Monday, July 23, 2012

ဦးဘရန်ရှောင် အမှု တရားလိုပြသက်သေ စစ်ဆေး

ချင်းမိုင်(မဇ္စျိမ) ။       ။ ဖောက်ခွဲရေးဆိုင်ရာပုဒ်မ ၃ ဖြင့် ကချင်ဒုက္ခသည် စခန်းအတွင်းမှ ဦးလထော် ဘရန်ရှောင်အား ဖမ်းဆီးခဲ့သူ ခရိုင် ဒုစရိုက် နှိမ်နင်းရေးအဖွဲ့ ဒု-ရဲအုပ် ကျော်မျိုးနိုင်အား တနင်္လာနေ့ တတိယ အကြိမ်မြောက် ရုံးချိန်းတွင် တရားလိုပြသက်သေအဖြစ် စစ်ဆေး မေးမြန်းခဲ့သည်ဟု သိရသည်။

“ထူးထူးခြားခြား သိပ်မပြောဘူး။ ဖမ်းတဲ့အချိန်သူပါတယ်။ ဗုံးခွဲမှုနဲ့ ပတ်သက်လို့ လာဖမ်းတဲ့အကြောင်း၊ အဲဒီည သူဖမ်းသွားတယ်။ အဲဒီနောက်ပိုင်း စစ်ဆေးတဲ့နေရာမှာ သူ မပါဝင်တော့ဘူးလို့ ပြောတယ်” ဟု ဦးဘရန်ရှောင်၏ ရှေ့နေ ဦးမာခါးက ပြောသည်။

ဦးဘရန်ရှောင်အား ဖမ်းဆီးစဉ်က ဒဏ်ရာများ မတွေ့ရဘဲ ယခု ရရှိထားသည့် ဒဏ်ရာများမှာ စရဖ မှ နှိပ်စက်သည်ဟု ဒု-ရဲအုပ် ကျော်မျိုးနိုင်က ဝန်ခံသည့် သဘော သက်ရောက်နေသည်ဟု ဦးမာခါး က မဇ္စျိမကို ပြောသည်။

“သူက ဟုတ်ပါတယ်လို့ ဝန်ခံတဲ့ သဘောပဲ။ ကျနော်က သူ့ကို ဦးဘရန်ရှောင်ရထားတဲ့ ဒဏ်ရာတွေ ပြတယ်။ ဒီဒဏ်ရာတွေက စရဖ တွေက နှိပ်စက်လို့ ရတဲ့ဒဏ်ရာ ဟုတ်လားလို့ မေးတော့ သူက စစ်တဲ့အခါ သူ မပါလို့ မသိဘူးဆိုပြီး ပြောတယ်” ဟု ပြောသည်။

အတင်းအဓမ္မ ဝန်ခံမှု ပြုလုပ်လာစေရန် ဦးဘရန်ရှောင်အား နှိပ်စက်ညှဉ်းပန်းကြရာတွင် သူ၏ ပါးနှစ်ဘက်အား မီးဖုတ်ထားသည့် ဓါးများဖြင့် လောင်ကျွမ်းစေကာ သူ၏ ပေါင်များကိုလည်း ဓားများဖြင့် ထိုးဖောက်ခဲ့ပြီး သူ၏ ခြေသလုံး အရေပြား ဧရိယာ တော်တော်များများ လန်နေ ကွာနေခြင်းကလည်း အနှိပ်စက်ခံရကြောင်းကို သက်သေပြနေသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP က ဆိုထားသည်။

ဦးဘရန်ရှောင်အား ဖောက်ခွဲမှုဖြင့် ဖမ်းဆီးခဲ့သော်လည်း နောက်ပိုင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဝန်ထမ်းဟု စွပ်စွဲ၍ မတရားအသင်း ဆက်သွယ်မှုဖြင့် တရားရင်ဆိုင်နေရခြင်း ဖြစ်သည်။

တနလာင်္လာနေ့ ပြည်နယ်တရားခွင်သို့ ဦးဘရန်ရှောင်အား လက်ထိပ်ခတ်၍ တရားဝင်သို့ ခေါ်ဆောင်လာကာ ကျန်းမာရေးဆေး ကုသခွင့် မရသေးသလို၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ရှိနေသေးကြောင်း ရှေ့နေ ဦးမာခါးက ပြောသည်။

ဘကြီးသက်
Unknown at 9:35 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.