Thursday, May 3, 2012

ဗိုလ်ချုပ်အောင်ဆန်း ရဲ့ အစ်ကိုဦးနေအောင် နေထိုင်ခဲ့တဲ့ အိမ်မှာ အဖွဲ့ ချုပ်ဆိုင်းဘုတ်တင်

ပြီးခဲ့တဲ့ ဧပြီလ၂၆ရက်နေ့ က မကွေးတိုင်း နတ်မောက်မြို နယ် ဖုန်းတော်ပြည့် 
ကျေးရွာအုပ်စုမှာ အမျိုးသားဒီမိုကရေအဖွဲ့ ချုပ် ဆိုင်းဘုတ်တင်ပွဲနှင့်ရုံးဖွင့်ပွဲအခမ်း
အနားတခုပြုလုပ်ခဲ့ပါတယ်။

နတ်မောက်မြို့ နယ်အတွင်းရှိ ကျေးရွာ အဖွဲ့ ချုပ်ရုံးတွေ ဖွင့်လှစ်ခဲ့တဲ့ နေရာမှာ
ကျေးရွာအုပ်စု(၇)စုမြောက်မှာ အခုတကြိမ်ဖွင့်လှစ်တဲ့ အဖွဲ့ ချုပ်ရုံးရဲ့ ထူးခြားမှု
ကတော့ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ အစ်ကိုဦးနေအောင်
နေထိုင်ခဲ့တဲ့ အိမ်မှာ အဖွဲ့ ချုပ်ဆိုင်းဘုတ်တင်ပြီး ရုံးခန်းဖွင့်ခဲ့တာဖြစ်ပါတယ်။

မြို့ နယ်ကနေ သွားရောက်တဲ့ အဖွဲ့ ချုပ်ဝင်တွေကိုလည်း ရွာခံလူငယ်များက
အလံဝှေ့ ရမ်းကြိုဆိုခြင်း၊ အမျိုးသမီးအဖွဲ့ များမှ ပန်းကုန်းများစွပ်ကြိုဆိုခြင်း
များပြုလုပ်ခဲ့ပါတယ်။

နံနက်(၉)နာရီမှာ စတင်တဲ့ အခမ်းအနားမှာ မြို့ နယ်အဖွဲ့ ချုပ်မှ ဦးအောင်တင်လင်း၊ဦးအောင်မြင့်သိန်းနှင့်ကျေးရွာမှဦးတင်ဝင်းတို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါတယ်။
NLDအဖွဲ့ဝင်ဦးချစ်ကိုကို မှ ဒီမိုကရေစိအကြောင်းသိကောင်းစရာများ၊ပြင်ဆင်စရာ
လိုအပ်သည့်တဖက်သတ်ရေးဆွဲအတည်ပြုထားသော ဖွဲ့ စည်းပုံအခြေခံဥပဒေပါ
အချက်အချို့ကိုဟောပြောခဲ့ပါတယ်။

ကျေးရွာမှလူငယ်များ၊ကလေးများကလည်း ကဗျာရွတ်ဆိုဖျော်ဖြေခဲ့ကြပါပြီး၊
ကျေးရွာများမှပြည်သူလူထု(၅၀၀)ကျော်တက်ရောက်ကြောင်း နတ်မောက်မြို့ 
နယ် NLD မှ ဒေါက်တာခင်မောင်အေး က သတင်းပေးပို့ ထားပါတယ်။

Myanmar News Now




သစ်ထူးလွင်
Unknown at 8:13 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.