Monday, July 23, 2012

Apple မှ မြန်မာနိုင်ငံသို့ တရားဝင် အရောင်းကိုယ်စားလှယ်ပေးရန် ပြည်တွင်းသာမက ပြည်ပကုမ္ပဏီများကိုပါ ဖိတ်ခေါ်


Apple မှ မြန်မာပြည်အတွက် တရားဝင် အရောင်းကိုယ်စားလှယ်အဖြစ် ပေးအပ်ရာတွင် ပြည်တွင်းရှိ နည်းပညာကုမ္ပဏီများသာမက ထိုင်းနှင့် စင်ကာပူနိုင်ငံရှိ နည်းပညာကုမ္ပဏီများကိုလည်း ကိုယ်စားလှယ်အဖြစ် လျှောက်ထားရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။
Apple Asia Pacific မှ ပြည်တွင်းရှိ နည်းပညာပစ္စည်းရောင်းချသည့် ကုမ္ပဏီများအား ဇူလိုင်လ ၁၇ ရက်နေ့တွင် ဘန်ကောက်မြို့၌ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ၎င်းတွေ့ဆုံဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံရှိ ကုမ္ပဏီအချို့နှင့် စင်ကာပူနိုင်ငံရှိ ကုမ္ပဏီအချို့လည်း ပါဝင်ကြောင်း သိရသည်။
''မြန်မာပြည်အတွက် ကိုယ်စားလှယ်ပေးဖို့ကို မြန်မာတွေကိုပဲ ခေါ်တာမဟုတ်ပါဘူး။ စင်ကာပူတို့၊ ထိုင်းတို့လည်း ပါတယ်။ သူတို့ဆီက ကုမ္ပဏီ ဘယ်နှခုလောက်ပါလဲဆိုတာတော့ သေချာမသိရဘူး။ သူတို့ပါ ပါလာမယ်ဆိုရင်တော့ သူတို့နဲ့ပြည်တွင်းက ကုမ္ပဏီတွေ ယှဉ်ပြိုင်ရမယ့်သဘောရှိပါတယ်''ဟု အဆိုပါဆွေးနွေးပွဲ တက်ရောက်ရာတွင် ပါဝင်ခဲ့သည့် KMD ကုမ္ပဏီမှ CEO ဖြစ်သူ ဦးသောင်းတင်က  ပြောကြားခဲ့ပါသည်။
 EMG
ဘကြီးသက်
Unknown at 1:56 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.