
လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော် ကတည်းက ရှိခဲ့တဲ့ ဒီအိမ်တွေဟာ သချိုင်းမြေနေရာ
မှာ ပါဝင်တယ် ဆိုပြီး အခုလို ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
အိမ်တွေ ဖျက်ဆီးခံရတဲ့ နေရာကို ဒီကနေ့ နေ့လည်ပိုင်းမှာ ရွှေညဝါ
ဆရာတော် သွားရောက်ပြီး ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက် စတဲ့ အစားအသောက်တွေ သွားရောက်လှူဒါန်းခဲ့ပါတယ်။
အခုလို ဖျက်ဆီးလိုက်တဲ့အတွက် လူပေါင်း ၁၃ဝ လောက် အိုးမဲ့အိမ်မဲ့ြ
ဖစ်ခဲ့ရပြီး အဲဒီထဲက တချို့ဟာ ညအိပ်ဖို့ အခက်အခဲ တွေ့နေကြတယ်လို့
၈၈ မျိုးဆက်ကျောင်းသား ကိုကိုကြီး (စမ်းချောင်း) က ပြောပါတယ်။
အိမ် အဖျက်ခံရသူတွေရဲ့ အဆိုအရ ဒီနေရာမှာ နေထိုင်ခွင့်ရဖို့နဲ့ တရားဝင် အိမ်ထောင်စု စာရင်းတွေရရှိဖို့ အတွက် သက်ဆိုင်ရာကို အခွန်ငွေ ၅ သောင်း ပေးဆောင်ထားရတယ်လို့ သိရပါတယ်။
RFA Burmese
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge