Thursday, May 3, 2012

ပဲခူး တရားသူကြီး ဇနီးကို အမှုဖွင့်၊ တရားခံပျောက်ဆုံးနေဟု ရဲကပြော

အိမ်အကူအလုပ်သမ မအေးယုအောင်အား မီးပူဖြင့် လက်ရောက် ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသော ပဲခူးမြို့ ဒုတိယ မြို့နယ် တရားသူကြီး၏ ဇနီး ဒေါ်ဖြူဝင်းသက်ကို ကာယကံရှင်များက အမှုဖွင့် တိုင်ကြားထားသော်လည်း တရားခံမှာ ပျောက်ဆုံး နေကြောင်း ရဲကပြောသည်။

မအေးယုအောင် (၀ဲဘက်)နှင့် မိခင် ဒေါ်ကြူကြူ (ယာဘက်) (ဓာတ်ပုံ - ဧရာဝတီ)
အသက် ၁၅ နှစ်အရွယ် မအေးယုအောင်က ၎င်းအား မီးပူဖြင့်ကပ်သည်ဟု ဆိုကာ အိမ်ရှင် တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီးကို ပဲခူးမြို့ နယ်မြေခံ အမှတ် ၃ ရဲစခန်းတွင် အင်္ဂါနေ့က အမှုဖွင့်တိုင်ကြားခဲ့သည်။
သို့သော် စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ရန် တရားခံဖြစ်သူ ဒေါ်ဖြူဝင်းသက်ကို ရှာမတွေ့တော့ကြောင်း အမှတ် ၃ ရဲစခန်းမှူး ဦးသိန်းဦး က ဧရာဝတီကို ပြောသည်။
“ကာယကံရှင် အေးယုအောင်ကတော့ ကျနော်တို့ဆီမှာ လာပြီးအမှုဖွင့်ထားပါတယ်။ ကျနော်တို့လည်း အရေးယူဆောင်ရွက်မှုတွေ လုပ်နေပါတယ်။ သက်သေတချို့ကိုလည်း စစ်ဆေးနေပါတယ်။ တရားခံကတော့ လက်ရှိနေရပ်လိပ်စာမှာမရှိတော့ဘူး။ ဘယ် ပြောင်း သွားတယ်ဆိုတာကိုလည်း မသိတော့ ကျနော်တို့ လိုက်လံစုံစမ်းနေပါတယ်”ဟု စခန်းမှူး ဦးသိန်းဦး က ပြောသည်။
အမှုဖွင့်ထားပြီးနောက် အရေးယူဆောင်ရွက်မှုများပြုလုပ်ရန် ဦးအောင်ဖုန်းဝင်း၊ ဒေါ်ဖြူဝင်းသက်တို့ မူလနေထိုင်သော ပဲခူးမြို့ ဥဿာမြို့သစ် ရပ်ကွက်ရှိ အိမ်သို့ ရဲစခန်းတာဝန်ရှိသူများက သွားရောက်စုံစမ်းရာတွင် နေအိမ်နှင့် ခြံဝန်းအား သော့ခတ်ထားကြောင်း၊ ပြောင်းရွှေ့သွားသော နေရာသစ်အား စုံစမ်းနေဆဲဖြစ်ပြီး အမှုနှင့် ဆက်နွယ်နေသူများကိုလည်း စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဦးသိန်းဦး က ဆက်ပြောသည်။
ယခုနှစ် မတ်လ ၂၅ ရက်နေ့က အိမ်ရှင် ဒေါ်ဖြူဝင်းသက်က ၎င်း၏အိမ်တွင် အိမ်အကူလုပ်နေသော မအေးယုအောင်အား မီးပူဖြင့် ထိုးကပ်ခဲ့သဖြင့် လည်ပင်းနှင့် ရင်ဘတ်တို့တွင် အရေပြားလွှာများ ပျက်စီးသည်ထိ ဒဏ်ရာများရရှိထားကြောင်း၊ ထို့အပြင် မိဘထံ ပြန် မပို့ဘဲ ဒဏ်ရာများပျောက်ကင်းသည်ထိ ထိန်းချုပ်ထားခြင်းနှင့် ယင်းဖြစ်စဉ်အား ဖျောက်ဖျက်ရန်ကြိုးစားမှုကို ကျေနပ်မှု မရှိကြောင်း မအေးယုအောင်၏ မိခင် ဒေါ်ကြူကြူ က ပြောပြသည်။
လတ်တလောတွင် လက်ရောက်ကျူးလွန်သူ ဒေါ်ဖြူဝင်းသက်ကို အမှုဖွင့်တိုင်ကြားထားသကဲ့သို့ ယင်းဖြစ်စဉ်အား ဖျောက်ဖျက်ရန် ကြိုးစားခဲ့သော ခင်ပွန်းဖြစ်သူ တရားသူကြီး ဦးအောင်ဖုန်းဝင်း နှင့် အမှတ် ၃ ရဲစခန်းမှူး ဦးသိန်းဦးကိုလည်း ပဲခူးမြို့ လမ်းပြကြယ် အဖွဲ့၏ အကူအညီကိုယူကာ ဆက်တိုက် တရားစွဲဆိုသွားမည်ဟု သိရသည်။
ဦးအောင်ဖုန်းဝင်းက အမှုဖြစ်စဉ်အားဖျောက်ဖျက်ရန် ကြိုးစားရာတွင် ဝိုင်းဝန်းကူညီခဲ့ကြသော မအေးယုအောင်၏ ဇာတိ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်၊ အမျိုးသမီးရေးရာ အဖွဲ့နှင့် ယင်းမြို့နယ် တရားသူကြီး ဦးသက်ထွန်း တို့ကိုလည်း စစ်ဆေးရန် တိုင်ကြားထားကြောင်း လမ်းပြကြယ်အဖွဲ့ ခေါင်းဆောင် ဦးအေးမြင့် ကလည်း ပြောသည်။
“ဦးအောင်ဖုန်းဝင်းက ကောင်မလေး မီးပူနဲ့ထိတာဟာ သူ့မိန်းမ လုပ်တာမဟုတ်ပါဘူးလို့ပြောတာကို ဝိုင်းပြီးဖျောက်ဖျက်ပေးဖို့ ကြိုးစားပေးတဲ့လူတွေ။ ကျောက်ကြီး မယက ဥက္ကဌနဲ့အဖွဲ့၊ သူတို့ကို အားပေးကူညီမှုနဲ့ ပေါ်လာအောင် ရဲကိုစစ်ခိုင်းထားတယ်။ ဒီတပတ် အတွင်းမှာ ရဲကဆင်းပြီးစစ်နေပြီ”ဟု ဦးအေးမြင့်က ဧရာဝတီသို့ ပြောသည်။
အမှုဖွင့်တိုင်ကြားရခြင်းနှင့် ပတ်သက်၍ ရဲကစစ်ဆေးမေးမြန်းရာ၌် မအေးယုအောင် ၏ ထွက်ဆိုချက်များကို ကြားသိပြီးနောက် ဒေါ်ဖြူဝင်းသက်သည် ၎င်း၏သမီးအပေါ် စာနာထောက်ထားမှုမဲ့စွာဖြင့် အခြားသော နှိပ်စက်မှုများလည်းရှိခဲ့ကြောင်း ဒေါ်ကြူကြူ က ပြော ဆိုသည်။
“ကလေးက သူ့ရှေ့တည့်တည့်မှာထိုင်နေတာကို မီးပူနဲ့ မျက်နှာကိုလှမ်းထိုးလိုက်တာ ကလေးက ရှောင်လိုက်တော့ လည်ပင်းနဲ့ ရင် ဘတ်က ညှပ်ရိုးကိုထိသွားတာတဲ့၊ ရင်ဘတ်မှာကလည်း ဓား ဒဏ်ရာရှိတယ်။ အရင်က ကြက်သွန်လှီးဓားကို မပြတ်ဘူးဆိုပြီး ကလေးရင်ဘတ်ကို ခုတ်ထားတာ၊ ခေါင်းမှာလည်း ဟင်းချက်တာ ပေါ့လို့ဆိုပြီး ပုလင်းနဲ့ ရိုက်ထားတာတဲ့ ဒဏ်ရာအကြီးကြီးပဲ၊ ကျမ လည်း အစကမသိဘူး၊ ကလေးက ရဲတွေကို ဖွင့်ပြောပြမှသိလိုက်တာ”ဟု ဒေါ်ကြူကြူ က ပြောသည်။
ကာယကံရှင်ဖြစ်သူ မအေးယုအောင် ကလည်း“အနာတွေက အကုန်ကျက်သွားပြီ။ အမာရွတ်ပဲကျန်နေတော့တာ။ ဒဏ်ရာတွေက မီးပူနဲ့ ကပ်ခံထိတာလေ။ ဒေါ်ဖြူဝင်းသက်က သမီးကိုကပ်တာ”ဟု သူက ဧရာဝတီက ဆက်သွယ်မေးမြန်းရာတွင် ပြောပြသည်။
တရားလိုများဘက်မှ အမှုဖွင့်တိုင်ကြားထားမှုနှင့် ပတ်သက်၍ ဦးအောင်ဖုန်းဝင်းနှင့် ဒေါ်ဖြူဝင်းသက်တို့ကို တယ်လီဖုန်းဖြင့် ဆက် သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။
ကျော်ခ (ဧရာဝတီ)
Unknown at 5:34 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပြည်သူ့  ဆန္ဒဆိုတာ (သို့ မဟုတ်) ကျွန်တော်လိုချင်သော Third Party




လတ်တလောဖြစ်သွားတဲ့ ကိစ္စတွေမှာ အဖွဲ့ ၂ဖွဲ့ နဲ့  ကြားက ပြည်သူဆိုတဲ့ Third Party
ဝေဖန်ချင်း သိပ်မလုပ်ချင်ပေမဲ့ တကယ့် ပြည်သူ ၀င်လာရင် ဘယ်လိုဖြစ်မယ်ဆိုတာကို ဆရာမ ခင်ခင်ထူးရဲ့  အညာသူ အညာသားထဲကနေ ခိုးချ (အဲ ကူးချပြလိုက်ပါတယ်ခင်ဗျား)

နောက် အတွေ့ အကြုံ တစ်ခုကတော့ ရွာမှာ လာကသည့် ဇာတ်ပွဲ တစ်ပွဲမှာ ဖြစ်သည်။ ထုံးစံအတိုင်း အမေကြီးနောက် တစ်ကောက်ကောက် လိုက်ရင်း ကျွန်မကတော့ ကလေးပီပီ ဆိုင်းသံ ဗုံသံတွေ ကြားမှာ အိပ်ပျော်နေခဲ့သည်။
တစ်ရေးနိုးတော့ နောက်ပိုင်းဇာတ်ထုပ်ခင်းနေပြီ။ အပူတိုက်ခန်း ရောက်နေပြီ။ ဇာတ်ထုပ်ကိုတော့ ကျွန်မ မမှတ်မိပါ။ မင်းသမီးကလေးကို တိုင်းတော်ပြည်တော်ကနေ နှင်နေသည့် အခန်း။ မင်းသမီးက အထုပ်ကလေးကို ခေါင်းပေါ်ရွက်ထားရင်း ငိုချင်းချနေသည်။ ဘေးက ဓားကြပ်ဝန်က (အမေကြီးကတော့ တစ်ကျပ်ဝန်တဲ့) ဇာတ်မနာနာအောင် မင်းသမီးကို နှိပ်စက်နေသည်။ မင်းသမီးက ငိုလိုက်၊ ဓားကြပ်ဝန်က ဓားနှင့် မင်းသမီးခေါင်းပေါ်က အထုပ်ကို ဖိထားလိုက်။ မင်းသမီးက အလွမ်းသယ်လို့ မပြီးနိုင် မစီးနိုင်ဖြစ်နေတုန်း အမေကြီးက ၀ုန်းဆို ဇာတ်ခုံပေါ်ကို တက်သွားခဲ့ပြီ။ ဇာတ်ထဲက လူတွေရော ပရိသတ်ကပါ ကြောင်ကြည့်နေကြတုန်း အမေကြီး မီးရောင်အောက် ရောက်လာပြီး ဓားကြပ်ဝန်လက်ထဲက ဓားကို လုသည်။ ကျွန်မကတော့ ကျွန်မဘေးမှာ ထိုင်နေရင်းက ထသွားသည့် အမေကြီးကို ဇာတ်စင်ပေါ်မှာ ပေါ်လာမည် မထင်ခဲ့ပါ။
``နင်က အထုပ်ဖိထားတော့ သည်ဟာမ ဘယ့်နှယ်လုပ် ထနိုင်မှာတုံး။ နင်က ဟောသည့်ဓားကို ဟောသလို ဖယ်လိုက်တော့ ... ကိုင်းညဉ်းကလဲ ထ၊ ငိုလို့ ပဲ မပြီးနိုင်ဘူး တကတည်း´´
ဓားကြပ်ဝန်၏ ဓားက အမေကြီးလက်ထဲမှာ။ အမေကြီးလည်း ဇာတ်ခုံအောက်ဆင်းလာရော မင်းသမီးရဲ့ ငိုချင်းခန်းလဲ ပြီးသွားရော၊ ပွဲခင်းတစ်ခုလုံး အသံတွေ ဆူညံနေသည်။ အမေကြီးက သူ့  ကြေးဖလား ၀င်းဝင်းကြီးကို ကောက်ယူတဲ့ပြီး ပြောင်းဖူးဖက်လိပ်ကြီး တထောင်းထောင်းဖွာရင်းက အလုပ်တစ်ခု ပြီးစီး အောင်မြင်လာဟန်မျိုးဖြင့် ဗျစ်တောက် ဗျစ်တောက် လုပ်နေသည်။
``ကိုင်း ... အခုလို ထလုပ်လိုက်တော့ ပြီးရောမှုတ်လား.. တကတည်းတော် သေချင်းဆိုးက တိုင်းပြည်ကလဲ နှင်သေး၊ အထုပ်လဲ ဓားနဲ့ ဖိထားသေး... သောက်မြင်ကပ်ချက်တော့.. ခုံဖနပ်နဲ့ မှ မခုတ်ခဲ့ရ´´
ကဲ ဓားကြပ်ဝန်ရော မင်းသမီးရော၊ ပြည်သူ တကယ်ဝင်လာရင် ဒီလိုဖြစ်မယ်ခင်ဗျား။
  lu bo
Unknown at 5:32 PM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

နိုင်ငံသားတစ်ယောက်ရဲ့သဘောထား



လက်ရှိမြန်မာ့နိုင်ငံရေး အခင်းအကျင်းတွေနဲ့ပတ်သက်ပြီးကျနော့သဘောထားကတော့ အကောင်းမြင်နဲ့ကြိုဆို ချင်တာပါ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ရဲ့ ဆွေးနွေးပွဲဟာ လိုလားအပ် တဲ့ပွဲဦးထွက်အစလို့ မြင်မိပါတယ်။ ဒီအခြေအနေဖြစ်ထွန်းမှုက အားလုံးအတွက်အကောင်းဆုံးစိတ်ကြိုက် အခြေအနေမဟုတ်ပေမယ့်.. လက်တွေ့အလုပ်ဖြစ်ရေးကို ဦးတည်နိုင်တယ်လို့ မြင်ပါတယ်။ နှစ်ဘက်စလုံးမှာ အခက်အခဲတွေရှိနိုင်ပါတယ်။
အစိုးရဘက်မှာလည်း အပြောင်းအလဲလုပ်ရမှာကို စိုးရိမ်ထိတ်လန့်နေသူတွေရှိ သလို အပြောင်းအလဲလုပ်မှ ရှေ့ဆက်တိုးနိုင်မယ့် အလားအလာကိုသိမြင်နေသူတွေလည်း ရှိနိုင်ပါတယ်။ အထူးသဖြင့် တပ်မတော်ထဲက အပြောင်းအလဲလိုလားသူတွေရဲ့ သဘောထားကို ထည့်တွက်သင့်ပါတယ်။ သူတို့ရဲ့ သဘောထားတွေ လူသိရှင်ကြားထင်သာမြင်သာ ထွက်ပေါ်မလာသေးပေမယ့် အချိုးအကွေ့တစ်ခုမှာ အရေးကြီးတဲ့ အနေအထားကို ရောက်လာနိုင်ပါတယ်။ စစ်တပ်ကိုဖိအားပေးရုံသက်သက်နဲ့တော့ တပ်တွင်း အပြောင်းအလဲ ဖြစ်မယ့်ပုံမပေါ်ပါ။ 

ခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ဦးသိန်းစိန်နဲ့ ဆွေးနွေးမှုအပေါ် အားရကျေနပ်မှုရှိကြောင်း ပြောဆိုနေသော်လည်း.. ဒီဆွေးနွေးပွဲကို အကောင်းမြင်လို့မရသေးဘူး။ ဒီကနေ တိုးတက်မှုရှိတဲ့ရလဒ်တွေ ထွက်ပေါ်လာဖို့ ခဲယဉ်းတယ်။ သံသယနဲ့ စောင့်ကြည့်ရအုံးမယ် ဆိုသူတွေလည်းမနည်းလှပါ။ ဒီနေရာမှာ လူတွေ ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောက်ခံမှုကို နည်းနည်းဆန်းစစ်ကြည့်မိပါတယ်။ ဒေါ်စုကို လူထုခေါင်းဆောင်းအဖြစ် ထောက်ခံပြောဆိုနေပေမယ့် ဒေါ်စုဆုံးဖြတ်သမျှ၊လုပ်သမျှကို ထောက်ခံနိုင်ကြပါ သလား..
၂၀၀၇ စက်တင်ဘာလှုပ်ရှားမှုနောက်ပိုင်း ထွက်ပေါ်လာတဲ့ စင်္ကာပူကြေညာချက်မှာ ဒေါ်စုက“ တိုင်းရင်းသား တွေကို ကိုယ်စားပြုပြီး ဆွေးနွေးပြောဆိုဖို့တာဝန် ကျမမှာရှိပါတယ်” ဆိုတုန်းက ပြည့်ပြည့်၀၀လှိုက်လှိုက်လှဲလှဲ ထောက်ခံမှုပြုတဲ့ အဖွဲ့အစည်း သိပ်မတွေ့ခဲ့ရပါဘူး။ တချို့ဆို ဆန့်ကျင်သယောင်ကြေညာချက် ထုတ်ခဲ့ကြတာ တောင်ရှိခဲ့ပါတယ်။ ဒီတော့… ဒေါ်စုအပေါ် ယုံကြည်ထောက်ခံတယ်ဆိုတာက ကိုယ့်အကျိုးစီးပွားနဲ့ ကိုက်ညီလို့ လား… တစ်မျိုးသားလုံးကို ကိုယ်စားပြုနိုင်သူဆိုတဲ့အနေအထားမျိုးနဲ့လား…
နောက်တစ်ခုက နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးကိစ္စ….
ကျနော့အမြင်မှာတော့ ဒီကိစ္စက ပြဿနာဖြေရှင်းနည်းမဟုတ်ဘဲ.. ပြဿနာပြေလည်မှုရလဒ်လို့ မြင်ပါတယ်။ လက်တွေ့မှာ ဒီကိစ္စက ပြန်ပေးဆွဲပြဿနာလို ဖြစ်နေပါတယ်။ ပြန်ပေးဆွဲခံရသူကို လွတ်မြောက်အောင် ကြိုးပမ်းရာမှာ နည်း ၂ နည်းရှိနိုင်ပါတယ်။ ပြန်ပေးဆွဲသမားကို အပြီးတိုင်ချေမှုန်းပြီး ကယ်ထုတ်ယူနိုင်တာမျိုး နဲ့ နောက်တစ်နည်းက ပြန်ပေးဆွဲသူ စိတ်ကျေနပ်မှုရှိအောင် အပေးအယူလုပ်ညှိနှိုင်းပြီး ရွေးထုတ်ယူတဲ့နည်းပါ။ လက်တွေ့ကျင့်သုံးနိုင်တဲ့နည်းကို အောင်မြင်ရေးနည်းလမ်းလို့ဆိုရပါလိမ့်မယ်။ လက်ရှိအခြေအနေမှာက နိုင်ငံရေးအကျဉ်းသားတွေဟာ ပြန်ပေးဆွဲခံထားရသူတွေပါ။ ဒေါ်စုနဲ့ ဦးသိန်းစိန် ဆွေးနွေးညှိနှိုင်းမှုကတဆင့် တိုးတက်ဖြစ်ထွန်းမှုတွေ ဖြစ်ပေါ်လာတာနဲ့အမျှ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအပါအင် တခြား ဖြေရှင်းရမယ့် ကိစ္စရပ်တွေလည်း အထိုက်အလျောက် ပြေလည်မှုရလာလိမ့်မယ်လို့ ယုံကြည်မျှော်လင့် မိပါတယ်။
ကျနော်ကတော့ လက်ရှိအနေအထားမှာ ကိုယ်တိုင်ကိုယ်ကျဆွေးနွေးညှိနှိုင်း အဖြေရှာနေတဲ့ ဒေါ်စုရဲ့ နှုတ်ထွက်စကားကိုပဲ အတည်ယူစဉ်းစားချင်ပါတယ်။
နိုင်ငံသားတစ်ယောက်ရဲ့ ရိုးရိုးသားသားသိမြင်နေတာလေးကို ရင်ဖွင့်ပြလိုက်တာပါ။ မတူကွဲပြားသော အယူအဆများဖြင့်တုန့်ပြန်ဆွေးနွေး ဝေဖန်စောကြောနိုင်ပါတယ်ခင်ဗျာ…
အားလုံးကို ခင်မင်ရင်းနှီးစွာဖြင့်….
ဝေမော်
၂၃ သြဂုတ် ၂၀၁၁
Unknown at 5:11 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနား မြန်မာနိုင်ငံ၌ ပထမဆုံး ကျင်းပမည်




ပြန်ကြားရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့ကြီး (UNESCO)တို့ ပူးပေါင်းကျင်းပသည့် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ (World Press Freedom Day 2012 ) အခမ်းအနားကို ၃-၅-၂၀၁၂ ရက် နံနက်တွင် ရန်ကုန်မြို့ Strand Hotel ၌ ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။ ၁၉၉၃ ခုနှစ်က စတင်၍ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ ညီလာခံက နှစ်စဉ်မေလ ၃ ရက်နေ့ကို ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ဟု သတ်မှတ်ခဲ့ပြီးနောက် နိုင်ငံအနှံ့အပြားတွင် နှစ်စဉ် ယင်းအခမ်းအနား များကျင်းပခဲ့သည်။ မြန်မာနိုင်ငံ၌ ပြန်ကြားရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ယခု ပထမဆုံးအကြိမ် တရားဝင် ကျင်းပခြင်းဖြစ်ရာ ဒီမိုကရေစီ နိုင်ငံတော်သစ်နှစ်အတူ မြန်မာ့ မီဒီယာလောက၏ ကြိုဆိုဖွယ်ရာ ကောင်းမွန်သည့် ဖွံ့ဖြိုးတိုးတက်လာမှုတစ်ရပ်ဖြစ်ကြောင်း ဝါရင့် စာနယ်ဇင်း အယ်ဒီတာတစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။ ယင်းနေ့အတွက် ယခုနှစ် ရည်ညွှန်းခေါင်းစဉ်များအနက်မှ “ပတ်ဝန်းကျင်သစ်ရှိ မီဒီယာကဏ္ဍအတွက် စိန်ခေါ်မှုများ” (Challenges to Media in a New Environment) အမည်ဖြင့် ယင်းအခမ်းအနား၌ ဆွေးနွေးကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ယင်းနေ့အတွက် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်ဆုကို ၁၉၉၇ ခုနှစ်မှစ၍ ယူနက်စကိုက နှစ်စဉ်ချီးမြှင့်ခဲ့သည်။ အပြည်ပြည်ဆိုင်ရာအနေဖြင့် ယင်းအခမ်းအနားကို ၂၀၀၃ ခုနှစ်မှစ၍ နှစ်စဉ် ကမ္ဘာ့မြို့ကြီး တစ်မြို့စီ၌ ကျင်းပခဲ့ရာ ယခင်နှစ်က အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့၌ ကျင်းပခဲ့၍ ယခုနှစ်တွင် တူနီးရှားနိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။


 Myanmar Express
Unknown at 5:05 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာပြည်ရောက် တရုတ်များလုံခြုံရေး တရုတ်အစိုးရ သတိပေး



နယူးဒေလီ (မဇ္ဈိမ) ။         ။ မြန်မာနိုင်ငံသို့ ရောက်ရှိနေကြသော တရုတ်စီးပွားရေး
ကုမ္ပဏီများနှင့် တရုတ်နိုင်ငံသားများအနေဖြင့် လုံခြုံရေး ကြိုတင်ကာကွယ်မှုများ
 ပြုလုပ်ကြရန် တရုတ်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာနမှဆော်သြလိုက်သည်။

မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများတွင် အစိုးရနှင့် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တို့အကြား တိုက်ပွဲများ အရှိန်မြင့်လာနေသည့် အလျောက် တရုတ်ကုမ္ပဏီများနှင့် ဝန်ထမ်းများ ထိုဒေသသို့ မသွားရောက်ကြရန် ဝန်ကြီးဌာန ကြေညာချက်အား ကိုးကား၍ ဆင်ဟွာ သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

ထို့ပြင် ကချင်ပြည်နယ်တွင်း ရောက်ရှိနေထိုင်လျက်ရှိကြသော တရုတ်နိုင်ငံသားများအနေနှင့်လည်း သတိကြီးစွာနေထိုင်ကြရန် သတိပေးထားသည်။

တရုတ်-မြန်မာနယ်စပ်ရှိ လိုင်ဇာနှင့် ပန်ဝါ ဒေသများအတွင်း ကချင်လွတ်လပ်ရေး တပ်မတော်နှင့် အစိုးရတို့အကြား ဧပြီလကုန်ပိုင်းမှစ၍ တိုက်ပွဲများ ကြိမ်ရေများစွာ ဖြစ်ပွားလာနေသည်။

သစ်ထူးလွင်
Unknown at 5:04 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပိုက်ဆံရပြီးရော လုပ်နေတဲ့ VOA သတင်းဌာန သို့ အိတ်ဖွင့်ပေးစာ



ရိုဟင်ဂျာတွေကို မြန်မာလူမျိုးပါလို့ သတင်းလွှင့်နေတဲ့ VOA သတင်းဌာနမှ ဦးသန်းလွင်ထွန်း


သို့ 
VOA ၀ိုင်းတော်သားများနဲ့ 
ဦးသန်းလွင်ထွန်း


ခပ်ရှင်းရှင်းပြောရရင် ကျနော်တို့ က သတင်းဋ္ဌါနတွေကို သိပ်ပြီးတော့ဂရုမစိုက်ကြတော့ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောပါရစေ ။ အတည်ပြုချက်
မယူတဲ့  မခိုင်လုံတဲ့  သတင်းဋ္ဌါနတွေကို တချိန်က တပ်မတော်အစိုးရကမိုးလုံးပြည့်မုသားဝါဒ အသံလွှင့်ခဲ့ တယ် ဆိုတာကို ပြင်းပြင်းထန်ထန်
ငြင်းဆန် ကန့် ကွက်ခဲ့ တာ ကျနော်တို့ ဘဲ ။ ဒါပေမဲ့  အဲဒီတပ်မတော်အစိုးရရဲ့ တချိန်က ပြောခဲ့ တဲ့  စကားကို ဒီအချိန်မှာ ငှားပြီး သုံးလိုက်ရတော့မယ် ။ဟုတ်တယ် ။ ခင်ဗျားတို့  ရဲ့  အသံလွှင့်ဋ္ဌာနတွေဟာ လိမ်ညာခြင်းတွေနဲ့ 
မဟုတ်တာတွေကို မုသားတွေ လုပ်ပြီး သတင်းတွေ လွှ့င်နေလို့ ဘဲ ဒီစကားနဲ့  ဘဲတန်ကာကျတယ် ။ ဘာကြောင့် ပြောရသလဲဆိုရင် အခုဦးသန်းလွင်ထွန်း လုပ်ပုံကို
ကြည့်ရင် သိသာနိုင်ပါတယ် ။ကျနော် အရင်ကလဲဘဲ ဒီအကြောင်းနဲ့ ဘဲ ပါတ်သက်လို့  ကန့် ကွက်စာရေးခဲ့ပြီးပြီ။ ခုလဲဘဲ ရေးလို့  ကန့် ကွက်စာ ရေးပို့ လိုက်ပါတယ် ။ ဒီတော့
ခင်ဗျားတို့ က ကျနော်ရဲ့ စာကို လက်မခံရင်တောင်မှ မြန်မာနိုင်ငံသားတွေလက်ခံသွားကြလိမ့်မယ် ။ မြန်မာနိုင်ငံမှာ ရှိတဲ့  တိုင်းရင်းသားလူမျိုး (၁၃၅ ) မျိုး စလုံးက လက်ခံ သဘောတူသွားလိမ့်မယ် ။ နောက်ဆုံး
သမ္မတဦးသိန်းစိန်အစိုးရကလဲဘဲ လက်ခံ သဘောတူသွားလိမ့်မယ် ။ ဘာဖြစ်လို
့ဆိုတော့ ကျနော်ရေးနေတာက မြန်မာနိုင်ငံမှာ ရှိတဲ့  တိုင်းရင်းသားလူမျိုး( ၁၃၅ ) မျိုး ရဲ့  ကိုယ်စား ရေးနေတာဖြစ်လို့ ပါဘဲ ။မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး ( ၁၃၅ ) မျိုးရှိတယ်ဆိုတာ ကမ္ဘာကို ကြေညာထားပြီးသားဖြစ်တယ် ။ တိုင်းရင်းသားလူမျိုး( ၁၃၅) မျိုးစလုံးကလဲဘဲ လက်ခံထားတယ် ။ အခုကျင်းပနေတဲ့  ပြည်သူလွှတ်တော်မှာလဲဘဲ အဲဒီတိုင်းရင်းသားလူမျိုးများ ကိုယ်စားလှယ်တွေကလွှတ်တော်ညီလာခံမှာ မြန်မာနိုင်ငံအရေးကို အားကြိုးမန်တက်ဆွေးနွေးညှိနိုင်း နေကြတယ် ။ အဲဒီအထဲမှာ သမိုင်းလိမ် ခေါ်တော ဘင်္ဂလီကုလားလူမျိုးတွေဟာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဘယ်နေရာဘယ်တိုင်းဒေသ
ဘယ်ပြည်နယ်ကိုမှ ကိုယ်စားပြုလို့  မပါဘူးဆိုတာ လူတိုင်းအသိပါဘဲ ။ ဒါတွေဟာဒီကနေ့ ဖြစ်ပျက်နေတဲ့  မြန်မာနိုင်ငံရဲ့  တိုင်းရင်းသားလူမျိုးများရဲ့ အခန်းကဏ္ဍနဲ့  ပါတ်သက်လို့  ပြောတာဖြစ်တယ် ။အခုဘဲ VOA က ဦးသန်းလွင်ထွန်းက သမိုင်းလိမ်ခေါ်တော ဘင်္ဂလီ မွတ်ဆလင်ကုလားလူမျိုးတွေကို ခေါ်ယူပြီး လက်ခံအင်တာဗျူး လုပ်တယ် ။ သဘောက အမေရိကန်အစိုးရဋ္ဌါန တခုခုက စီးပွါးရေးပိတ်ဆို့ မှူနဲ့  ပတ်သက်လို့ သမိုင်းလိမ်ဘင်္ဂလီ မွတ်ဆလင် လူမျိုးက စာတင်တာနဲ့  ပတ်သက်လို့ အကြောင်းပြန်ကြားစာကို လက်ခံရရှိတယ် ။ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ဘယ်လိုပါပါသလဲ ဆိုပြီး အင်တာဗျူး လုပ်တာတွေ့ တယ် ။ ဒီတော့ ဒီလိုစာပြန်တာကို လက်ခံ ရရှိလို့  အင်တာဗျူး လုပ်တာကို ကြည့်ကြရအောင်ပါ ။
အမေရိကန်နိုင်ငံမှာ ဘယ်သူမဆို စာရေးလို့  ရှိရင်သက်ဆိုင်ရာဋ္ဌါနတွေက တုန့် ပြန်စာတွေကို လူကြီးလူကောင်းပီပီရေးသားပြန်ကြားကြပါတယ် ။ အခုလို သမ္မတရွေးကောက်ပွဲ ကာလများမှာဆိုရင်ရံပုံငွေ အလှူခံနေတာနဲ့ ဆိုရင် ပိုတောင် ပြန်ကြားစာရေးသားပေးပို့ လေ့
ရှိကြပါတယ် ။ ဒီတော့ခါ ၀ါကာအူဒင်ရဲ့  စာကို ပြန်ကြားစာရရှိတဲအကြောင်း-VOA- ဋ္ဌါနကို ပို့ လိုက်တော့ ဒီလိုသတင်းကို လွှင့်ထုတ်ဖို့ လုပ်ကြတာပါဘဲ ။ အမေရိကန်ပြည်ထောင်စုမှာ သက်ဆိုင်ရာအစိုးရဋ္ဌါနကအကြောင်းကြားစာတွေကို လက်ခံရရှိတဲ့  သူတွေဟာ တော်တော်များများ ရှိနေကြတယ်။ ဒီလိုသာ အမေရိကန်ပြည်ထောင်စုက အစိုးးရဋ္ဌါနများရဲ့  အကြောင်းကြားစာရရှိလို့ သာ အင်တာဗျူး လုပ်ရပါတယ် ဆိုတဲ့ အကြောင်းပြချက် ပေးလို့ ကတော့ဒါက လက်မခံနိုင်စရာဖြစ်တယ်လို့  ပြောပါရစေ ။
ဒုတိယတချက်က ဒီလိုသာလွှင့်ထုတ်ပေးလိုက်ရင် သမိုင်းလိမ်ခေါ်တောဘင်္ဂလီ မွတ်ဆလင်ကုလားလူမျိုးတွေက တစုံတရာသောငွေကြေးရင်းနှီးမြုပ်နှ့မှူတွေကို လက်ခံရရှိနိုင်သွားပါတယ် ။ ဘာဖြစ်လိုဆိုရင် ဒီလိုလုပ်လိုက်လို့ ဘဲ ဗမာလူမျိုးတွေ - ရခိုင်လူမျိုးတွေ -နိုင်ငံရေးအဖွဲ့ အစည်းတွေက ကျနော်တို့  ကျမတို့ ကို ကလော်တုပ်နေပါပြီလို
့ ပြောလိုက်ရင် မစို့ မပို့ လေးတွေ ရနိုင်တယ်ဆိုတာ တွေးထားကြလို့ ဘဲဖြစ်ပါတယ် ။ ဒီလိုလုပ်တတ်လို့ ဘဲ ဟန်ညောင်ဝေဟာ တချိန်လုံးကောင်းစားနေတာဆိုတာ လူတိုင်းသိကြပါတယ် ။
နောက်တချက်ကတော့ ၀ါကာအူဒင်ဆိုတာ ဘာလူမျိုးလဲလို့ စစ်တမ်းကောက်ကြည့် ရပါလိမ့်မယ် ။ သူဟာမောင်တောမြို့ နယ်မှာေ နထိုင်ခဲ့ပြီးအဲဒီအချိန်က ဘင်္ဂလီလူမျိုးအနေနဲ့  မှတ်ပုံတင် လုပ်ပြီးေ နခဲရသူဖြစ်တယ် ။ ဘယ်တော့မှ သမိုင်းလိမ်ကုလားပါလို့  မပြောခဲ့ ဖူးဖူး ။
အခုမှ အမေရိကန်ပြည်ထောင်စုကို ရောက်မှ ဒီစကားမျိုးကို ပြောတာဖြစ်တယ် ။
နောက်တခါ သူပြောတဲ့  သမိုင်းလိမ်မွတ်ဆလင် ကုလားလူမျိုး အကြောင်းကို
ကြည့်ရင် သူတို့  ပြောတဲ့ အတိုင်းဆိုရင် အာရပ်နိုင်ငံများက သဘောင်္ာပျက်လိုရောက်လာကြတဲ့  လူတွေဖြစ်တယ်လို့  ပြောတာ ရှိနေတယ် ။ ဒီတော့ သင်္ဘောပျက်တဲနေရာက ရခိုင်ပြည်ကို ရောက်လာကြတဲ့  လူမျိုးဟာ ခုလောက်များပြားနေရင်ဒေသခံ ရခိုင်လူမျိုးတွေဟာ သူတို့  ရဲ့  ( ၁၀ ) ဆ ထက် ပိုများနေမှာဖြစ်တယ်။
ဒုတိယတချက်က သူတို့ သဘောင်္ပျက်တဲ့  လူဦးရေက ဘယ်လောက်များ
များပြားပြီး သင်္ဘောပျက်ရာမှာ ပါကြလို့ လဲ ။ နောက်ပြီး သဘောင်္ပျက်တဲ့ နေရာက
ရခိုင်ပြည်ဖက်ကို ပင်လယ်ရေစီးကြောင်းအရလဲ ဘယ်လိုမှ ရောက်လာစာရာ မရှိဘူး ။
ဒီတော့ ရှင်းနေတယ် ။ သူတို့ ဟာ ရခိုင်ပြည်နဲ့  နီးကပ်နေတဲ့  ခေါ်တောဘင်္ဂလီ
မွတ်ဆလင်လူမျိုးတွေဘဲ ဖြစ်နေတယ် ဆိုတာ ထင်ရှားနေတယ် ။ နယ်စပ်ဒေသချင်း
ထိကပ်ဆက်စပ်နေလို့ ဘဲ အခုလို ( ၁၉၄၈) ခုကနေပြီး အခုအချိန်ထိ ခေါ်တော
ဘင်္ဂလီကုလားတွေဟာ ခိုးဝင်သွားလာနေကြတာဖြစ်တယ် ။ တချိန်က တပ်မတော်ကာကွယ်ရေး
စစ်ဦးချုပ် လုပ်ခဲ့ တဲ့  ဘဘ ဦးတင်ဦးဟာ ခေါ်တောဘင်္ဂလီ မူလမျိုးတွေဟာ
ခိုးဝင်လာသူများသာဖြစ်တယ်လို့  ဗြောင်ပြောထားတယ်ဆိုတာ ကြည့်ရင်
သိသာနိုင်တယ် ။
ဒီလိုရခိုင်သမိုင်းရာဇ၀င်မှာကော မြန်မာရာဇ၀င်မှာ မရှိတဲ့ 
ဒီခေါ်တောမွတ်ဆလင် ကုလားလူမျိုးကို ဘာကြောင့်များ -VOA - သတင်းဋ္ဌါနက ပအို
့လူမျိုး ဦးသန်းလွင်ထွန်းက လွှင့်ထုတ်ဖို့ ကြိုးစားခဲ့ ရတာလဲ ဆိုတ
သိချင်တယ် ။ ( ပအို့ လူမျိုးလို့  ပြောလို့ ပါ ) ဒီနေရာမှာ
သတင်းဋ္ဌါနတခုက သတင်းခိုင်မာခြင်း ရှိမရှိနဲ့  သတင်းတည်ဆောက်ပုံ
ခိုင်မာခြင်း ရှိမရှိ ဆိုတာကို ပြောရပါလိမ့်မယ် ။ စောစောက ပြောခဲ့ သလို
သတင်းတည်ဆောက်ပုံဟာ လွန်စွာမှ ယုတ္တိမတန်တဲ့  အကြောင်းအရာ ပြချက်နဲ့ 
အင်တာဗျူး လွှင့်ထုတ်ခဲ့ တယ် ။ ဒါက အသုံးမကျတဲ့  သတင်းဋ္ဌါနတခုရဲ့ 
လုပ်ပုံကိုင်ပုံများဖြစ်နေတယ် ဆိုတာကို ဖေါ်ပြတာဖြစ်တယ် ။
သတင်းခိုင်မာခြင်း ရှိမရှိဆိုတာကျတော့ ဒီသတင်းကို ခိုင်မာရဲ
့လား ဆိုတာမျိုး- အတည်ပြုချက် ယူရတာမျိုး ပြုလုပ်ရမှာဖြစ်တယ် ။ ခုသတင်းက
ခိုင်မာခြင်းမရှိဘူး ။ လူမျိုးအဖြစ်နဲ့  အမေရိကန်ပြည်ထောင်စုက
သက်ဆိုင်ရာဋ္ဌါနတွေကို ရေးလို့  အကြောင်းပြန်ကြားစာကို လက်ခံရှိပါတယ်လို့ 
ဘယ်လောက်ဘဲ ၀ါကာအူဒင်က -VOA- သတင်းဋ္ဌါနသို့  ပေးပို့ သည့်တိုင်အောင်
ဒီသတင်းဋ္ဌါနကို အတည်ပြုချက် ရယူဖို့  ကြိုးစားရမှာဖြစ်တယ် ။ ဒီတော့
ဘယ်နေရာမှာ သတင်းအတည်ပြုချက် ယူလို့  ရနိုင်မှာလဲ ဆိုတာ ကြည့်ကြရအောင်ပါ
။ ၀ါရှင်တန်ရှိ မြန်မာသံရုံးနဲ့  -VOA- အသံလွှင့်ဋ္ဌါနဟာ လက်တကမ်းစာလောက်မှာ
ရှိတဲ့ နေရာဖြစ်တယ် ။ ဖုံးနဲ့ ဆက်လိုက်ရင် ခဏလေးမှာဘဲ အဖြေတွေ
ရရှိသွားနိုင်တယ် ။ ဘာကြောင့်များ ဒိခေါ်တောဘ၈င်္လီလူမျိုးတွေဟာ
တိုင်းရင်းသားလူမျိုးပါလားဆိုတာ မမေးခဲ့ ကြသလဲ ။
ဦးသန်းလွင်ထွန်းက တိုင်းရင်းသားလူမျိုး ဟုတ်မဟုတ် အင်တာဗျူး
လုပ်တာမျိုး မဟုတ်ဘူးလို့  ပြောပေမဲ့  ၀ါကာအူဒင်က သူတို့ ဟာ
တိုင်းရင်းသားလူမျိုးတယောက်လို ပြောနေတာဟာ ဘယ်ကိုဆိုလိုနေတယ်ဆိုတာ
လူတိုင်းသိပါတယ် ။ ဒီလို အင်တာဗျူး လုပ်လိုက်ရင်
ဒီမွတ်ဆလင်ကုလားလူမျိုးတွေက ဒီယုံမြင်လို့  ဒီခြုံထွင်တယ်ဆိုတာ သတင်းဋ္ဌါန
က လူတွေမို့  ပိုမိသိကြမှာပါ ။ ခုတော့ ဒီလိုလုပ်လိုက်ခြင်းအားဖြင့်
အမေရိကန်ပြည်ထောင်စုက စီးပွါးရေးပိတ်ဆို့ မှုကို ထားရှိရေးသတင်းထက်
ဘယ်ကို ဦးတည်သွားသလဲ ဆိုတာ စဉ်းစားဖို့ လိုလာနေပါပြီ ။
တိုင်းရင်းသားလူမျိုးထဲမှာ ( ၁၃၅ ) မျိုးထဲမှာ အသိအမှတ် ပြုခြင်း မခံရတဲ
့ သူတွေကို ဘာဖြစ်လို့  မြန်မာဘာသာနဲ့  လွင့်ထုတ်နေတဲ့ -VOA-
မြန်မာ့အသံမှာ လွှင့်ထုတ်ပေးနေရတာပါလဲ ။ သမိုင်းလိမ် ခေါ်တော ဘင်္ဂလီ လူမျိုး
-MP -တောင် ရှိနေတယ် လို့  ပြောတာကို ဘယ်မျက်နှာနဲ့  ဦးသန်းလွှင်ထွန်းက
ထိုင်ကြည့်နေတာလဲဗျာလို့  မေးချင်တယ် ။ အခုကျင်းပနေတဲ့  ပြည်သူ
့လွှတ်တော်ညီလာခံမှာ -MP- တောင်ရှိပါတယ်လို့  ပြောတာကို -VOA- က
သတင်းဋ္ဌါနမှူးကများ ကြားဖြတ်ပြီးတော့ အဲဒီလို -MP- များရှိပါသလား -
နာမည်ဘယ်သူလဲ - ဘယ်ပြည်နယ် ဘယ်မြို့ က ဘယ်သူလဲ ဆိုတာ မမေးဘဲနဲ့ 
အင်တာဗျူး လုပ်နေရသလားဗျာ။ အဲဒီနေ့  အင်တာဗျူး ကို သေချာ ကြည့်တော့
ဘယ်လောက်ထိ အောက်တမ်းကျနေတယ် ဆိုတာ သိသာလွန်းနေပါတယ်နော ။
ဒါကိုကျနော်တို့  ကန့် ကွက်ပါတယ် ။ လက်မခံပါဘူး ။ နောင်ကို ဒီလို
တိုင်းရင်းသားလူမျိုးမဟုတ်တဲ့  လူမျိုးတွေကို ဘယ်တော့မှ မလွှင့်ထုတ်ပေးဖို
့ မေတ္တာရပ်ခံပါရစေ ။ တကယ်လို့  ဆက်ပြီးတော့သာ လွှင့်ထုတ်နေရင် လွှင့်ထုတ်တဲ
့သူတွေဟာ သမိုင်းတရားခံအဖြစ် သက်ရောက်သွားရပါလိမ့်မယ် ။ ကျနော်တို့ ဟာ
မြန်မာနိုင်ငံအတွင်းမှာ စစ်မှန်တဲ့  ဒီမိုကရေစီနဲ့  လူ
့အခွင့်အရေးရရှိရေးအတွက် တိုက်ပွဲဝင်တောင်းဆို လှုပ်ရှားနေတဲ
့သူတွေဖြစ်တယ် ။ ဒါပေမဲ့  မြန်မာနိုင်ငံကို နောင်နှစ်ပေါင်း ( ၅၀ )
အတွင်းမှာ မူဆလင်နိုင်ငံဖြစ်အောင် လုပ်တဲ့ အထဲမှာ မပါချင်ဘူး ။ ဒီလိုဘဲ
-VOA- က အသံလွှင့်နေတဲ့  သူတွေကလဲဘဲ အသံလွှင့်ဋ္ဌါနမှာ အလုပ်လုပ်နေရတုံး
မြန်မာနိုင်ငံကို မူဆလင် နိုင်ငံဖြစ်အောင် လုပ်ဖို့ အတွက်
ဆင်ခြေဆင်လက်တွေနဲ့  လုပ်နေတာကို ရပ်တန့် ပေးဖို့  လိုနေတယ် ။
နောင်နှစ်ပေါင်း ( ၅၀ ) ဆိုတာကို ပြောရတာက အခုတောင်မှ
မူဆလင်ကုလားလူမျိုးတွေက ခိုးဝင်လာနေကြတာ ရွှေတိဂုံခြေရင်းကို
ရောက်နေကြပြီဖြစ်လို့ ပါဘဲ ။ မကြာတော့တဲ့ အချိန်မှာ ဒိလိုဂုဏ်သိက္ခမဲ့ စွာ
သတင်းဋ္ဌါနတို့ ရဲ့  သတင်းတည်ဆောက်ခြင်းနဲ့  သတင်းခိုင်မာခြင်းမရှိဘဲ
လုပ်နေကြလို့ ကတော့ မုချ မြန်မာနိုင်ငံဟာ အာဖဂန်နစ္စတန်နိုင်ငံ ၊
မလေးရှားနိုင်ငံ ၊ အင်ဒိုနီးရှားနိုင်ငံ ။ အိန္ဒိယနိုင်ငံက
ဘီဟာပြည်နယ်မှာရှိတဲ့  နာလန္ဒာတက္ကသိုလ် မီးရို့ ပြာကျလို့  ဗုဒ္ဒဘာသာ
အဆောက်အဦတွေ ဖျက်ဆီးခံရသလို လက်ရှိထိုင်းနိုင်ငံတောင်ပိုင်းလို
ဖြစ်သွားမှာ သေချာပြီုးဖြစ်နေတယ် ။
ဒီတော့ခါ မီဒီယာတွေက အခုလို တိုင်းရင်းသာလူမျိုးတွေက
တောင်းပန်နေပါရဲ့ သားနဲ့  ဆက်လက်ပြီးတော့ မိုက်ခွက်ကိုင်လို့ 
ဆက်လုပ်မယ်ဆိုရင်တော့ ရာဇ၀င်တွေ အရိုင်းမခံကြဖို့  ကျနော်တို့ 
သွေးသစ်လောင်းထားကြတယ်ဆိုတာ သိထားပေးဖို့ လိုပါတယ် ။


 Myanmar Express
Unknown at 5:03 PM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

သံရုံးအခိျု့ နေပြည်တော် ပြောင်းမည်


ရန်ကုန်မြို့ ရှိ ဗြိတိန်သံရုံး(ဓါတ်ပုံ-Google Images)
ရန်ကုန်၊ မေ ၂မြန်မာနိုင်ငံ၏ မြို့တော်ဟောင်း ရန်ကုန် မြို့တော်တွင် ဖွင့်လှစ်ထားသော သံလွင်လမ်းပေါ်ရှိ ဘင်္ဂလားဒေ့ရှ် သံရုံးနှင့် ဗြိတိန်နိုင်ငံ သံတမန်ရေးရာ ညှိနှိုင်း ဆောင်ရွက်ရေးရုံး အပါဝင် သံရုံးအခိျု့သည် မကြာမီ နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ရန် စီစဉ်လျက် ရှိကြောင်း ဘင်္ဂလားဒေ့ရှ် သံရုံးမှ ဒုတိယ အတွင်းဝန်က မေလ ၂ ရက်နေ့တွင် The Voice Weekly သို့ ပြောကြားသည်။

သံရုံး အများစုမှာ နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်မည် ဖြစ်ပြီး ၄င်းတို့ သံရုံးအတွက် မြေနေရာ ရှိထားပြီး ဖြစ်ကာ လာမည့်နှစ်တွင် အဆောက်အဦး စတင် ဆောက်လုပ်ပြီးလျှင် ရုံးချုပ်အဖြစ် ပြောင်းရွှေ့ ဖွင့်လှစ်မည် ဖြစ်ကြောင်း၊ အချိန် အတိအကျကိုမူ မသိရသေးကြောင်း ၄င်းက ပြောကြားသည်။

ထို့အတူ ဗြိတိန် နိုင်ငံကလည်း မြန်မာနိုင်ငံသို့ လာရောက်၍ နေပြည်တော်တွင် ညှိနှိုင်းရေးရုံး ဖွင့်လှစ်နိုင်ရန် အတွက် မြန်မာအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျှက် ရှိကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန်သံရုံးမှ ဒုတိယ အတွင်းဝန် Mr. Joe fisher က ပြောကြားသည်။

သံတမန်ရေးရာ ညှိနှိုင်း ဆောင်ရွက်မှု ကိစ္စများကို ဆောင်ရွက်နိုင်မည့် ယင်းရုံးသစ်ကို နေပြည်တော်တွင် ဖွင့်လှစ်နိုင်ရန် စီစဉ်လျှက် ရှိပြီး ယင်းရုံး ဖွင့်လှစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ မြန်မာအစိုးရ၊ လွှတ်တော်တို့နှင့် ထိတွေ့ ဆက်ဆံနိုင်ရန် ဖြစ်ကြောင်း ၄င်းက ဆိုသည်။

ရန်ကုန်မြို့တွင် ဥရောပသမဂ္ဂရုံးကို ဧပြီလ ၁ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး အခြား သံရုံးပေါင်း ၇ဝ ကျော် တရားဝင် ရုံးစိုက်လျက် ရှိသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်အတွင်း အရှေတီမော နိုင်ငံခြားရေး ဝန်ကြီးက နေပြည်တော်တွင် သံရုံး ဖွင့်လှစ်ရန် ရှိကြောင်း The Voice Weekly သို့ပြောကြားခဲ့သည်။

The Voice Weekly
Unknown at 9:15 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများအတွက် အင်တာနက်အသုံးပြုခွင့် မေလ၇ရက်နေ့တွင် ထပ်မံချထားပေးမည်


ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများ၏ အင်တာနက် အသုံးပြုခွင့်အား မေလ၇ရက်နေ့တွင် ထပ်မံချထားပေးမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။
ထိုသို့ အင်တာနက် အသုံးပြုခွင့် ချထားပေးရာတွင် ကျပ်နှစ်သိန်းတန် GSM မိုဘိုင်းဖုန်းများနှင့် ကျပ်နှစ်သိန်းခွဲတန် WCDMA မိုဘိုင်း ဖုန်းများလည်းပါဝင်ကြောင်း သိရသည်။
'' အင်တာနက် အသုံးပြုခွင့်က မေလ ၇ ရက်နေ့ ချထားပေးမှာပါ။ ရန်ကုန်တိုင်းရယ် အခြားတိုင်းနဲ့ ပြည်နယ်မြို့ကြီးတွေမှာလည်း ချထားပေးမယ်။ နောက်ပိုင်းရောင်းတဲ့ ဖုန်းတွေမှာလည်း အင်တာနက် တစ်ပါတည်းပါတာတွေလည်း ရောင်းပေးမှာပါ''ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများ၏ အင်တာနက် လျှောက်ထားရာတွင် လိုအပ်မည့် အသေးစိတ် အချက်အလက်များကိုမှု သေချာစွာ မသိရှိရသေးသော်လည်း ၄င်းအင်တာနက် အသုံးပြုခွင့်အား ငွေထပ်မံ ပေးသွင်းရမည်ဟု သတင်းရရှိသည်။
Unknown at 9:13 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အင်တာနက်နှင့် သက်ဆိုင်သည့် လုပ်ငန်းစဉ်များ ဖြေရှင်းပေးရန် Internet Society Myanmar Chapter ဖွဲ့စည်းမည်


ပြည်တွင်းမှ အင်တာနက်နှင့် သက်ဆိုင်သည့် လုပ်ငန်းစဉ်များအား ကူညီဖြေရှင်းပေးရန်အတွက် Internet Society Myanmar Chapter အဖွဲ့အား မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပြည်တွင်းရှိ သတင်းအချက်အလက်နှင့် နည်းပညာအား စိတ်ဝင်စားသည့် အလွှာပေါင်းစုံမှ လူကြီးလူငယ်များနှင့် ဖွဲ့စည်းတည်ထောင်သွားမည်ဟု သတင်းရရှိသည်။
လက်ရှိတွင် Internet Society Myanmar Chapter ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်းထားပြီး stakeholders ပေါင်းစုံ ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။
''လက်ရှိပြည်တွင်းမှာက အင်တာနက်နဲ့ပတ်သတ်တဲ့ သတင်းအရင်းအမြစ်တွေက သိပ်မရှိသေးဘူး။ အင်တာနက်နဲ့ ပတ်သက်တဲ့အကြောင်းတွေကို သိချင်ရင်လည်း မေးမြန်းဖို့ နေရာမရှိဘူး။ အခုဒီအသင်းကို အင်တာနက်နဲ့ ပတ်သက်လို့ သိချင်သမျှ မေးလို့ရမယ်။ ဒီ Chapter ကနေပြီးတော့ ပြည်တွင်းက အင်တာနက် အသုံးပြုမှုနှုန်း မြင့်တက်လာစေဖို့နဲ့ ကောင်းမွန်ပြည့်စုံတဲ့ Internet Governance ပေါ်ပေါက်လာဖို့ ရည်ရွယ်ပါတယ်။ နောက်ပြီး အင်တာနက်နဲ့ပတ်သက်တဲ့ အရေးကြီးကိစ္စရပ်တွေ ပေါ်ပေါက်လာရင်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ ပညာရှင်တွေနဲ့ ၀ိုင်းဝန်း ကူညီဆောင်ရွက်သွားမှာပါ''ဟု Internet Society Myanmar Chapter ဖြစ်မြောက်ရေးအဖွဲ့မှ ကိုရာဗီက ပြောကြားသည်။ အဆိုပါ Internet Society Myanmar Chapter တွင် မည်သူမဆို အသင်းဝင်များအဖြစ် ပါဝင်နိုင်ပြီး Internet Society ဖွဲ့စည်းရာတွင် Individual Member သို့မဟုတ် Organizational Member အဖြစ် ၀င်ရောက်နိုင်သည်ဟု သိရသည်။ Individual Member အဖြစ် www. internetsociety.org တွင် အသင်းဝင်ကြေးနှင့် နှစ်စဉ်ကြေးများ ပေးသွင်းရန်မလိုဘဲ Sing Inလုပ်၍ ၀င်ရောက်နိုင်ပြီး Myanmar Chapter သို့ ဆက်လက်ဝင်ရောက်လိုပါက လည်း အသင်းဝင်ရန်အတွက် သီးခြား ထပ်မံပေးသွင်းရန်မလိုဟု သိရသည်။
EMG
Unknown at 9:10 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဗိုလ်ချုပ်အောင်ဆန်း ရဲ့ အစ်ကိုဦးနေအောင် နေထိုင်ခဲ့တဲ့ အိမ်မှာ အဖွဲ့ ချုပ်ဆိုင်းဘုတ်တင်

ပြီးခဲ့တဲ့ ဧပြီလ၂၆ရက်နေ့ က မကွေးတိုင်း နတ်မောက်မြို နယ် ဖုန်းတော်ပြည့် 
ကျေးရွာအုပ်စုမှာ အမျိုးသားဒီမိုကရေအဖွဲ့ ချုပ် ဆိုင်းဘုတ်တင်ပွဲနှင့်ရုံးဖွင့်ပွဲအခမ်း
အနားတခုပြုလုပ်ခဲ့ပါတယ်။

နတ်မောက်မြို့ နယ်အတွင်းရှိ ကျေးရွာ အဖွဲ့ ချုပ်ရုံးတွေ ဖွင့်လှစ်ခဲ့တဲ့ နေရာမှာ
ကျေးရွာအုပ်စု(၇)စုမြောက်မှာ အခုတကြိမ်ဖွင့်လှစ်တဲ့ အဖွဲ့ ချုပ်ရုံးရဲ့ ထူးခြားမှု
ကတော့ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ အစ်ကိုဦးနေအောင်
နေထိုင်ခဲ့တဲ့ အိမ်မှာ အဖွဲ့ ချုပ်ဆိုင်းဘုတ်တင်ပြီး ရုံးခန်းဖွင့်ခဲ့တာဖြစ်ပါတယ်။

မြို့ နယ်ကနေ သွားရောက်တဲ့ အဖွဲ့ ချုပ်ဝင်တွေကိုလည်း ရွာခံလူငယ်များက
အလံဝှေ့ ရမ်းကြိုဆိုခြင်း၊ အမျိုးသမီးအဖွဲ့ များမှ ပန်းကုန်းများစွပ်ကြိုဆိုခြင်း
များပြုလုပ်ခဲ့ပါတယ်။

နံနက်(၉)နာရီမှာ စတင်တဲ့ အခမ်းအနားမှာ မြို့ နယ်အဖွဲ့ ချုပ်မှ ဦးအောင်တင်လင်း၊ဦးအောင်မြင့်သိန်းနှင့်ကျေးရွာမှဦးတင်ဝင်းတို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါတယ်။
NLDအဖွဲ့ဝင်ဦးချစ်ကိုကို မှ ဒီမိုကရေစိအကြောင်းသိကောင်းစရာများ၊ပြင်ဆင်စရာ
လိုအပ်သည့်တဖက်သတ်ရေးဆွဲအတည်ပြုထားသော ဖွဲ့ စည်းပုံအခြေခံဥပဒေပါ
အချက်အချို့ကိုဟောပြောခဲ့ပါတယ်။

ကျေးရွာမှလူငယ်များ၊ကလေးများကလည်း ကဗျာရွတ်ဆိုဖျော်ဖြေခဲ့ကြပါပြီး၊
ကျေးရွာများမှပြည်သူလူထု(၅၀၀)ကျော်တက်ရောက်ကြောင်း နတ်မောက်မြို့ 
နယ် NLD မှ ဒေါက်တာခင်မောင်အေး က သတင်းပေးပို့ ထားပါတယ်။

Myanmar News Now




သစ်ထူးလွင်
Unknown at 8:13 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကမ္ဘာ့ဘဏ် ရန်ကုန်မြို့တွင် ဇွန်လ၌ ရုံးဖွင့်မည်




ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံတွင် ဇွန်လ၌ ရုံးဖွင့်လှစ်မည်ဖြစ်ကြောင်း ဧပြီလ ၂၆ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့သည်။ ရန်ကုန်မြို့တွင် ဖွင့်လှစ်သွားမည့်ရုံး၌ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် မန်နေဂျာတစ်ဦးကို ခန့်အပ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် အကူအညီပေးရေး အစီအစဉ်သစ်များ ပေးအပ်နိုင်ရန် လိုအပ်သည့် စီးပွားရေး အချက်အလက်များကို စတင်စုဆောင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ''ကျွန်မတို့ရဲ့အဓိကရည်မှန်းချက်ကတော့ မြန်မာပြည်သူတွေကို ကူညီဖို့ပါပဲ'' ဟု ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ပန်မလာကော့က ပြောကြားခဲ့သည်။ သို့ရာတွင် အကူအညီပေးရေး အစီအစဉ်သစ်များ ပြန်လည်စတင်နိုင်ရန်အတွက် ကမ္ဘာ့ဘဏ်နှင့် အခြားဖွံ့ဖြိုးရေး ချေးငှားသူများသို့ ပေးဆပ်ရန် ကျန်ရှိနေသည့် မြန်မာနိုင်ငံ၏ ကြွေးမြီများကို မည်သို့ကိုင်တွယ် ဆောင်ရွက်သွားမည်ဆိုသည်ကို ပထမဆုံး ဆွေးနွေးရန် လိုအပ်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ပန်မလာကော့က ပြောကြားခဲ့သည်။ ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံက ၄င်းတို့ပေးဆပ်ရန်ရှိသည့် ကြွေးမြီများကို ပေးဆပ်ခြင်း ရပ်ဆိုင်းပြီး နောက်ပိုင်း ၄င်းတို့၏ ရန်ကုန်အစီအစဉ်ကို ၁၉၈၇ ခုနှစ်တွင် ရပ်ဆိုင်းခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ယခင်က ကမ္ဘာ့ဘဏ်အပေါ် ပေးဆပ်ရန် ကျန်ရှိနေသေးသော ကြွေးမြီများကို ပြန်လည်ပေးဆပ်ပြီးပါက ချေးငွေသစ်များကိုလည်း ပြန်လည်ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။ ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ပမီလာကော့သည် မြန်မာနိုင်ငံသို့ ဇွန်လတွင် ဘဏ်၏ပုဂ္ဂလိကအခန်းကဏ္ဍ ရင်းနှီးမြှုပ်နှံမှုအဖွဲ့မှ ကိုယ်စားလှယ်များနှင့်အတူ လာရောက်ရန်ရှိပြီး ဆောင်ရွက်စရာရှိသည်များနှင့် ပတ်သက်၍ အကဲဖြတ်ရန် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ''ဘယ်အရာတွေက ဦးစားပေးရမယ့်ဟာတွေ၊ ဘယ်အရာတွေက ဖွံ့ဖြိုးရေးအကူအညီ လိုအပ်တဲ့အရာတွေ ဆိုတာကို ကျွန်မတို့အနေနဲ့ နားလည်သဘောပေါက်ဖို့ လိုပါတယ်'' ဟု ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ပန်မလာကော့က ပြောကြားခဲ့သည်။ အမေရိကန်နှင့် ဥရောပသမဂ္ဂ အပါအဝင် အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှု အချို့ကို ဖယ်ရှားဆိုင်းငံ့မှုများ ပြုလုပ်ခဲ့ပြီးနောက် မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ်ကဲ့သို့သော ငွေရေးကြေးရေး အဖွဲ့အစည်းများမှ အကူအညီများ၊ ဆက်သွယ်မှုများ ပြန်လည်ရရှိခြင်း ဖြစ်သည်။
 
 Myanmar Express
Unknown at 8:09 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လွှတ်တော်တွင်းကနေ ၁၀၀% အောင်မြင်အောင် ကြိုးပန်းရမယ်


"ကျွန်မရဲ့ ဖြစ်စေချင်တဲ့ကိစ္စက အဓိက မဟုတ်ပါဘူး။ ပြည်သူတွေအတွက် သင့်တော်တဲ့ ကိစ္စကို လုပ်ဖို့က အဓိကပါ။ ပြည်သူတွေ အကျိုးအတွက် ပိုပြီး ထမ်းဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ပြည်သူတွေရဲ့ ရည်မှန်းချက်တွေကို ၁၀၀% အောင်မြင်အောင်တော့ ကြိုးပန်းရမှာပါဘဲ။"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ ပြည်သူ့တွေရဲ့ ရည်မှန်းချက်ကို ရာနှုန်းပြည့် အောင်မြင်အောင် လွှတ်တော်တွင်းက ကြိုးစား ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဒီကနေ့ ပြောကြားလိုက်ပါတယ်။

နေပြည်တော် လွှတ်တော်အစည်းအဝေးကို NLD ကိုယ်စားလှယ်တွေ တက်ရောက်လာတာနဲ့ ပတ်သက်ပြီး သတင်းထောက်တစ်ဦးက
မေးမြန်းစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့တာ
ဖြစ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော်ကိုယ်စားလှယ် ၃၇ ဦး တို့ ဟာ ပထမဆုံးအကြိမ်အဖြစ် နေပြည်တော်လွှတ်တော် အစည်းအဝေးတွေကို
ဒီကနေ့ တက်ရောက်ပြီး ကျမ်းကျိန်သစ္စာ ပြုခဲ့ကြပါတယ်။

လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက
ပြီးခဲ့တဲ့လွှတ်တော် အစည်းအဝေးတွေက လုပ်ဆောင်ချက်တွေကို
ပြန်လည်သုံးသပ်ပြီး၊ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့
ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။

လွှတ်တော်စည်းဝေးပွဲ အပြီးမှာ ဒေါ်အောင်ဆန်းစုကြည်က စည်ပင်ဧည့်ရိပ်သာဝန်းတွင်းက ယူနီစန် စားသောက်ဆိုင်မှာ NLD ကို လွှတ်တော် တက်ရောက်ဖို့ မေတ္တာရပ်ခံ ကြေညာချက် ထုတ်ပြန်ခဲ့တဲ့ တိုင်းရင်းသားပါတီများမှ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နေ့လည်စာ စားသုံးခဲ့ကြောင်း သိရပါတယ်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန် အစည်းအဝေးတွေကို ဒီနေ့ စည်းဝေးပွဲအပြီးမှာ ရပ်နားထားလိုက်ပြီး လာမဲ့ ဇူလိုင်လမှာ ပြန်လည် စတင်မယ်လို့ သိရပါတယ်။
RFA - Burmese
Unknown at 8:07 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အွန်လိုင်းမှာ သတိထားရမဲ့ လူတစ်ယောက်

အချိန်ကား ကြာသပတေးနေ့ နံက် (2)နာရီတိတိအချိန်..
ဘကြီးသက်တစ်ယောက် စာတိုပေစလေးများ ကိုဖတ်နေချိန်...

sawtheodore@gmail.com

ဆိုတဲ့ လူတစ်ယောက်ကလာပြီး မိုက်ရိုင်းစွာ ပြောပြသွားတယ် ဘယ်လိုပြောသွားတယ်ဆိုတာကတော့အောက်မှာ  တင်ပေးထားပါတယ်...

Chat with sawtheodore@gmail.com

sawtheodore@gmail.com sawtheodore@gmail.com
2:09 AM (18 minutes ago)

to me
2:00 AM sawtheodore: လိုးမယ်
2:01 AM me: who are you
  ?
  တော်တော် မိုက်ရိုင်းတဲ့ကောင်ဘဲ
2:02 AM မင့်အကောင့်ကို face book , blog မှာ ကြေငြာမယ်ကွယ်
  မင့်တော်တော် ရိုင်းတဲ့ကောင်ဘဲ
2:03 AM sawtheodore: ဟေ့လူကျွန်တော်ဂွတ်နေလို့
  ခင်ဗျားကိုလည်းပြန်ကြေညာမှာနော်sawtheodore: ကျွန်နော်လည်းဖေ့စ်ဘွတ်ဘလော့ဂ်ရေးတတ်တယ်
 me: ငါ့မင့်ကို ဘာလုပ်လို့ လဲ
  မင့်ကို ငါဘာပြောလို့လဲ
  စောက်ရူးရ
2:04 AM sawtheodore: ဆော်ဒီးဗျာမရိုက်တော့ဘူး
 me: https://www.facebook.com/sawt2
 sawtheodore: ဆော်ဒီး
 me: your face book link
 sawtheodore: အင်းဆော်ဒီးမလုပ်တော့ဘုးဂွတ်နေလို့
  ဘရားသား
2:05 AM အိုင်တီကလားအစ်ကိုကမဟုတ်ပါဘူးနော်
  အိုင်တီဖိုရမ်ကလား
  ဆော်ဒီးဗျာဂွတ်နေလို့
2:06 AM me: ဘာဖိုရမ်ကမှ မဟုတ်ဘူး
  ငါ့ဘာသာ ငါ့အလုပ်ငါလုပ်နေတာ  ကျွန်တော်ဘကြီးသက် အကောင့်မှာလာပြီး invit လုပ်တယ် အွန်လိုင်းကသူငယ်ချင်းတွေဆိုတော့ လက်ခံထားလိုက်တယ် ။တစ်ခါမှတော့မချက်ဖြစ်ပါဘူး...ခု မှစပြီး မိုက်မိုက်ရိုင်းရိုင်းပြောလာလို့ တင်ပြလိုက်ရတာပါ..... အွန်လိုင်းမှာ ဒီလိုမျိုးလူတွေကို လိုက်ပြောပြီး   ဆော်ဒီးဗျာ လို့ပြောလို့ရတယ်ထင်နေရင်တော့ ဘကြီးသက် ကလည်း ဆောရီးဘဲ ညီလေးရေ......  အွန်လိုင်းမှာ ရှိတဲ့ ညီမလေးများ မမ များသတိထားကြဗျာ အဲဒိလိုကောင်မျိုးတွေက အချိုအချောင်ရအောင် ရှာနေကြတာဗျ...   

sawtheodore@gmail.com သုံးတဲ့ facebook က

 https://www.facebook.com/sawt2/friends

သူရေးတဲ့ ဘလော့က

http://sawtheodore.blogspot.com/


ဘယ်ဥကပေါက်လို့ မိုက်ရိုင်းနေမှန်းမသိတဲ့ လူ




သူ့ရဲ Slide Show Link  ဒီမှာ





ညီလေးမင့်ကို နောက်ထပ်ပြောလိုက်မယ် မှုးတဲ့သူကချီးကျွေးလို့မစားဘူးကွ မှုးလို့ပြောတာပါဆိုတာတွေလာမရှင်းပြနဲ့



ဘကြီး သက်ဟာ ဘကြီး သက် ပါပဲ
ဘယ်သူနဲ့မှ ဆိုင်ဘူး
ဘကြီး သက်ဆိုတဲ့အတိုင်း အသက်တွေလဲကြီးပြီ
အပိုအလိုတွေ မလုပ်ချင်ဘူး။
အမှန်တရားနဲ့တရားမျှတမှုကို လိုလားတယ်
အဆိုးဆုံးကို ရင်ဆိုင်ရန် ဆုံးဖြတ်ပြီးသားမို့ ကြောက်စိတ်ကတော့ မြူမျှမရှိ

ငြိမ်းချမ်းရေးဆိုတဲ့တရားတော့လာမဟောနဲ့
အဲဒိ ငြိမ်းချမ်းရေးဆိုတဲ့ဟာက လက်ထဲက၀ါးရင်းတုတ်လောက်စိတ်မချရဘူး





ဘကြီးသက်
 

 

    
 

 

 

Unknown at 2:46 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.