင်ပါ။
မြန်မာပြည်မှာ အခုဆိုရင် အစိုးရဖက်စပ် တီဗီလိုင်း ၅ လိုင်းရှိပါတယ်။ ဒါပေမယ့် မြန်မာတွေရိုက်ကူးတဲ့ မှတ်တမ်းရုပ်ရှင်တွေ တင်ဆက်ဖို့ စိတ်ဝင်စားမှု ရှိမရှိဆိုတဲ့ မေးခွန်းကိုတော့ မဖြေနိုင်ကြပါဘူး။
၇ နှစ်တာ လုပ်ငန်းဆောင်တာတွေ လုပ်ခဲ့ပြီးပေမယ့် လင်ဆေး မဲရစ်ဆင်ကတော့ YFS အနေနဲ့ အများကြီး ဆက်လုပ်ရဦးမယ်လို့ ထင်နေဆဲပါ။ YFS က အမျိုးသမီးတွေရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို ထောက်ခံတာမို့ သူ့အနေနဲ့ အမျိုးသမီးတွေ (အထူးသဖြင့် ကျေးလက်ဒေသက အမျိုးသမီးတွေ) ကို YFS မှာ ပိုပြီး လာရောက် သင်ယူစေချင်တာ ဖြစ်ပါတယ်။
“ကျမတို့ဆီမှာ အမျိုးသမီး ဒါရိုက်တာတွေ အများကြီးရှိပါတယ်။ သူတို့ကိုလည်း အမျိုးသားတွေနဲ့တန်းတူ ကျမတို့ အထောက်အကူပေးပါတယ်။ သင်တန်းတွေမှာ အမြဲတမ်း အမျိုးသား ၆ ယောက်နဲ့ အမျိုးသမီး ၆ ယောက် ပါပါတယ်။ တကယ်တမ်းကျတော့ အဲ့ဒီလိုဖြစ်အောင်စီစဉ်ရတာ မလွယ်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ရုပ်ရှင်ရိုက်တာကို အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုစိတ်ဝင်စားပုံပေါ်တာကိုး။ ဘာကြောင့် အဲဒီလိုဖြစ်ရတာလည်း ကျမ မသိဘူး” လို့ သူက ပြောပါတယ်။
ပြီးတော့ YFS အနေနဲ့ မှတ်တမ်းရုပ်ရှင်ကို မြန်မာပြည်မှာ လူကြိုက်များလာအောင် တစုံတရာ လုပ်နိုင်ခဲ့တယ်၊ ဒါဟာ YFS ရဲ့ လက်ရှိ အောင်မြင်မှုတွေထဲက တခုဖြစ်တယ်လို့ သူက ယူဆထားတာပါ။
“အထူးသဖြင့် ဝဿန်နဲ့ လွတ်လပ်မှုအနုပညာ (Art of Freedom) လို ရုပ်ရှင်ပွဲတော်တွေမှာဆိုရင် ငါလည်း ဒီပွဲအတွက် ဇာတ်လမ်းတပုဒ် ရိုက်ချင်တယ်လို့ ပြောကြတဲ့သူတွေ အများကြီးပဲ။ တချို့က ကျမတို့ ကျောင်းသားတွေ ဖြစ်ပါတယ်။ အခုလို အများပြည်သူကို တင်ပြနိုင်တဲ့အပေါ် သူတို့အားလုံးက စိတ်လှုပ်ရှားနေကြတာပါ။ တကယ့် ဘဝအကြောင်း ရိုက်ကူးတင်ပြနိုင်တဲ့အပေါ် သူ့တို့ စိတ်လှုပ်ရှားနေကြတာပါ” လို့ လင်ဆေး မဲရစ်ဆင်က ပြောပါတယ်။
သူကဆက်ပြီး “၂၀၀၄ မှာ YFS ကို ကျမ စတင်တုန်းက အစီအစဉ် အကြီးကြီးမဟုတ်ပါဘူး။ ဆွေးနွေးပွဲတခုပဲ လုပ်ဖို့ပါ။ အခုတော့ YFS က ကြီးထွားလာခဲ့ပြီး အလုပ်အတူလုပ်နေကြသူတွေ တိုးတက်အောင်မြင်လာကြသလို ကျောင်းကလည်း တိုးတက်အောင်မြင်နေပါပြီ။ ဆိုတော့ ကျောင်းရဲ့အနာဂတ်က တကယ်တမ်း ကျမအပေါ် မူမတည် တော့ပါဘူး။ သူတို့အပေါ် မူတည်နေတာပါ။ YFS ကို သူတို့ ရှေ့ဆက်ပြီး သယ်ဆောင်သွားကြမှာပါ” တဲ့။
 ဧရာဝတီ
ဘကြီးသက်
Unknown at 1:07 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လန်ထွက်နေတဲ့ ဦးအောင်သိန်းလင်း



ဧရာဝတီ အနာဂတ်အတွက် စိတ်မချရသေး၊ မြစ်ဆုံဆည်အား မဖြစ်မနေ တည်ဆောက်ရမည်ဟု အာဏာရ USDP ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်း ပြောနေပြီ။
မကြာသေးမီက သမ္မတ ဦးသိန်းစိန်က မိမိ၏ သက်တမ်းကာလအတွင်း တည်ဆောက်မှုများ ရပ်ဆိုင်းထားမည်ဟု ဆို သော ဧရာဝတီ မြစ်ဆုံဆည်အား မဖြစ်မနေ ပြန်လည် စတင် တည်ဆောက်သွားရမည်ဖြစ်ကြောင်း အာဏာရ USDP ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းက တရုတ်နိုင်ငံထုတ် Southern Weekend သတင်းစာနှင့် တွေ့ဆုံမေး မြန်းခန်းတွင် ဖြေကြားပြောဆိုသွားခဲ့ပါသည်။
မြန်မာနိုင်ငံတွင်းမှ နိုင်ငံရေး အဖွဲ့အစည်းများ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များနှင့် လူထုလူတန်းစား အဖွဲ့အ စည်းများ မီဒီယာများနှင့် ပြည်သူအများအပြားက ဆန့်ကျင်ဝေဖန်မှုများ ပြုလုပ်အပြီး ပြည်သူ့အသံကို နားထောင်ကာ သမ္မတက ၎င်းစီမံကိန်းရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သော သမ္မတ၏ ဆုံးဖြတ်ချက်အား ယခင် ရန်ကုန်မြို့တော်ဝန်ဟောင်း အ ငြိမ်းစား ဗိုလ်မှူးချုပ်အောင်သိန်းလင်းက တွေ့ဆုံမေးမြန်းရာတွင် စိန်ခေါ်သွားခဲ့ခြင်း ဖြစ်ပါသည်။
ဦးအောင်သိန်းလင်း က “ဒါဟာ သူ (သမ္မတ) ရဲ့ ကိုယ်ပိုင်အတွေးအခေါ်ပါ၊ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ ကျနော်တို့ ဒါကို ဆန့်ကျင် ပါတယ်။ ဒါဟာ ကျနော်တို့ရဲ့ အမျိုးသားရေး မူဝါဒမဟုတ်ပါဘူး။ သမ္မတ ဟာ တရုတ်-မြန်မာ ဆက်ဆံရေးကို ပျက်ပြားအောင်လုပ်ခဲ့ပါတယ်” ဟု ဖြေကြားသွားပြီး ယခု မြစ်ဆုံဆည်အား ပြန်တည်ဆောက်သင့် သ လားဟု မေးမြန်းရာတွင် “ဆောက်ကို ဆောက်ရမှာပေါ့၊ ကျနော်တို့ လျှပ်စစ်ဓာတ်အား လိုတယ်။ အနောက်နိုင်ငံတွေက ဒါကို ရပ်ဆိုင်းဖို့နဲ့ တရုတ်-မြန်မာ ဆက်ဆံရေး ပျက်ပြားအောင် လုပ်ခဲ့တာပါ” ဟု ဖြေကြားခဲ့သည်။
USDP ပါတီ၏ အဓိက အလုပ်အမှုဆောင်တဦးဖြစ်သော ဦးအောင်သိန်းလင်းသည် NLD ပါတီနှင့် ခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည် အား ပြင်းပြင်ထန်ထန် ဝေဖန်သွားခဲ့ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန် အား လည်း “ကျနော် သူ့ကို မယုံဘူး။ ကုလသမဂ္ဂကိုလည်း မယုံဘူး” ဟု ဖြေကြားသွားခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လာရောက်ခြင်းမှာ “ကျနော်တို့ ပြည်သူတွေအတွက် ကျနော်တို့ နိုင်ငံအတွက်လာတာ မဟုတ်ဘူး။ ဒီအမျိုးသမီး (ဒေါ်အောင်ဆန်းစုကြည်အား ရည်ညွှန်းသည်) အတွက်လာတာ” ဟု ဖြေကြားခဲ့ပါသည်။ ဦးအောင်သိန်းလင်းက EU နှင့် US အား “သူတို့ကို မယုံဘူး။ သူတို့က သူတို့လိုချင်တဲ့ ရုပ်သေး အစိုး ရတင်ဖို့ ဂိုဏ်းဖွဲ့နေကြတာ” ဟုဆိုပါသည်။
ဒေါ်အောင်ဆန်းစုကြည် နှင့် NLD အပေါ် လူအများအပြားက လှိုက်လှဲစွာ ထောက်ခံနေကြခြင်းအပေါ် မေးမြန်းရာ သူက “လူတွေက ရူးနေကြတာပါ။ သူက လူကြိုက်များရတာ၊ ကျနော်တို့ရဲ့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်လို့ပါ” ဟု ပြောကြားခဲ့သည်။
ကြားဖြတ်ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ရခြင်းနှင့်ပတ်သက်၍ ဦးအောင်သိန်းလင်းက “ကျနော်တို့ သင်ခန်းစာတွေရတယ်။ လူ ထုနဲ့ အများကြီးဆက်ဆံရမယ်။ လူထုလိုအပ်ချက် ဆန္ဒတွေကိုသိရမယ်” ဟု ဆိုပါသည်။
သို့ရာတွင် မြန်မာနိုင်ငံရှိ လူဦးရေ ၉၀ ရာခိုင်နှုန်းကျော်က မြစ်ဆုံဆည်တည်ဆောက်ရေးကို လိုလားခြင်းမရှိကြောင်းကို ဦးအောင်သိန်းလင်း အနေဖြင့် မသိကြောင်း နိုင်ငံရေးလေ့လာသူတဦး က သုံးသပ်ပါသည်။ အဆိုပါ သုံးသပ်သူက” သူ တို့ ထပ်နိုင်ရင် ဒီမြစ်ဆုံဆည်ကို မဖြစ်မနေ ဆောက်မယ်လို့ ဦးအောင်သိန်းလင်းက ဆိုရင် ၂၀၁၅ အတွက် အဖြေက ထွက်ပြီးသားပဲပေါ့။ ပြိုင်စရာတောင်မလိုတော့ပါဘူး” ဟု မှတ်ချက်ပြုပါသည်။
USDP ပါတီ၏ ဗဟိုအလုပ်အမှုဆောင်နှင့် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံဖြစ်သော ဦးအောင်သိန်းလင်းသည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး အငြင်းပွားဖွယ်ရာ မဲရ လဒ်ဖြင့် အနိုင်ရခဲ့သူ ဖြစ်ပါသည်။ အဆိုပါ အငြင်းပွားမှုမှာ ကြိုတင်မဲအများအပြားဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။ ထို့အပြင် ဦးအောင်သိန်းလင်းသည် ၂၀၀၃ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ရန်ကုန်မြို့တော်ဝန်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီကာလအတွင်း မဲဆွယ်စည်းရုံးရေးအတွက် လမ်းခင်းခြင်းများပြုလုပ်ရာ၌ ၎င်း သည် ပါတီငွေကြေးနှင့် ရန်ကုန်မြို့တော်စည်ပင်ငွေကြေးများကို ရောထွေးသုံးစွဲခဲ့သည်ဟု စွပ်စွဲဝေဖန်ခြင်းများကိုလည်း ခံခဲ့ရသူ ဖြစ်သည်။
Eleven Media Group မှ …

ဘကြီးသက်
Unknown at 12:49 AM 2 မှတ်ချက်ကလေးရေးပေးနော်.
Share

ရန်ကုန်ရောက် ရခိုင်ကျောင်းသားများမှ ရခိုင်ပညာရေး အကျပ်အတည်း သမ္မတကြီးထံ တင်ပြမည်


ဇူလိုင်လ ၂၁ ရက်နေ့က ပြုလုပ်သော ရခိုင်ကျောင်းသားများ ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ် ပညာရေး အခြေအနေနှင့် ပတ်သက်ပြီး လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရသော အခြေအနေများကို သမ္မတထံ တင်ပြသွားမည်ဟု သိရသည်။

ဆူပူ အကြမ်းဖက်မှုများကြောင့် မတည်မငြိမ် ဖြစ်ခဲ့ရသော အခြေအနေများအား အမြန်ဆုံး  ပြန်လည် တည်ငြိမ်အောင် ဆောင်ရွက်ပေးရန်နှင့် ကျောင်းသားများ လုံခြုံစိတ်ချစွာ ပညာ သင်ကြားနိုင်ရေး အတွက် နိုင်ငံတော် အစိုးရ အနေဖြင့် အမြန်ဆုံး စီစဉ် ဆောင်ရွက်ပေးရန် ရန်ကုန်ရောက် ရခိုင် ကျောင်းသူ ကျောင်းသားများက နိုင်ငံတော်သမ္မတထံ တင်ပြ တောင်းဆိုသွားမည်ဟု ဆိုသည်။
“ အဂု လက်ရှိ ရခိုင်က ကျောင်းသားတွေရဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို သမ္မကြီးဆီကို တင်ပြသွားမယ်။ ကျောင်းသားတွေ ကျောင်းဖွင့်တာ တစ်လကျော် ရှိနေပြီ ဖြစ်ပေမယ့် စစ်တွေ အပါအ၀င် တစ်ချို့နေရာတွေမှာ ကျောင်းမတက်နိုင်ဘဲ ဖြစ်နေကြတယ်။ ဒါကြောင့် ကျောင်းသားတွေ ကျောင်းသွားနိုင်အောင် လုံခြုံရေးကို အဓိကထားပြီး စီစဉ် ဆောင်ရွက်ပေးဖို့ တင်ပြ တောင်းဆို သွားမှာ ဖြစ်ပါတယ်” ဟု ရခိုင် ကျောင်းသား ခေါင်းဆောင် တစ်ဦး ဖြစ်သူ ကိုကျော်မင်းခိုင်က ပြောသည်။
အလားတူ သက်ဆိုင်ရာ ရခိုင်ပါတီများနှင့်  ပညာရေး ၀န်ကြီးဌာကိုလည်း တင်ပြသွားမည် ဖြစ်ကြောင်း သူက ပြောဆိုသည်။
“ ပညာရေးနဲ့ ပတ်သက်ပြီး ရခိုင်ပါတီတွေ ပညာရေး ၀န်ကြီးဌာနကိုလည်း တင်ပြသွားပါမယ်။ ဒါ့အပြင် လက်ရှိ အနေအထားအရ ရခိုင်ပြည်မှာ ရှိတဲ့ ရိုဟင်ဂျာ အမည်ခံ ဘင်္ဂလီတွေက လက်ရှိ အခြေအနေမှာလည်း အကြမ်းဖက် ဆူပူမူတွေ ဖြစ်အောင် လုပ်နေတဲ့ အတွက် မြန်မာနိုင်ငံရှိ တည်ဆဲ ဥပဒေများနဲ့ အညီ ထိထိရောက်ရောက် အရေးယူပေးဖို့၊ ဥပဒေနဲ့အညီ ကျူးးလွန်သူ ဘယ်သူ့ကို မဆို အရေးယူ ဆောင် ရွက်ပေးဖို့ လိုတယ်လို့ မြင်ပါတယ်။ နောက်တချက်က ရခိုင်ပြည်နယ် အတွင်း ဆူပူ အကြမ်းဖက်မူကြောင့် ဆုံးရှုံး နစ်နာခဲ့ရတဲ့ မိသားစုတွေကို  ပြန်လည် ပြုစု ပျိုးထောင်ပေးဖို့  အစိုးရဆီကို တင် တောင်းဆိုသွားမှာ ဖြစ် ပါတယ်” ဟု ဆက်ပြောသည်။
ဆွေးနွေးပွဲသို့  ရခိုင် ကျောင်းသားလူငယ် စာပေနှင့်ယဉ်ကျေးမှု မြှင့်တင်ရေး အဖွဲ့ အပါအ၀င် ရန်ကုန်ရောက် ရခိုင် ကျောင်းသူ ကျောင်းသား ခေါင်းဆောင်  ၃၀ ခန့်တက်ရောက်ခဲ့သည်။
ဆွေးနွေးပွဲကို ရန်ကုန် စမ်းချောင်းမြို့နယ်ရှိ Arakan National Network ရုံးခန်း ၌  နေ့လည် ၁နာရီမှ ညနေ ၃နာရီအထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။
http://www.narinjara.com/burmese/?p=1385
ဘကြီးသက်
Unknown at 12:44 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဇင်ဗုဒ္ဓဘာသာ၏ ကြောင်စီစီနိုင်ရခြင်းအကြောင်း


Zen သည် ရိုးသယောင် ရှင်းသယောင် ရှိသော်လည်း ရှုပ်ယှက်ခတ်နေသည်။ တစ်ခါ တစ်ရံ ကြောင်စီစီ နိုင်သည်။ အဘယ်ကြောင့်ပါနည်း ဟု မကြာခဏ အမေး ရှိတတ်ကြပါသည်။ မေးခွန်း ရှိကြသူများ သာမက ဇင်တရားကို ဖြေကြား ပြောပြရန် စဉ်းစားပြင်ဆင် ကြသော သူများသည်လည်း အလားတူ ကြောင်စီစီ နိုင်ခဲ့ကြသည်။
ဤအကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းရန် လိုအပ်ပါမည်။

ဇင်တရား၏ ရိုးသယောင် ရှင်းသယောင်နှင့် ရှုပ်ယှက်ခတ် နေရသည့် အကြောင်းမှာ ဘဝ ဖြစ်စဉ် ကိုယ်၌က ရိုးသယောင်ယောင် နှင့် ရှုပ်ယှက် ခတ်နေသောကြောင့် ဖြစ်သည်။ ဇင်၏ ကြောင်စီစီ နိုင်ရခြင်း အကြောင်းမှာ ဘဝကိုက ကြောင်စီစီ နိုင်သောကြောင့် ဖြစ်ပါသည်။ ဆိုလိုသည်မှာ ဇင်သည် ဘဝကို ရိုးရှင်းစွာ ထင်ဟပ်ပြထားသော ကြေးမုံပြင် တစ်ချပ်သာ ဖြစ်ပါသည်။ ဇင်သည် ဒဿန စနစ် တစ်ရပ်နှင့် မတူ။ ဒဿန မဟုတ်။ စင်စစ် ဒဿနတို့သည် ဇင်ကဲ့သို့ ရိုးသယောင် ရှင်းသယောင် နှင့် ရှုပ်ယှက်ခတ်ခြင်းမျိုး မရှိ။ ဒဿန စနစ် တို့တွင် ကြောင်စီစီ နိုင်သော ဒဿန မရှိ။ ခိုင်မာ အားကောင်း သော ယုတ္တိ နည်းလမ်း တို့ဖြင့်သာ ၎င်းတို့ကို ဖွဲ့တည် ထားကြသည်။ အဘယ်ကြောင့် ဆိုသော် ဒဿနတို့မှာ ဆင်ခြင်ဥာဏ် အတွေး စိတ်ကူး များ ဖြင့် တည်ဆောက်ထား ကြသော ကြောင့် ဖြစ်သည်။ ဒဿန စနစ်တို့ကို လူတို့က ပုံဖော် ထုဆစ်သည်။ လူလုပ်ပစ္စည်းများ၊ ယုတ္တိနည်းကျ ဖွဲ့တည် ထားသည်များ ဖြစ်ကြသောကြောင့် သင့်အနေနှင့် ယင်းဒဿန စနစ် တစ်ရပ်ရပ် တွင် အလွယ်တကူ ( သို့မဟုတ် ) အနည်းငယ် အားစိုက် လေ့လာပြီးသည့် နောက်တွင် နားလည်သက်ဝင် ယုံကြည်သွား နိုင်သည်။ ဒဿန စနစ် တစ်ရပ်သည် ၎င်း၏ တည်ဆောက်မှု ဘောင်အတွင်း အံမဝင်လာသော အချက်အလက်များကို ဖယ်ရှားပစ်သည်။ သုတ်သင် လွှင့်ပစ်သည်။ ဒဿန စနစ်တိုင်းသည် ဘဝမှ ရရှိသော အချက်အလက်များကို သာ အသုံးပြုသည်။ ဘဝကို မဟုတ်။ ထို့ကြောင့်လည်း ထို ဒဿန တို့သည် ဘဝကို အပြည့်အဝ ရောင်ပြန်ဟပ် ထင်ပြနိုင်ရန် ခက်ခဲကုန် ကြရခြင်း ဖြစ်သည်။ ယင်းအတွက် သူတို့သည် အံမဝင် အသုံးမကျသော အမှိုက်များ ဟု မဆိုလို။ ယဉ်ကျေးမှု လူ့ဘောင်ကို ဖွဲ့စည်းပုံဖော်ကြသည့် အရာများ ဟုသာ ဆိုလိုသည်။

ဇင်သည် ကြောင်စီစီ နိုင်ပါသည်။ အဘယ်ကြောင့် ဆိုသော် ဇင်သည် ဒဿန မဟုတ်သောကြောင့် ဖြစ်သည်။ ဘဝဟူသည်မှာ မည်သည့်အရာ ဖြစ်သည် ဟူသော အဓိပ္ပာယ်ဖွင့်ဆိုချက် ( Defination ) မျိုး  ဇင်တွင် မရှိပေ။ ဇင်က ဂရုပြုသည်မှာ ဖြစ်ရှိသည့် အတိုင်း ရောင်ပြန်ဟပ် သည်များကို သာ ဖြစ်သည်။ ၎င်းတွင် တမင် ရွေးချယ် ကောက်နုတ်မှု မရှိ။ ရွေးချယ် ကောက်နုတ်မှု ရှိလာလျှင်လည်း ဇင် မဟုတ်တော့။ ရွေးချယ်ဖန်တီးခြင်းသည် သစ္စာတရားမှ စံလွဲသွားရန် ကိုသာ ဦးတည်သည်။ ရွေးချယ်မှု အလျဉ်းမရှိဘဲ တည်ငြိမ်နေခြင်း သည်  သာ ဇင်၏ လမ်း ဖြစ်ပါသည်။

သို့သော် ကျနော်တို့ လက်တွေ့တွင် ကြုံကြရသည်က - ဥပမာ တစ်ရပ်ပေးပါမည် - သင်သည် မိန်းကလေး တစ်ယောက်ကို ချစ်ကြိုက်မိပြီ ဆိုပါစို့။ သင် စတင်၍ ရွေးချယ်သည်။ ထို့နောက် များ မကြာမီတွင် သင် ဒုက္ခ တွေ့ရတော့သည်။ အကြောင်းမှာ သင်သည် ရွေးချယ်စဉ်က ယင်း မိန်းကလေးကို မိန်းကလေး အဖြစ် ရိုးရှင်းစွာ မမြင်ခဲ့သောကြောင့် ဖြစ်သည်။ သင် ရှုမြင်ခဲ့သည်မှာ ထိုမိန်းကလေး၏ ကောင်းကွက်များကိုသာ ဖြစ်သည်။ ဆိုးကွက်များကို ကျော်လွှား ထားပစ်ခဲ့သည်။ ထို မိန်းကလေးတွင် အချက်ပေါင်း တစ်ထောင် ကျော် ရှိသည် ဆိုပါစို့။ ယင်းအထဲမှ အချို့သည်သာ ကောင်းကွက်များ ဖြစ်ပြီး၊ အချို့သည် ဆိုးကွက်များ ဖြစ်ကြသည်။ အဘယ်ကြောင့် ကောင်းကွက်များကို သာ ကြည့်ခဲ့ပြီး ဆိုးကွက်များကို မကြည့်ခဲ့ပါသနည်း ။ သင် မသိ၍လော။ မဟုတ်ပေ။ အဖြေမှာ သင်ရွေးချယ် ချင်သောကြောင့်သာ ဖြစ်ပါသည်။ ထိုရွေးချယ်မှုက သင့်ကို ပြဿနာ များစွာ ပေးတော့သည်။


အကယ်၍ သင်သည် ဘုရားသခင်ကို ယုံကြည်သူ တစ်ဦး ဖြစ်သည်ဟု ဆိုလျှင် ပြောပါမည်။ ဘုရားသခင်သည် လူသားများကို အကောင်းချည်းသာ မဖန်ဆင်းခဲ့ပေ။ ဘုရားသခင်က ထုံထိုင်းနေခြင်းလား၊ သို့မဟုတ် သေဆုံးသွားပြီလား မပြောတတ်။ သူ ပြုလုပ်၍ ထားခဲ့သည့် လူသားများမှာ ပုံသဏ္ဍာန် အမျိုးမျိုး၊ စရိုက်အမျိုးမျိုး ဖွံ့ဖြိုး နေကြသည်။ လူသားကိုယ်စီတွင် သင်ကြိုက်သော အရာတွင်သာ မက ၊ သင်မကြိုက်သော အရာများပါ ရောပြွန်းနေသည်။ သင့်အတွက် သင့်အကြိုက်နှင့် ကိုက်ညှိထားသော မည်သည့် လူသား တစ်ဦး တစ်ယောက် မျှ မရှိ။ သင့်အတွက် ဘုရားသခင်က သီးသန့်ချုပ်လုပ် ပေးလိုက်မည့် လူစားမျိုး မရှိ။ လူသားတို့ကို စက်ရုံထုတ် ပစ္စည်းများ ကဲ့သို့ တစ်ပုံစံတည်း ထုတ်လုပ်ထားခြင်း မဟုတ်။ ဤမိန်းကလေးကို ချစ်ကြိုက်မိသည့် ကိစ္စတွင် သင်၏ အမြင်သည် အမှန်တကယ်ဆိုလျှင် - သူသည် သူသာ ဖြစ်ပြီး သင်သည် သင်သာ ဖြစ်သည်။- ယင်းသို့ အလုံးစုံ မြင်နိုင်ရမည်။ သို့သော် ထိုသို့ မမြင်ခဲ့။

မိန်းကလေး တစ်ယောက်ကို သင်ချစ်ကြိုက်မိ၍ ရွေးချယ်ပြီးသော အခါ သင်သည် အရာတော်တော် များများကို လျစ်လျူရှု ပစ်လိုက်သည်။ တစ်ခါတစ်ရံ သူက စိတ်ဆိုးလျှင်လည်း ခင်ဗျားက လျစ်လျူရှု ပစ်သည်။ ဂရုမမူဘဲ ထားလိုက်သည်။ ခင်ဗျား၏ မျက်စိထဲတွင် နတ်သမီး ပုံသာ မြင်သည်၊ စုန်းမ တစ္ဆေမပုံ ကို မမြင်ပေ။ သို့သော် စုန်းတစ္ဆေမသည် အဲ့သည် အချိန်တွင် တကယ် ရှိခဲ့သည်။ နတ်သမီး ဆိုသည့် စိတ်ကူးထည် ကို တကယ်အရှိ ဟု လက်ခံလျှင် ယင်း နတ်သမီး စိတ်ကူး မှာ စုန်းတစ္ဆေ ဆိုသည့် စိတ်ကူးထည် မရှိဘဲ မပေါ်ပေါက်လာနိုင်။ စုန်းမ၊ ကဝေမ များ မရှိပဲ၊ နတ်သမီးတွေ ချည်းသာ ရှိနေလျှင် ယင်းနတ်သမီး သည် အဖိုးတန် မည် မဟုတ်။ စင်စစ် သင်သည် ထိုအမျိုးသမီး အပေါ် အချစ်လွန်ကဲနေခြင်း၊ သာယာစိတ် လွန်ကဲနေခြင်းသာ  ဖြစ်သည်။ သင်သည် အမျိုးသမီး တစ်ဦးကို ခယ ဝပ်တွားလိုပါသလား။ ထိုသို့ဆိုလျှင်တော့ မပြောတတ်။ သင် ချစ်လိုခြင်းသာ ဖြစ်သည်ဟု ဆိုလျှင် ထိုအမျိုးသမီး ၏ လူသားစင်စစ် ဖြစ်ခြင်းကိုတော့ သတိပြုမိ ရလိမ့်မည်။

စင်စစ် လက်တွေ့တွင် ထိုသို့ သတိမပြုထားတော့။ သင်သည် ဟန်ဆောင်လိုက်သည်။ အမှောင်ဖုံးသွားသည်။ လွန်ကဲသွားသည်။ အပေါင်းလက္ခဏာ များကိုသာ ရှုမြင် ထားပြီး အနှုတ်လက္ခဏာ များကို မမြင်တော့။ ထို့ကြောင့်လည်း သင်ရွေးချယ် ယူပစ်လိုက်ခြင်း ဖြစ်သည်။ သို့သော် သင်၏ စိတ်တွင် ဖန်တီး မြင်ယောင်ထား သည့် ပုံရိပ် မှာ ယင်းအမျိုးသမီး၏ တကယ့်အဖြစ် မဟုတ်။ အစစ်အမှန်ကို မဟုတ်။ အနှေးနှင့် အမြန် အတွင်း သင့်တွင် စိတ်ရှုပ်ထွေးမှုများ စတင်လာရသည်။ အကြောင်းမှာ သင်ဖန်တီးထားခဲ့သော ထိုအမျိုးသမီး၏ ပုံရိပ်အတု ကို ယင်းအမျိုးသမီးတွင် ရှိသော တကယ့် ပုံရိပ် အစစ်က ကြာကြာ စောင့်မနေပေ။ အစားထိုး ဝင်ရောက်လာသောကြောင့် ဖြစ်သည်။

တကယ်စင်စစ် ဤဇာတ်လမ်းတစ်ခုလုံးကို ခြယ်မှုန်းသူ၊ ဤပုံရိပ်ကို ဖန်ဆင်းသူ မှာ သင်ကိုယ်တိုင် ဖြစ်ပါသည်။ စတင်ရွေးချယ်မိစဉ်က သင်ကိုယ်သင် ပုံဖျက်ယွင်း ထားခဲ့သည်။ အခြား မည်သူမျှ ဝင်ဖျက်ထားသည် မဟုတ်။ သင့်အမျိုးသမီးကို အရှိ အရှိအတိုင်း သင့်ဘာသာ မမြင်ခဲ့ခြင်း ဖြစ်သည်။ တကယ်ဆို ကြေးမုံပြင် တစ်ချပ်တွင် ထင်သကဲ့သို့ အရှိအရှိအတိုင်း မြင်ထားသင့်သည်။ သို့သော် မမြင်ခဲ့။ လောကတွင် လှပပြေပြစ်သော အရာများလည်း ရှိသလို အကျည်းတန် သော အရာများလည်း ရှိသည်။ အတူတကွ တွဲလျက်ကို တည်ရှိသည်။ အကျည်းတန်သော အရာဟူ၍ မရှိဘဲ၊ အလှအပချည်းသာ မရှိစကောင်း။ အလှအပဟူ၍ မရှိဘဲ၊ အကျည်းတန်သော အရာလည်း ပေါ်ပေါက်သည် မဟုတ်။ ယင်း ဆန့်ကျင်ဘက်နှစ်ခုမှာ အတူတကွသာ တည်ရှိရသည်။ ဒင်္ဂါးပြား၏ ခေါင်းနှင့် ပန်းကဲ့သို့။

အမျိုးသမီး ဖြစ်စေ၊ အမျိုးသား ဖြစ်စေ လူဟူသည်မှာ တစ်ခါတစ်ရံ ချိုသာ၍၊ တစ်ခါတစ်ရံ ကြမ်းတမ်း ပေလိမ့်မည်။ နှစ်ခု စလုံးကို သင် သက်ဝင် လက်ခံနိုင်ဖို့ လိုအပ်သည်။ ဤနေရာတွင် သတိပြုပါ။ လိုအပ်သည် ဟု ဆိုခြင်း ဖြစ်ပါသည်။ သင့်တွင် ရှိမနေ တတ်သောကြောင့် လိုအပ်သည် ဟု ဆိုရခြင်း ဖြစ်သည်။ သင်သည် လိုအပ်ချက်ကို ဂရုမထား၊ သင်၏ စိတ်ဆန္ဒ အတိုင်း ချစ်လိုသော အခါ ထိုသို့ အလုံးစုံ ရှုမြင်ရမည် ဟူသော လိုအပ်ချက်ကို ဘေးဖယ်ပစ်လိုက်သည်။ ထိုလိုအပ်ချက်ကို ဖြည့်စည်းရမည် ဆိုသည်ကပင် သင့်အတွက် အခက်အခဲ ဖြစ်သွားသည်။ သင်ချစ်သော သူတစ်ယောက်ကို တစ်ချိန်တည်းတွင် အကောင်းမြင်၍ တစ်ချိန်တည်းတွင် အဆိုးမည်သို့ မြင်ပါမည်နည်း။

အကောင်းရော အဆိုးကိုပါ တပါတည်း မြင်ပါသည် ဟု စောဒက တက်နိုင်သည်။ သင့်ကိုယ်သင် ရိုးသားစွာ ဝေဖန်ကြည့်ရန် တိုက်တွန်းရပေမည်။ သင် ချစ်စိတ် ဝင်နေသော ခဏတွင် အကောင်းကို ပိုပိုသာသာ မြင်၍ အဆိုးကို လျော့လျော့ပေါ့ပေါ့ ထားရစ်ခဲ့သည် မဟုတ်လား။ အဘယ်ကြောင့် ဆိုသော် စိတ်ဆန္ဒ တစ်ခုတည်း အောက်တွင် ဆန့်ကျင်ဘက်နှစ်ခု အတူတကွ တည်ရှိနေသည့် အချက်မှာ အင်မတန် ကြောင်စီစီ နိုင်လှသောကြောင့် ဖြစ်သည်။ သင်၏ ဆင်ခြင်ဥာဏ်၊ ဆန္ဒ၊ လိုဘတို့နှင့် သွေဖည်နေသောကြောင့် ဖြစ်သည်။ ယုတ္တိဗေဒ နည်းမကျ သောကြောင့် ဖြစ်သည်။  အမျိုးသမီးတစ်ဦးသည် တစ်ချိန်တည်းတွင် လှပခြင်းရော၊ အကျည်းတန်ခြင်းပါ မည်သို့ တွဲရှိနေနိုင်ပါမည်နည်း။  သင် လက်မခံ နိုင်သောကြောင့် ဖြစ်သည်။ ထိုအမျိုးသမီးသည် သင့်ကို သိပ်ချစ်သည်။ အလားတူ အလွန်တရာ စက်ဆုပ်မုန်းတီးသည်။ “ချစ်လွန်းလို့ မုန်းသွားရသည်” ဆိုသည့် စကားကို သင်ကြားဖူးမည် ထင်ပါသည်။ ထိုအမျိုးသမီးသည် တစ်ခါတစ်ရံတွင် သင့်အတွက် အသက်ပင် စတေးရန် အဆင်သင့်ရှိနေပြီး၊ တစ်ခါတစ်ရံတွင် သင့်ကို သတ်ရန် အဆင်သင့် ရှိနေသူ ဖြစ်သည်။ တကယ် စင်စစ် အဖြစ်အပျက် များပင် ဖြစ်သည်။ ဤအချက်များသည် ကြောင်စီစီ နိုင်သည် မဟုတ်လော။ ဤသို့ ဆိုခဲ့သည်များမှာ အမျိုးသမီးများ တစ်ဖက်တည်း မဟုတ်။ အမျိုးသားများလည်း အလားတူပင် ဖြစ်သည်။


ဤသို့ ကြောင်စီစီ နိုင်သော အချက်များ မျက်မြင်ဒိဋ္ဌ ရှိနေပါလျက်နှင့် သင်သည် နတ်သမီး ပုံပြင်ကို စိတ်ကူးယဉ် ဖန်တီး ပစ်သည်။ ရှုမြင်ရမည့် တစ်ခုလုံးကို မသိ၊ မကြည့်နိုင်ဘဲ ၊ တစ်စိတ်တစ်ပိုင်းကိုသာ ဆွဲယူ၍ ပုံရိပ်တစ်ခုကို အပြည့်အစုံ ဖြစ်ပြီ ဟု ဖန်တီး ယုံကြည်လိုက် သည်။ ထိုပုံရိပ်သည် မည်မျှ ကြာရှည် ခံမည်နည်း။ စင်စစ် လက်တွေ့ဘဝ ကို မျက်မြင် ဖြတ်သန်းရသော အခါ အစစ်အမှန်သည် ယင်းပုံရိပ်ကို ဖျက်ပစ်တော့ သည်။ သင်စိတ်ကူးသမျှ၊ သင်မြင်ထားသမျှ၊ သင်ယုံကြည်ထားသမျှ သည် စင်စစ် အမှန် အဖြစ်ကို မကျော်လွန် သွားနိုင်ပေ။ မဖုံးလွှမ်း ထားနိုင်ပေ။ သင်၏ အိပ်မက်များက အမှန်သဘောကို နိုင်လိုမင်းထက် မပြုနိုင်တော့ ပေ။ သင်၏ ပုံရိပ် မပျောက်ပျက်ရန် အချိန်အတိုင်းအတာ တစ်ခုဖြင့် ထိန်းထားကောင်း ထိန်းထား နိုင်ပါမည်။ သို့သော် အမြဲမရပေ။ ထိုသို့အားဖြင့် အမှန်တရားသည် သင်၏ စိတ်ကူးပုံရိပ်ကို တတိတိ ဖျက်ဆီး ပစ်လာ သော အခါ ----

ယင်းသဘောသည် ဤယောင်္ကျား-မိန်းမ ကိစ္စတစ်ခုတည်းတွင် ရှိသည် မဟုတ်။ နေ့စဉ် ဘဝအတွင်း အချိန်တိုင်းတွင် ရှိနေပါသည်။ နေ့စဉ်ဘဝကို သုံးသပ် တွေးခေါ်ထားသည့် ဒဿနစနစ်များ အတွင်းတွင်လည်း ပျံ့နှံ့တည်ရှိနေသည်။ ဤသည်ကပင် ဒဿနိကဗေဒ၏ သမိုင်း ဖြစ်သည်။ ဒဿန စနစ် ကိုယ်စီသည် အမှန်တရားဆီမှ အချက်အလက် အချို့ကိုသာ အကိုးအကားပြု၍ ကောက်ယူသည်။ အခြား မရှင်းလင်းသော အရာများကို ချန်ရစ်ထားခဲ့သည်။ သို့မဟုတ် ယင်းဒဿန စနစ်နှင့် မကိုက်ညီသော အချက်အလက်များကို ချန်လှပ် ဘေးဖယ် ထား ခဲ့သည်။ ယင်းနည်းဖြင့် ဒဿနစနစ်ကို တည်ထောင် ဖွဲ့စည်းသည်။  ဒဿန စနစ်တိုင်း၌ ကွင်းဆက်ပြတ်နေသော အရာများ များစွာ ရှိနေရခြင်းအကြောင်းမှာ ယင်းအကြောင်းကြောင့် ဖြစ်ပါသည်။ အစွန်းတစ်ဖက်စီ၌ ရွေးချယ် ကောက်နုတ်ချက်များ ထားရှိ သောကြောင့်သာ ဒဿန စနစ်ကိုယ်စီတွင် ဝေဖန်စရာ ခြွင်းချက်များ ရှိနေရခြင်း ဖြစ်သည်။ တကယ်လည်း ဒဿန စနစ်တိုင်းသည်  အဝေဖန် ခံရပါသည်။ ဝေဖန်မှုများသည် မှားယွင်းနေသည် မဟုတ်။ ဒဿန စနစ်ကိုယ်တိုင်က အဝေဖန် ခံစရာ ဖြစ်နေသောကြောင့်သာ ဖြစ်သည်။

ဒဿနိက ဗေဒ၌သာ မဟုတ် ၊ သိပ္ပံတွင်လည်း အလားတူပင် ။ ကျနော်တို့သည် တိကျ ခိုင်မာသော သိပ္ပံ သီအိုရီ တစ်ခုကို ဖွဲ့စည်း တည်ဆောက်ပြီးပြီ ဆိုပါစို့ ။ ယောင်္ကျား နှင့် မိန်းမ ပြဿနာ ကဲ့သို့ပင် အချိန် အတိုင်းအတာ တစ်ခုအထိ ယင်းသီအိုရီက ကောင်းကောင်း အလုပ်လုပ်နိုင် ပါလိမ့်မည်။  သို့သော် ယင်းသီအိုရီသည် ကိုက်ညီသော အချက်အလက်များကိုသာ ထောက်တည် ထားသောကြောင့် မကိုက်ညီသော အချက်အလက်များဖြင့် အမှန်တရား၏ မျက်နှာပြင်က အခြားတစ်ဖက်မှ ထွက်ရှိ လာသောအခါ ထိုသိပ္ပံ သီအိုရီမှာလည်း အခက်တွေ့ ရတော့သည်။ အချက်အလက်အချို့ကို ဘေးဖယ် စိစစ် ထုတ်ရပြန်သည်။ အချို့အချက်အလက်များကို လှီးဖယ် ထည့်သွင်း ပစ်ရပြန်သည်။ ၁၈ ရာစုနှစ်က သိပ္ပံပညာသည် အလွန်ခိုင်မာ အားကောင်းခဲ့သည်။ ၎င်းတို့ထက် သေချာသော သေချာမှုမျိုး ပြည့်ဝမှုမျိုး အခြား မရှိတော့ ဟူ၍ပင် ယူဆခဲ့ကြသည် ။ သို့သော် နောက်ရာစုတွင် သီအိုရီ အသစ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ယင်း သီအိုရီ၏ အမည်မှာ မသေချာမရေရာမှု နိယာမ ( Uncertainty Principle )  ဖြစ်ပါသည်။


လွန်ခဲ့သော နှစ်ပေါင်း တစ်ရာ့ငါးဆယ်ကျော်က ဂျာမဏီနိုင်ငံသား ဒဿနပညာရှင် အီမန်နျူကန့် ( Immanuel Kant ) သည် ဤအချက်ကို စေ့စေ့စပ်စပ် သုံးသပ်ခဲ့သေးသည်။ သူက ဆင်ခြင်တုံတရားသည် အကန့်အသတ်နှင့်သာ တည်ရှိနေရ ပြီး တကယ့်အစစ်အမှန်သဘော၏ အချက်အလက်အချို့ကိုသာ သိမြင်နိုင်သည် ဟု ဆိုခဲ့သည်။ ထိုသို့ အချို့အဝက်သာ မြင်နိုင်ခဲ့ရုံမျှနှင့် ပြီးပြည့်စုံပြီ ဟု ယုံကြည်လိုက်ပါက ထို ယုံကြည် လိုက်ခြင်း သည် ပြဿနာ ဖြစ်လာလိမ့်မည်။ သိပ်မကြာခင်တွင်ပင် ပို၍ ပို၍ ကျယ်ပြန့်သည်များ ရှာတွေ့သောအခါ ယခင်အဟောင်းအမြင်း အယူအဆ တို့မှာ အသစ်အသစ် တို့နှင့် ထိပ်တိုက် ပဋိပက္ခ ဖြစ်ကြမည်။ ဒဿန ဆရာ ကန့်သည် ဤအချက်ကို မြင်သာနိုင်ရန် ကြိုးပမ်း ခဲ့ပါသေးသည်။ ဆင်ခြင်တုံတရားသည် အကန့်အသတ် အတွင်းသာ မှန်ကန်သည်။ အလွန် ကျဉ်းကျပ်သော ဘောင်အတွင်း၌ သာ အလုပ်လုပ်သည် ဆိုသည့်အကြောင်း။

သို့သော် ကန့်၏ ပြောစကားကို မည်သူမျှ စေ့စေ့ငှငှ မကြားခဲ့၊ နားမထောင်ခဲ့ကြ။ မည်သူမျှ ဂရုမပြုခဲ့ကြ။ ဒဿနဆရာ တော်တော်များများ ကိုလည်း မည်သူမျှ ဂရုမစိုက်ကြသည်မှာ ဓမ္မတာပင် ဖြစ်လျက် ရှိသည်။

ဤရာစုနှစ်၏ သိပ္ပံသည် ကန့်၏ နောက်ပိုင်းတွင် အစပြုသည်။ နောက်ပိုင်းတွင် ရူပဗေဒ၌ ဟိုက်ဇင်ဘတ်ခ် ၊ သင်္ချာဗေဒ၌ ဂူဒယ်လ် တို့က လူသားတို့၏ ဆင်ခြင်ဥာဏ်တွင် အချိန်မရွေး ကျိုးပျက် သွားနိုင်သော အကန့်အသတ်များ၊ ဘောင်များ ရှိနေကြောင်း ပြသ နိုင်ခဲ့ကြသည်။ ဆင်ခြင်တုံတရား ဖြင့် မမှီနိုင်သော ၊ ရှေ့နောက်မညီ ကြောင်စီစီ နိုင်သော သဘာဝ ၏ ဆက်ကြောင်းကွာဟ နေမှု ကို မြင်သာအောင် ဖွင့်ပြပေးခဲ့ကြသည်။ ကျနော်တို့ ဆင်ခြင် သိမှီသော အတွေးအခေါ်တို့ဖြင့် သဘာဝအကြောင်းကို ပြောဆိုကြမည် ဆိုလျှင် အများအားဖြင့် မှားယွင်း နေမည်သာ ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် သဘာဝသည် ဆင်ခြင်ဥာဏ် Reason နှင့် ထပ်တူ မဟုတ်။ ဆင်ခြင်ဥာဏ် Reason ထက် သဘာဝ၊ အစစ်အမှန်သဘောက ပိုမို ကြီးမားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဆင်ခြင်ဥာဏ်ဖြင့် တည်ဆောက်ထားကြသော သီအိုရီအယူအဆ တို့ ဆိုသည်မှာ မည်သည့်နည်းနှင့်မျှ ပြီးပြည့်စုံသော စစ်မှန်မှု မဖြစ်နိုင်တော့။  




ဤနေရာတွင် - ဇင်သည် ဒဿန မဟုတ်။ ဇင်သည် မှန်တစ်ချပ်သာ ဖြစ်သည်။ အရှိကို အရှိအတိုင်း ရောင်ပြန်ဟပ်ခြင်းသာ ဖြစ်သည်။ ထိုအရာ ဖြစ်လျှင် ထိုအရာကိုသာ ညွှန်သည်။ ဤအရာ ဖြစ်လျှင် ဤအရာကိုသာ ညွှန်သည်။ ယင်း အတွင်းသို့ လူသားတို့ ဖန်တီးသည့် မည်သည့် ဒဿန စနစ်ကိုမျှ သွင်းယူ မလာ။ မည်သည့် အတွေးအခေါ်မှ ထည့်သွင်းမထား။ ရွေးချယ်ခြင်းလည်း မရှိ။ ထပ်ပေါင်းခြင်းလည်း မရှိ။ ပယ်နုတ်ခြင်းလည်း မရှိ။ ဤသည်ပင် ဇင်၏ ကြောင်စီစီ နိုင်ရသည့် အကြောင်း ဖြစ်ပါသည်။ မူရင်းဇစ်မြစ် အကြောင်းမှာ ဘဝ - ကိုယ်၌က ကြောင်စီစီ နိုင်ခြင်း ဖြစ်သည်။ ဤသည်ကို သင် ကောင်းကောင်း ရှုမြင်နိုင်လျှင် ဇင်ကို ကောင်းကောင်း နားလည်ပါလိမ့်မည်။

လက်တွေ့မြင်သာနေသော ဘဝတွင် လူတစ်ဦး တစ်ယောက်ကို သင် ချစ်မြတ်နိုးပြီး ၊ ဤလူကိုပင် သင် ပြန်၍ မုန်းနိုင်သည်။ ဟုတ်သည်ဟုတ်?? ဤသည်မှာ ကောင်းမွန် ပြည့်စုံသော အချက်တစ်ခု ဟုတ်ပါသလား။ သင်၏ စိတ်က ၎င်းကို ကောင်းလှသည် ၊ပြည့်စုံလှသည် ဟူ၍ လက်ခံနိုင်မည် မဟုတ်ပေ။ သင်၏ စိတ်က လက်မခံလျှင် တကယ်တမ်း လက်တွေ့  မလုပ်ရုံသာ ရှိသည်။ သို့သော် သင်သည် မလုပ်တော့ သယောင်ယောင် မိမိကိုယ်ကိုယ် ဖုံးကွယ်၍ လုပ်သည်။ လူတစ်ဦး၏ မုန်းတီး စရာ အပိုင်းများကို ကျော်လွှား ဖယ်ရှား ပစ်ပြီး ချစ်စရာ အပိုင်းများကိုသာ ရွေးယူ ချစ်ပစ် လိုက်သည်။ တကယ့် လက်တွေ့၌ အမှန်သဘောက သင့်ကို ငြိမ်ခံမနေပေ။ သင်သည် တကယ်တမ်း မနှစ်သက်သော အပိုင်းများကို ပစ်ပယ် လိုပါလျှင် ချစ်မိသည် ဆိုသော အပိုင်းများ ကိုလည်း ပစ်ပယ် နိုင်ရမည်။  သို့မှသာ ချစ်စရာ မုန်းစရာ နှစ်မျိုးစလုံး ပျောက်ကွယ်သွားပြီး မကွဲမပြား တစ်သားတည်း ဖြစ်ခြင်း ကို ရရှိမည် ဖြစ်သည်။ ဤအချက်သည် ကြောင်စီစီ နိုင်ပါသလား။

ဟုတ်ပါသည်၊ ကြောင်စီစီ နိုင်လှပါသည် ဟု ဆိုလျှင် ဤသည်မှာ သဘာဝသာ ဖြစ်သည်ဟု ပြန်ပြောရပါတော့ မည်။ နေ့နှင့် ည၊ ဆောင်းနှင့် နွေ၊ ဘုရားသခင်နှင့် မာရ်နတ် ၊ အလင်းနှင့် အမှောင် စသည် ဆန့်ကျင်ဘက်သဘော များသည် အတူတကွ ယှဉ်တွဲကြမြဲ ဓမ္မတာ ဖြစ်ပါသည်။

ဆိုပါစို့ ဤဆန့်ကျင်ဘက်တို့၏ ပဋိပက္ခသဘောကို မြင်သာရန် နောက်ဥပမာ တစ်ရပ် ဆိုပါမည်။ သင်က ဘုရားသခင် သည် ကောင်းမြတ်သော သဘော ရှိသည်ဟု ဆိုမည်။ သို့ဆိုလျှင်  ပြဿနာ တစ်ရပ် က အခြားတစ်ဖက်တွင် စတင် ပေါ်ပေါက်လာပြီ ဖြစ်သည် ။ ဆိုးယုတ်ခြင်း သဘောသည် မည်သည့်နေရာက ဖြစ်သနည်း။ မကောင်းမှု သဘောသည် မည်သည့် နေရာက လာသနည်း။ ခရစ်ယာန်၊ အစ္စလာမ်၊ ဂျုး ဘာသာ တို့တွင် ဘုရားသခင်နှင့် မာရ်နတ်မိစ္ဆာ ကို ဤသို့ဖြင့် ခွဲခြားထားရခြင်း ဖြစ်သည်။ မိစ္ဆာမာရ်နတ်မှ မကောင်းမှု ပေါက်ဖွား၍ ၊ ဘုရားသခင်မှ ကောင်းမြတ်မှု ပေါက်ဖွားသည်။ ဘုရားသခင်၏ မူရင်း တရားကိုယ်မှာ ကောင်းမြတ်ခြင်း ဖြစ်သည်။ သို့ဆိုလျှင် ကောင်းမြတ်ခြင်း၊ ဆိုးယုတ်ခြင်း၏ ပေါက်ဖွားရာ ပြဿနာသည် ပြေလည်ပြီ။ ဟုတ်ပြီ။ သို့ဆိုလျှင် မာရ်နတ်မိစ္ဆာသည် မည်သည့်နေရာမှ ဖြစ်လာပါသနည်း။ ဤပြဿနာ နှင့် ထပ်ကြုံရသောအခါ မိစ္ဆာကိုလည်း ဘုရားသခင်ကပင် ဖန်ဆင်းသည်ဟု ထည့်သွင်းရပြန်သည်။ ပြေလည်သွားပြန်သည်။ သို့သော် ယင်းအတွက် “ဘုရားသခင်သည် ကောင်းမြတ်သည်” ဆိုခြင်းကို ပြန်လည် စိစစ် ရတော့မည်။ ပြဿနာ အမေးပုစ္ဆာသည် ဤသို့ဖြင့် တစ်ပါတ် လည်ထွက် သွားပါသည်။ ဘုရားသခင်သည် ကောင်းမြတ်ခြင်းကိုရော၊ ဆိုးယုတ်ခြင်းကိုပါ ဖန်ဆင်းနိုင်ခြင်း ဟူသောအချက်က ဘုရားသခင်သည် အရာအားလုံး ၏ ဖန်ဆင်းရှင်၊ အရာအားလုံး၏ ဇာတ်ဆရာ ဖြစ်သည် ဟု ဆိုလိုရာ ရောက်သည်။ သို့အတွက် ဘုရားသခင်၏ ဖြစ်ခြင်းကို ဘုရားသခင်က ပြန်ဖန်ဆင်းသည် ဟု ဆိုနိုင် ရတော့မည်။ ဤသည်မှာ ကြောင်စီစီ နိုင်လွန်းသည် မဟုတ်လား။ “ဘုရားသခင်” ဟူသော ဂုဏ်ပုဒ်၌ ဤသို့ ကြောင်စီစီ နိုင်နေရခြင်းမှာ အကြောင်း ရှိပါသည်။ ယင်းမှာ - “ဘုရားသခင်”ဟူသည့် စိတ်ကူးထည် အမည်သည် လောက၏ “ဖြစ်တည်မှု အားလုံး” ကို ကိုယ်စားပြုထားသောကြောင့် ဖြစ်သည်။ ဘုရားသခင် ဆိုသည်မှာ အခြားမဟုတ် ။ ထိုဖြစ်တည်မှု၏ အခြားအမည် တစ်မျိုးသာ ဖြစ်သည်။ ရိုးရိုး ဖြစ်တည်မှု မဟုတ်။ အရာအားလုံး၏ ဖြစ်တည်မှု အထည်ကိုယ် တစ်ရပ်လုံး ကို ဆိုလိုသည်။

သင့်အနေဖြင့် ဤအချက်တို့ကို ကြောင်စီစီ နိုင်လှကြောင်း ရှင်းရှင်းလင်းလင်း သိနားလည်သွားသည့် အခါတွင် တိတ်ဆိတ်ငြိမ်သက်မှု ပေါ်ပေါက်လာသည်ကို တွေ့ရမည်ဖြစ်သည်။ ယင်းတွင် ရွေးချယ်မှု မရှိ။ အမှတ်၊ အထောက် မရှိ။ ဆန့်ကျင်ဘက်တို့ မရှိ။ ကောင်းမြတ်ခြင်း ၊သို့မဟုတ်၊ ဆိုးယုတ်ခြင်း ၊ မည်သည့်အရာ ဖြစ်ပေါ်လာသည် ဖြစ်စေ ငြင်းပယ်ခြင်း အလျဉ်းမရှိတော့ ။ နှစ်ခုစလုံးကို လက်ခံနားလည်သည်။ လှပခြင်း၊ အကျည်းတန်ခြင်း၊ အလင်း၊ အမှောင် စသည်တို့သည် သင်၏ ရွေးချယ်မှု မဲ့သော သန္တာန်တွင် တစ်ခုနှင့် တစ်ခု ချေဖျက် ပျောက်ကွယ် သွားကြသည်။ အဘယ်ကြောင့် ဆိုသော် သင်သည် နှစ်ခုစလုံးကို ညီတူညီမျှ နားလည် လက်ခံသောကြောင့် ဖြစ်သည်။ ဤအချက်သည် ဇင်၏ အခြေခံ အတွင်းကျသည့် အချက်ဖြစ်သောကြောင့် နားလည်ရန် ကြိုးစားကြည့်စေချင်သည်။

သင့်သန္တာန်တွင် ဒုက္ခ ရော ၊ သုခကိုပါ ရွေးချယ်ခြင်း၊ ကန့်သတ်ခြင်း၊ ဖယ်ထုတ်ခြင်း မရှိဘဲ ဖြစ်ရှိသည့်အတိုင်း နားလည်လက်ခံသည့် အဆုံးတွင် ယင်း ဒုက္ခနှင့် သုခ ၏ ဆန့်ကျင်ဘက်သဘောတို့သည် ၎င်းတို့ဘာသာ အချင်းချင်း ချေဖျက်ပစ် ကြရသည်။ အပေါင်းနှင့် အနုတ်တို့ အချင်းချင်း ပေါင်းစပ် ကြေပျက်သွားသကဲ့သို့ သင်၏ သန္တာန်တွင် အရာရာတို့ ကြေပျက်သွားပြီး တိတ်ဆိတ်မှုသာ ရုတ်ခြည်း ကျန်ရစ်ခဲ့သည်။ ၎င်းသည် ဆိုးခြင်းလည်း မဟုတ်၊ ကောင်းခြင်းလည်း မဟုတ်ပေ။ တည်ရှိနေမှု သက်သက် ဖြစ်သည်။ ဆင်ခြင်ခြင်း၊ ဝေဖန်ခြင်း၊ အတွေးလည်း မဟုတ်ပေ။ ဇင်တွင် ဆင်ခြင် ဝေဖန်သည့် အမှု တစ်ခုမျှ မရှိ။ ရှုတ်ချ ပြစ်တင်သည့် အမှု တစ်ခုမျှ မရှိပေ။ တန်ဖိုး နှုန်းစံ ဆုံးဖြတ် သတ်မှတ်ခြင်းလည်း အလျဉ်း မရှိပေ။ မုန်တိုင်း တစ်ခု၏ အလယ်ဗဟို ချက်မ ကဲ့သို့ပင် လောက၏ အဖြစ်၊ အပျက်၊ အဆိုး ၊ အကောင်းတို့သည် ၎င်းတို့သာ ဖြစ်ပျက်နေကြသော်လည်း သင်၏ အဖြစ်၊ ယင်း ဆိတ်သုဉ်းငြိမ်သက်နေမှုကို မည်သည့်နည်းနှင့်မျှ မထိခိုက် နိုင်တော့ပေ။ ဆန့်ကျင်ဘက် သဘောတို့သည် ၎င်းတို့ဘာသာ ဖြစ်ပျက်၍ ဤငြိမ်သက်နေမှု သို့ ကပ်ရောက် လာသည်နှင့် တပြိုင်နက် အလိုအလျောက် ချေဖျက် ပျောက်ဆုံး သွားကြသည်။ ဆိုလိုသည်မှာ သင်သည် လောကကို အရှိ အရှိအတိုင်းသာ လွတ်လပ်စွာ ထားရှိခြင်း ဖြစ်သည်။ သင်သည် မည်သည့် ရွေးချယ်မှု၊ မည်သည့် ကန့်သတ်မှု၊ မည်သည့် တန်ဖိုးဖြတ်မှုမျှ မလုပ်တော့။ ထိုအခါ အလားတူ တန်ပြန်အားဖြင့် သင်သည်လည်း လောက အရှုပ်အထွေး အတွင်းတွင်ပင် ရှိနေလျက်နှင့် အပြည့်အဝ ကင်းစင် လွတ်မြောက်နေသော သူ အဖြစ်သို့ ရောက်ရှိလာရတော့သည်။ ဤသည်မှာ ကြောင်စီစီ နိုင်ပါသလော။

…………………………………………………………………..
Osho ၏ Zen: The Path of Paradox ကို ဖတ်ရှုရင်း ။
……………………………………………………………………
Notes:
  • Zen = ဇင်။ ဤနေရာတွင် ဇင် ဟုသာ အလွယ်တကူ ရေးလေ့ရေးထ ရှိကြပါသည်။ ဦးရွှေအောင် ( ဝဋံသကာနှင့် သိရောမဏီ ) သည်လည်း ဇင် - ဟုပင် သုံးနှုန်း ခဲ့ဖူးသည်။ ထေရဝါဒ အုတ်မြစ် ဟူသော ကျမ်း၏ နောက်ဆုံးခန်းတွင် ဖြစ်မည် ထင်ပါသည်။  သို့သော် မြန်မာ စာရေးဆရာ တစ်ဦးက “ဈင်” ဟူသော အသုံးအနှုန်းဖြင့် ရေးသားပါသည်။ (မြန်မာစာရေးဆရာကြီး၏ အမည်မှာ ဦးသော်ဇင် ဖြစ်မည် ထင်ပါသည်။ ဤသည်မှာ အထင်သာ ဖြစ်ပါသည်။ ဖတ်မှတ်ခဲ့ဖူးသည်က ပြီးခဲ့သည့် ဆယ်ငါးနှစ်ခန့် အကြာ တန်းကျောင်းသား ဘဝက ဖြစ်၍ ရေးတေးတေး မျှသာ ရှိတော့သည်။ မှားယွင်းပါက တောင်းပန်ပါသည်။ ) ၎င်း၏ အာဘော်ကို လိုက်၍ ဈင် ဟု သုံးစွဲကြသည်များလည်း တစ်ကြိမ် တစ်ခါ မက တွေ့ရဖူးပါသည်။ ဇင်ဗုဒ္ဓဘာသာ၏ အကျင့်အကြံတရားသည် ထေရဝါဒ ဗုဒ္ဓဘာသာ အနေဖြင့် ရှုမြင်လျှင် ဈာန်သမာပတ် မျှကိုသာ ဦးတည်သည် ဖြစ်ကြောင်း၊ ဈာန်စိတ် ကို ဦးစားပေးကြောင်း ၊ ဘာသာ၏ အမည်မှာပင် ဈာန်ကို ဇောင်းပေး ထားသည်မှာ သိသာကြောင်း စသဖြင့် သုံးသပ်ပြထားသည်ကို မှတ်သားရဖူးသည်။   ၎င်းအပြင် ဇင် ကို  ဈင် ဟု ရေးရသည့် အခြားအချက်အလက် များလည်း ရှိသေးသည်။ တကယ်စင်စစ် သမိုင်းကြောင်း အရ၊ ဇင်ဗုဒ္ဓဘာသာ သည် အိန္ဒိယမှ တရုတ်သို့ ရှင်ဗောဓိဓမ္မ ရောက်ရှိလာရာမှ အစပြုပြီး တရုတ်မှ ဂျပန်သို့ ကူးပြောင်း ရောက်ရှိသွားခြင်း ဖြစ်သည်။ ထို့ကြောင့် ကာလ၊ဒေသ အားဖြင့် စကား ရွေ့လျောနိုင်ရန် အလားအလာများစွာ ရှိပါသည်။ ဘာသာဗေဒ အားဖြင့်လည်း မှန်နိုင်သေးသည်။ အိန္ဒိယ ပါဠိသက် ဈာန် မှ၊ တရုတ်ပြည် အရောက် တွင် Chen ဟု ခေါ်ဆိုသည်၊ ယင်းနောက် ဂျပန်တွင် Zen ဟု အသံဖလှယ်သည် ။ ဇင်ဗုဒ္ဓဘာသာကို အနောက်တိုင်း၌ တွင်ကျယ် လူသိများစေခဲ့သူ စဦး ပုဂ္ဂိုလ်များတွင် တစ်ဦး အပါအဝင် ဖြစ်သည့် ဆရာ Alan Watt ကလည်း သို့ အလားသဏ္ဍာန်တူ ဆိုခဲ့ဖူးပါသည်။  ဤနေရာတွင် ဈင် ဟု ကျနော် မသုံးစွဲရခြင်း၊ ဇင် ဟုသာ သုံးနှုန်းရခြင်း မှာ ရေးသား၊ ဖတ်ရှုရ လွယ်ကူစေလိုခြင်း နှင့် အမျိုးဘာသာ ကွဲပြားစေခြင်း၊ ဘာသာ အယူဝါ အချင်းချင်း နှိမ်ချသက်ရောက်စေခြင်း စသည့် အခြား အဓိပ္ပာယ်များ ရောယှက် အတွေးရောက်မည် ကို မလိုလားသော ကြောင့် ဖြစ်ပါသည်။  
  • Immanuel Kant ( 1724 – 1804 ) - ယခု ရုရှား နိုင်ငံ၊ Kaliningrad ၊ ယခင် Konigsberg ဂျာမဏီနိုင်ငံသား ဒဿန ဆရာ ဖြစ်ပါသည်။ ၎င်း၏ ထင်ရှားသော ကျမ်းများ အနက် ဤပို့စ်တွင် အဓိက အထူးပြုထားသည်မှာ Critique of Pure Reason အမည်ရှိ ကျမ်းမှ ဖြစ်သည်။ ယင်းကျမ်း၌ လူတို့၏ အတွေ့အကြုံနှင့် ဆင်ခြင်ဥာဏ်တို့ကြား ပဋိပက္ခ၊ အစဉ်အလာ ဒဿနနှင့် တက္ကိကဗေဒ အကြား ကွာဟချက် ကို ပေါင်းစပ်နိုင်ရန် ကြိုးပမ်း အားထုတ်ခဲ့သည်။
  • Uncertainty Principle - ရူပဗေဒပညာရှင် ဟိုက်ဇင်ဘတ်ခ် ဖော်ထုတ်ခဲ့သော နိယာမ ဖြစ်သည်။
    အမှုန်တစ်ခု၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်အကြောင်း လေ့လာရာတွင် ယင်းအမှုန်၏ တည်နေရာနှင့် အဟုန်ကို တစ်ပြိုင်နက်တည်း တိတိကျကျ သိ၍ မရနိုင် ဟူသော အဆိုဖြင့် တိကျခိုင်မာမှုကိုသာ အလေးထားသော သချာင်္ရူပဗေဒ နယ်ကို တုန်လှုပ်အောင် ထိုးဖောက်နိုင်ခဲ့သည်။ ယင်းနိယာမ၏ အတွင်ကျယ်ဆုံး ကဏ္ဍမှာ ရူပဗေဒ၏ ကွမ်တမ်မက္ကင်းနစ်နှင့် နျူကလိယ ၊ အက်တမ်အောက် အမှုန်ဗေဒ တို့တွင် ဖြစ်ပါသည်။ သို့သော် ဒဿနိက နယ်ပယ်သို့လည်း အကြီးမားဆုံး ဂယက်ရိုက်ခတ်နိုင်ခဲ့သည့် နိယာမ ဖြစ်သည်။
  • Kurt Godel ( 1906 – 1978 ) - ဂျာမန် မိသားစုမှ ပေါက်ဖွား လာသည့် သင်္ချာပညာရှင် အကျော်အမော် ဖြစ်သည်။ ၎င်း၏ ထင်ရှားသော စာတမ်းမှာ Incompleteness Theorems ဖြစ်ပြီး သင်္ချာယုတ္တိဗေဒ၏ အခြေခံ စံသတ်မှတ်ချက်များ အတွင်းတွင် မခိုင်မာသည့် အဆိုများ တည်ရှိနေသည် ဟု တင်ပြ နိုင်ခဲ့သည်။ သင်္ချာလောက အတွက်လည်း အုတ်အော်သောင်းနင်း ဖြစ်ခဲ့သကဲ့သို့ ဒဿနိကဗေဒ နယ်ပယ် တွင်လည်း ပျံ့နှံ့ကျော်ကြားခဲ့သည့် သီအိုရမ် ဖြစ်သည်။ 

………………………………
http://zayyablogger.blogspot.com/
http://zayya.wordpress.com/
http://zayya.blog.com/
Posted by lu bo

ဘကြီးသက်
Unknown at 12:39 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အားရင် လမ်းပေါ်ထွက် ဆန္ဒပြတဲ့ မြန်မာနိုင်ငံထဲက လူတွေ၊ အားရင် အလံချနင်းတဲ့ နိုင်ငံခြားက မြန်မာတွေ အခု ဘာလုပ်နေကြလဲ

မြန်မာသွေးရှိတဲ့ မြန်မာ စစ်စစ် ဆိုရင် ဒီတိုင်းကြည့်မနေပါနဲ့
တစ်ခုခုတုန့်ပြန်ဖို့လိုပြီ
အကျီဖြူဝတ်ပြီး အားတိုင်း လမ်းလျှောက်ကြတဲ့ ၈၈ တွေ ဘာလုပ်နေကြလဲ
အကျီအနက် ဝတ်ပြီး ဆန္ဒပြတဲ့ ၇ ဇူလိုင် ကျောင်းသားတွေ ဘာလုပ်နေကြလဲ
အခွင့်အရေး တစ်ခုခုတောင်းဆိုလို့ မရတိုင်း ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့လူတွေ ဘယ်ရောက်ကုန်လဲ
ဖယောင်းတိုင်ထွန်း လမ်းလျှောက်ခဲ့ကြတဲ့လူတွေ ဘယ်ပျောက်ကုန်ပြီလဲ
လက်ဖဝါးပေါ် စာရေး ဓာတ်ပုံရိုက်ခဲ့တဲ့လူတွေ ဘယ်ရောက်ကုန်ပြီလဲ
နှစ်ပတ်လည် နေ့တိုင်း ဆိုင်းဘုတ်ထောင်ခဲ့ကြတဲ့ နိုင်ငံခြားက မြန်မာတွေ ဘယ်ပြေးကုန်ကြပြီလဲ
ကုလားနဲ့တွေ့မှ အမြီးကုပ်ကုန်ကြပြီလား



http://www.news.myanmaronlinecentre.com/2012/07/21/huge-demonstration-in-punjab-against-muslim-massacres-in-myanmar/ ဒီနေရာမှာ ဖတ်ပါ။

ဆော်ဒီ သတင်းစာ တွေ၊ ဆော်ဒီ ကာတွန်း ဆရာတွေက လုပ်ကြံနေတယ်.. ခင်ဗျားတို့ ပါးစပ်ထဲမှာ ဆို့ထားတာကို ခဏ အပြင်ထုတ်လိုက်ပါ


Myanmar Express

ဘကြီးသက်
Unknown at 12:24 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.