Thursday, May 3, 2012

ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနား မြန်မာနိုင်ငံ၌ ပထမဆုံး ကျင်းပမည်




ပြန်ကြားရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့ကြီး (UNESCO)တို့ ပူးပေါင်းကျင်းပသည့် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ (World Press Freedom Day 2012 ) အခမ်းအနားကို ၃-၅-၂၀၁၂ ရက် နံနက်တွင် ရန်ကုန်မြို့ Strand Hotel ၌ ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။ ၁၉၉၃ ခုနှစ်က စတင်၍ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ ညီလာခံက နှစ်စဉ်မေလ ၃ ရက်နေ့ကို ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ဟု သတ်မှတ်ခဲ့ပြီးနောက် နိုင်ငံအနှံ့အပြားတွင် နှစ်စဉ် ယင်းအခမ်းအနား များကျင်းပခဲ့သည်။ မြန်မာနိုင်ငံ၌ ပြန်ကြားရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ယခု ပထမဆုံးအကြိမ် တရားဝင် ကျင်းပခြင်းဖြစ်ရာ ဒီမိုကရေစီ နိုင်ငံတော်သစ်နှစ်အတူ မြန်မာ့ မီဒီယာလောက၏ ကြိုဆိုဖွယ်ရာ ကောင်းမွန်သည့် ဖွံ့ဖြိုးတိုးတက်လာမှုတစ်ရပ်ဖြစ်ကြောင်း ဝါရင့် စာနယ်ဇင်း အယ်ဒီတာတစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။ ယင်းနေ့အတွက် ယခုနှစ် ရည်ညွှန်းခေါင်းစဉ်များအနက်မှ “ပတ်ဝန်းကျင်သစ်ရှိ မီဒီယာကဏ္ဍအတွက် စိန်ခေါ်မှုများ” (Challenges to Media in a New Environment) အမည်ဖြင့် ယင်းအခမ်းအနား၌ ဆွေးနွေးကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ယင်းနေ့အတွက် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်ဆုကို ၁၉၉၇ ခုနှစ်မှစ၍ ယူနက်စကိုက နှစ်စဉ်ချီးမြှင့်ခဲ့သည်။ အပြည်ပြည်ဆိုင်ရာအနေဖြင့် ယင်းအခမ်းအနားကို ၂၀၀၃ ခုနှစ်မှစ၍ နှစ်စဉ် ကမ္ဘာ့မြို့ကြီး တစ်မြို့စီ၌ ကျင်းပခဲ့ရာ ယခင်နှစ်က အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့၌ ကျင်းပခဲ့၍ ယခုနှစ်တွင် တူနီးရှားနိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။


 Myanmar Express
Unknown at 5:05 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.