Monday, July 23, 2012

MCPA Days ကျင်းပမည်


ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှုး၍ အိုင်တီလူ့စွမ်းအား အရင်းအမြစ်များနှင့် IT Industry ရှိ အိုင်တီကုမ္ပဏီများအား ချိတ်ဆက်ပေးရန်အတွက် MCPA Day အား ၂၀၁၂ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့တွင် ရန်ကုန်ကွန် ပျူတာတက္ကသိုလ်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
MCPA Day တွင် နည်းပညာဆိုင်ရာ ဟောပြောဆွေးနွေးပွဲများ၊ အိုင်တီပညာရှင်များမှ Career Dev-elopment ဆိုင်ရာ စာမေးပွဲများအကြောင်းအား ဟောပြောမည့်အပြင် ၄င်းနေ့တွင် အိုင်တီနည်းပညာအား အသုံးပြုနေသော ကုမ္ပဏီများမှ မိမိတို့၏ လုပ်ငန်းများကို ကျောင်းသား၊ ကျောင်းသူများသိရှိစေရန်နှင့် မိမိတို့ကုမ္ပဏီအတွက် လိုအပ်လျက်ရှိသော အိုင်စီတီ လူ့စွမ်းအား အရင်းအမြစ်များကို Recruit ပြုလုပ်နိုင်စေရန်အတွက် Career Fair ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။
ပါဝင်ရန် စိတ်ဝင်စားသည့် အဖွဲ့အစည်းများအနေဖြင့် အဆိုပြုလွှာများကို မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းရုံးခန်းသို့ ကုမ္ပဏီအမည်နှင့် Registration Fees အား ဇူလိုင်လ ၃၀ နောက်ဆုံးထား ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
Unknown at 11:31 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.